ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ

လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ .... အအေးမိဖျားနာတာနဲ့ ရာသီတုပ်ကွေးရောဂါတွေက ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ အအေးမိဖျားနာတဲ့အခါ လည်ချောင်းနာတာ၊ နှာစေးတာ၊ နှာခေါင်းပိတ်တာနဲ့ ချောင်းဆိုးတာတွေကိုပါ ခံစားရနိုင်ပါတယ်။ တစ်ခါတလေ တုပ်ကွေးဖြစ်တာကလည်း သာမန်အအေးမိဖျားနာတာကြောင့်ဖြစ်တဲ့ လက္ခဏာတွေနဲ့ ဆင်တူနေတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဖြစ်တဲ့အခါ အပေါ်မှာပြောခဲ့တဲ့ လက္ခဏာတွေအပြင် အဖျားတက်တာ၊ ခေါင်းကိုက်တာနဲ့ ကိုယ်လက်တွေကိုက်ခဲနာကျင်တာမျိုးကိုပါ ခံစားရနိုင်ပါတယ်။ ဒီလို ဝေဒနာတွေခံစားရတဲ့အခါ မဖြစ်မနေဆေးခန်းသွားပြဖို့လိုမလား။ တော်ရုံအဖျားလောက်ကိုတော့ ဆေးသောက်တာ၊ အနားယူတာ၊ အာဟာရပြည့်ဝအောင် စားသုံးတာမျိုး လုပ်ပေးပြီး သက်သာအောင်လုပ်ပေးလို့ရပါတယ်။ အအေးမိဖျားနာကင်းဝေးအောင်လုပ်လို့ရတဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိပါတယ်။ ဒါကတော့ ပလုပ်ကျင်းတာပဲ ဖြစ်ပါတယ်။ လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ လည်ချောင်းနာပြီး နှာပိတ်နေပြီဆို ပလုပ်ကျင်းပါ ။ ဘာကြောင့်လဲဆိုတော့ လည်ချောင်းနာတာာ၊ နှာစေးနှာပိတ်ဖြစ်နေတာတွေက အသက်ရှူလမ်းကြောင်း အပေါ်ပိုင်းကို ဗိုင်းရပ်စ်တွေ ဝင်လာပြီလို့ ပြောချင်တာပါ။ ဒီကနေ အဆုတ်အတွင်းထဲကို […]


အသက်ရှူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါများ

ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ

ဘယ်သူတစ်ဦးတစ်ယောက်မှတော့ ကိုယ့်ကြောင့် ကိုယ်ချစ်ခင်ရတဲ့ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ မိတ်ဆွေတွေဖျားနာတာကိုမြင်ချင်မှာမဟုတ်ပါဘူး။ ကိုယ်တိုင်ဖျားနာလို့ စိတ်ညစ်ပါတယ်ဆိုမှာ ကိုယ့်ကြောင့်သူတို့တွေဖျားရင် အားနာရတဲ့စိတ်ကတော်တော်လေး စိတ်မကောင်းဖြစ်စေတယ်နော်။ ဒီလိုမျိုး အားနာစိတ်မကောင်းဖြစ်ရတာမျိုးမဖြစ်ချင်ဘူးဆိုရင် ဒီအချက်လေးတွေ သိထားဖို့လိုမယ်ထင်တယ်နော်။ ဒါမှ ကိုယ့်ကြောင့် ကိုယ်ချစ်ရတဲ့သူတွေ ဖျားနာမှုခံစားရတာကနေ ကင်းဝေးစေမှာပါ။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် ဒီလိုကာကွယ်ပါ ... ရောဂါပိုးတွေက ဘယ်လိုပြန့်နှံ့တာလဲ အဓိကကတော့ လူတစ်ယောက်ဆီကနေလူတစ်ယောက်ဆီကိုချောင်းဆိုးတာ နှာချေတာတွေကနေတဆင့်ရောဂါပိုးတွေကလေထဲမှာပြန့်နှံ့သွားပြီး ကူးစက်တာပါ။ ဖျားနာနေတဲ့လူချောင်းဆိုး နှာချေမှုကြောင့် ခန္ဓါကိုယ်ြပင်ပကိုရောက်လာတဲ့ရောဂါပိုးတွေကလေထဲကနေတဆင့် လွှင့်သွားပြီး အနီးမှာရှိနေတဲ့သူတွေရဲ့ ပါးစပ်နဲ့နှာခေါင်းတွေဆီကိုရောက်ရှိသွားပြီး ကိုယ်တွင်းကို ကူးစက်ဝင်ရောက်တာပါ။ ရောဂါရှိသူရဲ့ တံတွေး၊ နှာရည်တို့ထိတွေ့ထားတဲ့နေရာတွေကို ထိတွေ့မိမှုကနေတဆင့်လည်း အဖျားကူးစက်နိုင်ပါသေးတယ်။ အအေးမိတုပ်ကွေးြဖစ်စေတဲ့ ဗိုင်းရပ်စ်တွေက တံခါးလက်ကိုင်ဖုတွေ၊ စားပွဲခုံတွေနဲ့ ထိုင်ခုံလိုမျိုးနေရာတွေမှာ ၂ နာရီကြာအထိရှင်သန်နေနိုင်ပါတယ်။ အချို့ဗိုင်းရပ်စ်တွေဆိုရင်ပြင်ပလေထုထဲမှာ အချိန် ၂ နာရီကျော်တဲ့ အထိရှင်သန်နေနိုင်ပါတယ်။ ကိုယ့်ဆီကအဖျား ကိုယ့်သားသားမီးမီးလေးတွေဆီ မရောက်သွားအောင် […]


အစားအသောက်မှကူးစက်သောရောဂါများ

အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ

အစားအသောက်တွေ မသန့်ရှင်းတဲ့အခါ ဘာတွေ ဖြစ်နိုင်လဲ။ စားလိုက်တဲ့ အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် အစာအာဟာရက တော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကို ဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးက အစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။ ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ အစားမစားခင်မှာ ဒီအချက်လေးတွေ သတိထားပေးပါ ယနေ့ခေတ်လိုမျိုး မအားမလပ်နိုင်အောင် အလုပ်များလှတဲ့ ခေတ်ကာလထဲမှာ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာရေးကောင်းဖို့ဆိုတာက ကျန်းမာတဲ့အစားအသောက်တွေကို စားသုံးဖို့နဲ့ ဘေးကင်းတဲ့ အစားအသောက်တွေကို စားသုံးမိဖို့ လိုပါတယ်။ ဒီတော့ အစားအစာစားတဲ့အခါ ဒီအချက်လေးတွေကို သတိထားဖို့ မမေ့ပါနဲ့။ စားသုံးမယ့် အစားအစာက […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

နည်းနည်းလေး အေးတာနဲ့ အဖျားဝင်တာကို စိတ်ကုန်နေပြီလား

မိုးစက်လေးတွေ တစ်စက်ချင်းစီကျလာတာကို ကဗျာဆန်ဆန်လေးခံစားရတာ သဘာဝရဲ့တေးသံသာလေးဖြစ်တဲ့ မိုးရေစက်လေးတွေတစ်စက်ချင်းစီကျလာတာကို ခံစားရတာကတော်တော်လေးတော့ မိုက်တယ်နော်။ မိုးရာသီက စိုစွတ်ပေမယ့် စိမ်းလန်းစိုပြည်မှုတွေနဲ့အေးမြလန်းဆန်းမှုတွေကိုခံစားရနိုင် တစ်ခုတည်းသောရာသီပါ။ ဒီလိုကဗျာဆန်တဲ့ရာသီလေးမှာ သဘာဝရဲ့ အရသာကို အပြည့်အဝမခံစားရဘဲ မိုးအေးတာနဲ့ဖျားဖျားနေလို့ စိတ်ညစ်နေပြီလား။ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြမယ်နော်။ မိုးရာသီနဲ့ ကိုယ်ခံအားစနစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကနေ့စဉ်နဲ့အမျှ ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေ ကိုယ်တွင်းကို ဝင်ရောက်ကူးစက်မှုမရှိအောင် တုံ့ပြန်တိုက်ခိုက်ပေးနေတာပါ။ မိုးရာသီလိုမျိုး ပတ်ဝန်းကျင်က စိုစွတ်အေးမြနေချိန်ဆိုရင်ရောဂါပိုးတွေက အခြားအချိန်တွေထက်ပိုပြီး အချိန်ကြာကြာရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားနည်းတဲ့ သူတွေအနေနဲ မိုးရာသီမှာအလွယ်တကူဖျားနာတာပါ။ မိုးရာသီမှာ အလွယ်တကူဖျားနာရတဲ့နောက်ထပ်အကြောင်းအရင်းတစ်ခုက အပြင်မှာမိုးတွေရွာနေတာကြောင့် အပြင်သိပ်မထွက်ဖြစ်ဘဲ အခန်းအောင်းနေရတာများနေတာ၊ လူအစုအဝေးနဲ့အနေများတာတွေကြောင့်ရောဂါပိုးတွေက အလွယ်တကူကို ကူးစက်နေတာပါ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားကပုံမှန်ထက်နည်းနေပြီဆိုရင်တော့ရောဂါတွေကို ခုခံဖို့ကမဖြစ်နိုင်တော့ဘူးလေနော်။ ဖျားနာခြင်းကင်းစင်တဲ့ မိုးရာသီလေးပိုင်ဆိုင်ဖို့ဆိုရင် သွားလေရာကို ထီးယူသွားပါ- မိုးရာသီမှာ အပြင်သွားတဲ့အခါတိုင်း ထီးလေးတော့ယူသွားဖို့လိုပါမယ်။ ဒါမှမိုးရေစိုတာကနေကာကွယ်နိုင်မှာပါ။ မိုးရွာချလာတဲ့အခါ ခန္ဓါကိုယ်ကို […]


ကိုရိုနာဗိုင်းရပ်စ်

ကျန်းမာနေစေဖို့အတွက် သက်တော်စောင့်တစ်ယောက်

Nasal spray (နှာခေါင်းဖြန်းဆေး) က သင့်ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိသလဲ အအေးမိလို့ နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့ အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။ Nasal Spray ရဲ့ အသုံးဝင်ပုံက nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာ အစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ Nasal Spray အမျိုးအစားတွေက Nasal spray အမျိုးမျိုးရှိပါတယ်။ Decongestants -ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ Salt-water solutions -ဒီ […]


တိုက်ဖွိုက် (အူရောင်ငန်းဖျား)

ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း

မိုးရွာရင် ရေကြီးတတ်တာ သဘာဝပါ။ ရေကြီးတာ က လူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်စေနိုင်သလို ဘာမှမဖြစ်ဘူးဆိုရင်တောင်မှ ကျန်းမာရေးပြဿနာလေးတွေ အနည်းနဲ့ အများတော့ ကြုံရတတ်ပါတယ်။ ဒီတော့ ရေကြီးရင် ဘာကျန်းမာရေး ပြဿနာတွေနဲ့ ကြုံနိုင်လဲ။ ဘယ်လိုကာကွယ်ကြမလဲဆိုတာ ဒီဆောင်းပါးလေးထဲမှာ ပြောပြထားပါတယ်။ ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေအကြောင်း ရေကြီးခြင်းနဲ့အတူ မခေါ်ဘဲ ရောက်ရှိလာတတ်တဲ့ ဧည့်သည်တွေက တစ်ယောက်နှစ်ယောက်မကပါဘူး။ ရေကြီးပြီဆိုရင် အခုလို ရောဂါတွေ ခံစားရနိုင်ပါတယ်။ ၁။ Leptospirosis ဒီရောဂါဟာ တိရစ္ဆာန်တွေဆီက ကူးစက်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကြွက်၊ နွား၊ ကျွဲစတဲ့ သတ္တဝါတွေရဲ့ 'ဆီး'ထဲမှာ ရှင်သန်နေထိုင်တဲ့ Leptospira ဘက်တီးရီးယားကြောင့် ဖြစ်ပွားရပါတယ်။ ရေထဲမှာ အချိန်ကြာမြင့်စွာ နေထိုင်သွားလာရတဲ့အခါ အဆိုပါ ဘက်တီးရီးယားဟာ သင့်အရေပြားကို ဖောက်ပြီး ခန္ဓာကိုယ်ထဲ ဝင်ရောက်လာနိုင်ပါတယ် […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဂျပန်ဦးနှောက်ရောင်ရောဂါ အကြောင်း သိသင့်သမျှ

ဂျပန်ဦးနှောက်ရောင်ရောဂါဆိုတာ ဘာလဲ ဂျပန်ဦးနှောက်ရောင်ရောဂါ (Japanese encephalitis) ဆိုတာ Culex ဆိုတဲ့ ခြင်မှတဆင့် ကူးစက်ပြန့်ပွားနိုင်ပြီး ဦးနှောက်တွင်းရောဂါပိုးပျံ့နှံ့စေတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ အရှေ့တောင်အာရှ၊ ပစိဖိတ်ကျွန်းတွေနဲ့ ကမ္ဘာ့ အရှေ့ဖျားနိုင်ငံတွေရဲ့ကျေးလက်ဒေသတွေအတွင်း ကလေးတွေမှာ အဖြစ်များဆုံးရောဂါလည်းဖြစ်ပါတယ်။ ဦးနှောက်တစ်ရှူးများရောင်ရမ်းပျက်စီးခြင်းကို ဖြစ်စေနိုင်တဲ့ ဒီရောဂါဟာ ကုသနိုင်တဲ့ဆေးဝါး မရှိသေးဘဲ ပြင်းထန်တဲ့ကူးစက်မှုတွေမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်ပေါ်စေပြီး ထိရောက်စွာ ကုသမှုမရှိရင် အသက်ဆုံးရှုံးရတဲ့အထိ အန္တရာယ်ပေးနိုင်ပါတယ်။ အသက်ဆုံးရှုံးမှုမရှိဘဲ ပြန်ကောင်းလာတဲ့ လူနာတွေမှာလည်း တစ်ဝက်ခန့်က နားလေးခြင်း၊ မျက်စိကွယ်ခြင်း၊ ကိုယ်လက်မသန်စွမ်းခြင်း၊ ဉာဏ်ရည်နိမ့်ကျခြင်း၊ စိတ်မူမမှန်ခြင်းစတဲ့ နောက်ဆက်တွဲတွေခံစားရနိုင်ပါတယ်။ ဒီဗိုင်းရပ်စ်ကို ဝက်၊ ငှက်၊ ခို၊ ဘဲ၊ လင်းနို့တို့မှာ တွေ့ရပြီး သူတို့ကိုကိုက်ခဲ့တဲ့ ခြင်ကတဆင့် လူနဲ့ နို့တိုက်သတ္တဝါတွေဆီ ပြန်ကူးစက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူရေးနဲ့ စပါးစိုက်ခင်းတွေရှိတဲ့ ကျေးလက်ဒေသတွေမှာ ပိုအဖြစ်များတာပါ။ လူကလူကို တိုက်ရိုက်မကူးစက်နိုင်ပါဘူး။ ရောဂါလက္ခဏာများ ဂျပန်ဦးနှောက်ရောင်ရောဂါပိုးကူးစက်ခံရသူဟာ […]


ကူးစက်ရောဂါများ

ခြင်ကတဆင့်ကူးစက်နိုင်တဲ့ရောဂါတွေအန္တရာယ်ကနေ သင့်ကလေးကို ဘယ်လိုကာကွယ်မလဲ

မိဘရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးတွေကိုစောင့်ရှောက်ပျိုးထောင်ရတာ တကယ်ကိုစိန်ခေါ်မှုကြီးမားတဲ့အလုပ်ပါ။ ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကျန်းမာမှု၊ သွက်လက်ထက်မြက်မှု၊ သိတတ်မှု အရာရာတိုင်းက မိဘတွေရဲ့တာဝန်ပဲလေ။ ကလေးကိုစောင့်ရှောက်တဲ့နေရာမှာ တစ်ချက်မှ သတိလွတ်လို့မရတာ လုပ်ငန်းကြီးတစ်ခုဦးဆောင်နေတာထက် ပိုတာဝန်ကြီးပါတယ်။ ဒါပေမယ့် ကျန်တာတွေ လိုလေသေးမရှိစောင့်ရှောက်ထောက်ပံ့ပေးထားပါလျက်နဲ့ အရေးကြီးတဲ့အချက်တစ်ခုကို မေ့လျော့နေတတ်ပါတယ်။ ခြင်အန္တရာယ်ဂရုစိုက်ဖို့ပါ။ တစ်ခုခုကိုအာရုံစိုက်နေရင် ကျန်တာဘာမှမသိတတ်တဲ့ ကလေးတွေကို ခြင်ကရတဲ့ရောဂါတွေ မကူးစက်စေဖို့ ကြိုတင်ကာကွယ်ပေးရမှာ မဖြစ်မနေအရေးကြီးပါတယ်။ ခြင်ကိုက်ခံရတာနဲ့ အသက်အရွယ်မရွေးကို အန္တရာယ်ကြီးတဲ့ရောဂါတွေ ကူးစက်ခံရနိုင်တယ်ဆိုပေမယ့် ကလေးတွေကို ပိုကိုက်ခံရတတ်ပါတယ်။ ခြင်ကတဆင့်ကူးစက်ခံရနိုင်တဲ့ရောဂါတွေက အများကြီးရှိတဲ့အထဲက အဖြစ်များတဲ့ရောဂါတွေက - သွေးလွန်တုပ်ကွေး သွေးလွန်တုပ်ကွေးရောဂါက Aedesခြင်တွေကတဆင့် ကူးစက်ရရှိနိုင်တာဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ခံစားရတဲ့ကလေးတွေမှာ အများစုက လက္ခဏာသိပ်မသိသာတတ်ပါဘူး။ အပျော့စားလက္ခဏာတွေဆိုရင် ရိုးရိုးဖျားတာ၊ တုပ်ကွေးတို့နဲ့ဆင်တူနေတတ်ပါတယ်။ ပြင်းထန်လာရင် ခန္ဓာကိုယ်တွင်းသွေးယိုခြင်းကြောင့် အသက်ဆုံးရှုံးရနိုင်တာကြောင့် စောစောသိရှိပြီးကုသနိုင်ဖို့လိုပါတယ်။ Chikungunya (ဆင်တုပ်ကွေး) ဆင်တုပ်ကွေးလို့ ခေါ်ကြတဲ့ Chikungunya ရောဂါဟာလည်း Aedes ကနေပဲ ကူးစက်ရရှိနိုင်တဲ့အမျိုးအစားဖြစ်ပါတယ်။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

ရေလွှမ်းမိုးချိန်တွင် အဖြစ်များသော ရောဂါများ

ရေလွှမ်းမိုးချိန်တွင် ကူးစက်တတ်သော ရောဂါများစွာ ဖြစ်ပွားသည်။ အဓိက အမျိုးအစား ၂မျိုးမှာ ရေကြောင့်ကူးစက် သောရောဂါများနှင့် ရောဂါပိုးသယ်ဆောင်သော အကောင် များကြောင့်ကူးစက်သော ရောဂါများ ဖြစ်သည်။   ရေကြောင့်ကူးစက်သော ရောဂါများ ရေလွှမ်းမိုးခြင်းနှင့် ရောဂါပိုးကူးစက်ခြင်းတို့သည် ဆက်စပ်ပုံပေါ်သော်လည်း လူဦးရေ၏ အများစုကို အခြား နေရာသို့ ပြောင်းရွေ့ခြင်း သို့မဟုတ် ရေရင်းမြစ်များ ညစ်ညမ်း သွားခြင်း မရှိပါက အန္တရာယ်ဖြစ်မှု နည်းပါသည်။ ရေလွှမ်းမိုးချိန်တွင် သောက်သုံးရေ ထောက်ပံ့မှုများ ပျက်စီးပြီး ရေကြောင့် ကူးစက်သော ရောဂါများဖြစ်ပွားသည်။ ကံကောင်း သည်မှာ ရေထောက်ပံ့မှုများ ညစ်ညမ်းသွားလျှင်ပင် အာဏာ ပိုင်များက ပြဿနာကို အချိန်မီ သိရှိပြီး အခြားနည်းဖြင့် ရေ ထောက်ပံ့မှု ပေးနိုင်ပါက အန္တရာယ်များကို ထိန်းချုပ်နိုင်သည်။ ရေလွှမ်းမိုးချိန်တွင် ညစ်ညမ်းသောရေဖြင့် တိုက်ရိုက် ထိတွေ့မှုကြောင့် ရေကြောင့်ကူးစက်သော […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Japanese Encephalitis (ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ) ကဘာလဲ။ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါဆိုတာ ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး အာရှနဲ့ ပစိဖိတ် အနောက်နိုင်ငံတွေမှာ ဖြစ်တဲ့ ကာကွယ်နိုင်တဲ့ ဦးနှောက်ရောင်ရောဂါတွေထဲမှာ အဖြစ်များဆုံး ဖြစ်ပါတယ်။ အာရှဒေသကို အလယ်လာတဲ့ ခရီးသွားတွေအတွက်ကတော့ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ(JE) ကကူးနိုင်ခြေနည်းပြီး ဒါကလည်း ဦးတည်ရာဒေသ, ကြာချိန်နဲ့ ရာသီဥတု, လုပ်ငန်းတွေပေါ်မူတည်ပါတယ်။ JE ဗိုင်းရပ်စ်ဟာ ဝက်နဲ့ငှက်တွေလို ကျောရိုးရှိတွေနဲ့ ခြင်တွေကြားမှာ ကူးစက်ပျံ့နှံ့နေတာဖြစ်ပြီး ကူးစက်ခံနေရတဲ့ ခြင်ကိုက်ရင် လူကိုလည်း ရောဂါရစေတတ်ပါတယ်။ အများစုကတော့ လက္ခဏာပြလေ့မရှိပဲ ပြရင်လည်း အပျော့စားတွေ ဖြစ်ပါတယ်။ ဒါပေမယ့် အချို့သော ကူးစက်ခံရသူတွေက ဦးနှောက်အမြှေးရောင် ရောဂါအထိဖြစ်ကြပြီး ခေါင်းကိုက်ခြင်း၊ အဖျားကြီးခြင်း၊ မူမမှန်ခြင်း၊ မေ့မြောခြင်း၊ လက်ခြေတုန်ခြင်း နဲ့ တက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရပါတယ်။ ဖြစ်သူလေးယောက်မှာ တစ်ယောက်နှုန်း သေဆုံးနိုင်ခြေရှိပါတယ်။ ပြီးတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း