အသုံးပြုပုံများ
Fumitory ကို ဘာအတွက်အသုံးပြုကြသလဲ
Fumitory ကို ဗိုက်အောင့်ခြင်းနဲ IBS ကို ကုသဖို့အတွက် အသုံးပြုကြပါတယ်။ အသည်းက ထုတ်ပြီး အဆီခြေဖျက်ခြင်းမှာ အရေးပါတဲ့ သည်းခြေရည် ပိုမိုစီးဆင်းဖို့အတွက်လည်း အသုံးပြုကြပါတယ်။
Fumitory ကို အရေပြားရောဂါ၊ မျက်လုံးယားယံခြင်း၊ နှလုံးရောဂါ၊ ဖေါခြင်းနဲ့ ဝမ်းချုပ်ခြင်းတို့အတွက်လည်း အသုံးပြုကြပါတယ်။
Fumitory ဘယ်လိုအလုပ်လုပ်လဲ
Fumitory ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
ဒါပေမယ့် အချို့လေ့လာမှုတွေက သည်းခြေပြွန် (သို့) အူတွေ ညှစ်ခြင်းကို သက်သာစေမယ့် အရာဝတ္ထုတစ်ခု Fumitory မှာ ပါဝင်တယ်လို့ ဆိုကြပါတယ်။
ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ
Fumitory အသုံးမပြုခင် ဘာတွေသိသင့်သလဲ
Fumitory ကို အပူနဲ့ ရေငွေ့ရှိတဲ့နေရာတွေကို ရှောင်ကျဉ်ပြီး အေးမြ ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပါတယ်။
ဓါတ်မတည့်မှုတွေကို သတိထားစောင့်ကြည့်သင့်ပါတယ်။ ရှိလာခဲ့ရင် Fumitory ကိုဖြတ်ပြီး antihistamine သို့ အခြားကုသမှုတွေ ပြုလုပ်သင့်ပါတယ်။
နှလုံးအခြေအနေနဲ့ဆိုင်တဲ့ သွေးပေါင်၊ သွေးခုန်နှုန်းတွေကိုလည်း သတိထားစောင့်ကြည့်ပါတယ်။ သွေးခုန်နှုန်းနှေးသွားခြင်းကို သတိထားပါ။
ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Fumitory က ဘယ်လောက်စိတ်ချရလဲ
ကလေးငယ်တွေမှာ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးနို့တိုက်မိခင်တွေမှာ Fumitory ကို အသုံးမပြုသင့်ပါဘူး။ Fumitory ကို အတက်ရောဂါ ရှိတဲ့သူတွေနဲ့ မျက်လုံးတွင်းဖိအားများတဲ့သူတွေမှာ အသုံးမပြုသင့်ပဲ ဓါတ်မတည့်မှု ရှိသူများမှာလည်း မသုံးသင့်ပါဘူး။
ဘေးထွက်ဆိုးကျိုးများ
Fumitory ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ
အောက်ဖေါ်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။
• တက်ခြင်း
• သွေးပေါင်ကျခြင်း၊ သွေးခုန်နှုန်းနှေးခြင်း
• မျက်လုံးတွင်း ဖိအားများခြင်း
• ပျို့အန်ခြင်း၊ အစာစားချင်စိတ် မရှိခြင်း
• ရုတ်တရက် ကျောက်ကပ် ပျက်စီးခြင်း
• ဓါတ်မတည့်ခြင်း
လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။
အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်
ဆေးဓါတ်ပြုမှုများ
Fumitory ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ
ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်
Fumitory ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Fumitory ကို နှလုံးဆေး၊ cardiac glycoside နဲ့ beta-blockers တွေနဲ့ အတူ မသုံးစွဲသင့်ပါဘူး။
သောက်သုံးရန်အညွှန်း
ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်
Fumitory အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ
Fumitory ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
Fumitory က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ
Fumitory ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။
• အခြောက်ခံထားတဲ့ ဆေး
• Extract
• တင်ချာဆေးရည်
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။