backup og meta

ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

    ယောကျာ်းလေးတွေကို ဒီပျက်ရှင် ဝင်စေနိုင်တဲ့ အရာ တစ်ခု ရှိတယ်…အဲဒါ ဘီယာဗိုက် ပါပဲ။ ကဲ …. ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်းတွေ ရှိပါတယ်။

    ဘီယာဗိုက်ကို ကိတ်မုန့်လှီးသလို လှီးထုတ်လို့ မရတော့လည်း အပင်ပန်းတော့ ခံရပါမယ်။ ဗိုက်အဆီ နဲ့ ကိုယ်အလေးချိန် များခြင်းက လိင်ကိစ္စအတွက် တင် မဟုတ်ဘဲ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ သွေးတိုး နဲ့ ဆီးချိုတို့လို ရောဂါကြီးတွေပါ ဖြစ်နိုင်ခြေ သိပ်များတာမို့ အမြန် ဖြေရှင်းသင့်၊ ကြိုတင် ကာကွယ်သင့်တဲ့ အချက် ဖြစ်ပါတယ်။

    လူက မဝဘဲနဲ့တောင် ဗိုက်က ကိုယ်ဝန်ဆောင် တစ်ယောက်လို ပူဖောင်းဖောင်းလေး ဖြစ်နေတာက အတော်ကို ရှိုးပဲ့လှပါတယ်။ ဝနေရင်တော့ ပိုဆိုးရော။ ဒါဆိုဘယ်လို လုပ်မလဲ ဒီ ဗိုက် ပျောက်သွားအောင်..

    ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံးဖြေရှင်းနည်း (၅) ခု

    ဗိုက်တစ်လုံးနဲ့ ပြဿနာတက်နေတဲ့ ဘရိုတို့အတွက် အလွယ်ဆုံး ဖြေရှင်းနည်း ကတော့

    (၁) ကြည့်ကျက်သောက်ပါ

    ဗိုက်အဆီ ကျဖို့ဆိုရင် အစားကို ဆင်ခြင်ဖို့ လိုသလိုပဲ အသောက်ကိုလည်း ဆင်ခြင်ဖို့ အရေးကြီးတယ်။ ဆိုလိုတာက ရေသောက်တာကို ပြောတာ မဟုတ်ဘူးနော်။ ကိစ္စ ရှိလို့ ရံဖန်ရံခါ သောက်ရတာ တော်သေးတယ်။ အရက်၊ ဘီယာတွေ၊ ဝိုင်တွေကို နေ့တိုင်းလိုလို ကစ်နေရင်တော့ ဗိုက်ပျောက်ဖို့ ကိစ္စကို မေ့သာ မေ့လိုက်ပါတော့။

    ဘီယာဗိုက် မဖြစ်အောင် ဘီယာ မသောက်ဘူး၊ တခြားဟာ သောက်တယ်ဆိုလည်း ပူမှာပါပဲ။ အယ်လ်ကိုဟော ပါတာတွေ သောက်နေသမျှ ဗိုက်ချပ်လာဖို့ မမျှော်လင့်ပါနဲ့။ အယ်လ်ကိုဟော၊ အချိုရည် နဲ့ အစားများခြင်း တို့က ဗိုက်အဆီ တက်စေတဲ့ အရာတွေ ဖြစ်ပါတယ်။

    (၂) ရေဓာတ်ပြည့်ဝအောင်နေပါ

    ဘီယာသောက်တဲ့အခါ ရေဓာတ်မဆုံးရှုံးရစေဖို့ ရေလည်းသောက်ပေးရပါမယ်။ ဘီယာလည်းအရည်ပဲဆိုပြီး ကပ်သပ်မပြောနဲ့နော်။ အရက်ဘီယာတွေက ရေဓာတ်ပိုဆုံးရှုံးစေနိုင်တယ်။

    (၃) ကယ်လိုရီလျှော့စားပါ

    ဝိတ်နည်းနည်းကျချင်တယ်ဆို စားသောက်မှုအလေ့အထကိုပြောင်းလဲဖို့တော့လိုပါမယ်။ အဆီတွေလောင်ကျွမ်းအောင်လုပ်တဲ့ သင့်ရဲ့လေ့ကျင့်ခန်းတွေကို ပိုထိရောက်စေဖို့ ကယ်လိုရီတွက်ပြီးစားပါ။

    အမြည်းတွေကို သတိထားပါ။ အာလူးကြော်၊ စားသောက်ဆိုင်က အမြည်းဟင်းပွဲတွေ၊ တခြားအစားအစာတွေအပါအဝင် အမြည်းလုပ်တဲ့အရာမှန်သမျှ ကယ်လိုရီ၊ အငန်နဲ့ အဆီတွေ ပါဝင်မှုများပါတယ်။

    (၄) ကျန်းမာရေးနဲ့ညီတာတွေ စားပါ

    အားကစားတွေ နင်းကန်လုပ်နေလည်း တနေကုန်အပြင်စာတွေလှိမ့်စားနေရင် ဗိုက်က ပူသထက်ပူလာမှာနော်။ ပြုပြင်စီမံထားတာတွေလည်းမစားသင့်ဘူး။ အသားဓာတ်ရအောင် အသားငါးနဲ့ကြက်ဥ၊ အသီးအရွက်တွေ၊ အသီးအနှံတွေ၊ ငါးကြီးဆီလို ကျန်းမာရေးအကျိုးပြုအဆီတွေ၊ ကာဗိုဟိုက်ဒရိတ်ရအောင် ဆန်လုံးညို၊ အုတ်ဂျုံ စတာတွေစားပေးပေါ့။

    မနက်စာမစားတာ၊နေ့လယ်စာလွတ်တာ၊ ညစာမစားဘဲသောက်ပဲသောက်တာမျိုးတွေ မလုပ်ပါနဲ့။ အာဟာရပြည့်တဲ့အစားအစာတွေကို ထိုက်သင့်တဲ့ပမာဏနဲ့ အချိန်မှန်စားပေးပါ။

    (၅) အားကစားလုပ်ပါ

    ဂျင်မ်သွားတာ ဓာတ်ပုံရိုက်ဖို့လောက်ပဲတော့ မလုပ်နဲ့လေ။ ကြွက်သားကျစ်မယ့် လေ့ကျင့်ခန်းတွေလုပ်တာက အဆီကျပြီး ခန္ဓာကိုယ်ကျစ်လျစ်သန်မာစေတယ်။ ဗိုက်ကြွက်သားတွေ ချပ်ရပ်ပြီး six pack ဖြစ်လာပါလိမ့်မယ်။

    လေ့ကျင့်ခန်းမလုပ်နိုင်၊ ဂျင်မ်မသွားရင်တောင်မှ တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ ဖြစ်နိင်ရင် တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ လောက်တော့ လေ့ကျင့်ခန်းခပ်ပြင်းပြင်း လုပ်တာကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement