backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ခရေ နဲ့ ကျန်းမာရေး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခရေ နဲ့ ကျန်းမာရေး

ခရေပန်းက ပျိုမေတွေ တော်တော်များများ အကြိုက်တွေ့ကြတဲ့ ပန်းလေးပါ။ အပင်မှာ ပွင့်နေတုန်း မွှေးသလို ကြွေကျသွားချိန်နဲ့ ခြောက်သွေ့သွားချိန်တွေမှာတောင် မွှေးနေတာပါ။ ခရေ က အပွင့်၊ အရွက်၊ အသီး၊ အခေါက် အားလုံးလိုလိုက ဆေးဖက်ဝင်ပါတယ်။

ဒီတစ်ခေါက်တော့ ချစ်စရာကောင်းပြီး ရနံ့မွှေးတဲ့ ခရေပန်းလေးတွေ ပွင့်တဲ့ ခရေပင်လေးရဲ့ ဆေးဖက်ဝင်မှုတွေကို ပြောပြပေးသွားပါမယ်။

ခရေ ဆိုတာ

ခရေ ဆိုတာက အမြဲစိမ်းပင် တစ်မျိုးပါ။ အရွက်က ခပ်ထူထူနဲ့ အစိမ်းရောင် ရင့်ရင့်ပါ။ အပွင့်လေးတွေက အလယ်မှာ ကြိုးလေးနဲ့ သီလို့ရလောက်တဲ့ အပေါက်လေးပါပါတယ်။ အညှာလေးထဲကနေ ညှစ်ထုတ်မှ အလယ်က အပေါက်လေးကို တွေ့ရတာပါ။ အပွင့်က အဖြူရောင်လေးဖြစ်ပြီး ပုံစံလေးက ကြယ်ပုံစံလေးပါ။

အသီးက မမှည့်ခင်မှာ အစိမ်းရောင် ဖြစ်ပြီး မှည့်ပြီဆိုရင် လိမ္မော်ရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။ အပင်ကြီးတစ်မျိုးပါ။ အရိပ်ရသလို ဆေးဖက်လည်း ဝင်ပါတယ်။

ခရေမှာ ဘာတွေပါလဲ

ခရေမှာ အခုလို ဓာတ်တွေ ပါဝင်နေပါတယ်။

  • Sterols,
  • Tannins
  • D-Mannitol
  • Beta sitosterol
  • D- glucoside
  • Pentacyclic triterpene acids
  • Mimusops acid
  • Spinasterol
  • Taraxerol တို့ပါ။

ခရေ နဲ့ ကျန်းမာရေး

ခရေ နဲ့ ကျန်းမာရေး

အပင်ရဲ့ အခေါက်၊ အပွင့်နဲ့ အရွက်ကစလို့ အသီးပါမကျန် ဆေးဖက်ဝင်တဲ့ ခရေက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။

ဆီးချို သက်သာစေတယ်

ခရေ ရဲ့ အစေ့က သွေးချိုကျစေနိုင်ပါတယ်။ အင်ဆူလင်ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပါတယ်။ ဆီးချို ရှိသူတွေအတွက် အသုံးပြုပေးလို့ ရပါတယ်။

အိပ်ပျော်စေတယ်

ခရေ က ကောင်းကောင်းအိပ်ပျော်စေဖို့အတွက် စိတ်တည်ငြိမ်စေနိုင်တဲ့ မယ်လတိုနင် ဟော်မုန်း ထွက်ရှိစေဖို့ လှုံ့ဆော်ပေးပါတယ်။ အိပ်စက်မှု ဖြစ်စဉ်ကို မှန်ကန်စေပြီး ပြည့်ဝတဲ့ အိပ်စက်မှုကို ရရှိစေနိုင်ပါတယ်။

လေဖြတ်နိုင်ခြေ လျှော့ချပေးတယ်

ခရေက နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်ပါတယ်။ ခရေမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း တစ်မျိုးဖြစ်တဲ့ anthocyanin က သွေးထဲက အကျိုးမပြု ကိုလက်စထရောတွေကို ကျဆင်းစေနိုင်ပါတယ်။  သွေးပေါက်ချိန်ကိုလည်း ထိန်းညှိပေးပြီး သွေးကြောတွေကို သွေးစီးဆင်းမှု ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။ လေမဖြတ်စေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

အစာခြေစနစ် ကျန်းမာစေတယ်

ခရေသီးက အစာခြေစနစ်ကို ကျန်းမာစေပြီး အူမကြီးရဲ့ လုပ်ဆောင်မှုတွေကို ကောင်းမွန်စေနိုင်ပါတယ်။ ပွုမှန်လေး ထိုက်သင့်တဲ့ ပမာဏ စားသုံးပေးတာက အစာခြေစနစ်ပြဿနာ ကင်းစေမှာပါ။

ဝိတ်ကျစေနိုင်တယ်

ကယ်လ်လိုရီ ပါဝင်မှု နည်းတဲ့ ခရေသီးက ဝိတ်ကျချင်သူတွေကို အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်စေနိုင်ပြီး ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။

သွေးတိုးကျစေနိုင်တယ်

ခရေမှာ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် ကိုယ်ထဲက ဆိုဒီယမ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းမှာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ် ပမာဏ မျှတအောင် ထိန်းပေးပြီး သွေးမတိုးစေဖို့ ထောက်ကူပေးပါတယ်။

ကြွက်သားနာတာကို သက်သာစေနိုင်တယ်

ခရေ ရဲ့ နောက်ထပ် ကျန်းမာရေး အာနိသင်ကတော့ အရောင်ကျစေပြီး ကြွက်သားတွေ နာကျင်တာကို သက်သာစေနိုင်တာပါ။ အရေပြားပေါ်မှာ တိုက်ရိုက် အသုံးပြုပေးလို့လည်း ရပါတယ်။

အဆစ်နာတာကို သက်သာစေနိုင်တယ်

အဆစ်ရောင် ရောဂါ ခံစားနေရသူတွေအနေနဲ့ အဆစ်တွေ ကိုက်ခဲနာကျင်တာကို သက်သာစေဖို့ ခရေကို အသုံးပြုပေးလို့ ရပါတယ်။ အရိုးပွတာကြောင့် နာကျင်မှုတွေကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။

ဘေးထွက်ဆိုးကျိုး

ခရေက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အများကြီး စားမိရင် လေချုပ်တာမျိုးတော့ ဖြစ်စေနိုင်ပါတယ်။

သတိထားရမယ့် အချက်တွေ

ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement