မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
အအေးမိလို့ နှာစေးနှာပိတ်ြဖစ်နေပြီလား။မြန်မြန်သက်သာစေမယ့်နည်းလမ်းရှိပါတယ်။ ဒီနည်းက လူသိနည်းပါသေးတယ်။ ဒါကတော့ အအေးမိဖျားနာတာနဲ့ နှာစေးနှာပိတ်တာကို အမြန်သက်သာစေတဲ့ Nasal Sprayကိုအသုံးပြုဖို့ပေါ့။ ဒီဆောင်းပါးလေးထဲမှာ Nasal sprayလေးရဲ့ ကျန်းမာရေးအတွက် ဘယ်လိုကောင်းကျိုးတွေရှိလဲဆိုတာကို ပြောပြပေးမယ်နော်။
nasal sprayတွေက အအေးမိဖျားနာတာကိုဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကိုချေမှုန်းပေးသလို နှာစေးနှာပိတ်တာတွေကို သက်သာစေနိုင်ပါတယ်။ နှာခေါင်းက အသက်ရှုမဝလောက်အောင်ပိတ်နေပြီဆိုရင်လည်း nasal spray သုံးပေးလို့ရပါတယ်။ နှာခေါင်းတွင်းမှာ အစိုဓါတ်ထိန်းပေးပြီး နှာခေါင်းထဲမှာ ပိတ်နေတဲ့ ချွဲတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ အသက်ရှုရအဆင်ပြေစေဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။
Nasal spray အမျိုးမျိုးရှိပါတယ်။
Decongestants –ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူလို့ရပါတယ်။ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။ အအေးမိဖျားနာတာနဲ့ ဓါတ်မတည့်မှုေကြာင့်ဖြစ်တဲ့ နှာခေါင်းပိတ်တာကို သက်သာစေနိုင်ပါတယ်။
Salt-water solutions –ဒီ nasal spray ကို ” saline nasal spray” လို့လည်းခေါ်ကြပါတယ်။ နှာခေါင်းထဲက ချွဲတွေကိုပျော်ဆင်းသွားစေပြီး နှာခေါင်းပိတ်တာကိုသိသိသာသာသက်သာစေနိုင်ပါတယ်။
Steroid nasal sprays –ဓါတ်မတည့်မှုကြောင့်ဖြစ်တဲ့ နှာစေးနှာပိတ်တာကို သက်သာစေနိုင်သလို Sinus infection ကိုသက်သာစေနိုင်ပါတယ်။
နှာခေါင်းတွင်းမှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေ၊ဗိုင်းရပ်စ်တွေနဲ့ဓါတ်မတည့်မှုဖြစ်စေတဲ့အရာတွေကို သန့်စင်ပေးပါတယ် – နား၊နှာခေါင်း၊ လည်ချောင်းဆိုင်ရာရောဂါရှိသူတွေအနေနဲ့ Nasal spray ကိုညစဉ်အသုံးပြုပေးတာကရောဂါတိုးမလာအောင်ကာကွယ်ရာရောက်ပါတယ်။ သွားကိုညစဉ်တိုက်ပြီး ကာကွယ်သလိုပေါ့။လေထဲမှာ ကပ်ပါလာတဲ့ မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေကြောင့် ဓါတ်မတည့်မှုဖြစ်တာတွေကနေ ကာကွယ်ဖို့အတွက်လည်း Nasal spray ကိုအသုံးပြုလို့ရပါတယ်။
အစိုဓါတ်ထိန်းပေးတယ် – နှာခေါင်းအတွင်းပိုင်းက တစ်ရှုးတွေကိုခြောက်သွေ့တာ၊ ယားယံတာ၊ ထိခိုက်တာမျိုးမဖြစ်စေဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။ နှာခေါင်းတွင်း တစ်ရှုးတွေခြောက်သွေ့မှုက အခန့်မသင့်ရင် နှာခေါင်းသွေးလျှံတာကိုဖြစ်စေနိုင်ပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိဖို့ကတော်တော်လေးအရေးပါပါတယ်။ နှာခေါင်းတွင်းအစိုဓါတ်ရှိမှရောဂါပိုးတွေကူးစက်တာကိုကာကွယ်နိုင်မှာဖြစ်ပြီး အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေ ကိုယ်တွင်းထဲမဝင်ရောက်နိုင်အောင်ကာကွယ်ပေးနိုင်မှာပါ။
နှာခေါင်းတွင်းသန့်စင်မှုကိုတိုးတက်စေနိုင်တယ် – နှာခေါင်းထဲမှာရှိတဲ့ အမွှေးအမျှင်တွေနဲ့ ချွဲတွေက နှာခေါင်းကိုသန့်စင်ပေးတဲ့အရာတွေပါ။ နှာခေါင်းတွင်းကအမွှေးလေးတွေကတော့ပြင်ပကအရာတွေကိုယ်တွင်းဝင်ရောက်မလာအောင်တားဆီးပေးတဲ့ရှေ့တန်းတိုက်စစ်မှူးတွေပေါ့။ နှာခေါင်းတွင်း တစ်ရှုးတွေကို သန့်စင်ကျန်းမာစေဖို့လည်းလုပ်ဆောင်ပေးပါတယ်။ ချွဲတွေကတော့ရှေ့တန်းတိုက်စစ်ကမတားလိုက်နိုင်ဘဲ နှာခေါင်းတွင်းထဲကိုရောက်လာတဲ့အရာတွေကို ဖယ်ရှားသန့်စင်ပေးတဲ့အရာတွေပါ။ ဒီစနစ်လေးကောင်းကောင်းလည်ပတ်နေမှ အသက်ရှုရကောင်းသလို အနံ့အသက်တွေကိုသေချာခွဲခြားနိုင်တဲ့ ကျန်းမာတဲ့ နှာခေါင်းလေးကိုပိုင်ဆိုင်နိုင်မှာပါ။ Nasal spray အသုံးပြုပေးတာက ဒီလုပ်ငန်းစဉ်လေးကို အကောင်းဆုံးလည်ပတ်နိုင်အောင် အထောက်အပံ့ဖြစ်စေပါတယ်။
နှာခေါင်းပိတ်တာကို သက်သာစေနိုင်တယ် – နှာခေါင်းပိတ်တာက ခံရခက်တဲ့ဝေဒနာတွေထဲကတစ်ခုပါ။ နှာခေါင်းပိတ်နေရင် အိပ်ကောင်းခြင်းမအိပ်ရသလို စားကောင်းခြင်းလည်းမစားရပါဘူး။ အနံ့တွေကို သဲသဲကွဲကွဲမသိရသလို အသက်တောင်ကောင်းကောင်းရှုမရတဲ့အထိဖြစ်နိုင်ပါတယ်။
ဓါတ်မတည့်မှုတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ် – ဝတ်မှုံတွေနဲ့ အခြားသောဓါတ်မတည့်မှုကိုဖြစ်စေနိုင်တွေကြောင့်ဖြစ်လာတဲ့ နှာစေးနှာပိတ်တာတွေကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဖုန်မှုန့်တွေကြာင့်ဖြစ်တဲ့ ဓါတ်မတည့်မှုတွေကို သက်သာစေနိုင်တာကြောင့် ဓါတ်မတည့်မှုကိုအလွယ်တကူခံစားရတတ်တဲ့သူတွေအနေနဲ့ သွားလေရာကို Nasal spray တစ်ဗူးလောက်တော့ဆောင်သွားပေါ့နော်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။