အနာကျက်စေနိုင်တယ်
ပုဏ္ဏရိတ်အရွက်မှာ အနာကျက်စေနိုင်တဲ့ အစွမ်းသတ္တိရှိပါတယ်။ ပုဏ္ဏရိတ်ပင်ရဲ့ သဘာဝဓါတ်ပေါင်းတွေက အနာကိုမြန်မြန်ကျက်စေဖို့ လှုံ့ဆော်ပေးပါတယ်။ အနာအတွက် ပုဏ္ဏရိတ်ရွက်ကို သုံးမယ်ဆိုရင်တော့ရေကိုသန့်စင်အောင်ဆေးဖို့ပြောပါရစေနော်။ မလိုအပ်ဘဲ အနာပိုးဝင်တာမျိုးမဖြစ်စေဖို့ပါ။
ခန္ဓါကိုယ်နာကျင်တာကို သက်သာစေနိုင်ပါတယ်
ခန္ဓါကိုယ်မှာ နာကျင်ကိုက်ခဲတာတွေကို သက်သာစေဖို့ဆေးမသောက်ချင်ဘူးဆိုသူတွေအတွက် သဘာဝနည်းလမ်းကောင်းတစ်ခုရှိပါတယ်။ ဒါကတော့ ပုဏ္ဏရိတ်ရွက်ပြုတ်ရည်ကို နာကျင်ကိုက်ခဲမှုတွေအတွက် အသုံးပြုလို့ရတယ်ဆိုတာပါ။ဆေးတွေကိုကြောက်တဲ့သူတွေအတွက် အသုံးတည့်မှာပါ။
လိပ်ခေါင်းသက်သာစေနိုင်တယ်
လိပ်ခေါင်းဖြစ်တာက ထိုင်ရထရခက်တဲ့ဝေဒနာတစ်ခုပါ။ ထိုင်နေစဉ်မှာ မသက်မသာခံစားရသလို ဝမ်းသွားတဲ့အခါမှာလည်းတော်တော်လည်းနေရခက်ပါတယ်။ပြင်းထန်တဲ့အခြေအနေမျိုးမှာသွေးထွက်တာမျိုးဖြစ်နိုင်ပါတယ်။ အရမ်းပြင်းထန်တဲ့အနေအထားမျိုးမှာ ခွဲစိတ်ကုသတာမျိုးအထိဖြစ်နိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းပေးနိုင်မယ့် သဘာဝဆေးဖက်ဝင်အပင်တစ်ခုကတော့ ပုဏ္ဏရိတ်ပန်းပါ။ အရမ်းမပြင်းထန်သေးတဲ့ လိပ်ခေါင်းပြဿနာကို ပုဏ္ဏရိတ်ပန်းက ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်ပါတယ်။
ဝမ်းကိုက်သက်သာစေနိုင်တယ်
ဝမ်းကိုက်သက်သာစေဖို့အတွက်လည်း ပုဏ္ဏရိတ်ပန်းကို အသုံးပြုလို့ရပါတယ်။ ပုဏ္ဏရိတ်ပင်မှာရောဂါတွေကို သက်သာစေနိုင်တဲ့ သဘာဝဓါတ်ပေါင်းတွေပါဝင်နေတာကြောင့် ဝမ်းကိုက်တာကိုလည်း သက်သာစေနိုင်ပါတယ်။
ရာသီသွေးမှန်စေနိုင်တယ်
လေဒီလေးတွေကျန်းမာဖို့အတွက်က ရာသီသွေးမှန်ဖို့လည်းလိုအပ်ပါတယ်။ ရာသီသွေးပုံမှန်ဆင်းမှာ
အသားအရေကစလို့ တစ်ကိုယ်လုံးကျန်းမာမှာပါ။ဘေဘီလေးလိုချင်တဲ့လေဒီတို့အတွက်လည်း အဆင်ပြေစေမှာပါ။ ဒါကြောင့်လေဒီတိုင်းအတွက်အရေးပါတဲ့ ရာသီသွေးမှန်စေဖို့ဆိုရင် ပုဏ္ဏရိတ်ပန်းကို အသုံးပြုပေးလို့ရပါတယ်။
အကိုက်အခဲပျောက်စေနိုင်တဲ့ အာနိသင်ရှိပါတယ်။
ခြေသလုံးကြွက်သားတွေနာကျင်ကိုက်ခဲနေတာကို အမြန်ဆုံးနဲ့ အထိရောက်ဆုံးသက်သာစေနိုင်မှာပါ။ ကြွက်သားတွေကိုပြေလျော့စေပြီး နာကျင်ကိုက်ခဲမှုကို သက်သာစေမှာပါ။
ငယ်ငယ်ကဆော့ခဲ့တဲ့ ပုဏ္ဏရိတ်ပင်လေးက အပေါ်မှာပြောခဲ့သလိုလေးတွေလည်းဆေးဖက်ဝင်ပါသေးတယ်နော်။
Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။