အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား

ကြာဆေးဆိုတာ ပြောရမယ်ဆိုရင် လိင်တံကောင်းစွာ မထောင်မတ်နိုင်တဲ့ အမျိုးသားတွေ တစ်ပွဲထိုးကိစ္စ ကြုံလာတိုင်း သောက်တတ်ကြတဲ့ ဆေးပေါ့။ ဒီဆေးက လိင်အင်္ဂါရဲ့ သွေးကြောတွေကို ကျယ်စေပြီး သွေးစီးဆင်းမှုနှုန်း မြန်စေလို့ လိင်တံထောင်မတ်လာစေတယ်။ ပုံမှန်အားဖြင့် အသက် ၄၀-၆၀ နောက်ပိုင်း အမျိုးသားတွေမှာ အသက်အရွယ်ကြောင့် ကျားဟော်မုန်း ကျဆင်းလာပြီး ပန်းသေပန်းညှိုး (Erectile Dysfunction) ဖြစ်နိုင်ပေမယ့် ဒီဘက်ခေတ်မှာတော့ အသက် ၂၀-၃၀ အရွယ် လူငယ်တွေမှာ ဆင်တူတဲ့ လက္ခဏာတွေ မြင်တွေ့နေရပါတယ်။ အခုတစ်ခေါက်တော့ ကြာဆေးစွဲသောက်တဲ့ အမျိုးသားတွေ အမြင်အာရုံထိခိုက်နိုင်ခြေ မြင့်မား စေနိုင်တယ်ဆိုတဲ့ အကြောင်းလေးကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။ ကြာဆေးရဲ့ အားသာချက်တွေက ဘာတွေလဲ။ လိင်မဆက်ဆံခင် နာရီဝက်အလိုမှာ တစ်လုံးသောက်ပေးရုံနဲ့ လိင်အင်္ဂါထောင်မတ်နိုင်စွမ်းကို ကူညီပေးနိုင်တယ်။ လိင်စိတ်ဆန္ဒ ပြီးမြောက်ဖို့ (သုက်လွှတ်ဖို့) အချိန်ကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကိုကိုတွေအတွက် ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အတွင်းခံ ရွေးချယ်နည်း

အမျိုးသားတွေအနေနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးအတွက် အရေးပါလှတဲ့ အတွင်းခံဘောင်းဘီတွေကို ရွေးချယ်ဝတ်ဆင်ရာမှာ လွဲမှားနေတတ်ပါတယ်။ ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းအရင်း ၃ ချက်ရှိပါတယ်။ တချက်ကတော့ အတွင်းခံဘောင်းဘီတွေကို ဘယ်လိုရွေးချယ်ရမယ်ဆိုတဲ့ အချက်တွေကို သိရှိနားလည်သူ နည်းပါးတာကြောင့်ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ အရောင်းကောင်တာတွေရဲ့ သဘောသဘာဝကြောင့် ရွေးချယ်ဝယ်ယူရခက်ခဲတာပဲဖြစ်ပါတယ်။ သေသေချာချာစစ်ပေါက်ပေါက် ရွေးချယ်ဝယ်ယူချင်စိတ် ရှိနေရင်တောင်မှ အရောင်းကောင်တာတွေမှာ ရောင်းချပေးနေသူတွေက အမျိုးသမီးငယ်လေးတွေဖြစ်နေတာကြောင့် မေးရမြန်းရမှာ ရှက်ပြီး ကြုံတာကို ဝယ်ဝတ်ဖြစ်ကြတာက အမျိုးသား အများစု ကြုံနေကြပြဿနာဖြစ်ပါတယ်။ နောက်ဆုံးပြဿနာကတော့ အမျိုးသားပီပီ ကြုံသလိုနေတတ်တဲ့အကျင့်တွေကြောင့်လည်း အဆင်ပြေသလိုသာ ဝယ်ဝတ်ကြတဲ့ ပြဿနာဖြစ်ပါတယ်။ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ် ဝတ်ဆင်ဖို့ ဘာကြောင့်လို့အပ်တာလဲ တကယ်တော့ အမျိုးသားတွေအနေနဲ့ မှန်ကန်တဲ့ အတွင်းခံကို ရွေးချယ်ဝတ်ဆင်ဖြစ်ဖို့က အရမ်းအရေးကြီးပါတယ်။ အတွင်းခံအဝတ်အထည်ဆိုတာဟာ အဝတ်အစားတွေထဲမှာ အခြေခံအကျဆုံး အဝတ်အစားဖြစ်ပြီးတော့ ကျန်းမာရေး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား

အရွယ်ရောက်ပြီးသား အမျိုးသားတစ်ယောက်အတွက် တစ်ကိုယ်ရေ အာသာဖြေတယ်ဆိုတာ ဆန်းတဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ အာသာဖြေခြင်းဟာ စိတ်ရော ကိုယ်ခန္ဓာအတွက်ပါ အကျိုးရှိစေသလို ကိုယ့်ရဲ့ လိင်မှုဘဝကိုလည်း တစ်ဖက်တစ်လမ်းကနေ ကောင်းသောပြောင်းလဲမှုတွေ ဖြစ်စေပါတယ်။ ဆီးလမ်းကြောင်း၊ ကျောက်ကပ်ထဲမှာ ရှိတဲ့ မကောင်းတဲ့ အမှုန်အမွှား၊ ပိုးမွှားတွေကိုလည်း သုက်ရည်ကနေတစ်ဆင့် အပြင်ကို စွန့်ထုတ်ပေးနိုင်တယ်။ ဒါပေမဲ့ လိုတာက် ပိုလာရင်တော့ ဘယ်အရာမှ မကောင်းဘူးပေါ့။ အထူးသဖြင့် အချိန်ပြည့် အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေရှိရင် ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပါပြီ။ အာသာဖြေဖို့ပဲ ချောင်းနေတဲ့ဘော်ဒါတွေ ကိုယ့်စိတ်ကို ထိန်းချုပ်ဖို့လိုအပ်နေပြီလား အမျိုးသားကျန်းမာရေးအရလည်း အကျိုးရှိစေတဲ့ အာသာဖြေခြင်း အလေ့အထကို ထိန်းချုပ်ဖို့လိုအပ်လို့လားဆိုပြီး မေးဖို့ ဖြစ်လာပါတယ်။ ဒီမေးခွန်းကို ပြန်ဖြေပေးရမယ်ဆိုရင် အာသာဖြေဖို့ပဲ စိတ်ပါနေပြီး တစ်နေ့လုံး တခြားဘာအလုပ်မှ လုပ်ချင်ကိုင်ချင်စိတ် မရှိတာ၊ စိတ်မပါတော့တာ ကိုယ်ခန္ဓာတောင့်တောင့်တင်းတင်း မိန်းကလေးတွေကို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ

သက်ရှိတိုင်းကျန်းမာနေစေဖို့ လိုအပ်တဲ့ အာဟာရတွေကို နေ့စဉ်မှီဝဲမိဖို့လိုပါမယ်။ ဒီလိုမှီဝဲတဲ့အခါ အခြေခံလိုအပ်ချက်တွေက အတူတူပဲဆိုပေမယ့် ကလေးလေးဖြစ်နေတာ၊ အမျိုးသားဖြစ်နေတာ၊ အမျိုးသမီးဖြစ်နေတာ၊ ဖိုးဖိုးဖွားဖွားဖြစ်နေတာကြောင့်ဆိုပြီး အာဟာရလိုအပ်ချက်က ကွာခြားနိုင်ပါတယ်။ ဒီကွာခြားချက်အလိုက်ပြည့်မီအောင် ဖြည့်ပေးနိုင်မှ နေ့ရက်တိုင်းကို ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်​တော့မပေါ့။ ဒီတော့ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအာဟာရတွေပြည့်မီဖို့လိုမလဲဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေ အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ ဆိုတာကိုပြောပြပေးလိုက်ပါတယ်။ အမျိုးသားတွေအတွက် အရေးပါတဲ့ ဗီတာမင်တွေကဘာတွေများလဲ နေ့ရက်တိုင်းမှာ ကျန်းမာတက်ကြွတဲ့ အမျိုးသားတစ်ဦးဖြစ်ဖို့ဆိုရင်တော့ ဗီတာမင် D  ဗီတာမင် D ကိုအဓိကရနိုင်တာက နေရောင်ခြည်ကနေပါ။ ဒါပေမယ့် ဗီတာမင် D ကိုနေရောင်ခြည်ကနေ လုံလောက်စွာရရှိစေဖို့ လိုပါမယ်။ အစားအသောက်ကနေရနိုင်လားဆိုတော့ ဗီတာမင် D ရနိုင်တဲ့ အစားအသောက်က သိပ်များများစားစားမရှိပါဘူး။ အမျိုးသားတစ်ယောက်ဟာ ကျန်းမာနေစေဖို့ဆိုရင် တစ်နေ့တာကို ဗီတာမင် D ၁၀၀၀ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

ယောကျာ်းလေးတွေကို ဒီပျက်ရှင် ဝင်စေနိုင်တဲ့ အရာ တစ်ခု ရှိတယ်…အဲဒါ ဘီယာဗိုက် ပါပဲ။ ကဲ .... ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်းတွေ ရှိပါတယ်။ ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့ မရတော့လည်း အပင်ပန်းတော့ ခံရပါမယ်။ ဗိုက်အဆီ နဲ့ ကိုယ်အလေးချိန် များခြင်းက လိင်ကိစ္စအတွက် တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုး နဲ့ ဆီးချိုတို့လို ရောဂါကြီးတွေပါ ဖြစ်နိုင်ခြေ သိပ်များတာမို့ အမြန် ဖြေရှင်းသင့်၊ ကြိုတင် ကာကွယ်သင့်တဲ့ အချက် ဖြစ်ပါတယ်။ လူက မဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင် တစ်ယောက်လို ပူဖောင်းဖောင်းလေး ဖြစ်နေတာက အတော်ကို ရှိုးပဲ့လှပါတယ်။ ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လို လုပ်မလဲ ဒီ ဗိုက် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် အန္တရာယ်ကင်းစွာ ဆီးခုံမွေး ဖယ်ရှားခြင်း

ဆီးခုံမွေး နဲ့ ပတ်သက်ပြီး ရိတ်ဖို့လိုတယ်လို့ အခိုင်အမာပြောတဲ့သူတွေလည်း ရှိသလို မလိုအပ်ဘူး သဘာဝအတိုင်းပဲ ကောင်းတယ်လို့ သတ်မှတ်ထားကြတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပါပဲ။ အမျိုးသားထုရဲ့ လိင်ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် လိင်တံထိပ်အရေပြား ဖြတ်ခြင်းကသာ အမျိုးသားတွေအတွက် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ကျန်းမာရေးကို ပိုပြီး မြှင့်တင်ပေးနိုင်တာပါ။ ဆီးခုံမွေးရိတ်ခြင်း မရိတ်ခြင်းကတော့ ဘယ်လိုအကျိုးသက်ရောက်မှုမှ မဖြစ်စေပါဘူး။ ဆီးခုံမွေး မရိတ်ရင်ရော ရသလား။ ရပါတယ်။ ဒါကတော့ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အရှေ့တောင်အာရှ အထူးသဖြင့် မြန်မာအမျိုးသားအများစုကတော့ မရိတ်တတ်ကြပါဘူး။ အဲ့လိုမရိတ်တဲ့အခါမှာ သတိထားဖို့ လိုတာကတော့ ချွေးနံ့ပါပဲ။ ဟုတ်ကဲ့၊ အမျိုးသမီးတွေမှာလည်း မိန်းမကိုယ်အနံ့ဆိုတာ ရှိသလို အမျိုးသားတွေရဲ့ လိင်အင်္ဂါမှာလည်း ချွေးတွေ မကြာခဏဆိုသလို အောင်းနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပွားများပြီး အနံ့ဆိုးထွက်လာနိုင်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ အမွေးနဲ့ ဇစ်နဲ့ ညှပ်တာပါ။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ

သတိထားမိလားဗျ။ ယောက်ျားလေးတွေဆိုတာ ပုံမှန်အချိန်ဆိုတာ သိပ်ကိုပွင့်လင်းနေသလောက် ဆရာဝန်နဲ့ ပြရမှာ သိပ်ရှက်၊ သိပ်ကြောက်၊ သိပ်ဝန်လေးတတ်ကြတာနော်။ ပုံမှန်အချိန် တိုးတိုးတိတ်တိတ်နဲ့ ရှက်နေတတ်တဲ့ မိန်းကလေးတွေတောင်မှ တစ်ခုခု အရေးနဲ့အကြောင်းနဲ့ဆိုရင် ဆရာဝန်ဆီ ချက်ချင်းပြေးတတ်ကြပေမယ့် ယောက်ျားလေးတွေကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဒါဆို အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ အမျိုးသားတွေက ဆေးကုသမှုခံယူဖို့ ဘာကြောင့်ဝန်လေးတာလဲ ..... ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ၁။ ကျန်းမာရေးဗဟုသုတမရှိခြင်း ကျွန်တော်တို့နိုင်ငံမှာ စိတ်၊ ကိုယ်၊ လိင်နဲ့ပတ်သက်ပြီး ကျန်းမာရေးဗဟုသုတ သိထားတာလည်း အရမ်းနည်းသလို သိဖို့လည်း မကြိုးစားပါဘူး။ ဒါက အဆိုးရွားဆုံးပြဿနာပါပဲ။ ကျန်းမာရေးဗဟုသုတမရှိတော့ ကိုယ့်မှာ ဝေဒနာခံစားနေရရင်တောင် ငါဘာဖြစ်နေတာလဲဆိုတာ သေချာမသိတော့ဘူး။ အဲ့အခါကျ စောစောကုလို့ ပျောက်မယ့်ရောဂါက အချိန်တွေလွန်ပြီးမှ မကူနိုင် မကယ်နိုင်ဖြစ်တော့ အကုန်ဒုက္ခရောက်ရတော့တာပေါ့။ ၂။ ဆေးမြီးတိုတွေ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း

အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း - အိပ်ပျော်နေတဲ့အချိန် သုက်လွှတ်တယ်ဆိုတာ ယောက်ျားလေးတွေအတွက်တော့ ဖြစ်နေကျ ကိစ္စတစ်ခုပါပဲ။ ဒီလိုဖြစ်စဉ်တွေဟာ လူပျိုစတင်ဖြစ်လာတဲ့အချိန် ဟော်မုန်းအပြောင်းအလဲကြောင့်ရော၊ ကိုယ့်ရဲ့ နိုးကြားတက်ကြွလာတဲ့လိင်စိတ်ကြောင့် ညအိပ်နေတဲ့အချိန် လိင်တံဟာ လှုံ့ဆော်မှုမပါဘဲ အလိုအလျောက်ထောင်မတ်လာပြီး သုက်လွှတ်တယ်။ မနက်နိုးလာတော့ ဘောင်းဘီမှာ စေးကပ်ကပ် အကွက်တွေကို တွေ့ရတတ်ပါတယ်။ ဒီဆောင်းပါးမှာ အမျိုးသားတိုင်း သိထားသင့်တဲ့ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း နှင့် ဆက်စပ်နေတဲ့ အကြောင်းအရာနဲ့ လူတွေအမေးများတဲ့မေးခွန်းတွေကို ဗဟုသုတအနေနဲ့ ပြောပြပေးချင်ပါတယ်။ အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း အမျိုးသားများနှင့် အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း အကြောင်း အတူတူ လေ့လာကြည့်ရအောင်နော်။ ၁။ အိပ်ပျော်နေစဉ် သုက်လွှတ်ခြင်း ဘယ်လိုဖြစ်တာလဲ။ အိပ်စက်အနားယူနေတဲ့အချိန်မှာ လိင်အင်္ဂါအတွင်းမှာ သွေးစီးဆင်းမှုနှုန်း ပိုများပြီး ပုံမှန်အချိန်ထက် ထောင်မတ်ဖို့ လွယ်ကူပါတယ်။ ဒီလိုအချိန်မှာ ကိုယ့်ရဲ့ လိင်စိတ်ကို နိုးကြားတက်ကြွလာစေတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ ကိုယ်လုံးတီးချွတ်အိပ်ခြင်းဖြင့် ရနိုင်တဲ့ကောင်းကျိုးများ

ကျွန်တော်တို့နိုင်ငံမှာ ယောက်ျားလေးအများစုက ညအိပ်ြပီဆိုရင် စွပ်ကျယ်နဲ့ ပုဆိုး၊ အိမ်နေရင်းတီရှပ်နဲ့ ဘောင်းဘီတိုတွေ ဝတ်တာများကြပါတယ်။ တချို့ကျတော့လည်း တစ်ယောက်တည်းနေရတာ၊ သို့မဟုတ် ကိုယ့်အခန်းနဲ့ကိုယ်နေရတာဆိုတော့ လွတ်လွတ်လပ်လပ် ဘာမှမဝတ်ဘဲအိပ်တာမျိုးတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးကတော့ ညအိပ်တဲ့အခါ ကိုယ်လုံးတီးအိပ်စက်ခြင်းဖြင့် အမျိုးသားတွေအတွက် ရနိုင်မယ့် ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးတွေကို ပြောပြပေးချင်ပါတယ်။ ၁။ လိင်အင်္ဂါတစ်ဝိုက်ဟာ ချွေးအရမ်းထွက်တဲ့နေရာပါ။ အသားနဲ့ ထိကပ်နေတဲ့ အဝတ်တွေ မရှိတဲ့အခါ လိင်အင်္ဂါအတွက်လည်း အေးမြစေသလို အနံ့အသက်ဆိုး ကင်းစင်စေနိုင်ပါတယ်။ ၂။ ပွေး၊ နှင်းခူ၊ ညှင်းစတဲ့ အရေပြားမှိုရောဂါတွေ မဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ၃။ ကပ္ပါယ်အိတ်နဲ့ ဝှေးစေ့ဟာ အဝတ်တွေနဲ့ ကျပ်ထုတ်နေတာမျိုးမရှိတဲ့အတွက် အပူချိန်ကျစေတယ်။ သုက်ပိုးတွေထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ပေးပြီး မျိုးအောင်ခြင်းကို ပိုဖြစ်စေတယ်။ ၄။ အသားနဲ့ အဝတ်ကပ်နေခြင်းမရှိတော့တဲ့အတွက် ယားယံတာမရှိဘဲ အိပ်ရတာ လွတ်လွတ်လပ်လပ်ရှိတဲ့အတွက် ကောင်းစွာအိပ်ပျော်နိုင်စေတယ်။ ၅။ ကိုယ်ထဲမှာရှိနေတဲ့ မကောင်းတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ

တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ အမျိုးသားကျန်းမာရေး ဆက်စပ်ပုံ၊ အတွင်းခံဘောင်းဘီဝတ်ခြင်း၊ မဝတ်ခြင်းရဲ့ အားသာချက်၊ အားနည်းချက်တွေ ပြောပြပေးပြီးပြီဆိုတော့ အခု အမေးများတဲ့ အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ ဆိုတဲ့ အကြောင်းကို ကျန်းမာရေးရှုထောင့်ကနေ ပြောပြပေးသွားမှာဖြစ်ပါတယ်။ အမျိုးသားတွေအတွက် ဘယ်အတွင်းခံဘောင်းဘီက အဆင်အပြေဆုံးလဲ ဒီဆောင်းပါးမှာတော့ လူကြိုက်အများဆုံးနဲ့ ဝယ်ယူမှုအများဆုံး အတွင်းခံဘောင်းဘီတွေအကြောင်းကို အဓိကပြောပြပေးသွားမှာဖြစ်ပြီး ကျန်တာတွေကိုတော့ ချန်လှပ်သွားမှာဖြစ်ပါတယ်။ ဒီဘောင်းဘီတွေကတော့ ၁။ Brief အတွင်းခံ T ပုံသဏ္ဍာန်ရှိပြီး ယောက်ျားလေးတော်တော်များများ ဝတ်တတ်ကြတဲ့ အမျိုးအစားဖြစ်ပါတယ်။ ပိန်တဲ့သူတွေ၊ အရပ်ပုတဲ့သူတွေအတွက် အလိုက်ဖက်ဆုံးဖြစ်ပါတယ်။ ဘောင်းဘီနဲ့ ဝတ်ဆင်လို့အဆင်ပြေပြီး ပုဆိုးနဲ့ဆိုရင်တော့ အပေါ်က သားရေပတ်ကပေါ်နေလို့ ကြည့်ရဆိုးစေနိုင်ပါတယ်။ ရေကူးတဲ့အခါမှာလည်း ရေကူးဘောင်းဘီအောက်ကနေ ခံဝတ်လို့ အဆင်ပြေပါတယ်။ Brief အမျိုးအစားရဲ့ အားသာချက်က ယောက်ျားလေးတွေရဲ့ ပစ္စည်းကို နေရာတကျဖြစ်စေပြီး အလုံးအထည် ပုံစံကို သိသိသာသာဖော်ပေးတယ်။ အရမ်းလည်း မရှည်လို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်