ကူးစက်ရောဂါများ

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာ ပိုးမွှားတွေ အလွယ်တကူကပ်နိုင်တဲ့ နေရာပါ။ အများစုက အန္တရာယ်မရှိပေမယ့် တစ်ခါတလေမှာ ရောဂါဖြစ်စေနိုင်တဲ့ ပိုးတွေကြောင့် ကျန်းမာရေး ထိခိုက်တဲ့အထိ ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ဆီမှာ အဖြစ်များတဲ့ ကူးစက်ရောဂါတွေအကြောင်းကို ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ကူးစက်ရောဂါများ

သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အဖြစ်များတယ်ဆိုပေမယ့် လူကြီးတွေလည်း မလွတ်ပါဘူး။ သွေးလွန်တုပ်ကွေးက ရှော့ဖြစ်တတ်ပြီး အသက်အန္တရာယ်ဖြစ်စေနိုင်တာကြောင့် ဖျားနာပြီး သွေးလွန်တုပ်ကွေး လက္ခဏာတွေရှိတယ်ဆိုရင်  ဘယ်အရွယ်ပဲဖြစ်ဖြစ် သွေးလွန်တုပ်ကွေး စစ်ဆေးသင့်ပါတယ်။ သွေးလွန်တုပ်ကွေးအတွက် တစ်ဖက်က ဆေးကုသဖို့လည်း လိုအပ်သလို တစ်ဖက်ကနေလည်း အာဟာရဖြည့်တင်းဖို့ လိုပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးဖြစ်နေချိန်မှာ ဘာတွေစား ပြီး ဘာတွေရှောင်ရမလဲ ဆိုတာ သိထားဖို့ လိုပါတယ်။ သွေးလွန်တုပ်ကွေးနဲ့ အာဟာရ သွေးလွန်တုပ်ကွေးဖြစ်ချိန်မှာ လူနာက ပါးစပ်ပျက်တာကြောင့် အစားမဝင်ဘဲ အားနည်းနိုင်သလို အဖျားကြီးတာ၊ ချွေးထွက်များတာကြောင့် ရေနဲ့ ဓာတ်ဆား ဆုံးရှုံးနိုင်ပါတယ်။ ဒါ့ပြင် သွေးလွန်တုပ်ကွေးကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သွေးကြောတွေကို တိုက်ခိုက်တာကြောင့် ကိုယ်တွင်းအရည်စိမ့်တာ၊ သွေးဥမွှားတွေကို တိုက်ခိုက်တာကြောင့် ခန္ဓာကိုယ် သွေးယိုတာ စတာတွေကြောင့် ရေဓာတ်ဆုံးရှုံးသလို ဖြစ်ပြီး ရှော့ရတတ်ပါတယ်။ သွေးလွန်တုပ်ကွေးက ဗိုင်းရပ်စ်ကြောင့် […]

ကူးစက်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကိုရိုနာဗိုင်းရပ်စ်

ကူးစက်ရောဂါများ ကို ရှာဖွေမည်။

သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေးရောဂါ အကြောင်း သင်သိထားသင့်သမျှ

သည်းသည်းမည်းမည်း ရွာလိုက်တဲ့ မိုးနဲ့ မိုးရာသီတောင် ရောက်လာပြန်ပြီနော်။ မိုးရာသီက နွေရဲ့ ပူပြင်းတဲ့ဒဏ်ကို သက်သာစေတယ် ဆိုပေမယ့် မိုးရာသီမှာအဖြစ်များတဲ့ ရောဂါတွေရဲ့ ပြဿနာကလည်း ရှိနေတယ်။ အထူးသဖြင့်တော့ သွေးလွန်တုပ်ကွေးပေါ့။ ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ မိုးရာသီမှာ ကိုယ်တိုင်ရော မိသားစုမှာပါ ရောဂါကင်းပြီး ပျော်ရွှင်ချင်တယ်ဆိုရင် သွေးလွန်တုပ်ကွေးရောဂါ အကြောင်း လေ့လာထားကြစို့နော်။ သွေးလွန်တုပ်ကွေးရောဂါ (Dengue Fever) ဆိုတာ သွေးလွန်တုပ်ကွေးရောဂါ ဆိုတာက အေးဒီးစ်လို့ခေါ််တဲ့ ခြင်ကျားကိုက်ရာနေတဆင့် ကူးစက်ခံရတဲ့ ရောဂါ တစ်မျိုးပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေမှာ အဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးရောဂါ ဆိုတဲ့ နေရာမှာလည်း"Break-Bone" Fever လို့ခေါ်တဲ့ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ နဲ့ Dengue Hemorrhagic Fever လို့ခေါ်တဲ့ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါ ဆိုပြီး နှစ်မျိုး ရှိပါတယ်။ -"Break-Bone" […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ဆင်ခြေထောက်ရောဂါမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ

ဆင်ခြေထောက်ရောဂါကိုမြင်ဖူးကြပါသလား။ အနည်းဆုံးတော့ ပညာပေးဗွီဒီယိုတွေ၊ လက်ကမ်းစာစောင်တွေမှာတော့ မြင်တွေ့နိုင်ပါလိမ့်မယ်။ ကြောက်မက်ဖွယ်ဒီရောဂါကြီးက အလှပျက်စေရုံတင်မကဘဲနေ့စဉ်နေထိုင်မှုဘဝမှာပါ ထိခိုက်မှုတွေဖြစ်စေပါတယ်။ ဒီလိုရောဂါဆိုးမျိုးကို ဘယ်သူမှဖြစ်ချင်မှာမဟုတ်ပါဘူး။ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပြီး ဆင်ခြေထောက်ရောဂါမဖြစ်အောင် ကာကွယ်လိုက်ပါ။ ဆင်ခြေထောက်ရောဂါဆိုတာ ဆင်ခြေထောက်ရောဂါဆိုတာက ခြေတွေလက်တွေကို အပြင်းအထန်ရောင်ရမ်းစေတဲ့ရောဂါတစ်မျိုးပါ။ခြင်ကနေတဆင့် ကူးစက်တဲ့filarial wormကြောင့် ဆင်ခြေထောက်ရောဂါဖြစ်ရတာပါ။ ဒီရောဂါပိုးက လူ့ခန္ဓာကိုယ်ထဲက ပြန်ရည်ကြောစနစ်အတွင်းမှာရှင်သန်ကြီးထွားကြတာဖြစ်ပြီး သွေးကြောတွေကနေတဆင့် မျိုးပွားပြန့်နှံ့ကြပါတယ်။ ဒီရောဂါပိုးတွေက လူ့ခန္ဓာကိုယ်ထဲမှာ နှစ်ပေါင်းအတော်ကြာရှင်သန်နေထိုင်နိုင်ကြပါတယ်။ ဆင်ခြေထောက်ရောဂါပိုးက ခြေထောက်တွေ၊ လက်တွေကိုပဲ ရောင်ရမ်းကြီးထွားစေတာမဟုတ်ဘဲ မျိုးပွားအင်္ဂါတွေနဲ့ ရင်သားတွေကိုပါရောင်ရမ်းကြီးထွားစေနိုင်ပါတယ်။ ရောဂါခံစားရတဲ့အခါ အရေပြားက အရမ်းထူပြီး မာတောင့်တောင့်နဲ့ ဆင်သားရေလိုမျိုးဖြစ်နေတတ်ပါတယ်။ ဆင်ခြေထောက်ရောဂါက အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်တွေမှာနေထိုင်တဲ့သူတွေမှာ အဖြစ်များပါတယ်။ ရောဂါလက္ခဏာတွေက ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ ရောင်ရမ်းပြီး ပုံမှန်အရွယ်ထက်ကြီးထွားလာတာမျိုး မဖြစ်မချင်း ဆင်ခြေထောက်ရောဂါခံစားနေရတယ်ဆိုတာကို မသိနိုင်ပါဘူး။ အရေပြားမှာ အသားမာလို ထူထူကြီးဖြစ်လာပြီး ကြမ်းကြမ်းကြီးဖြစ်နေမယ်။ တစ်ခါတရံရောင်ရမ်းတဲ့နေရာက နာကျင်တာမျိုးတွေတောင် ခံစားရနိုင်ပါတယ်။ ဒါတွေအပြင် အဖျားတက်တာနဲ့ ခန္ဓာကိုယ်မှာ […]


အင်းဆက်မှတဆင့် ကူးစက်သော ရောဂါများ

ငှက်ဖျားရောဂါ အဖြစ်များတဲ့နေရာမှာနေရင် ဘာတွေသိထားရမလဲ။

ငှက်ဖျားရောဂါက လူသားတွေရဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်နေတဲ့ရောဂါတစ်ခုပါ။ နှစ်စဉ် ကမ္ဘာပေါ်မှာ ငှက်ဖျားရောဂါကြောင့် အသက်ဆုံးရှုံးနေရသူပေါင်း သန်းပေါင်း ဆယ်နဲ့ချီရှိနေပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်လည်း ငှက်ဖျားရောဂါပိုးရှိနေတဲ့နေရာတွေအများစုရှိနေပါတယ်။ ငှက်ဖျားရောဂါဟာ ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုဖြစ်တာကြောင့် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာမှာနေနေလို့ပဲဖြစ်ဖြစ် ငှက်ဖျားရောဂါပိုးရှိတဲ့နေရာကို သွားရမှာကြောင့်ဖြစ်ဖြစ် အကြောင်းရင်းရှိလာပြီဆိုရင် ဒီထဲမှာဖော်ပြထားတဲ့ ငှက်ဖျားရောဂါအကြောင်းနဲ့ပတ်သက်ပြီး သိသင့်သိထိုက်တာတွေကို မှတ်သားထားဖို့ လိုအပ်ပါလိမ့်မယ်။ ငှက်ဖျား (Malaria) ဆိုတာ ငှက်ဖျားကရောဂါပိုးကိုသယ်ဆောင်ထားတဲ့ခြင်ကနေတဆင့် လူတွေဆီကိုကူးစက်တဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ရောဂါတစ်မျိုးပါ။ လူတွေမှာငှက်ဖျားရောဂါပိုးဖြစ်စေနိုင်တဲ့ ကပ်ပါးပိုး မျိုးစိတ် ၅ မျိုးရှိပါတယ်။ ငှက်ဖျားက အဖျားရောဂါတစ်မျိုးဖြစ်ပေမယ့်သေချာဂရုစိုက် ကုသတာမျိုးမရှိဘူးဆိုရင် မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာ တွေတွေ့ကြုံရနိုင်ပါတယ်။ ခြင်ကကိုက်လိုက်တဲ့အခါ ငှက်ဖျားရောဂါပိုးဖြစ်စေတဲ့ ကပ်ပါးပိုးPlasmodiumကသွေးကြောတွေထဲကိုရောက်ရှိသွာပြီးရောဂါဖြစ်ပွား ကူးစက်တာဖြစ်ပါတယ်။ရောဂါပိုးကခန္ဓာကိုယ်ထဲကိုရောက်ရှိသွားချိန်မှာတော့ အသည်းကိုရောက်ရှိသွားပြီး ရှင်သန်ဖို့လုပ်ဆောင်ပါတယ်။ ရက်အတော်ကြာတဲ့အခါမှာတော့ရောဂါပိုးကသွေးကြောတွေထဲကို စတင်ရောက်ရှိပြီးသွေးနီဥဆဲလ်တွေကို စတင်ကူးစက်ပါတော့တယ်။ ငှက်ဖျားရောဂါပိုးရဲ့ လက္ခဏာတွေက သွေးနီဥတွေရောဂါပိုးကူးစက်ခံရပြီး ပေါက်ကွဲပျက်စီးကုန်တာကြောင့်အဓိကဖြစ်ပါတယ်။ ငှက်ဖျားရောဂါပိုးက အပူပိုင်းဇုန်နဲ့သမပိုင်းဇုန်မှာရှင်သန်ပေါက်ဖွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေက ရောဂါပိုးရှိတဲ့ခြင်ကိုက်ခံပြီးရတဲ့အခါ ၇ ရက်ကနေ ၁၀ ရက်အတွင်းမှာရောဂါလက္ခဏာတွေစဖြစ်လာတတ်ပါတယ်။ […]


တခြား ဘက်တီးရီးယား ကူးစက်ရောဂါများ

Scarlet fever (စကားလတ်အဖျား)

အဓိပ္ပါယ်ဖွင့်ဆိုချက်Scarlet fever (စကားလတ်အဖျား) ကဘာလဲ။ Scarlet အဖျားဆိုတာ ဘတ်တီးရီးယားကြောင့်ဖြစ်တဲ့အဖျား တစ်မျိ ုးဖြစ်ပြီး ဒီရောဂါဟာ လူတစ်ချိ ု့မှာ strep လို့ခေါ်တဲ့ပိုးတစ်မျိုးကြောင့်ဖြစ်တဲ့လည်ပင်းနာအာသီးရောင်ခြင်းကနေ ရရှိပါတယ်။scarlatina လို့လည်းသိကြပြီး scarlet အဖျားဟာ တစ်ကိုယ်လုံးမှာ အနီရဲရဲ အဖုအပိန့်များနဲ့ တွေ့ ရတတ်ပါတယ်။scarletအဖျားဟာ လည်ပင်းနာခြင်းရယ် အဖျားကြီးခြင်းရယ်နဲ့ များသောအားဖြင့် တွဲပြီးတွေ့ရတတ်ပါတယ်။ scarlet အဖျားဟာ ကလေးတွေ အသက် ၅နှစ်မှ ၁၅နှစ်အတွင်းမှာ အဖြစ်များပါတယ်။scarlet အဖျားကို ကလေးဘဝဖျားနာခြင်းတွေထဲက ဆိုးတဲ့ရောဂါ တစ်ခုအနေနဲ့ ယူဆကြပေမယ့် ပိုးသတ်ဆေးပေးပြီး ကုသခြင်းက သိပ်ပြီးမဆိုးစေတာကိုတွေ့ရပါတယ်။ ဒါပေမယ့် မကုသပဲ ထားခဲ့ပါက scarlet အဖျားက ပိုပြီးဆိုးတဲ့အခြေအနေတွေဖြစ်တဲ့ နှလုံး၊ကျောက်ကပ်နဲ့ တစ် ခြားကိုယ်ခန္ဓါအစိတ်အပိုင်းတွေထိခြင်းကို ဖြစ်စေနိုင်ပါတယ်။ Scarlet fever (စကားလတ်အဖျား) က ဘယ်လောက်အဖြစ်များသလဲ ကလေးငယ်တွေမှာ အဖြစ်အများဆုံးဖြစ်ပြီး မည်သည့်အသက်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ အခြားအချက်အလက်တွေသိရဖို့သင့်ဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးပါ။ လက္ခဏာများScarlet fever (စကားလတ်အဖျား) ရဲ့လက္ခဏာတွေကဘာတွေလဲ Scarlet […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု) ကဘာလဲ။ ရိုတာဗိုင်းရပ်က ဝမ်းလျှောခြင်းကိုဖြစ်စေတတ်ပါတယ်။ ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေး ဌာနများရဲ့ ပြောကြားချက်အရ ကမ္ဘာတစ်ဝှမ်းမွေးကင်းစနှင့်ကလေးငယ်များမှာ ဝမ်းလျှော ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းရင်းဖြစ်ပါတယ်။ ကာကွယ်ဆေး မထုတ်နိုင်ခင်က United States မှ ကလေးများမှာ အသက်အရွယ် 5 နှစ်မှာ တစ်ခါ ဗိုင်းရပ်ဖြစ်ပွားလေ့ရှိပါတယ်။   ဗိုင်းရပ်ကူးစက်မှုဟာ မနှစ်မြို့ဖွယ်ဖြစ်ပါတယ်။ အများအားဖြင့်ရေဓါတ်ခန်းခြောက်တာကို ကာကွယ်တားဆီးဖို့ အိမ်မှာတင် အရေ များများသောက်ပြီး ကုသနိုင်ပါတယ်။ အလွမ် ပြင်းထန်တဲ့ ရေဓါတ်ခန်းခြောက်မှုတွေကို ဆေးရုံမှာ အကြောဆေးသွင်းဖို့ လိုအပ်နိုင်ပါတယ်။ ရေဓါတ်ခန်းခြောက်ခြင်းဟာ ဗိုင်းရပ်ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ကလေးများ သေဆုံးမှုရဲ့ အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပါတယ်။   ကာကွယ်ဆေးထိုးခြင်းဟာ သင့်ရဲ့ကလေးငယ်ကို ဗိုင်းရပ်ပိုးကူးစက်မှုမှ တားဆီးကူညီပေးနိုင်ပါတယ်။ ဗိုင်းရပ်၏ကူးနိုင်ချေနည်းတဲ့ အရွယ်ရောက် ကလေးများနှင့်လူကြီးများအတွက်ကတော့ မကြာခဏလက်ဆေးတာဟာ အကောင်းဆုံးဖြစ်ပါတယ်။။ Rotavirus Infection (ရိုတာဗိုင်းရပ်ကူးစက်မှု) က ဘယ်လောက်အဖြစ်များသလဲ အလွန် […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

German Measles (Rubella) (ဂျာမန်ဝက်သက်)

အဓိပ္ပါယ်ဖွင့်ဆိုချက်German Measles (Rubella) (ဂျာမန်ဝက်သက်) ကဘာလဲ။ ဂျာမန်ဝက်သက်ကို Rubella ဟုလည်းခေါ်သည်။ ၎င်းမှာ ဗိုင်းရပ်ကူးစက်ရောဂါဖြစ်ပြီး ခန္ဓါကိုယ်တွင် အနီစက်များ ပေါ်လာစေပါသည်။ အနီစက်များအပြင် ဂျာမန်ဝက်သက်ပေါက်သောသူများ၌ ဖျားခြင်း ပြန်ရည်ကျိတ်ရောင်ခြင်းများပါ ဖြစ်တတ်ပါသည်။ ပိုးကူးခြင်းမှာ ပိုးရှိသူမှ နှာချေချောင်းဆိုးရာမှထွက်သော အစက်အမှုန်များမှာတစ်ဆင့် ပျံ့နှံ့၏။ ဆိုလိုသည်မှာ ပိုးရှိသူမှ ထွက်လာသောအစက်အများရှိရာ အရာဝတ္ထုများကို ထိမိပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်လုံးများကိုထိပြီးပါက ဂျာမန်ဝက်သက်ကူးသွားမည်ဖြစ်သည်။ ပိုးရှိသူနှင့် အစာအတူစားခြင်း သောက်ခြင်းမှလည်း ဂျာမန်ဝက်သက် ကူးနိုင်ပါသည်။   ဂျာမန်ဝက်သက်မှာ ပုံမှန်အားဖြင့် အပျော့စား ပိုးကူးစက်ခြင်းမျိုးဖြစ်ပြီး တစ်ပတ်အတွင်း ကုသမှုမခံယူတောင် အလိုလိုပျောက်သွားတတ်ပါသည်။ သို့သော် ကိုယ်ဝန်ဆောင်အမျိုးသမီးတွင်ပေါက်ပါက အလွန်ဆိုးဝါးသော အခြေအနေဖြစ်ပြီး သန္ဓေသားတွင် မွေးရာပါရူဘဲလားရောဂါ ဖြစ်စေပါသည်။ မွေးရာပါရူဘဲလားရောဂါမှာ ကလေးငယ်၏ ကြီးထွားမှုကို နှောက်ယှက်စေပြီး နှလုံးပုံမှန်မဟုတ်ခြင်း၊ နားမကြားခြင်းနှင့် […]


သွေးလွန်တုပ်ကွေး

သွေးလွန်တုပ်ကွေး (Dengue fever)

သွေးလွန်တုပ်ကွေး ရောဂါဟာ ခြင်ကနေတဆင့် ကူးစက်ပြန့်ပွားတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်၄ မျိုးထဲက တစ်မျိုးကြောင့် ဖြစ်တာဖြစ်ပါတယ်။ အဖျားတက်တဲ့အခါ ပြင်းထန်တဲ့ အဆစ်အမြစ်နဲ့ ကြွက်သားတွေနာကျင်မှုကို ခံစားရတာကြောင့် "break-bone" fever လို့လည်းခေါ်ကြပါတယ်။ အပျော့စား သွေးလွန်တုပ်ကွေးရောဂါ ဖြစ်တဲ့အခါ အဖျားတက်တာ၊ အနီစက်တွေထွက်တာ၊ ကြွက်သားနဲ့ အရိုးတွေ နာကျင်ကိုက်ခဲတာ ခံစားရနိုင်ပါတယ်။ အပြင်းစား သွေးလွန်တုပ်ကွေးရောဂါမှာတော့ သွေးလွန်တာ၊ ရုတ်တရက်သွေးပေါင်ကျတာနဲ့ သေဆုံးတာတွေအထိ ဖြစ်လာနိုင်ပါတယ်။ နှစ်စဉ် ကမ္ဘာတလွှားမှာ သွေးလွန်တုပ်ကွေးရောဂါခံစားနေရသူဦးရေက သန်းနဲ့ချီပြီးရှိပါတယ်။ သွေးလွန်တုပ်ကွေးက အသက်အရွယ်မရွေး ခံစားရနိုင်ပါတယ်။ များသောအားဖြင့် မိုးရာသီနဲ့ မိုးရာသီကုန်ဆုံးပြီးချိန်မှာ အပူပိုင်းဇုန်နဲ့ သမပိုင်းဇုန်ဒေသတွေဖြစ်တဲ့ အာဖရိက အရှေ့တောင်အာရှဒေသ နဲ့ တရုတ်နိုင်ငံ အိန္ဒိယ အရှေ့အလယ်ပိုင်းဒေသ ကာရေဗီယန်၊ တောင်အမေရိက နဲ့ အမေရိကအလယ်ပိုင်း သြစတြေးလျ၊ ပစိဖိတ်တောင်ပိုင်း […]


ဦးနှောက်အမြှေးရောင်ခြင်း

Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ကဘာလဲ။ ဦးနှောက်အမြှေးပါးရောင်ခြင်း ဆိုသည်မှာ ဦးနှောက်အမှေးပါး၊အရည်များ နှင့် ကျောရိုးမကြီး တွင် ပိုးဝင်ခြင်းဖြစ်သည်။ ဖြစ်ပွားပါက တစ်ကိုယ်လုံးသို့လျင်မြန်စွာ ပြန့်နှံ့သွားတတ်သည်။ ကုသမှုမခံယူပါက နာရီပိုင်းအတွင်း ဦးနှောက်အားထိခိုက်မှုများဖြစ်ပွားနိုင်ပြီး 24 နာရီအတွင်း သေစေနိုင်သည်။ Spinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဆရာဝန်နှင့် တိုင်ပင်ပါ။ လက္ခဏာများSpinal meningitis (ဦးနှောက်အမြှေးပါးရောင်ခြင်းရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဖြစ်များသော လက္ခဏာများမှာ လူကြီးများတွင် သာမာန် အလင်းရောင်ကို မခံနိုင်ခြင်း မကြည့်နိုင်ခြင်း ခေါင်းမူးဝေခြင်း ပင်ပန်းလွယ်ခြင်း ခေါင်းကိုက်ခြင်း အဖျားတက်ခြင်း အဆစ်အမြစ်များကိုက်ခြင်း နာကျင်ခြင်း ကြွက်သားများ တောင့်ခြင်း ခဲခြင်း ကျောရိုးမှ နာကျင်မှုပြန့်နှံလာခြင်း တက်ခြင်း ကျောနှင့် လည်ပင်းခိုင်ခြင်း တောင့်ခြင်း ချွေးထွက်ခြင်း အန်ခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်း စသည်ဖြင့် ဖြစ်ပွားနိုင်သည်။ ကလေးငယ်များတွင် အူကြောင်ကြောင်စိုက်ကြည့်နေခြင်း အထိမခံနိုင်ခြင်း စူးစူးဝါးဝါးအော်ငိုခြင်းညည်းခြင်း ကျောကော့ခြင်း ကွေးခြင်း ခြေဖျားလက်ဖျားများအေးလာခြင်း ဂျီကျခြင်း နှုန်းနေခြင်း၊မထနိုင်ခြင်း အသားရောင်ဖျော့တော့ကာ အဖုများထွက်ခြင်း အစာမစားခြင်း အန်ခြင်း မကြာခဏငိုနေခြင်း အကယ်၍ ဖြစ်ပွားပါက ကလေးငယ်သည် ထိုင်နေရာ လှဲနေရာမှ နာသောကြောင့် ထရန် ငြင်းဆန်နေလိမ့်မည်။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ အကြောင်းရင်းများSpinal meningitis […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ကဘာလဲ။ Coxsackie ဗိုင်းရပ်စ်ဆိုသည်မှာလူရဲ့အစာလမ်းကြောင်းတွင်နေထိုင်သောဗိုင်းရပ်စ်အုပ်စုဝင်ဖြစ်ပါတယ်။(ပိုလီယိုနှင့် အသည်းရောင်အသားဝါဗိုင်းရပ်စ်လည်းပါဝင်ပါတယ်) ထိုဗိုင်းရပ်စ်များဟာ လူတစ်ယောက်မှတစ်ယောက်သို့ မသန့်ရှင်းသော လက်များ..အညစ်အကြေးများထိတွေ့ခြင်းမှတစ်ဆင့်ကူးနိုင်ပြီး ထိုအကောင်များဟာ အညစ်အကြေး မစင်များထဲတွင်ရက်များကြာမြင့်စွာနေထိုင်နိုင်ပါတယ်။ အများစုတွင်တော့ ဗိုင်းရပ်စ်ဟာ တုတ်ကွေးအပျော့စားကဲ့သို့ပင်ဖြစ်ပြီး ကုသစရာမလိုပဲ ပျောက်ကင်းသွားလေ့ရှိပါတယ်။ အချို့တွင်တော့ပြင်းထန်တဲ့ကူးစက်မှုများအထိဖြစ်တတ်ပါတယ်။ Coxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဗိုင်းရပ်စ်ကူးစက်ခြင်းဟာကလေးငယ်များတွင်အဖြစ်များပြီး နွေရာသီတွင်အဖြစ်များလေ့ရှိပါတယ်။ အသေးစိတ်သိရှိရဖို့ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCoxsackie virus infection (ကောစ်ဆက်ကီး ဗိုင်းရပ်စ်ကူးစက်ခံရခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Coxsackie ဗိုင်းရပ်စ်ကူးစက်ခြင်းရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ။ ဖျားခြင်း၊ အနီကွက်များထခြင်း၊လည်ချောင်းနာခြင်း ၊ အဆစ်အမြစ်များနာခြင်း ၊ ခေါင်းကိုက်ခြင်း စတဲ့လက္ခဏာအပျော့စားတွေပဲ ဖြစ်လေ့ရှိပါတယ်။ အထက်မှာဖော်ပြမထားတဲ့ရောဂါလက္ခဏာများလည်းရှိနိုင်ပါသေးတယ်။ ရောဂါလက္ခဏာတွေနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိရဖို့ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အထက်ဖော်ပြပါရောဂါလက္ခဏာတွေဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသ သင့်ပါပြီ။ လူတစ်ယောက်နှင့်တစ်ယောက်မတူညီကြပါဘူး ။ သင့်အတွင်အကောင်းဆုံးအဖြေကိုရရှိဖို့ ဆရာဝန်နဲ့ ပြသခြင်းဟာ […]


တခြား ဗိုင်းရပ်စ် ကူးစက်ရောဂါများ

Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ကဘာလဲ။ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း က ရုတ်တရက် ပြင်းထန်စွာ အော့အန်ခြင်း နဲ့ ဝမ်းပျက်ဝမ်းလျှောခြင်းကို ဖြစ်စေပါတယ်။ ဒီဗိုင်းရပ်စ်ပိုးဟာ ကူးစက်စေနိုင်ပြီး ချက်ပြုတ် ပြင်ဆင်တဲ့အခါ ဒါမှမဟုတ် ညစ်ပတ်တဲ့ ကြမ်းခင်းတွေပေါ်ကနေ တစ်ဆင့် မသန့်ရှင်းတဲ့ ရေ သို့မဟုတ် အစားအစာ အဖြစ်ကနေ ကူးစက်ခြင်းဖြစ်ပါတယ်။ ] Norovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း ဟာ အလွန်အတွေ့ရများပါတယ်။ အန္တရာယ်ရှိတဲ့ အချက်တွေကို ရှောင်ကြည်ခြင်းအားဖြင့် ရောဂါ ဖြစ်နိုင်ချေကို လျှော့ချနိုင်ပါတယ်။ ထပ်သိချင်တယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးကြည့်ပါ။ လက္ခဏာများNorovirus infection (နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ နိုရိုဗိုင်းရပ်စ်ကူးစက်ခြင်း လက္ခဏာတွေကတော့ – မူးဝေခြင်း အော့အန်ခြင်း ဝမ်းဗိုက်နာကျင်ခြင်း အရည်ဝမ်းသွားခြင်း ကိုယ်လက်မအီမသာ ဖြစ်ခြင်း တငွေ့ငွေ့ဖျားခြင်း ကြွက်သားများ နာကျင်ခြင်း   ဗိုင်းရပ်နဲ့ ထိတွေ့မိပြီး ၁၂ နာရီကနေ ၄၈ နာရီ အတွင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း