သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

    အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

    ကျောက်သင်ပုန်း အရွက်လေးက ခပ်ထူထူလေးနဲ့ မြေလျှောက်ပင်လေးလိုမျိုး မြေကြီးမှာ ကပ်ပေါက်နေတဲ့ အပင်လေးကို ငယ်ငယ်က ကစားဖို့ အရွက်လေးတွေ ခူးရင်းမြင်ဖူးကြမှာပါ။ကျောက်သင်ပုန်းဖျက်ဖို့အတွက် သုံးလို့ရတယ်လို့ ပြောတာကြားဖူးမှာပေါ့။ ဒီအရွက်လေးတွေက ကျောက်သင်ပုန်းဖျက်လို့ရတယ်ဆိုတာထက်ပိုတဲ့ အာနိသင်တွေရှိနေတယ်ဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးပါရစေ။

    ကျောက်သင်ပုန်းရွက် ဆိုတာ

    ကျောက်သင်ပုန်းရွက် ဆိုတာက မြေလျှောက်ပြီး အလေ့ကျပေါက်တတ်တဲ့ အပ်လေးရဲ့ အရွက်ပါ။ အရွက်က ပြောင်ပြောင်းလေးနဲ့ ကွမ်းရွက်ပုံလေးပါ။ ရိုးတံလေမှာ အစေ့လေးတွေ ကပ်နေသလိုမျိုး ရိုးတံလေးနဲ့ အရွက်ပြောင်ပြောင်လေးတွေ ဘေးတစ်ဖက်တစ်ချက်စီးမှာ ထွက်နေတတ်ပါတယ်။

    စားလို့ရပါတယ်။ ပူဒီနာတို့ ဇီယာရွက်တို့လို ပူရှိန်းရှိန်းလေးပါ။ မုန်လာဥဖြူ လိုမျိုး ပူစပ်စပ် အရသာလည်း ရှိပါတယ်။ မစားခင်မှာ ရေ သေချာ စင်အောင် ဆေးဖို့တော့ လိုပါတယ်။ အသုပ်တွေထဲမှာ ထည့်စားလို့လည်း ရပါတယ်။ အရှေ့တောင်အာရှဒေသမှာ ပေါက်ရောက်မှု များပါတယ်။

    အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

    ကျောက်သင်ပုန်း ရွက်လေးတွေက အခုလို ဆေးဖက်ဝင် ပါတယ်။ ဒီ အရွက်လေးရဲ့ဆေးဖက်ဝင်မှုကို သိပ္ပံနည်းကျ လေ့လာဆန်းစစ်မှုတွေ လုပ်ထားတာဖြစ်ပါတယ်။

    • ကင်ဆာတိုက်ဖျက်ပေးနိုင်တယ်

    ကျောက်သင်ပုန်းရွက် မှာပါတဲ့ P.Pellucida က ကင်ဆာဆဲလ်တွေ ကြီးထွားမှုကို ဟန့်တားပေးနိုင်တဲ့ အာနိသင်ရှိပါတယ်။ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ အာနိသင်ရှိတဲ့သဘာဝဆေးဖက်ဝင်အပင်တစ်မျိုးပါ။

    အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

    ကျောက်သင်ပုန်းရွက် မှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်က free radicalsတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်မှုတွေမဖြစ်အောင်ကာကွယ်ပေးပါတယ်။

    ကျောက်သင်ပုန်းရွက် မှာပါတဲ့ patuloside A လို့ ခေါ်တဲ့ ဒြပ်ပေါင်းက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပြီး ရောဂါပိုးတွေ အန္တရာယ်ကနေ အထိရောက်ဆုံး ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။

    • အဆစ်ရောင်နာကို သက်သာစေနိုင်ပါတယ်

    အဆစ်အမြစ်ရောင် သူတွေ အနေနဲ့ ကျောက်သင်ပုန်းရွက် ကို ကျိုသောက်ပေးမယ် ဆိုရင် အရောင်ကျဆေးတွေ၊ အကိုက်အခဲပျောက်ဆေးတွေ နီးပါး သက်သာစေတာကို တွေ့ရမှာပါ။ ဒူးနာသူတွေ အတွက်လည်း သင့်တော်ပါတယ်။

    အလေ့ကျပေါက်တတ်တဲ့ ကျောက်သင်ပုန်း ပင်လေးရဲ့ အစွမ်းထက်အာနိသင်

    • သွေးတွင်း ယူရစ်အက်ဆစ်ကို ကျစေနိုင်တယ်

    ကျောက်သင်ပုန်းရွက် က သွေးတွင်းယူရစ်အက်ဆစ် ကျချင်သူတွေ စားပေးသင့်တဲ့ သဘာဝ ဆေးတစ်မျိုးပါ။ ကျောက်သင်ပုန်းရွက် မှာပါတဲ့ a llopurinol က သွေးတွင်း ယူရစ်အက်ဆစ် ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

    ကျောက်သင်ပုန်းရွက် လေးက စိတ်ဓာတ်ကျဝေဒနာခံစားနေရသူတွေအတွက် အဆင်ပြေပါတယ်။ စိတ်ကျန်းမာစေဖို့အတွက် အကောင်းဆုံး သဘာဝဆေးတစ်မျိုးပေါ့။

    ဘယ်သူတွေ မသုံးစွဲသင့်ဘူးလဲ။

    အလေ့ကျပေါက်တဲ့ ကျောက်သင်ပုန်းရွက် လေးကို ရေစင်အောင်ဆေးပြီး ရေနွေးဆူဆူထဲ ထည့်ကျိုလို့ သောက်ပေးတာက ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစေတယ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်မေမေတွေ၊ နို့တိုက်မေမေနဲ့ ကျောက်သင်ပုန်းရွက် နဲ့ ဓာတ်မတည့်သူတွေကတော့ မစားသင့်ပါဘူး။ အသင့်အတင့်က အဆင်ပြေပေမယ့် အရမ်းများရင် ဆိုးကျိုးရှိလာနိုင်တာကြောင့်ပါ။

    ကျောက်သင်ပုန်း ရွက်လေးတွေက ဆေးဖက်ဝင်သလား

    ကျောက်သင်ပုန်း ရွက်လေးတွေက အခုလိုဆေးဖက်ဝင်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Health benefits of Shiny Bush ~ Peperomia pellucida https://www.healthbenefitstimes.com/shiny-bush/ Accessed Date 20 June 2022

    Peperomia pellucida https://www.drugs.com/npp/peperomia-pellucida.html Accessed Date 20 June 2022

    Pepper elder medicinal herb may be used to treat renal problems https://www.medicinalherbs-4u.com/pepper-elder.html Accessed Date 20 June 2022

    PEPPER ELDER PIPER AMALAGO https://www.islandherbsandspices.com/product/pepper-elder-peperomia-pellucida/ Accessed Date 20 June 2022

    The 5 Surprising Health Benefits of Pepper Elder (Pansit-pansitan) https://www.ivankhristravels.com/2020/08/pepper-elder-pansit-pansitan.html Accessed Date 20 June 2022

    စာရေးသူ ဓာတ်ပုံbadge
    Aye Thi Mon မှ ရေးသားသည်။ 24/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: