Alpha-Linolenic Acid (အဲလ်ဖာ-လီနိုလန်းနင့် အက်စစ်)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် ကို ဘာအတွက်အသုံးပြုကြသလဲ

Alpha-Linolenic Acid သာ အပင်တွေမှာပါတဲပ omega 3 fatty acid တစ်မျိုးဖြစ်ပါတယ်။ သူ့ကို flaxseed oil, canola oil, soy, perilla နဲ့ walnut oil တွေမှာ တွေ့ရပါတယ်။

Alpha-Linolenic Acid ဟာ အောက်ပါအခြေအနေတွေအတွက် လူသိများပါတယ်။

  • နှလုံးရောဂါ
  • နှလုံးတိုက်ခိုက်ခံရခြင်း
  • သွေးကြော မာခြင်း
  • သွေးပေါင်တက်ခြင်း
  • အဆုတ်အအေးမိခြင်း
  • အဆစ်ရောင်ခြင်း
  • Multiple sclerosis
  • Lupus
  • ဆီးချို
  • ကျောက်ကပ်ရောဂါ
  • အူရောင်ခြင်း
  • Crohn’s disease
  • COPD နာတာရှည်အဆုတ်လမ်းကြောင်းပိတ်ဆို့ရောဂါ
  • ခေါင်းတစ်ခြမ်းကိုက်ခြင်း
  • အရေပြား ကင်ဆာ
  • စိတ်ကျခြင်း
  • Psoriasis နဲ့ eczema လိုမျိုး ဓါတ်မတည့်ခြင်းနဲ့ ရောင်ရမ်းခြင်းကြောင့် ဖြစ်သော အရေပြား ရောဂါများ

Alpha-Linolenic Acid ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

Alpha-Linolenic Acid ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ဒါပေမယ့် လေ့လာမှုအချို့က အောက်ပါအချက်တွေကို ဖေါ်ပြခဲ့ပါတယ်။

နှလုံးရောဂါ

လေ့လာမှုတစ်ခုက Alpha-Linolenic Acid ကို အစားအသောက်မှာ များပြားစွာ စားသောက်သူတွေဟာ သေစေနိုင်တဲ့ နှလုံးရပ်ခြင်းမျိုးဖြစ်နှုန်းနည်းတယ်လို့ ဆိုပါတယ်။

အခြား လေ့လာမှု တစ်ခုကတော့ Alpha-Linolenic Acid ပမာဏ များပြားစွာ စားသုံးတဲ့ အမျိုးသမီးတွေဟာ Alpha-Linolenic Acid နည်းနည်းသာ စားသုံးသူတွေထက် ရုတ်တရက် နှလုံးရပ်သေဆုံးနှုန်း ၄၆% ပိုများတယ်လို့ ဆိုပါတယ်။

အခြား လေ့လာမှုတစ်ခုကတော့ Alpha-Linolenic Acid ကို ပိုစားတဲ့သူတွေမှာ နှလုံးရောဂါကြောင့် သေနိုင်ခြေ လျော့နည်းနိုင်တယ်လို့ ဆိုပါတယ်။

သွေးပေါင်တက်ခြင်း

လေ့လာမှုတစ်ခုက Alpha-Linolenic Acid များပြားစွာ စားခြင်းဟာ သွေးပေါင်တက်နှုန်းကို ၃၀% လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

ပန်းနာရင်ကျပ်ရောဂါ

လေ့လာမှုတစ်ခုက Alpha-Linolenic Acid ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေပြီး ပန်းနာရင်ကျပ်ရှိသူတွေမှာ အဆုတ်လုပ်ငန်းဆောင်တာ တိုးတက်စေတယ်လို့ ဆိုပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • Alpha-Linolenic Acid နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

Alpha-Linolenic Acid ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

Alpha-Linolenic Acid ကို အစာမှာထည့်စားတဲ့ ပမာဏလောက်အသုံးပြုရင် လူကြီးတွေမှာ စိတ်ချရပါတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဆေးဓါတ်ပြုမှုများ

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

Alpha-Linolenic Acid ဟာ သင်အခုသောက်နေတဲ့ ဆေးတွေ (သို့) ရောဂါအခြေအနေတွေနဲ့ ဓါတ်ပြုနိုင်ပါတယ်။ အသုံးမပြုခင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အချို့ဆေးတွေဟာ Alpha-Linolenic Acid နဲ့ ဓါတ်ပြုနိုင်ပါတယ်။

  • သွေးကြဲဆေးတွေဖြစ်တဲ့ warfarin (Coumadin), clopidogrel (Plavix), နဲ့ aspirin
  • ကိုလက်စထရောကျဆေးတွေဖြစ်တဲ့ Atorvastatin (Lipitor), Rosuvastatin (Crestor), Fluvastatin (Lescol), Lovastatin (Mevacor), Simvastatin (Zocor), and Pravastatin (Pravachol)

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

ကလေးငယ်တွေမှာ

  • အမေက ကျန်းမာစွာ စားသောက်ရင် နို့တိုက်ကလေးငယ်တွေမှာ Alpha-Linolenic Acid ပမာဏ လုံလောက်စွာ ရနိုင်ပါတယ်။
  • Infant formula မှာ Alpha-Linolenic Acid ပါသင့်ပါတယ်။
  • ကလေးငယ်တွေဟာ ဖြည့်စွက်စာ စားဖို့မလိုအပ်ပါဘူး။

လူကြီး

  • အကြံပြုထားတဲ့ ပမာဏကတော့ နေ့စဉ် ၁-၂ ဂရမ်ပဲ ဖြစ်ပါတယ်။
  • နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ရင်ဘတ်အောင့်ခြင်း၊ နှလုံးရပ်ခြင်းတွေကို ကာကွယ်ဖို့အတွက်တော့ တစ်နေ့ကို ပျမ်းမျှ ၁.၂-၂ ဂရမ် အသုံးပြုသင့်ပါတယ်။
  • နှလုံးနောက်တစ်ခေါက် ရပ်ခြင်း (သို့) နှလုံးသွေးကြောကျဉ်းရောဂါရှိသူတွေမှာ နောက်တစ်ကြိမ် ထပ်ဖြစ်ခြင်းကို ကာကွယ်ဖို့အတွက် တစ်နေ့ကို ၁.၆ ဂရမ် အသုံးပြုသင့်ပါတယ်။

Alpha-Linolenic Acid ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အဲလ်ဖာ-လီနိုလန်းနင့် အက်စစ် က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

Alpha-Linolenic Acid ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဟင်းချက်ဆီ (canola oil, soybean oil, medicinal oil, flaxseed oil)
  • Flaxseed oil ပါဝင်တဲ့ ဖြည့်စွက်စာများ

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

နှလုံးရောဂါနှင့် ဆီကြော်အစားအစာ များ

နှလုံးရောဂါရှိနေပြီဆိုရင် သင်နေ့စဉ် မှီဝဲစားသုံးတဲ့ အစားအသောက်တွေဟာ သိပ်အရေးကြီးလာမှာပါ။ ဥပမာပြောရရင် ဆီကြော်အစားအစာ တွေ စားတာက မသင့်လျော်တာမျိုးပေါ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

မီးသတ်ပိုက် နဲ့ အထိုးခံရရင်

မီးသတ်ပိုက် ဆိုတာက အရှိန် ခပ်ပြင်းပြင်း၊ ရေလုံး ကြီးကြီးနဲ့ ဖိအား အတော်လေး များတဲ့အရာပါ။ မီးတွေကို ငြှိမ်းသတ်နိုင်စေဖို့ ပြုလုပ်ထားတဲ့ အရာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read
မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 8, 2021 . 2 mins read
အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

အာပူရွက် ရဲ့ကျန်းမာရေး အာနိသင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 5, 2021 . 2 mins read