African Wild Potato (အာဖရိကအာလူးရိုင်း)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 3 mins read
Share now

အသုံးပြုပုံများ

အာဖရိကအာလူးရိုင်း ကို ဘာအတွက်အသုံးပြုကြသလဲ

African Wild Potato ကို အောက်ပါအခြေအနေတွေအတွက် အသုံးပြုနိုင်ပါတယ်။

  • ဆီးလမ်းကြောင်း ပြဿနာများ (ဆီးအိမ် ရောဂါပိုးဝင်ခြင်း အပါအဝင်)
  • ဆီးကျိတ် ပြဿနာများ (BPH, ဆီးကျိတ်ကင်ဆာ)
  • အဆုတ်ရောဂါ
  • တီဘီရောဂါ
  • အဆုတ်ရောင်ခြင်း
  • Psoriasis
  • AIDS လက္ခဏာများ သက်သာစေရန်

အချို့သူတွေက African Wild Potato ကို အနာအကျက်မြန်စေဖို့ အရေပြားပေါ် တိုက်ရိုက်လိမ်းလေ့ရှိကြပါတယ်။

African Wild Potato ကို အခြားအခြေအနေတွေအတွက်လည်း သုံးနိုင်ပါတယ်။ ဆရာဝန်ကို ပိုမိုသိရှိဖို့ မေးမြန်းနိုင်ပါတယ်။

ဘယ်လိုအလုပ်လုပ်လဲ

African Wild Potato ဘယ်လိုအလုပ်လုပ်လဲနဲ့ ပတ်သက်တဲ့ လုံလောက်တဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဒါပေမယ့် လေ့လာမှုအချို့က African Wild Potato မှာ hypoxoside နဲ့ Phytochemicals တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ Hypoxoside ဟာ ဆဲလ်တွေကို ပျက်စီးစေပြီး ရောဂါဖြစ်စေတဲ့ free radicals တွေကို ကိုယ်ခန္ဓါက တိုက်ထုတ်ခြင်းကို ကူညီပေးပါတယ်။ Phytochemicals တွေကလည်း ကိုယ်ခန္ဓါ အတွင်းမှာ antioxidants တွေအဖြစ် လုပ်ဆောင်ပေးပါတယ်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

အာဖရိကအာလူးရိုင်း အသုံးမပြုခင် ဘာတွေသိသင့်သလဲ

သင့်မှာ အောက်ပါအခြေအနေတွေ ရှိရင် ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

  • ကိုယ်ဝန်ရှိရင်၊ ကလေးနို့တိုက်နေရင်။ သင်ဟာ ကလေးရလိုရင် (သို့) ကလေးနို့တိုက်နေရင် ဆရာဝန်ညွှန်ကြားချက်နဲ့သာ ဆေးတွေကို သောက်သုံးသင့်ပါတယ်။
  • အခြားဆေးတွေသောက်နေရင်။ ဆရာဝန်ညွှန်ကြားချက်နဲ့ ဖြစ်စေ၊ ညွှန်ကြားချက်မပါပဲဖြစ်စေ သောက်နေတဲ့ ဆေးတွေကို ဆိုလိုပါတယ်။
  • African Wild Potato နဲ့ပတ်သက်တဲ့ ဆေးတွေ၊ အခြားဆေးတွေ၊ အခြား herbal တွေနဲ့ မတည့်ရင်။
  • သင့်မှာ အခြားရောဂါတွေ၊ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်
  • ဓါတ်မတည့်ခြင်းတွေဖြစ်တဲ့ အစားအသောက်၊ ဆိုးဆေး၊ ထပ်ထည့်ဆေး၊ တိရိစ္ဆာန်တွေနဲ့ ဓါတ်မတည့်မှုရှိရင်

African Wild Potato ကို အေးမြပြီး ခြောက်သွေ့တဲ့ နေရာတွေမှာ ထားသင့်ပြီး အပူနဲ့ ရေငွေ့ရိုက်ခြင်းကို ရှောင်ရှားသင့်ပါတယ်။

ဒီ Herbal supplement အတွက် စည်းမျဉ်းတွေဟာ ဆေးတွေရဲ့ စည်းမျဉ်းတွေလောက် တင်းကျပ်ခြင်း မရှိပါဘူး။ သူ့ရဲ့ အာနိသင်ကို ဆုံးဖြတ်ဖို့အတွက် လေ့လာမှုတွေ ပိုမိုလိုအပ်ပါသေးတယ်။ ဒီ Herbal supplement ကို မသုံးစွဲခင် ကောင်းကျိုးနဲ့ ဆိုးကျိုးကို ဒွန်တွဲစဉ်းစားသင့်ပါတယ်။ ပိုမို သိလိုတဲ့ အချက်အလက်တွေ ရှိရင် Herbal ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အာဖရိကအာလူးရိုင်း က ဘယ်လောက်စိတ်ချရလဲ

ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်

ဒီ Herbal ကို ကိုယ်ဝန်ဆောင်စဉ်နဲ့ ကလေးနို့တိုက်နေစဉ်မှာ အသုံးပြုခြင်းရဲ့ စိတ်ချရမှုနဲ့ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်တွေ မရှိပါဘူး။ ဒီ Herbal အသုံးမပြုခင် ကောင်းကျိုး၊ ဆိုးကျိုးတွေကို ချိန်နိုင်ဖို့ သင့်ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ကလေးတွေမှာ

ကလေးတွေမှာ အသုံးပြုမှုရဲ့ စိတ်ချရမှုကို လေ့လာထားတဲ့ လေ့လာမှုတွေ မရှိသေးပါဘူး။ African Wild Potato ကို ကလေးတွေမှာ အစွမ်းထက်တဲ့ပမာဏလောက်အထိ အသုံးမပြုသင့်ပါဘူး။

ခွဲစိတ်မှု

African Wild Potato အသုံးပြုခြင်းကို စီစဉ်ထားတဲ့ ခွဲစိတ်မှုမတိုင်မီ နှစ်ပတ်အနည်းဆုံးကြိုပြီး ရပ်သင့်ပါတယ်။

ဘေးထွက်ဆိုးကျိုးများ

အာဖရိကအာလူးရိုင်း ကနေ ဘယ်လိုဘေးထွက်ဆိုးကျိုးမျိုးတွေကို ခံစားရနိုင်မလဲ

African Wild Potato ကနေ အောက်ပါဆိုးကျိုးတွေ ရရှိနိုင်ပါတယ်။

  • ပျို့ခြင်း
  • အစာမကြေခြင်း
  • လေထခြင်း
  • ဝမ်းလျှောခြင်း
  • ဝမ်းချုပ်ခြင်း
  • လိင်တံထောင်မတ်မှုဆိုင်ရာ ပြဿနာတွေနဲ့ လိင်ကို စိတ်မဝင်စားခြင်း အစရှိတဲ့ လိင်မှုဆိုင်ရာ ပြဿနာများ
  • သွေးဆဲလ် ထုတ်လုပ်မှု ကျဆင်းခြင်း
  • ပုံမှန်မဟုတ်သော နှလုံးခုန်ခြင်း

လူတိုင်းကတော့ ဒီလိုဘေးထွက်ဆိုးကျိုးတွေကို ကြုံတွေ့ရမှာ မဟုတ်ပါဘူး။ ဒီထဲမှာ ဖေါ်ပြမထားတဲ့ ဆိုးကျိုးအချို့လည်း ရှိနိုင်ပါသေးတယ်။ ဘေးထွက်ဆိုးကျိုးတွေနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

အကယ်၍သင်သည် ဘေးထွက်ဆိုးကျိုးများနှင့်ပတ်သက်၍ စိုးရိမ်မှုရှိနေပါက ဆရာဝန် သို့မဟုတ် ကျွမ်းကျင်သူနှင့် တိုင်ပင်ပါရန်

ဆေးဓါတ်ပြုမှုများ

အာဖရိကအာလူးရိုင်း ကိုအသုံးပြုခြင်းကနေ ဘယ်လိုဓါတ်ပြုမှုတွေရှိလာနိုင်သလဲ

ဒီဆေးနဲ့ ဓါတ်ပြုနိုင်တဲ့ ဆေးတွေကတော့

  • ဆီးချို ဆေး (သောက်ဆေး၊ အင်ဆူလင်)
  • HIV/ AIDS ဆေးများ
  • Cytochrome p450 က ဖျက်စီးသော ဆေးများ
  • ကျောက်ကပ်ထိနိုင်သော ဆေးများ ပဲဖြစ်ပါတယ်။

ယခုဆေးဖက်ဝင်ဖြည့်စွက်စာသည်သင်၏လက်ရှိဆေးဝါးများနှင့် သို့မဟုတ် ကျန်းမာရေးအခြေအနေများနှင့် ဓါတ်ပြုနိုင်ခြေရှိပါသည်။ အသုံးမပြုခင် ဆရာဝန်နှင့် တိုင်ပင်ပါရန်

သောက်သုံးရန်အညွှန်း

ယခုဖော်ပြထားသောအချက်များသည် ဆေးပညာအကြံပြုချက်များကို အစားထိုးရန်အတွက်မဟုတ်ပါ။ အသုံးမပြုခင်တွင် ဆရာဝန်နှင့်တိုင်ပင်ပါရန်

အာဖရိကအာလူးရိုင်း အတွက် ပုံမှန်သောက်သုံးရန်အညွှန်းက ဘယ်လောက်လဲ

African Wild Potato ကို အသုံးပြုရမယ့် အချိုးအစားက ဘယ်လောက်လဲ။

BPH အတွက်

60-130mg African Wild Potato ပါဝင်တဲ့ beta-sitosterol ကို တစ်နေ့ကို နှစ်ကြိမ် သုံးကြိမ် ခွဲပြီး အသုံးပြုသင့်ပါတယ်။

အဆုတ်ကင်ဆာ အတွက်

standardized Hypoxis plant extract (200-milligramcapsules) တွေကို တစ်နေ့ကို 1200-3200 mg သုံးကြိမ်ခွဲပြီး သောက်ဆေးအဖြစ် အသုံးပြုနိုင်ပါတယ်။

African Wild Potato ကို အသုံးပြုရမယ့် အချိုးအစားက တစ်ယောက်နဲ့ တစ်ယောက် မတူနိုင်ပါဘူး။ အသက်အရွယ်၊ ကျန်းမာရေးနဲ့ အခြားအချက်အလက်တွေပေါ်မူတည်ပါတယ်။ Herbal supplements တွေဟာ အမြဲလုံခြုံစိတ်ချရမှု မရှိပါဘူး။ သင့်လျော်တဲ့ အချိုးအစားကို သိရှိနိုင်ဖို့ ကျွမ်းကျင်သူ (သို့) ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

အာဖရိကအာလူးရိုင်း က ဘယ်လိုပုံစံမျိုးတွေနဲ့လာလဲ

African Wild Potato ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါတယ်။

  • ဆေးတောင့်

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဟင်းချက်တဲ့အခါ အရောင်လှပြီး ခံတွင်းတွေ့စေဖို့ ထည့်သုံးကြတဲ့ ငရုတ်သီးမှုန့်ကို ဘယ်လို သိမ်းလေ့ရှိလဲ…………

ငရုတ်သီးမှုန့်က အခြောက်အခြမ်းပဲ ပျက်စီးမှာ မဟုတ်သလို ပုပ်သိုးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူးလို့ ယူဆကောင်း ယူဆနိုင်ပေမယ့် ငရုတ်သီးမှုန့်က ပျက်စီးနိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားအရေကို ဂရုစိုက်ပါ။

အရေပြားက လူတစ်ယောက်ရဲ့ သွင်ပြင်ပေါ်မှာတင် သက်ရောက်နေတာ မဟုတ်ပါဘူး။ ကျန်းမာရေး အပေါ်မှာပါ သက်ရောက်နေတာပါ။  အရေပြားကို စောင့်ရှောက်ပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

လူတွေအပါအဝင် သက်ရှိတွေ ကောင်းစွာ လှုပ်ရှားသွားလာနိုင်စေဖို့။ တစ်နေ့တာရဲ့ လုပ်ငန်းဆောင်တာတွေကို ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အသားပပ် အသားခြောက်ရခြင်းနောက်ကွယ်က တရားခံတွေ

ဆောင်းရာသီ ဆောင်းတွင်း အသားပပ် အသားခြောက် အရေပြား အသားအရေ သဘာဝအဆီ အစိုဓာတ် ရေဓာတ် ကိုဗစ် ကျန်းမာရေး အဝတ်အစား လက်ဆေး ဆပ်ပြာ တံတွေး နှုတ်ခမ်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

မိန်းမကိုယ်မှာ ပေါက်တဲ့ဝက်ခြံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 5, 2021 . 1 min read
စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

စပျစ်သီး စိမ်းစိမ်းနဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 22, 2020 . 2 mins read
မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

မန်ကျည်းခေါက်လေးရဲ့ ဆေးဖက်ဝင်ပုံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 21, 2020 . 1 min read