အသုံးပြုပုံများ
လန်းဝေါ့တ် ကို ဘာအတွက်အသုံးပြုကြသလဲ
– အသက်ရှူ လမ်းကြောင်းအခြေအနေများ
– အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ
– ကျောက်ကပ်နှင့်ဆီးလမ်းကြောင်းပြဿနာတွေ
– ဖောရောင်ခြင်း
– တီဘီရောဂါလို အဆုတ်ရောဂါများ
အချို့လူများကတော့ ဒဏ်ရာခြောက်အောင် lungwort ကို အနာပေါ်တိုက်ရိုက်အသုံးပြုပါတယ်။
Lungwort ကို အခြားအသုံးပြုမှုများအတွက် သိရှိလိုပါက သင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် ဆွေးနွေးနိုင်ပါတယ်။
ပိုများသောအသုံးပြုမှုများအတွက် lungwort ၏ထိရောက်မှုကို ရှာဖွေရန်လိုအပ်ပါသည်။
ဘယ်လိုအလုပ်လုပ်လဲ
ဒီဆေးဖက်ဝင်အပင်များဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အလုံအလောက်လေ့လာမှုများမရှိပါ။ ပိုမိုသိရှိလိုပါက ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
လန်းဝေါ့တ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ
အောက်ပါအချက်များရှိရင် သင့်တိုင်းရင်းဆေးဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ :
သင်က ကိုယ်ဝန်ဆောင် သို့မဟုတ်နို့တိုက်မိခင် ဖြစ်နေမယ်ဆိုရင် , သင် ကလေးယူဖို့စဉ်းစားထားမယ် သို့မဟုတ်ကလေးနို့တိုက်ကျွေးမှုလုပ်နေတယ်ဆိုရင် ဆရာဝန်တစ်ဦး၏ထောက်ခံချက်ရှိမှ ဆေးသုံးစွဲသင့်ပါတယ်။
သင်ကအခြားဆေးဝါးများ ( ဥပမာ ဆေးဖက်ဝင်အပင်များနှင့်ဖြည့်စွက်ဆေးဝါးတွေလို ဆေးညွှန်းမပါဘဲဝယ်လို့ရရှိနိုင်သောဆေးများ )သုံးစွဲနေတယ်ဆိုရင် သတိထားသင့်ပါတယ်။
သင်က lungwort သို့မဟုတ်အခြားဆေးဝါးများနှင့် ဓါတ်မတည့်မှုရှိခြင်း
သင်က အခြားရောဂါ, သို့မဟုတ်ဆေးဝါးအခြေအနေများရှိခြင်း ။
သင်က အချို့အစားအစာများ, ဆိုးဆေးများ, ကြာရှည်ခံဆေးများ ဒါမှမဟုတ်တိရစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုတွေရှိခြင်း .
ဆေးဖက်ဝင်အပင်များအတွက် စည်းမျဉ်းတွေက ဆေးဝါးများအတွက်စည်းမျဉ်းထက်တင်းကျပ်မှု လျော့နည်းပါတယ်။ ပိုများသောလေ့လာမှုများက ဘေးကင်းလုံခြုံမှုအတွက် လိုအပ်ပါတယ်။ ဆေးဖက်ဝင်အပင်တွေကို အသုံးပြုပြီးရတဲ့ အကျိုးက ဆိုးကျိုးထက်တော့ သာရပါမယ်။ ပိုမိုသိရှိလိုပါက သင့်တိုင်းရင်းဆေးဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။
လန်းဝေါ့တ် က ဘယ်လောက်စိတ်ချရလဲ
ကိုယ်ဝန်ဆောင်များနှင့်နို့တိုက်မိခင်များ
သင့်က ကိုယ်ဝန်ဆောင်ဒါမှ မဟုတ်နို့တိုက်မိခင်ဖြစ်နေတယ်ဆိုရင် lungwort က စိတ်ချရတယ်လို့မသတ်မှတ်မိုင်ပါဘူး။ အန္တရာယ်ကင်းစေဖို့ lungwort ကိုမသုံးပါနဲ့
ဘေးထွက်ဆိုးကျိုးများ
လန်းဝေါ့တ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
lungwort ကနေ ဘေးထွက်ဆိုးကျိုးဖြစ်တယ်ဆိုတာ အနည်းငယ်သာအထောက်အထားရှိပါတယ်။ ဘေးထွက်ဆိုးကျိုးတွေကတော့ သွေးထွက်များခြင်း အစာအိမ်ပြသနာနဲ့အရေပြားရောင်ရမ်းခြင်းတို့ ပါဝင်နိုင်ပါတယ်။
လူတိုင်း ဤဘေးထွက်ဆိုးကျိုးကို တွေ့ကြုံရတာမဟုတ်ပါ။ အထက်စာရင်းမှာမပါတဲ့ အချို့ဘေးထွက်ဆိုးကျိုးတွေရှိကောင်းရှိနိုင်ပါသည်။ သင့်မှာ ဒီဆိုးကျိုးတွေနှင့် ပတ်သက်ပြီးစိုးရိမ်ပူပန်မှုများရှိပါကသင့်ဆရာဝန်သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
ဆေးဓါတ်ပြုမှုများ
လန်းဝေါ့တ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ဒီပရဆေးပင် က သင်လက်ရှိသုံးစွဲနေတဲ့ဆေးတွေနဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ မသုံစွဲမီ သင့်ဆရာဝန် သို့မဟုတ် တိုင်းရင်းဆေးဆရာကို တိုင်ပင်ပါ။
အောက်ပါ ဆေးတွေနဲ့ lungwort တွဲသုံးတာက သွေးထွက်လွန်တာ ဒဏ်ရာမကျက်တာတွေဖြစ်ဖို့ များစေပါတယ်။
Aminosalicylic acid
Antithrombin III
Aspirin
Heparin
Enoxaparin
Choline salicylate
Danaparoid
Salsalate
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
လန်းဝေါ့တ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
ပြုတ်ရည်:
ရေ ခွက်ပူတစ်ခွက် ထဲမှာ ဆေးမှုန့် လက်ဖက်ရည်ဇွန်းတစ်စွန်းထည့်ပါ။ တစ်နေ့လျှင် တစ်ခွက်သောက်ပါ။
Decoction:
တူညီသောပမာဏကိုသုံးပါ, ဒါပေမယ့်မိနစ်အနည်းငယ်ပြုတ်ပြီးမှ တစ်နေ့လျှင် တစ်ခွက်သောက်ပါ။
ဖျော်ရည်:
ပျားရည်နှင့်အတူ, လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့ ၃ကြိမ်မှီဝဲပါ။
အမှုန့်:
နွား နို့နှင့်အတူ, လက်ဖက်ရည်ဇွန်းတစ်ဇွန်း တစ်နေ့ ၃ကြိမ်မှီဝဲပါ။
ဒီဆေးဖက်ဝင်အပင်များရဲ့ သုံးစွဲ ဆေးပမာဏက လူနာကိုလိုက်ပြီး ကွဲပြားခြားနားနိုင်ပါတယ်။ သင်သုံးတဲ့ ဆေးပမာဏက သင့်ရဲ့အသက်, ကျန်းမာရေး, နှင့်အခြားအခြေအနေများပေါ်တွင်မူတည်ပါတယ်။ ဆေးဖက်ဝင်အပင်တွေက အများအားဖြင့် စိတ်ချလုံခြုံမှု မရှိကြပါဘူး။ သင့်နဲ့သင့်လျော်တဲ့ သောက်သုံးမှုအတွက် သင့်တိုင်းရင်းဆေးဆရာ ဆရာသို့မဟုတ်ဆရာဝန်နှင့်အတူဆွေးနွေးပေးပါ။
လန်းဝေါ့တ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
အောက်ပါပုံစံများအတိုင်း ရရှိနိုင်ပါတယ်။
– ပြုတ်ရည်
– သတ္တုရည်
ဖျော်ရည်
– ဆေးမှုန့်
အရွက်စို
– အရွက်ခြောက်
– tinctures
– ယိုပုံစံ
– အကြမ်းခြောက်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။