Uses
မက္ကဆီကန်စက္ကန်မိုနီကိုဘာအတွက်သုံးသလဲ။
မက္ကဆီကန်စက္ကန်မိုနီမှာ အပင်တစ်မျိုးဖြစ်ပြီး အမြစ်ကို ဆေးအဖြစ်သုံးကြ၏။ အမြစ်ကို အူရှင်းဆေးအဖြစ် အများစုအသုံးပြုကြပါသည်။
ဘယ်လိုကြောင့်အကျိုးရှိတာလဲ။
မက္ကဆီကန်စက္ကန်မိုနီ အတွက် လုံလောက်သည့်လေ့လာမှုမျိုး မရှိသေးပါ။ ဒီထက်ပိုသိလိုသည်များရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့်ဆွေးနွေးပါ။ သိုသော် မက္ကဆီကန်စက္ကန်မိုနီမှာ ဝမ်းပျော့ဆေးအပြင်းစားဖြစ်ပြီး အူသိမ်များတစ်လျှောက် ဝမ်းများကိုတွန်းပေးကြောင်း သိထားပြီးဖြစ်ပါသည်။
Precautions & warnings
မက္ကဆီကန်စက္ကန်နီမိုနီကိုမသုံးခင် ဘာတွေသိထားရမလဲ။
အောက်ပါတို့ရှိလျှင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးပါ။
· ကိုယ်ဝန်ရှိလျှင်သို့မဟုတ် နို့တိုက်နေလျှင် ဆရာဝန်၏ညွှန်ကြားချက်ဖြင့်သာ ဆေးများကိုသောက်သုံးသင့်ပါသည်။
· တခြားဆေးများသောက်နေရလျှင်။ ဆရာဝန်လက်မှတ်မပါပဲ ဝယ်သောက်နိုင်သည့် ဆေးများအပါအဝင် အားလုံးကို ပြောပြရမည်ဖြစ်သည်။
· မက္ကဆီကန်စက္ကန်မိုနီပင်ထွက်ပစ္စည်းများ
သို့မဟုတ် တခြားသော ပရဆေးပင်များ၊ အပင်ထွက် ဆေးများနှင့် အလက်ဂျစ်ရှိပါက ပြောပါ။
· တခြားသောဖျားနာမှု၊ မူမမှန်ခြင်းများနှင့် ရောဂါများရှိလျှင် ပြောပါ။
· အစာ၊ဆိုးဆေး၊ တာရှည်ခံဆေး သို့မဟုတ် တိရိစ္ဆာန်များနှင့် အလက်ဂျစ်ရှိလည်း ပြောပြရမည်ဖြစ်သည်။
အပင်ထွက်ဆေးပစ္စည်းများကို ချုပ်ထိန်းထားခြင်းသည် ဆေးများကိုချုပ်ထိန်းခြင်းလောက် တင်းကြပ်မှုများမရှိပါ။ အန္တရာယ်ကင်းစွာအသုံးပြုနိုင်ရန်အတွက် လေ့လာမှုများထပ်မံလိုအပ်ပါသေးသည်။ အသုံးမပြုမှီ ဤအပင်ထွက်ပရဆေးကိုသုံးပြီး ရရှိလာမည့် အကျိုးကျေးဇူးမှာအန္တရာယ်ဖြစ်စေသည်ထက်သာလွန်ကြောင်းသိရှိဖို့လိုသည်။ ထို့ကြောင့် ဆေးပင်ဗေဒဆရာများ ဆရာဝန်များနှင့်သေချာဆွေးနွေးပါ။
မက္ကဆီကန်စက္ကန်မိုနီပင်ကဘယ်လောက်ထိ အန္တရာယ်ကင်းမလဲ။
မက္ကဆီကန်စက္ကန်မိုနီပင်မှာ စိတ်ချရမှုရှိမရှိ လုံလောက်သည့် အချက်အလက်များမရှိသေးပါ။
အထူးသတိပေးချက်များ
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ – မက္ကဆီကန်စက္ကန်မိုနီပင်သည် ဝမ်းပျော့ဆေးအပြင်းစားဖြစ်သောကြောင့် ကိုယ်ဝန်ဆောင်များအတွက် စိတ်မချရပါ။ နို့တိုက်မိခင်များအတွက်လည်း ဒီဆေးကို စိတ်ချစွာသုံးနိုင်ပါမည့်အကြောင်း အချက်အလက်မစုံလင်သေးပါ။ ထို့ကြောင့် မသုံးလျှင်အကောင်းဆုံးသာ။
အူအတက်ရောင်ခြင်း၊ သို့မဟုတ် အူအတက်ရောင်သည့်လက္ခဏာများဖြစ်သော ဗိုက်နာခြင်း၊ ပျို့ခြင်း၊ အန်ခြင်းများရှိလျှင် – မက္ကဆီကန်စက္ကန်မိုနီကိုမသုံးရပါ။ မက္ကဆီကန်စက္ကန်မိုနီအမြစ်သည် အစာအိမ်နှင့် အူလမ်းကြောင်းကို ထိုခိုက်စေနိုင်သောကြောင့် အူအတက်ရာင်ခြင်းနှင့် ၎င်း၏လက္ခဏာများ ဆိုးဝါးသွားနိုင်ပါသည်။
ထပ်မံဖတ်ရှုမည်Side effects
မက္ကဆီကန်စက္ကန်မိုနီပင်မှ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်မလဲ။
မက္ကဆီကန်စက္ကန်မိုနီသည် အန်ခြင်းနှင့် အူလမ်းကြောင်းပြဿနာများ ဖြစ်တတ်ပါသည်။
လူတိုင်းတွင် အဆိုပါဘေးထွက်ဆိုးကျိုးများ ခံစားရမည်မဟုတ်ပါ။ အထက်တွင်ဖော်ပြထားသော ဘေးထွက်ဆိုးကျိုးများတွင် မပါသည်များလည်းရှိနိုင်ပါသည်။ ဘေးထွက်ဆိုးကျိုးများနှင့်ပါတ်သတ်၍ စိုးရိမ်မှုများရှိပါက ဆရာဝန် သို့မဟုတ် ဆေးဝါးဗေဒကျွမ်းကျင်သူများနှင့် တိုင်ပင်နိုင်ပါသည်။
Interactions
မက္ကဆီကန်စက္ကန်မိုနီပင်ကြောင့် မည်သို့ဓါတ်ပြုမှုများ ရှိနိုင်ပါသလဲ။
မက္ကဆီကန်စက္ကန်မိုနီသည် လက်ရှိသောက်နေသောဆေးများ၊ ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုမှုများရှိနေနိုင်သည်။ မသုံးခင် ဆရာဝန် သို့မဟုတ် ဆေးပင်ဗေးပညာရှင်များနှင့် တိုင်ပင်ပါ။ မက္ကဆီကန်စက္ကန်မိုနီနှင့် ဓါတ်ပြုနိုင်သော ပစ္စည်းများမှာ
- Digoxin (Lanoxin)
မက္ကဆီကန်စက္ကန်မိုနီအမြစ်သည် Stimulant laxative ခေါ်သော ဝမ်းပျော့ဆေးအမျိုးအစားတစ်ခုဖြစ်သည်။ ၎င်းတို့မှာ ခန္ဓါကိုယ်တွင်းမှ ပိုတက်စီယမ်ပမာဏကို လျော့ကျစေနိုင်သည်။ ပိုတက်စီယမ်နည်းခြင်းက Digoxin ၏ ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ပိုများစေပါသည်။
- သောက်သုံးရသောဆေးများ
မက္ကဆီကန်စက္ကန်မိုနီအမြစ်မှာ ဝမ်းပျော့ဆေးဖြစ်သည်။ ဝမ်းပျော့ဆေးများသည် ဆေးစုပ်ယူမှုကိုနည်းစေ၏။ ဆေးစုပ်ယူမှုနည်းသည့်ပမာဏပေါ်မူတည်ကာ ဆေး၏အာနိသင်ကို လျော့ကျစေနိုင်ပါသည်။
- Stimulant Laxatives
မက္ကဆီကန်စက္ကန်မိုနီမှာ Stimulant Laxatives အမျိုးအစားဖြစ်သည်။ Stimulant Laxatives များမှာ အူအရှိန်ကိုမြှင့်စေ၏။ မက္ကဆီကန်စက္ကန်မိုနီမြစ်နှင့် တွဲသုံးပါက အူအရှိန်အလွန်များသွားပြီး ရေဓါတ်ခမ်းခြောက်ခြင်း၊ သတ္တုဓါတ်များနည်းခြင်းတို့ ဖြစ်စေနိုင်ပါသည်။
တစ်ချို့သော Stimulant Laxative များမှာ Bisacodyl (Correctol, Dulcolax), cascara, ကြက်ဆူဆီ၊ senna (Senokot) စသည်တို့ဖြစ်သည်။
- ဝါဖရင် (Coumadin)
မက္ကဆီကန်စက္ကန်မိုနီမြစ်သည် တစ်ချို့လူများတွင် ဝမ်းလျောစေနိုင်သည်။ ဝမ်းလျောခြင်းက ဝါဖရင်၏အာနိသင်ကို တိုးသွားစေပြီး သွေးယိုနိုင်သည့်အန္တရာယ် များလာနိုင်ပါသည်။ ထို့ကြောင် ဝါဖရင်သောက်နေရပါက မက္ကဆီကန်စက္ကန်မိုနီမြစ်ကို အလွန်အကျွံမသုံးသင့်ပါ။
- ဆီးဆေးများ
မက္ကဆီကန်စက္ကန်မိုနီမြစ်မှာ ဝမ်းပျော့ဆေးဖြစ်သည်။ တစ်ချို့ဝမ်းပျော့ဆေးများမှာ ကိုယ်တွင်းမှ ပိုတက်စီယမ်ပမာဏကို နည်းစေနိုင်သည်။ ဆီးဆေးများကလည်း ထို့အတူပင်။ ထို့ကြောင့်ဆီးဆေးနှင့် မက္ကဆီကန်စက္ကန်မိုနီမြစ်တွဲသုံးမိပါက ပိုတက်စီယမ်များစွာ ဆုံးရှုံးနိုင်ပါသည်။
ပိုတက်စီယမ်နည်းစေသောဆီးဆေးများမှာ chlorothiazide (Diuril), chlorthalidone (Thalitone), furosemide (Lasix), hydrochlorothiazide (HCTZ, HydroDiuril, Microzide) စသည်တို့ဖြစ်ပါသည်။
Dosage
ယခုဖော်ပြပါအချက်အလက်များသည် ဆေးပညာရပ်ဆိုင်ရာအကြံပြုချက်များနေရာတွင် အစားထိုးရန်မဟုတ်ပါ။ ဆေးမသောက်သုံးခင်တွင် ဆရာဝန်နှင့်ဖြစ်စေ ဆေးပင်ဗေဒကျွမ်းကျင်သူနှင့်ဖြစ်စေ အမြဲဆွေးနွေးတိုင်ပင်ပါ။
မက္ကဆီကန်စက္ကန်မိုနီ၏ပုံမှန်ဆေးပမာဏကဘယ်လောက်လဲ။
လိုအပ်သောဆေးပမာဏသည် တစ်ဦးနှင့်တစ်ဦးမတူနိုင်ပါ။ သောက်သုံးရမည့်ပမာဏသည် အသက်၊ ကျန်းမာရေးအခြေအနေနှင့် တခြားအချက်များစွာအပေါ် မူတည်ပါသည်။ အပင်ထွက်ဆေးပစ္စည်းများသည် အမြဲတမ်းစိတ်ချရသည်မဟုတ်ပါ။ မှန်ကန်သောဆေးပမာဏအတွက် သင့်၏ဆရာဝန် သို့မဟုတ် ဆေးပင်ဗေဒဆရာများနှင့် ဆွေးနွေးတိုင်ပင်ကြည့်ပါ။
မက္ကဆီကန်စက္ကန်မိုနီကိုဘယ်လိုပုံစံတွေနဲ့ရရှိနိုင်မလဲ။
ဤအပင်ထွက်ပရဆေးအားအောက်ပါပုံစံအမျိုးမျိုးနှင့်ရရှိနိုင်ပါသည်။
- မက္ကဆီကန်စက္ကန်မိုနီအမြစ်
Hello Health Group သည် ဆေးပညာအကြံပြုချုက်များ၊ ရောဂါအမည်တပ်ခြင်းများ၊ ကုသခြင်းများကို ဆောင်ရွက်မပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။