Bistort

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

အသုံးပြုပုံများ

Bistort ကို ဘာအတွက်အသုံးပြုကြသလဲ

bistort ဆေးပင်ကို အကောင်ကိုက်ခြင်း၊ ပျားတုပ်ခြင်း၊ အပူလောင်ခြင်း၊ မြွေကိုက်ခြင်း နှင့် လိပ်ခေါင်းရောဂါများတွင် ခန္ဓါကိုယ်ပြင်ပလိမ်းဆေးအဖြစ် အသုံးပြုကြသည်။ အစာအိမ်ရောဂါ၊ အူလမ်းကြောင်းမကောင်းသောရောဂါ၊ အူအနာဖြစ်ခြင်း၊ နှင့် ဝမ်းပျက်ခြင်းတို့အတွက်လည်း သောက်သုံးကြသည်။
သုတေသနများသည် interferon-like activity ကို လျော့ချရန် ဗိုင်းရပ်စ်ကို ကုသနိုင်သော အာနိသင်ကို အတည်ပြုနိုင်ရန် လုပ်ဆောင်နေကြသည်။

Bistort ဘယ်လိုအလုပ်လုပ်လဲ

ဤဆေးပင်နှင့် ပတ်သတ်ပြီး လုံလောက်သော လေ့လာမှုများမရှိသော်လည်း ပိုမိုသိရှိနိုင်ရန် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။ သို့သော် bistort သည် ဟုခေါ်သော အရောင်ကျသော အာနိသင်ရှိသော ဓါတုပစ္စည်းများပါဝင်သောကြောင့် ဝမ်းပျက်ခြင်းနှင့် လည်ပင်းယားခြင်းကို သက်သာစေကြောင်းလေ့လာမှု အချို့က တွေ့ရှိထားသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Bistort အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Bistort ကို အသုံးပြုလျှင် ဗိုက်နာခြင်း၊ ဝမ်းပျက်ခြင်း၊ သွေးယိုခြင်း ကဲ့သို့သော အူလမ်းကြောင်း လက္ခဏာများကို စောင့်ကြည့်သင့်ပြီး အသည်းကို စစ်ဆေးသော စစ်ဆေးချက်များပြုလုပ်သင့်သည်။
တစ်နေ့လျှင် သုံးကြိမ်ထက်ပိုမသောက်ပါနှင့်။
ဆေးဘက်ဝင် အပင်များကို အသုံးပြုသည့် အခါတွင် ဓါတုဆေးဝါးများကို အသုံးပြုသည်ထက် လိုက်နာရမည့် စည်းမျဉ်းများ နည်းတတ်သည်။ ဘေးကင်းစွာ အသုံးပြုနိုင်ရန် လေ့လာမှုများကို ပိုမိုပြုလုပ်ရန်လိုသည်။ ဤဆေးပင်ကို အသုံးပြုရာတွင် အန္တရာယ်ရှိနိင်သည် ဆိုသည်ကို သတိပြုရမည်။ ပိုမိုသိရှိနိုင်ရန် သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

Bistort က ဘယ်လောက်စိတ်ချရလဲ

သုတေသနများ မပြုလုပ်ရသေးခင်ထိ ကိုယ်ဝန်ဆောင်များ၊ နှင့် နို့တိုက်မိခင်များတွင် အသုံးမပြုသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ

Bistort ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

ဤဆေးပင်ကို အသုံးပြုလျှင် အစာအိမ်အူလမ်းကြောင်းကို လှုံ့ဆော်ခြင်းနှင့် အသည်းကို အဆိပ်အတောက်ဖြစ်စေခြင်းတို့ ဖြစ်စေနိုင်သည်။
ဆေးပင်ကိုအသုံးပြုသော လူတိုင်း ထိုဘေးထွက်ဆိုးကျိုးများရှိမည်ဟု မဆိုလိုပါ။ သို့သော် အခြားသော ဆိုးကျိုးများလည်း ရှိနေနိင်သည်။ အကယ်၍ အခြားသော ဘေးထွက်ဆိုးကျိုးများကို စိတ်ပူပါက သင်၏ ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

Bistort ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

ဤဆေးပင်သည် အခြားသော သင်အသုံးပြုနေသော ဆေးဝါးများနှင့် ဓါတ်ပြုမှုများရှိနိုင်သည်။ အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးပင်ကျွမ်းကျင်သူနှင့် တိုင်ပင်ဆွေးနွေးပါ။
ကို ပါးစပ်မှ သောက်လျှင် အချို့ဆေးများ၏ အာနိသင်ကို ပိုစေသောကြောင့် အချိန်ခြားပြီးမှ သောက်သင့်သည်။

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

Bistort အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

အသုံးပြုလေ့ရှိသော ပမာဏ
အမြစ်မှုန့် ၁ ဇွန်းကို ၂၃၇ မီလီလီတာရေနွေးဆူဆူထဲတွင်ထည့်ပြီး တစ်နေ့လျှင် သုံးကြိမ်သောက်ပါ။ အမှုန့်ကို ရေထဲတွင် ဖျော်ပြီး လိမ်းလိုသောနေရာကို လိမ်းနိုင်သည်။
ဤဆေးပင်ကို အသုံးပြုလေ့ရှိသော ပမာဏမှာ လူနာတစ်ယောက်ချင်းစီတွင် ကွာခြားနိုင်ပါသည်။ သောက်ရမည့် ပမာဏသည် လူနာ၏ အသက်၊ ကျန်းမာရေး၊ နှင့် အခြားသော အခြေအနေများတွင် မူတည်ပါသည်။ ဘယဆေးပင်များသည် အမြဲတမ်း စိတ်မချရပါ။ ထို့ကြောင့် ဆေးပင်ကျွမ်းကျင်သူ သို့မဟုတ် ဆရာဝန်နှင့် သင့်တော်သောပမာဏကို ဆွေးနွေးပါ။

Bistort က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

ဤဆေးပင်ကို အောက်ပါ ပုံစံများနှင့် ရနိုင်သည်။
• အမှုန့်
• အမြစ် (အခြောက်နှင့် အစို)
• လက်ဘက်ရည်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစာအိမ်အနာလား၊ အူအနာလား ဘယ်လိုခွဲမလဲ။

ဗိုက်အောင့် အစာအိမ်အနာ ဆေးလိပ်သောက် အကိုက်အခဲပျောက်ဆေး အူအနာ ကော်ဖီရောင်အန် ဝမ်းထဲမှာသွေးပါ မှန်ပြောင်းကြည့် Barium အစာခြေအက်စစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အစာအိမ်ရောဂါ ရှိသူတွေ ဥပုသ်စောင့်မယ်ဆိုရင်

အစာအိမ်ရောဂါ အစာအိမ်အနာ အကိုက်အခဲပျောက်ဆေး အစာအိမ်ဆေး အပူအစပ် သက်သတ်လွတ် အစာအိမ်သွေးယို ဥပုသ်စောင့် H. pylori အစာခြေအက်စစ် ရင်ခေါင်းတောင့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

အစာအိမ်အနာဖြစ်သူများအတွက် စားသောက်မှုပုံစံ

အစာအိမ်အောင့်ခြင်း အစာအိမ် အစားအသောက် အစာအိမ်အနာ ဘက်တီးရီးယား ပဋိဇီဝ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ Probiotics ချောကလက် အစာအိမ်ပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin

အစာခြေလမ်းကြောင်း တွင် ဖြစ်တတ်သော အနာများနှင့် ဘယ်လိုကာကွယ်ကြမလဲ။

အစာခြေလမ်းကြောင်း peptic ulcer အစာအိမ်အနာ အက်ဆစ် ဆေးလိပ်သောက် အကိုက်အခဲပျောက်ဆေး စိတ်ဖိစီးမှုများ အစာစားချိန်မမှန် Oသွေးပိုင်ရှင် အရက်သောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

အစာအိမ်အနာနဲ့ ပတ်သက်ပြီး သိထားသင့်သမျှ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 4 mins read
မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 30, 2020 . 3 mins read
စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

စမုန်စပါးရဲ့ ကျန်းမာရေးအာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 4, 2020 . 1 min read
အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

အစာအိမ်ကင်ဆာဖြစ်စေတဲ့ အကြောင်းအရင်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 23, 2020 . 2 mins read