အမျိုးသားကျန်းမာရေးဆိုင်ရာများ

ဆီးကျိတ်ပြဿနာ၊ လိင်တံမထောင်မတ်နိုင်တာ၊ သုက်လွှတ်စောတာ စတာတွေက အမျိုးသားတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေနဲ့ ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ဘယ်လိုအကြံပေးထားလဲဆိုတာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ

အမျိုးသား အများစုက သူတို့ရဲ့ လိင်တံအရွယ်အစားနဲ့ပတ်သက်ပြီး တော်တော်လေး စိုးရိမ်စိတ်များတတ်ကြသလို အချို့သော အခြေအနေမှာ ဒီအခြေအနေအပေါ် အရမ်း အာရုံထားမိပြီး စိုးရိမ်စိတ်များတာလိုမျိုး စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာတွေကိုပါ ခံစားကြရပါတယ်။ တကယ်ကတော့ လိင်တံအရွယ်အစား ကြီးခြင်း သေးခြင်းက လိင်မှုဘဝအပေါ်မှာ ကြီးကြီးမားမား သက်ရောက်သွားတာမျိုးတော့ မရှိပါဘူး။  ဒါပေမယ့်လည်း ဘယ်လိုလို ပြောပြော လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိတ်ပူနေတဲ့ အမျိုးသားထုကြီးအတွက် သိထားလို့ ရအောင် အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အကြောင်းလေး ပြောပြပေးချင်ပါတယ်။  https://hellosayarwon.com/mens-health/penis-health/how-to-treat-scrotum-wound/ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ အမျိုးသားတို့ရဲ့ ဖွားဖက်တော် ကျန်းမာရေးအပေါ် သက်ရောက်နေတဲ့ အချက်လေးများ ကို ဗဟုသုတ အနေနဲ့ သိရှိရအောင် လေ့လာကြည့်လိုက်ဦးနော် ပုရိသတို့ရေ ……. အသီးအရွက် […]

အမျိုးသားကျန်းမာရေးဆိုင်ရာများ ကို ရှာဖွေမည်။

အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ အတွင်းခံဘောင်းဘီ ဝတ်ခြင်းရဲ့ ကောင်းကျိုး၊ ဆိုးကျိုး

လူကြီးတွေက ငယ်ငယ်ကတည်းက သေချာအကျင့်လုပ်ပေးထားလို့ အတွင်းခံဘောင်းဘီ က ဝတ်လိုက်တာပဲ၊ တချို့နယ်ဘက်မှာ နေတဲ့သူတွေကျတော့လည်း အတွင်းခံဝတ်တဲ့ အလေ့အထမရှိလေတော့ မဝတ်တာမှ လေဝင်လေထွက်ကောင်းတယ်၊ လိင်တံပိုကြီးစေတယ် ဘာညာ ပြောတတ်ကြတာ ကြားဖူးမှာပါ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ အမျိုးသားတွေ အမေးများနေကြတဲ့ အတွင်းခံဘောင်းဘီ ရဲ့ ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ အမျိုးသားများ အတွင်းခံဘောင်းဘီ မဝတ်တဲ့အခါ ဘာတွေဖြစ်နိုင်လဲ။ ၁။ ပြင်ပက အရာဝတ္ထုတွေနဲ့ မတော်တဆ ထိခိုက်မိတဲ့အခါ လိင်အင်္ဂါကို ဒဏ်ရာပိုဖြစ်စေနိုင်တယ်။ ၂။ ဂျင်းဘောင်းဘီလို အသားတွေ ဝတ်တဲ့အခါ အတွင်းခံဘောင်းဘီမပါတာကြောင့် လိင်အင်္ဂါက ဂျင်းသားနဲ့ ပွတ်တိုက်ဖန်များပြီး အသားခြောက်တာ၊ အသားဖတ်ကွာတာ၊ ပွန်းပဲ့တာ၊ ယားယံတာတွေ ဖြစ်နိုင်ပါတယ်။ ၃။ ဘောင်းဘီဇစ်နဲ့ လိင်တံအရေပြား ညှပ်မိဖို့ ပိုလွယ်ကူတယ်။ ၄။ လိင်အင်္ဂါသည် ကိုယ်ခန္ဓါရဲ့ ချွေးအထွက်ဆုံးနေရာဖြစ်တဲ့အတွက် ဒီနေရာနဲ့ အမြဲထိကပ်နေရတဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ

အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ ဆိုတာက တစ်ယောက်နဲ့ တစ်ယောက် အနည်းငယ်ကွာခြားနိုင်ပါတယ်။ ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ တစ်ကမ္ဘာလုံးအတိုင်းအတာအရရော၊ လူမျိုးပေါ်မူတည်ပြီး ကိုယ်အလေးချိန်နဲ့ အရပ်က မတူနိုင်ပါဘူး။ အကြမ်းအားဖြင့်တော့ ယောက်ျားလေးတွေသည် အားကစား၊ လေ့ကျင့်ခန်းပိုလုပ်တဲ့အတွက် ထွက်လာတဲ့ ကြွက်သားထုက အဆီထက်ပိုများနေပြီး အလေးချိန်အနည်းငယ် ပိုစီးနေတတ်ပါတယ်။ အမျိုးသားတွေမှာ ဘယ်လောက်အရပ်နဲ့ ကိုယ်အလေးချိန်ပမာဏ ရှိသင့်လဲ အရပ်ဘယ်လောက်၊ ကိုယ်အလေးချိန်ဘယ်လောက် ဆိုတာထက် ခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ထုထည်ညွှန်းကိန်း (BMI)နဲ့ ပြောလာပါပြီ။ BMIဆိုတာက အရပ်ရော၊ ကိုယ်အလေးချိန်ကိုပါ ထည့်သွင်းတွက်ချက်တဲ့ ညွှန်းကိန်းတစ်ခုပါ။ BMIအရ 18.5 အောက်က ကိုယ်အလေးချိန်နည်းတဲ့သူ 18.5 − 24.9 ဆို ကျန်းမာတဲ့ ကိုယ်အလေးချိန် 25 − 29.9 ဆို ကိုယ်အလေးချိန်များနေတာ 30 အထက်ဆို […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ

ဘယ်လိုရောဂါပဲ ဖြစ်နေပါစေ၊ စိတ်ရောဂါ ဆိုတာ ပေါ့ဆလို့မရတဲ့ ပြဿနာပါ။ လူတော်တော်များများက စိတ်ဆိုတာ ကြံ့ခိုင်ရင်ရတယ်၊ လုပ်ယူရင်ရတယ်၊ စိတ်ပျော့ညံ့တယ်ဆိုတာ လူညံ့လူဖျင်းတွေအလုပ်ဆိုပြီး ယူဆလိုက်ကြတာပါ။ တကယ်တော့ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် လူရယ်လို့ဖြစ်လာတဲ့အခါ အခက်အခဲပေါင်းစုံနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်၊ ပြဿနာပေါင်းစုံကို ဖြေရှင်းကြရမယ်၊ ဒီလိုမျိုး နေ့စဉ် ကြုံတွေ့နေရတဲ့အခါ ဘယ်လောက်ပဲ ကြံ့ခိုင်နေတဲ့ လူသားတစ်ဦးပင်ဖြစ်နေပါစေ စိတ်က အနည်းငယ်တော့ ယိုင်သွားတတ်ပါတယ်။ အထူးသဖြင့် အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ ပါတယ်။ အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ အမျိုးသားများ စိတ်ရောဂါကြောင့် အသက်သေဆုံးနိုင်ခြေပိုများ နေပါတယ်။ ဒီလိုပြောရတာက စစ်တမ်းကောက်ယူချက်အရ အမျိုးသမီးတွေမှာ စိတ်ရောဂါ ဖြစ်ဖို့ ပိုလွယ်ကူပေမယ့် သူတို့တွေက ကိုယ့်ရဲ့ရောဂါအခြေအနေကို နားလည်လွယ်ပြီး ကုသဖို့ကိုလည်း အားတက်သရောရှိကြပါတယ်။ အမျိုးသားတွေကတော့ ဒါနဲ့ လုံးဝဆန့်ကျင်ဘက်ပါပဲ။ စိတ်ရောဂါ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်က ဘာကြောင့်အရောင်ပြောင်းသွားတာလဲ

ကျန်းမာတဲ့ အမျိုးသားတစ်ယောက်ရဲ့ သုက်ရည်က မီးခိုးနဲ့ အဖြူစပ်ကြားအရောင်ရှိတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဒီ သုက်ရည်ရဲ့ အရောင်ဟာ ကျန်းမာရေးအခြေအနေတွေပေါ်မူတည်ပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။ တခြား ပုံမှန် မဟုတ်တဲ့ လက္ခဏာတွေ မရှိရင်၊ ခဏလေးပဲ အရောင် ပြောင်းပြီး နောက်ပိုင်း ပုံမှန် အရောင် အတိုင်း ပြန်ဖြစ်သွားရင်တော့ သိပ်ပြီး စိုးရိမ်ဖို့ မလိုပါဘူး ခင်ဗျ။ သုက်ရည်က အရောင်ပြောင်းနိုင်သလား၊၊ ၁။ အဖြူရောင်၊ အကြည်ရောင်၊ မီးခိုးရောင်ဆိုရင် ကျန်းမာတယ်၊ ပုံမှန် သုက်ရည်အရောင် လို့ သတ်မှတ်နိုင်ပါတယ်။ ကယ်လ်စီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ပိုတက်စီယမ်၊ အင်ဇိုင်း၊ ဖိုင်ဘရီနိုလိုင်စင် အစရှိတဲ့ ဓာတ်သတ္တုတွေကြောင့် ဒီလို အရောင်မျိုး ထွက်လာရတာပါ။ ၂။ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင်ကတာ့ ဆီးလမ်းကြောင်းမှာ ကျန်နေခဲ့တဲ့ ဆီးနဲ့ သုက်ရည်ရောသွားတာ၊ အသည်းရောင် […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ

အမျိုးသားတိုင်းကတော့ ကာမခွန်အား တိုးချင်ကြတာပါပဲ။ အရင်ကထက် ပိုကောင်းတဲ့ ခံစားချက်မျိုး ရချင်တယ်။ ကိုယ့်ရဲ့ အဖော်ကိုလည်း ကိုယ်မှကိုယ် တမ်းတမ်းစွဲသွားလောက်တဲ့အထိ လိင်ပိုင်းဆိုင်ရာမှာ သန်စွမ်းတဲ့သူ တစ်ယောက်အဖြစ် မြင်စေချင်တယ်။ အမျိုးသားတွေ ကိုယ်တိုင် ကျန်းမာကြံ့ခိုင်နေမှ ကာမကိစ္စမှာ စွမ်းစွမ်းတမံ အားစိုက်ထုတ်နိုင်မှာပါ။ ဒီလို ကာမခွန်အား တိုးဖို့ ကြာဆေးတွေ၊ အားဆေးတွေသောက်တာထက် သဘာဝအတိုင်း နည်းမှန်လမ်းမှန် ကျင့်ကြံတာက ပိုမကောင်းဘူးလား။ ဒါဆိုရင် ကာမအတွက်ရော၊ အမျိုးသားတို့ရဲ့ အထွေထွေကျန်းမာရေးအတွက်ပါ အကျိုးရှိစေမယ့် သဘာဝနည်းလမ်းတွေကို ဒီဆောင်းပါးကနေ ပြောပြပေးချင်ပါတယ်။ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ပုရိသတို့ ကာမခွန်အား တိုးစေမယ့် သဘာဝနည်းလမ်းကောင်းများ ကတော့ ၁။ တက်တက်ကြွကြွနေပါ။ ယောက်ျားပီသချင်ရင် ထိုင်ခုံမှာပဲ အချိန်ပြည့်ထိုင်မနေဘဲ လှုပ်လှုပ်ရှားရှားနေပါ။ ကိုယ်ခန္ဓာက လှုပ်ရှားတက်ကြွနေတဲ့အခါ သွေးစီးဆင်းနှုန်းကလည်း ပိုကောင်းလာပြီး နှလုံးကို ကျန်းမာစေပါတယ်။ ကြွက်သားတွေကိုလည်း ပုံစံကျစေလို့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ

သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ။ အမျိုးသားတစ်ယောက်အတွက်တော့ သုက်ရည်ထဲ သွေးပါလာတဲ့ကိစ္စဟာ တော်တော်လေးကို စိုးရိမ်စရာကောင်းမှာတော့ အမှန်ပါပဲ။ များသောအားဖြင့် ဒါကိုဘာကြောင့်ဖြစ်တာလဲလို့ မပြောခင် တခြားလက္ခဏာတွေ၊ အသက်အရွယ်နဲ့ ကျန်းမာရေးပြဿနာတွေကို သိထားဖို့တော့ လိုပါတယ်။ အသက် ၄၀ မပြည့်သေးတဲ့ အမျိုးသားတွေမှာ ရံဖန်ရံခါ သုက်ရည်ထဲ သွေးပါလာတာကလွဲပြီး တခြားဘာလက္ခဏာမှ မပြဘူးဆိုရင် သိပ်ပြီး စိတ်ပူဖို့မလိုပါဘူး။ ရက်သတ္တပတ်အနည်းငယ်အတွင်း သုက်ရည်က ပုံမှန်အရောင်အတိုင်း ပြန်ဖြစ်သွားမှာပါ။ ရက်ကြာနေပြီဆိုရင်တော့ သတိထားသင့်ပါတယ်။ အသက် ၄၀ အထက် အမျိုးသားတွေဆိုရင်တော့ နည်းနည်းသတိထားဖို့လိုပါတယ်။ အထူးသဖြင့် သုက်လွှတ်တဲ့အခါတိုင်းလိုလို သွေးပါလာတာ၊ ဆီးထဲမှာ သွေးပါလာတာ၊ အချိန်တော်တော်ကြာတဲ့အထိ မပျောက်သွားဘူးဆိုရင် Hematospermia လို့ ခေါ်တဲ့ရောဂါဖြစ်နိုင်ပါတယ်။ သုက်ရည်ထဲ သွေးပါလာတာ တခြားဘာကြောင့်ရော ဖြစ်နိုင်လဲ။ သုက်ရည်ထဲ သွေးပါလာပြီဆိုရင် ဒါတွေကိုသတိထားပါ။ ၁။ ဆီးကျိတ်ဂလင်း၊ သုက်ပို့ပြွန်မှာ ပိုးဝင်ပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

သုက်ထွက်မြန်တဲ့ အမျိုးသားထုအတွက် အသုံးဝင်မယ့်နည်းလမ်းတချို့

လိင်ကျန်းမာရေးလို့ဆိုရာမှာ အမျိုးသားတွေရော အမျိုးသမီးတွေရော သူ့ပြဿနာနဲ့ သူတော့ ရှိတတ်ပါတယ်။ အမျိုးသားတွေမှာဆိုရင်လည်း လိင်တံကောင်းစွာ မထောင်မတ်နိုင်တာ၊ သုက်လွှတ်မြန်တာ၊ သုက်လွှတ်ဖို့ ကြာလွန်းတာ၊ မျိုးမအောင်တာ အစရှိသဖြင့်ပေါ့။ ဒီနေ့မှာတော့ အမျိုးသားထုကြီး မကြာခဏမေးတတ်ကြတဲ့ သုက်လွှတ်မြန်တဲ့ ပြဿနာကို ဖြေရှင်းဖို့ လုပ်ကြည့်လို့ ရတဲ့ နည်းလမ်းတချို့ကို ဝေမျှပေးချင်ပါတယ်။ ၁။ ဖြည်းဖြည်းချင်းပဲ စပါ။ ပြီးပြီးရောဆိုပြီး စကတည်းက အင်နဲ့အားနဲ့ ဝင်လိုက်ရင်တော့ ကိုယ့်အတွက်ရော ကိုယ့်အဖော်ကိုပါ အပြည့်အဝ အားရကျေနပ်စိတ် ဖြစ်စေမှာ မဟုတ်ပါဘူး။ လိင်မှုကိစ္စဆိုတာလည်း ပန်းချီကားတစ်ချပ်လိုပါပဲ။ သေချာခံစားကြည့်တတ်ဖို့ လိုပါတယ်။ ဒါကြောင့် ဖြည်းဖြည်းချင်းပဲ စပါ။ ထိုးသွင်းဆက်ဆံဖို့ကို မလောပါနဲ့။ ကိုယ့်အတွက်ရော၊ ကိုယ့်အဖော်အတွက်ပါ နှစ်ဦးနှစ်ဖက်လုံး ဆန္ဒအထွတ်အထိပ်ရောက်တဲ့အထိ နှိုးဆွကြည့်ပါ။ စစချင်း ထိုးသွင်းဆက်ဆံတဲ့အခါ ဖြည်းဖြည်းချင်းစီ သူ့စည်းချက်နဲ့သူ မျောပါသွားပါ။ အားမထည့်ပါနဲ့။ ၂။ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။

ဒီတစ်ခေါက်တော့ အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းဆိုတာဘာလဲ။ သုက်ရည်ထွက်တယ်ဆိုတာ ကျန်းမာတဲ့ အမျိုးသားတွေအတွက်တော့ အထူးတဆန်းကိစ္စတစ်ခု မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်က တစ်ကိုယ်ရေ အာသာဖြေထားတာ၊ လိင်ပိုင်းဆိုင်ရာ အတွေးတွေ တွေးနေတာမျိုးလည်း မလုပ်ဘဲ ဆီးသွားနေတဲ့အချိန် ဒါမှမဟုတ် အလုပ်လုပ်နေရင်း သုက်ရည်စိမ့်ထွက်တာမျိုး ခဏခဏ ဖြစ်နေပြီဆိုရင်တော့ နည်းနည်းစဉ်းစားဖို့လိုပါပြီ။ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်ခြင်းကို ဘာတွေကဖြစ်စေတာလဲ။ မကြာခဏ လိင်စိတ်အာသာဖြေတဲ့အကြောင်း တွေးမိတာအပြင် ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက် (Wet Dream) မက်တာ သောက်နေတဲ့ ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေ ဆီးကျိတ်နဲ့ သက်ဆိုင်တဲ့ ပြဿနာတွေ အာရုံကြော ထိခိုက်မိတာ အစရှိတဲ့အကြောင်းရင်းတွေဟာ ပုံမှန်မဟုတ်တဲ့ သုက်ရည်စိမ့်ထွက်မှုကို ဖြစ်စေနိုင်ပါတယ်။ ၁။ ညဘက်တွေမှာ လိင်ဆက်ဆံနေတဲ့ အိပ်မက်မက်ခြင်း လူပျိုဖော်ဝင်ကာစ အရွယ်၊ အသက် ၂၀နဲ့ […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။ ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။ ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသွင်းဆက်ဆံနေစဉ် သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။ တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး […]


အမျိုးသားကျန်းမာရေးဆိုင်ရာများ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ

ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ ..... အမျိုးသားအများစုဟာ အသက်ကြီးလာတာနဲ့အမျှ ဆီးကျိတ်ဂလင်းတွေ ကြီးလာတဲ့ပြဿနာနဲ့ ရင်ဆိုင်တတ်ကြပါတယ်။ ဆီးကျိတ်ကင်ဆာနဲ့ မတူဘဲ ဆီးကျိတ်ကြီးနေတဲ့ ရောဂါကို Benign Prostatic Hyperplasia (BPH) - ကင်ဆာမဟုတ်သော ဆီးကျိတ်ကြီးခြင်းလို့ ခေါ်ပါတယ်။ ကင်ဆာမဟုတ်တဲ့ ဆီးကျိတ်ကြီးခြင်းဆိုတာ ဘာလဲ ဆီးအိမ်ရဲ့ အောက်နားမှာရှိနေတဲ့ ဆီးကျိတ်ဂလင်းက ကြီးလာတာနဲ့အမျှ ဆီးစွန့်ပြွန်ကနေ ထွက်လာတဲ့ ဆီးတွေကို ပိတ်ဆို့လိုက်ပါတယ်။ ဒီအခါမှာ ဆီးသွားရခက်တာက အဓိကပြဿနာဖြစ်လာပါတယ်။ အမျိုးသားတွေ အသက်ကြီးလာတဲ့အခါ ဟော်မုန်းမျှခြေ မငြိမ်တော့တာ၊ ဟော်မုန်းအပြောင်းအလဲများလာတာဟာ ဆီးကျိတ်ကြီးစေတဲ့ အဓိကတရားခံဖြစ်ပါတယ်။ အမြန်ဆုံး ကုသမှုခံယူမှသာ ဆီးအိမ်၊ ဆီးလမ်းကြောင်းနဲ့ ကျောက်ကပ်မှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကာကွယ်ပေးနိုင်မှာပါ။ ဆီးကျိတ်ကြီးနေပြီလားဆိုတာကို ဘယ်လိုစစ်ဆေးကြမလဲ။ အဓိက ဆီးလမ်းကြောင်းနဲ့ ဆက်စပ်နေတာ ဖြစ်တဲ့အတွက် ဆီးသွားနေတဲ့အချိန်၊ သုက်လွှတ်တဲ့အချိန်မှာ ပြောင်းလဲမှု တစ်စုံတစ်ရာကို […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း