ဆံသားတွေ ကျန်းမာစေပြီး ဦးရေပြားကို အာဟာရ ဖြည့်ပေးဖို့ ဗေဒါပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ခေါင်းကို အနံ့အသက် ကင်းစေပြီး ဦးရေပြားမှာ ဖြစ်တဲ့ ဗောက်တွေကို သက်သာစေနိုင်ပါတယ်။ ဦးရေပြား အဆီမပြန်အောင် ကာကွယ်ပေးပါတယ်။
ဗေဒါပင်ရဲ့ လေအိတ်လေးတွေကို ရေစင်အောင်ဆေးပြီး ကြိတ်ထားတဲ့ သတ္တုရည်ကို လည်ချောင်းနာတာ သက်သာစေဖို့ အသုံးပြုပေးလို့ ရသလို နားကိုက်တာကို သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။
အဆိပ်ရှိတဲ့ ပိုးကောင်တွေ ကိုက်တာကို သက်သာစေဖို့အတွက် ဗေဒါပင် အရွက် သတ္တုရည်ကို လိမ်းပေးလို့ ရပါတယ်။ အရွက်ကို ကြိတ်ပြီး အုံပေးလို့လည်း ရပါတယ်။
နို့တိုက်မေမေတွေ နို့ထွက်များစေဖို့အတွက်လည်း ဗေဒါပင်ကို အသုံးပြုပေးလို့ ရပါတယ်။ ရေစင်အောင်ဆေးထားတဲ့ ဗေဒါပင် နုနုကို ပြုတ်ပြီး ပြုတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။
လေဒီလေးတွေ ရာသီထိမ်နေတာကို သက်သာစေဖို့ဆိုရင် ဗေဒါပန်းကို ပြုတ်ပြီး တို့စားတာ၊ သုပ်စားတာမျိုး စားပေးလို့ ရပါတယ်။ ရာသီသွေး မှန်စေဖို့ ထောက်ကူပေးနိုင်ပါတယ်။
ရေထဲမှာ သဘာဝအတိုင်း အလေ့ကျ ပေါက်ရောက်တဲ့ ဗေဒါပင်က အခုလို ဆေးဖက်ဝင်ပါတယ်။
ဘေးထွက်ဆိုးကျိုး
ဘေးထွက်ဆိုးကျိုးရယ်လို့ ကြီးကြီးမားမား မရှိပါဘူး။ တစ်ခု သတိထားရမှာကတော့ အလွန်အကျွံ မသုံးဖို့ပါ။ အရင်က သုံးဖူးပြီး ဓာတ်မတည့်ပြဿနာဖြစ်ဖူးရင်လည်း ထပ်မသုံးသင့်ပါ။
သတိပြုရန် အချက်များ
ဗေဒါပင်ကို အရေပြားပေါ်မှာ တိုက်ရိုက်အသုံးပြုတာက ပြဿနာ မရှိပေမယ့် သောက်မယ်ဆိုရင်တော့ ရောဂါအခံရှိသူတွေ ကျန်းမာရေး ပြဿနာ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရမယ်။ ကိုယ်ဝန်ဆောင်ဖြစ်မယ်။ နို့တိုက်မိခင် ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်စေချင်ပါတယ်။
ဗေဒါပင်နဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် ဓာတုဗေဒနည်းအရ သန့်စင်ထားခြင်း မရှိရင် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်နိုင်တာကို သိထားရန် လိုအပ်ပါသည်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။