အသုံးပြုပုံများ
Lycopene(လိုင်ကိုပန်)ကို ဘာအတွက်အသုံးပြုကြသလဲ
Lycopene ကို ဖရဲသီး၊ ရှောက်ခါးသီး၊ တရုတ်ဆီးသီး၊ မာလကာသီးစတဲ့ အသီးတွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ခရမ်းချဉ်သီးနဲ့ ခရမ်းချဉ်သီးထွက် ပစ္စည်းတွေမှာ Lycopene အမြောက်အများ ပါဝင်ပါတယ်။ lycopene သည် အနီရောင် carotenoid ရောင်ခြယ်ဓါတ် ဖြစ်သည်။
Lycopene ကို နှလုံးရောဂါ၊ သွေးကြောမာကြောခြင်းနှင့် ဆီးကျိတ်ကင်ဆာ ၊ ရင်သားကင်ဆာ၊ အဆုတ်ကင်ဆာ၊ ဆီးအိတ်ကင်ဆာ၊ သားဥကင်ဆာ၊ အူမကြီးကင်ဆာ၊ မုန့်ချိုအိတ်ကင်ဆာ တို့ကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ သားအိမ်ခေါင်းကင်ဆာကို အများဆုံးဖြစ်စေသော Human papilloma virus (HPV) ဗိုင်းရပ်စ်ကို ကုသဖို့ အတွက်လည်း သုံးပါသေးတယ်။
ဒါ့အပြင် Lycopene ကို အတွင်းတိမ်နဲ့ ပန်းနာရင်ကျပ်တို့ အတွက်လည်း အသုံးပြုပါသေးတယ်။
Lycopene ကို အခြားအရာတွေ အတွက်လည်း အသုံးပြုပါသေးတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ကျွမ်းကျင်သူတို့ ဖြင့်ဆွေးနွေးတိုင်ပင်ပေးပါ။
ဘယ်လိုအလုပ်လုပ်လဲ
Lycopene ဟာ ဆဲလ်တွေကို ဓါတ်တိုးဆန့်ကျင်ခြင်းအားဖြင့် မပျက်စီးအောင် ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကင်ဆာကို ကာကွယ်နိုင်လား မကာကွယ်နိုင်ဘူးလားဆိုတာ လေ့လာမှုတွေ အမြောက်အမြားပြုလုပ်နေကြပါပြီ။
နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Lycopene(လိုင်ကိုပန်)အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါတို့ ဖြစ်နေပါက ဆရာဝန်၊ ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
- ကိုယ်ဝန် ရှိနေခြင်း သို့မဟုတ် နို့တိုက်မိခင်ဖြစ်နေခြင်း။ ဘာကြောင့်လဲဆိုတော့ ကလေးနို့တိုက်စဉ်၊ ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ ဆရာဝန်ညွန်ကြားထားတဲ့ ဆေးများကိုသာ သောက်သုံးသင့်လို့ပါ။
- အခြားဆေးများ သောက်သုံးနေခြင်း။ ဖြည့်စွက်ဆေးနှင့် ဘယဆေးတို့လို ဆရာဝန်ညွန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူရရှိနိုင်မယ့် ဆေးတွေ အကုန် ပါပါတယ်။
- Lycopene ရဲ့ ပါဝင်ပစ္စည်းများနဲ့ အခြားဆေးဝါးတို့ဖြင့် ဓါတ်မတည့်ခြင်း။
- နာမကျန်းခြင်း၊မူမမှန်ခြင်းနှင့် ကျန်းမာရေးပြဿနာများ ရှိနေခြင်း။
- ဆီးကြိတ်ကင်ဆာ။ Lycopene က ကင်ဆာ ပြန့်ပွားမှုကို တိုးပွားစေပါတယ်လို့ လေ့လာတွေ့ရှိရပါတယ်။ ဆီးကျိတ်ကင်ဆာရှိမယ်ဆိုရင်တော့ လုံလောက်တဲ့ လေ့လာမှုတွေ မပြုလုပ်မချင်း Lycopene အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
- သွေးပေါင်ကျခြင်း။ Lycopene ကသွေးပေါင်ကျစေပါတယ်။
- သွေးမတိတ်ခြင်း၊ သွေးအရမ်းထွက်ခြင်း။ Lycopene က သွေး ထွက်နိုင်ခြေကို များစေသလို၊ သွေးကိုလည်း မတိတ်အောင် လုပ်ပါတယ်။
- အစားအစာ၊ ဆိုးဆေး၊ ကြာရှည်ခံဆေး နဲ့ တိရိစ္ဆာန်တို့နဲ့ ဓါတ်မတည့်ခြင်းကဲ့သို့သော အခြားဓါတ်မတည့်မှုများရှိနေခြင်း။
Lycopene သောက်သုံးခြင်းက အခြားတွေဆေးဝါးသောက်သုံးခြင်းလောက် စည်းကမ်းတင်းကြပ်မှုမရှိပါဘူး။ သို့သော် ဘယ်လောက်ဘေးကင်းတယ်ဆိုတာ ဆုံးဖြတ်ဖို့ နောက်ထပ်လေ့လာမှုတွေ လုပ်ရပါဦးမယ်။ ယင်းဆေးကို သုံးရင် ရမယ့် အကျိုးကျေးဇူးတွေက သူ့ရဲ့ ဆိုးကျိုးတွေထက် ပိုများပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန် ဒါမှမဟုတ် ကျွမ်းကျင်သူတို့နှင့် ဆွေးနွေးတိုင်ပင်ပေးပါ။
Lycopene(လိုင်ကိုပန်)က ဘယ်လောက်စိတ်ချရလဲ
ကလေးများ။
၁၈နှစ်အောက် ကလေးတွေအတွက် စိတ်ချထိရောက်တဲ့ ဆေးပမာဏကို မတွေ့ရှိရသေးပါဘူး။
ကိုယ်ဝန်ဆောင်များနှင့် နို့တိုက်မိခင်များအတွက်
- အစားတွေမှာပါတဲ့ ပမာဏလောက်ပဲ သုံးမယ်ဆိုရင်တော့ စိတ်ချရနိုင်ပါတယ်။
- ဒါပေမဲ့လည်း နေ့စဉ် ၂ မီလီဂရမ်ကို ကိုယ်ဝန်ပတ် ၁၂ ပတ်ကနေ ၂၀ ပတ် အတွင်း သောက်သုံးပြီး ကလေးမမွေးမချင်း ဆက်သောက်နေမယ်ဆိုရင် ကလေးစောမွေးခြင်းနှင့် ကလေးပေါင်မပြည့်ခြင်းတို့ ဖြစ်နိုင်ခြေ များသွားပါလိမ့်မယ်။
- နို့တိုက်နေစဉ်အတွင်းမှာ Lycopene သုံးခြင်းဟာ ဘယ်လောက်ဘေးကင်းတယ်ဆိုတာ သေချာမသိရသေးတာကြောင့် အစာတွေမှာ ပါတဲ့ ပမာဏထက် ပိုမို အသုံးပြုခြင်းကို ရှောင်ကြဉ်တာ အကောင်းဆုံးပါ။
ဘေးထွက်ဆိုးကျိုးများ
Lycopene(လိုင်ကိုပန်)ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
အောက်ပါဆိုးကျိုးများ ရရှိနိုင်ပါတယ်။
အစာစားချင်စိတ်မရှိခြင်း၊ ရင်ပတ်အောင့်ခြင်း၊ ဝမ်းလျောခြင်း၊ အရေပြားအောက်တွင် အဆီများ စုပုံလာခြင်း၊ အစာအိမ် တင်းနေသည်ဟု ခံစားနေရခြင်း၊ လေများနေခြင်း၊ နှလုံးသွေကြောပိတ်ခြင်း၊ အစာမကြေခြင်း၊ မအီမသာဖြစ်ခြင်း၊ အသားအရေ အရောင်ပြောင်းခြင်း၊ အစာအိမ် အောင့်ခြင်း၊ အစာအိမ် အနာဖြစ်ခြင်း၊ အော့အန်ခြင်းနှင့် သွေးဆုံးခြင်း လက္ခဏာများ ပိုဆိုးစေခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။
လူတိုင်းတော့ ယင်းဆိုးကျိုးတွေကို မခံစားရနိုင်ပါဘူး။ အထက်တွင် မဖော်ပြထားသော ဆိုးကျိုးများလည်း ရှိနိုင်ပါသေးတယ်။ ဆိုးကျိုးတွေခံစားနေရပြီဆိုရင်တော့ ဆရာဝန်၊ ကျွမ်းကျင်သူတို့နှင့် တိုင်ပင်ဆွေးနွေးပေးပါ။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
Lycopene(လိုင်ကိုပန်)ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
Lycopene နဲ့ ပတ်သက်ပြီး ဘယ်လို သက်ရောက်မှုတွေ ရှိသလဲ။
Lycopene က သင့်လက်ရှိ ဆေးကုသမှုတွေ၊ ကျန်းမာရေးအခြေအနေတွေနဲ့ သက်ရောက်မှုရှိပါတယ်။ အသုံးမပြုခင်မှာ ဆရာဝန် ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင်ပေးပါ။
- Beta-carotene
Lycopene နဲ့ beta-carotene တွဲသုံးမယ်ဆိုရင် ခန္ဓါကိုယ်ထဲရောက်တဲ့ Lycopene ပမာဏကို များပြားစေပါလိမ့်မယ်။
- Olestra
Olestra သောက်သုံးခြင်းသည် ခန္ဓါကိုယ်က စုပ်ယူတဲ့ Lycopene ပမာဏကို နည်းစေပါလိမ့်မယ်။
- အီစထရိုဂျင်၊ အီစထရိုဂျင်နှင့် တူသော ဒြပ်ပေါင်းနဲ့ အခြားသော ဟော်မုန်းကုထုံးများ
Lycopene နဲ့ isoflavones က အပြန်အလှန်သက်ရောက်မှုရှိပါတယ်။
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Lycopene(လိုင်ကိုပန်)အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ဓါတ်တိုးဆန့်ကျင်အနေဖြင့်
- နေ့စဉ် ၆.၅ ၊ ၁၅ နဲ့ ၃၀ မီလီဂရမ်ကို ရှစ်ပတ်ခန့် သောက်သုံးပေးပါ။
- Lycopene ဆေးတောင့် (တစ်တောင့်စီမှာ ၁၅ မီလီဂရမ်ပါဝင်ပါတယ်) ကို ရှစ်ပတ်ခန့် နှင့် ၂၆ရက် အထိ တစ်နေ့တစ်ကြိမ် သို့မဟုတ် လေးလအထိ တစ်နေ့နှစ်ကြိမ်ကို သောက်သုံးပေးပါ။ တစ်တောင့်စီကို Lycopene ၁၅ မီလီဂရမ် ပါဝင်သော ဆေးတောင့်၂တောင့်ကို တစ်နေ့တစ်ကြိမ် ၂၁ရက်ခန့်ကြာ သောက်သုံးပေးပါ။
ပန်းနာရင်ကျပ်အတွက်
Lycopene ၃၀ မီလီဂရမ် ဆေးတောင့်ကို နေ့စဉ် တစ်ပတ်ကြာခန့် သောက်သုံးပေးပါ။
နှလုံးသွေးကြောရောဂါအတွက်
ခရမ်းချဉ်သီးထွက် ပစ္စည်းအနေဖြင့်ထုတ်ထားသော ၃၉.၂- ၈၀ မီလီဂရမ် ဆေးတောင့်ကို ၁ – ၁၂ ပတ်ခန့် သောက်သုံးပေးပါ။
ဆီးကျိတ်ကြီးခြင်းအတွက်
၁၅ မီလီဂရမ် Lycopene ကို နေ့စဉ် ၆လခန့် သောက်သုံးပေးပါ။
ဦးနှောက် အကျိတိဖြစ်ခြင်းအတွက်
၈ မီလီဂရမ် Lycopene ကို နေ့စဉ် ၃လခန့် သောက်သုံးပေးပါ။
နှလုံးရောဂါအတွက်
ခရမ်းချဉ်သီးထွက် ပစ္စည်းအနေဖြင့် ထုတ်ထားသော ၃၉.၂ – ၈၀ မီလီဂရမ် lycopene ကို နေ့စဉ် ၁ – ၁၂ ပတ်အထိ သောက်သုံးပေးပါ။
သွားဖုံးရောဂါများအတွက်
၈ မီလီဂရမ် Lycopene ကို နေ့စဉ် အကြိမ်ရေ ခွဲခွဲပြီး ၂ပတ်ကြာ သောက်ပေးရပါမယ်။
သွေးတိုးအတွက်
၄ – ၄၄ မီလီဂရမ် Lycopene ကို နေ့စဉ် ၆လကြာ သောက်သုံးပေးရပါမယ်။
မျိုးမအောင်ခြင်းအတွက်
၂၀၀၀ မီလီဂရမ် Lycopene ကို တစ်နေ့ ၂ကြိမ် ၃လအထိ သောက်သုံးပေးရပါမယ်။
အဆီကျစေဖို့အတွက်
၄ – ၄၄ မီလီဂရမ် Lycopene ကိုနေ့စဉ် ၆လအထိ သောက်ပေးရပါမယ်။
ပါးစပ်အနာများအတွက်
၄- ၈ မီလီဂရမ် Lycopene ကို နေ့စဉ် ၃လကြာအထိ ၂ကြိမ်ခွဲပြီး သောက်သုံး ပေးရပါမယ်။
ခံတွင်းရောင်နာတို့ အတွက်
၁၆ မီလီဂရမ် Lycopene ကို နေ့စဉ် နှစ်ကြိမ်ခွဲပြီး ၂လခန့်ကြာ သောက်သုံးပေးပါ။
သားဥကင်ဆာအတွက်
Lycopene ၄၀၀၀ မီလီဂရမ် ကို နေ့စဉ်သောက်သုံးပေးရပါမယ်။
ကိုယ်ဝန်ကြောင့် သွေးတိုးခြင်းအတွက်
၂ မီလီဂရမ် Lycopene ဆေးတောင့်ကို ကလေးမမွေးမချင်း တစ်နေ့ တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ် သုံးပေးရပါမယ်။
ဆီးကျိတ်ကင်ဆာ ကာကွယ်ခြင်းနှင့် ကုသခြင်းအတွက်။
Lycopene ၂ မီလီဂရမ် တစ်ရက်ကို နှစ်ကြိမ် နှင့် lycopene ၄ မီလီဂရမ် တစ်ရက်ကို ၂ကြိမ် ၂နှစ်ကြာသောက်ရပါမယ်။
အရေပြားနေလောင်ခြင်းကို ကာကွယ်ရန်အတွက်
ခရမ်းချဉ်သီး ၅၅ ဂရမ် ( lycopene ၁၆ မီလီဂရမ်) ကို သံလွင်ဆီထဲတွင် ဖျော်ပါ။ ထို့နောက် ၁၂ပတ်ကြာ နေ့စဉ်သောက်သုံးပေးပါ။
သောက်ရမည့် lycopene ပမာဏသည် လူတစ်ယောက်နှင့်တစ်ယောက် မတူပါ။ ဆေးပမာဏသည် အသက်အရွယ်၊ ကျန်းမာရေးအခြေအနေ နှင့် အခြားသော အခြေအနေများပေါ်တွင် မူတည်ပါတယ်။ lycopene သည် အမြဲတမ်းတော့ စိတ်မချရပါဘူး။ သင့်တော်တဲ့ ဆေးပမာဏကို သောက်သုံးနိုင်ရန်အတွက် ဆရာဝန်၊ကျွမ်းကျင်သူတို့ဖြင့် ဆွေးနွေးတိုင်ပင် ပေးပါ။
Lycopene(လိုင်ကိုပန်)က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Lycopene ကို အောက်ပါပုံစံတွေနဲ့ ဝယ်ယူရရှိနိုင်ပါတယ်။
- lycopene ဆေးတောင့်များ
- lycopene ဆေးတောင့်ပျော့များ
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။