ဓာတ်တိုးဆန့်ကျင် အာနိသင် ကြွယ်ဝတာကြောင့် အရောင်ကျစေနိုင်ပါတယ်။ ဦးခေါင်းထဲက သွေးကြောတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှု ကောင်းစေနီုင်ပါတယ်။ စိတ်ဓာတ်ကျမှု ကင်းစေပြီး
စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်တာ၊ နာတာရှည် ခေါင်းတစ်ခြမ်းကိုက်တာတွေကို သက်သာစေနိုင်ပါတယ်။
ရှိန်းခိုက ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို ကောင်းမွန်စေပြီး သွေးတွင်းကိုလက်စထရောကို ကျဆင်းစေနိုင်ပါတယ်။ သွေးကြောတွေ ရောင်တာကို သက်သာစေပြီး သွေးကြောထဲမှာ အနယ်တွေဖြစ်တာ သွေးကြောကျဉ်းတာတွေကို သက်သာစေနိုင်ပါတယ်။
ရှိန်းခိုမှာ ပိုတက်ဆီယမ် ပါဝင်နေတာကြောင့် ကိုယ်တွင်းက ဆိုဒီယမ် ပမာဏကို ထိန်းညှိပေးပါတယ်။ သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး သွေးကြောတွေကို ပြေလျော့စေနိုင်ပါတယ်။ သွေးစီးဆင်းမှု ကောင်းစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲက နေရာအနှံ့ကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေပါတယ်။
သွေးကြောအတွင်းနံရံတွေအပေါ် ဖိအား သက်ရောက်မှုကို လျှော့ချပေးပြီး သွေးလွှတ်ကြောတွေ သွေးပြန်ကြောတွေကို ထိခိုက်မှု မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။
ရှိန်းခိုက သွေးကြောထဲမှာ သွေးမခဲစေဖို့လည်း ကာကွယ်ပေးပါတယ်။ သွေးပေါင်ကို ထိန်းညှိပေးပြီး နှလုံး ကျန်းမာစေဖို့လည်း ထောက်ကူပေးပါတယ်။
ရှိန်းခိုမှာ ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးနိုင်ပြီး အရောင်ကျစေနိုင်တဲ့ အာနိသင်ရှိတာကြောင့် အရေပြားမှာ အင်းဆက်တွေ ကိုက်ပြီး ရောင်ရမ်းနာကျင်တာကို သက်သာစေနိုင်ပါတယ်။
ရှိန်းခိုရဲ့ နောက်ထပ် အာနိသင်တစ်ရပ်က အရေပြားကို ကျန်းမာစေပြီး ဝက်ခြံ ကင်းစေသလို အသားအရေကို ကြည်လင် လှပစေမှာပါ။ အရေပြားပေါ်မှာ သနပ်ခါး၊ rose water တို့နဲ့ တွဲပြီး အသုံးပြုပေးလို့ ရပါတယ်။
အနံ့ဆိုးပေမယ့် ရှိန်းခိုက ကျန်းမာရေးကို အခုလို ထောက်ကူပေးပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။