စားလိုက်တဲ့အစားအစာတိုင်း သန့်ရှင်းဖို့ဘာကြောင့်အရေးပါတာလဲ။ အစားအစာသန့်ရှင်းဘေးကင်းရေးက ယနေ့ခေတ်ကာလမှာ လူတွေအကြား အများဆုံးပြောဖြစ်နေကြတဲ့ ကိစ္စရပ်တစ်ခုပါ။ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးဖို့နဲ့ ရောဂါပိုးတွေရဲ့ ရန်ကနေ ကာကွယ်ဖို့အတွက် အစာအာဟာရကတော်တော်လေးအရေးပါပါတယ်။ ဒီအရေးပါတဲ့ အစာအာဟာရကိုဘေးကင်းစိတ်ချရအောင် ဂရုစိုက်ဖို့လိုအပ်မယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ လူတိုင်းအတွက် အရေးပါတဲ့ အစားအစာဘေးကင်းရေးက အစာခြေစနစ်ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးတဲ့ ကလေးတွေအတွက်ဆို နှစ်ဆတိုးပြီးတောင် ပိုအရေးကြီးပါသေးတယ်။