backup og meta

ဒေါနပန်း ဆေးဖက်ဝင်လား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒေါနပန်း ဆေးဖက်ဝင်လား။
    ဒေါနပန်း လို့ဆိုပေမယ့် တကယ်ကတော့ အရွက်အခက်လေးနဲ့ ပိုတူပါတယ်။ ရနံ့သင်းသင်းလေး ရှိသလို အသွင်အပြင်လေးကလည်း အခြားပန်းတွေနဲ့ မတူပါဘူး။ ဆောင်းအေးအေးလေးမှာ ဒေါနပန်းနံ့ မွှေးမွှေးလေးက စိတ်ကို ကြည်လင်စေနိုင်ပါတယ်။
    ဒီလို အသွင်အပြင်လေးကလည်း ချစ်စရာကောင်းသလို ရနံ့လေးလည်း သင်းတဲ့ ဒေါနပန်းလေးက ကျန်းမာရေးကို ထောက်ကူပေးလား …. ဆေးဖက်ဝင်လားဆိုပြီး သိချင်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်စေချင်ပါတယ်။

    ဒေါနပန်းဆိုတာ

    ဒေါနပန်း ဆိုတာ အပင်ပုမျိုးဖြစ်ပြီး ချုံပင်လိုမျိုး စုစုဝေးဝေး ပေါက်ရောက်တတ်တဲ့ ဒေါနပင်ရဲ့ ပန်းပွင့်လေးတွေပါ။ မြောက် အာဖရိကနဲ့ အရှေ့အလယ်ပိုင်း မျိုးရင်းပင် တစ်မျိုးပါ။ ဆေးဖက်ဝင်အပင်အဖြစ် အသုံးပြုခဲ့ကြပါတယ်။

    ဒေါနပန်းမှာပါတဲ့ ဓာတုပစ္စည်းတွေက ကပ်ပါးပိုးတွေနဲ့ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။ သွေးတွင်းသကြားဓာတ်ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

    ဒေါနပန်း ဆေးဖက်ဝင်လား။

    ဒေါနပန်း ဆေးဖက်ဝင်လား။

    ဆေးဖက်ဝင်တယ်လို့ ဖြေပါရစေ။ ဒေါနပန်းကို ရှေးယခင်ကာလတွေကတည်းက အမျိုးမျိုးသော ဝေဒနာတွေကို ကုသဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။

    (၁) ဆီးချို သက်သာစေနိုင်တယ်။

    သုတေသနပြုမှုတွေအရ ဒေါနပန်းရဲ့ သတ္တုရည်က အမျိုးအစား (၂) ဆီးချို ခံစားနေရသူတွေမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပါတယ်။

    (၂) သန်ကျစေနိုင်တယ်

    ဒေါနပန်းက အူလမ်းကြောင်းတလျှောက်မှာရှိနေတဲ့ သန်ကောင်းတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ သတ္တုရည်ကို ရေနဲ့ ရောစပ်ပြီး သန်ကျစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

    (၃) အစာခြေစနစ်ကို ကျန်းမာစေနိုင်တယ်

    ဒေါနပန်းကို ရှေးယခင်ကာလတွေကတည်းက အစာခြေစနစ် နဲ့ပတ်သက်တဲ့ဝေဒနာတွေကို ကုသဖို့အတွက်အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ အစာမကြေတာကိုသက်သာစေဖို့အသုံးပြုခဲ့ကြပါတယ်။ ဒေါနပန်းက သည်းခြေရည်ထွက်အောင်လည်း လှုံ့ဆော်ပေးနိုင်ပါတယ်။
    သည်း ခြေအိတ် နဲ့ အသည်းကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ချင်း၊ ပူဒီနံတို့နဲ့တွဲဖက်ပြီးတော့လည်း သုံးဆောင်ပေးနိုင်ပါတယ်။

    (၄) အစာခြေလမ်းကြောင်း ရောင်ရမ်းမှု သက်သာစေနိုင်တယ်။

    ဒေါနပန်းပင်မှာ အစာချေလမ်းကြောင်းရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ဓာတ်ပါဝင်နေပါတယ်။ လူအယောက် ၂၀ ကို လေ့လာခဲ့တဲ့လေ့လာမှုမှာ ဒေါနပန်းကိုတစ်ခါ သောက် ၅၀ဝ မီလီဂရမ်နှုန်းနဲ့တစ်နေ့ သုံးကြိမ် ၁၀ ရက်ကြာ သောက်သုံးမှုက အစာချေလမ်းကြောင်း ရောင်ရမ်းမှုကို သက်သာစေတယ်လို့တွေ့ရှိခဲ့ရပါတယ်။

    (၅) အူမကြီးကို ကျန်းမာစေနိုင်တယ်

    ဒေါနပန်းက ဗိုက်နာတာ၊ ဝမ်းလျှောတာ၊ ဝမ်းချုပ်တာ၊ လေပွတာအပါအဝင် အူမကြီးတလျှောက်မှာဖြစ်တဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်စွမ်းရှိပါသေး တယ်။ အော့အန်တာနဲ့ရင်ပူတဲ့ ဝေဒနာတွေကိုလည်း သက်သာစေနိုင်စွမ်းရှိပါတယ်။

    (၆) ကပ်ပါးပိုးတွေကို သုတ်သင်ပေးပါတယ်

    ဒေါနပန်းက ခန္ဓာကိုယ်ကိုထိခိုက်စေနိုင်တဲ့ ကပ်ပါးပိုးတွေကိုသေစေနိုင်စွမ်းရှိပါတယ်။ အပေါ်မှာပြောခဲ့သလို အစာခြေလမ်းကြောင်း တလျှောက်မှာရှိနေတဲ့ တုတ်ကောင်၊ သန်ကောင်တွေကို လည်း သေစေနိုင်စွမ်းရှိပါတယ်။
    အူလမ်းကြောင်းကိုကျန်းမာစေပြီး အန္တရာယ်ဖြစ်စေနိုင်တဲ့ကပ်ပါးပိုးတွေကို သေစေနိုင်စွမ်းလည်းရှိပါတယ်။ အရေပြားပိုးဝင်တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။

    (၇) ရာသီသွေး မှန်စေနိုင်တယ်

    ဒေါနပန်းက ရာသီသွေးကိုပေါ်စေနိုင်ပြီး ရာသီသွေးစက်ဝန်းကိုမှန်ကန်အောင်လုပ်ဆောင်ပေးပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့တော့ ကိုယ်ဝန်ပျက်ကျတာမျိုးဖြစ်နိုင်တာကြောင့် အသုံးမပြုသင့်ပါဘူး။
    ကြွက်သားတွေ တောင့်တင်းနေတာကို သက်သာစေနိုင်စွမ်းရှိသလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ရောင်ရမ်းမှုကို သက်သာစေနိုင် ပြီး လေးဖက်နာကြောင့် အဆစ်အမြစ်တွေ နာကျင်တာကိုလည်း သက်သာစေနိုင်ပါသေးတယ်။

    (၉) စိတ်ဖိစီးမှု ပြေလျော့စေနိုင်တယ်

    ဒေါနပန်းကလည်း အခြားဆေးဖက်ဝင်အပင်တွေလိုပဲ စိတ်ကျန်းမာရေးကို ထောက်ကူပေးပြီး စိတ်ဖိစီးတာ၊ စိုးရိမ်စိတ်များတာတွေကို သက်သာစေနိုင်ပါတယ်။

    (၈) အစားစားချင်စိတ် ဖြစ်စေနိုင်တယ်

    ဖျားနာမှုကြောင့် အစားစားချင်စိတ်ပျောက်နေသူတွေကို အစားစားချင်စိတ်ဖြစ်အောင် လှုံ့ဆော်ပေးနိုင်စွမ်းရှိပါတယ်။ ဒေါနပန်းအဆီ ၁၀ စက် ဒါမှမဟုတ် အစက်၂၀ လောက် ကို ရေတစ်ဖန်ခွက်ထဲထည့်ပြီး အစားစားပြီး ၁၅ မိနစ်ကြာတိုင်းသောက်သုံးပေးလို့ရပါတယ်။

    ဒေါနပန်းကို အခုလို ကျန်းမာရေးပြဿနာတွေကိုလည်း သက်သာစေနိုင်ပါတယ်။

    ဒါတွေအပြင် ဒေါနပန်းက

    • ငှက်ဖျားရောဂါ
    • ကင်ဆာ
    • ဗိုက်အောင့် ဗိုက်နာ
    • အအေးမိ၊ ဖျားနာ
    • ဝက်သက်
    • အသားဝါ
    • ကြွက်သား အားနည်းတာ
    • နှလုံးခုန် မမှန်တာလိုမျိုး ဝေဒနာတွေကို သက်သာစေဖို့လည်း အသုံးဝင်ပါတယ်။

    ဘေးထွက်ဆိုးကျိုး

    ဒေါနပန်းက ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမား မရှိပါဘူး။ တန်ဆေး လွန်ဘေး ဆိုသလို အလွန်အကျွံ မဖြစ်အောင်တော့ သတိထားဖို့ လိုပါမယ်။

    သတိထားရမယ့် အချက်တွေ

    ဆီးချိုရှိသူတွေအနေနဲ့တော့ ဆီးချိုဆေးနဲ့ အတူ တွဲသောက်တာမျိုး မလုပ်သင့်ပါဘူး။ သွေးတွင်းသကြားဓာတ် အလွန်အကျွံ ကျဆင်းသွားနိုင်လို့ပါ။

    အစာဓာတ်မတည့်မှု ဖြစ်စေနိုင်တာကြောင့် ဓာတ်မတည့်မှု ခံစားဖူးသူတွေအနေနဲ့ သတိထားဖို့ လိုပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 17/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement