home

သဘာဝဆေးဖက်ဝင်

ပညာရှင်တွေရဲ့ အကြံပေးချက်တိုင်း သဘာဝဆေးဖက်ဝင် ပစ္စည်းတွေကို နည်းစနစ်တကျ သုံးနိုင်မယ်ဆိုရင် သင့်ရောဂါကုသရေးနဲ့ ကျန်းမာရေးအတွက် အထောက်အကူဖြစ်မှာပါ။

ကျန်းမာရေးဗဟုသုတ

သဘာဝဆေးဖက်ဝင်

မြန်မာနိုင်ငံမှာ သဘာဝဆေးဖက်ဝင် အပင်တွေက တော်တော်ခေတ်စားပါတယ်။ အနောက်တိုင်း ဆေးဝါးတွေက ပြင်းတယ်၊ ဘေးထွက်ဆိုးကျိုးများတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သဘာဝဆေးဖက်ဝင်အပင်တွေကို တွင်တွင်ကျယ်ကျယ် သုံးစွဲလာကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သတိထားရမယ့် အချက်တွေကို ပြောပြပေးလိုပါတယ်။ သဘာဝဆေးဖက်ဝင် အပင်ဆိုတာ အပင်ရဲ့ အစိတ်အပိုင်းတွေ ဖြစ်တဲ့ အရွက်၊ အမြစ် စတဲ့ ပဉ္စငါးပါးကို လိုသလိုပြုပြင်ပြီး အသုံးချတာပါ။ ဒါတွေကို ရိုးရာနည်းအရ ပြုတ်သောက်၊ သုပ်စား စတာတွေ လုပ်သလို နောက်ပိုင်းမှာ ဆေးဖော်တဲ့နေရာ၊ အနောက်တိုင်းဆေးတွေလို ဆေးတောင့်တွေအနေနဲ့ သုံးလာကြပါပြီ။ ဒါပေမယ့် ဒီဆေးတွေက တခြားဆေးတွေလိုပါပဲ။ သေသေချာချာ မသုံးဘူးဆိုရင် ခန္ဓာကိုယ်ကို ဥပါဒ်ဖြစ်စေနိုင်ပါတယ်။ သဘာဝဆေးဖက်ဝင် အပင်တွေကို သုံးစွဲတဲ့အခါ သတိထားရမယ့် အချက်များ တခြားဆေးတွေနဲ့ ဓာတ်ပြုနိုင်ပါတယ်။ တခြားသောက်နေတဲ့ ဆေးတွေရဲ့ အာနိသင်ကို ကျစေ၊ တိုးစေနိုင်တာမျိုး ရှိနိုင်ပါတယ်။ ဒါကနေ […]

အမေးအဖြေကဏ္ဍ

သဘာဝဆေးဖက်ဝင် နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

သဘာဝဆေးဖက်ဝင်

ချောဆီဆိုတာ လိင်ဆက်ဆံတဲ့အခါမှာ ထိခိုက်ပွန်းပဲ့မှုနည်းစေဖို့၊ အဝင်အထွက်ချောစေဖို့အတွက် မဖြစ်မနေ အသုံးပြုပေးရပါတယ်။ အမျိုးသမီးတွေမှာ ဟော်မုန်းအပြောင်းအလဲကြောင့် သဘာဝချောဆီ နည်းသွားပြီး မိန်းမကိုယ်ခြောက်သွေ့တာမျိုး ဖြစ်နိုင်တဲ့အတွက် ချောဆီမသုံးဘဲ လိင်ဆက်ဆံရင် အနာတရဖြစ်မိပြီး လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဝင်ရောက်နိုင်ပါတယ်။ တံတွေးကို ချောဆီအဖြစ်နဲ့ သုံးလို့ရလား။ တံတွေးဟာ ကနဦးထိုးသွင်းကာစမှာ အဝင်အထွက်ကို ချောမွေ့စေပေမယ့် အချိန်ကြာလာတာနဲ့အမျှ ခြောက်သွားတတ်ပါတယ်။ ဒါ့အပြင် ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားရဲ့ ပါးစပ်မှာ အနာဖြစ်နေရင်၊ ရေယုန်ပေါက်နေရင်၊ ခံတွင်းသန့်ရှင်းမှုမရှိရင် ပါးစပ်ထဲက ရောဂါပိုးတွေဟာ တံတွေးကနေတစ်ဆင့် မိန်းမကိုယ်ထဲကို ဝင်သွားပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါ့ကြောင့် မဖြစ်မနေ တံတွေးကို ချောဆီအဖြစ် သုံးရတော့မယ်ဆိုရင် ထိုးသွင်းဆက်ဆံခံရသူအနေနဲ့ မိမိရဲ့ ကိုယ်ပိုင်တံတွေးကိုသာ အသုံးပြုသင့်ပါတယ်။ ကွန်ဒုံးသုံးရင် ချောဆီသုံးသင့်လား။ တချို့သော ကွန်ဒုံးအမျိုးအစားတွေမှာ ချောဆီအနည်းငယ် ပါပြီးသားဆိုပေမယ့် လိင်ဆက်ဆံနေစဉ် လွယ်ကူချောမွေ့စေဖို့အတွက် အပြင်ကနေ ချောဆီအကူ […]

သဘာဝဆေးဖက်ဝင်

ဂျင်ဆင်းကို တရုတ်နဲ့ကိုရီးယားနိုင်ငံတွေရဲ့ တိုင်းရင်းဆေးပညာရပ်တွေမှာ နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ နောက်ပိုင်းမှာ အနောက်နိုင်ငံတွေမှာပါ စိုက်ပျိုးမှုတွေ ပြုလုပ်လာကြပါတယ်။ ဂျင်ဆင်းမှာ မျိုးကွဲတွေလည်း ရှိပါတယ်။ ဂျင်ဆင်းမှာအဓိက ပါဝင်တဲ့ ginsenosides နဲ့ gintonin ကြောင့် ကျန်းမာရေးအတွက် အထောက်အကူပြုခြင်း ဖြစ်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ဂျင်ဆင်းကြောင့်ရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ ဖြစ်ပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းကြွယ်ဝပြီး ရောင်ရမ်းမှုကိုကျစေခြင်း ဂျင်ဆင်းမှာ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ရောင်ရမ်းမှုကိုကျစေတဲ့ အာနိသင်တွေ ရှိပါတယ်။ အရေပြားဆဲလ်တွေရဲ့ ရောင်ရမ်းမှုကိုကျစေတယ်လို့ သိရပါတယ်။ ဒါကြောင့် နှင်းခူလို အရေပြားပြဿနာတွေကို ကုသရာမှာ အထောက်အကူပြုပါတယ်။ ဓာတ်တိုးဖိစီးခြင်း (oxidative stress) တွေကို ကာကွယ်ပေးနိုင်တာကြောင့် ကိုယ်ခန္ဓာဆဲလ်တွေ အချိန်မတိုင်မီ ပျက်စီးခြင်းတွေကနေ ကာကွယ်ပေးပါတယ်။ ဦးနှောက်လုပ်ငန်းဆောင်တာများကို အကျိုးပြုခြင်း ဂျင်ဆင်းဟာ မှတ်ဉာဏ်ပိုင်း၊ အမူအကျင့်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စတဲ့ဦးနှောက်နဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ အထောက်အကူပြုပါတယ်။ ဂျင်ဆင်းမှာပါဝင်တဲ့ ginsenosides […]

သဘာဝဆေးဖက်ဝင်

ကလျာဏီပင်ကို ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ သုံးစွဲကြသလို ဆေးဖက်ဝင်အပင်အနေနဲ့လည်း လူသိများပါတယ်။ မျိုးကွဲပေါင်းလည်းများစွာရှိပြီး ကမ္ဘာ့နေရာအနှံ့အပြားမှာ ပေါက်ရောက်ပါတယ်။ ကလျာဏီကို လတ်ဆတ်တဲ့အပင်အတိုင်းဖြစ်စေ၊ အခြောက်ခံထားတဲ့ ပုံစံနဲ့ဖြစ်စေ၊ အဆီထုတ်ပြီးဖြစ်စေ အသုံးပြုနိုင်ပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ကလျာဏီပင်ရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေဖြစ်ပါတယ်။ အာဟာရဓာတ် ကြွယ်ဝခြင်း ကလျာဏီပင်မှာ ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အာဟာရဓာတ်များစွာ ပါဝင်ပါတယ်။ ကလျာဏီအခြောက်မှုန့် တစ်ဇွန်းစာ (ဝ.၇ ဂရမ်) မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကတော့ - ကယ်လိုရီ ၂ - ပရိုတင်း။ ဝ.၁ ဂရမ် - ကာဘိုဟိုက်ဒရိတ်။ ဝ.၄ ဂရမ် - အဆီဓာတ်။ ဝ.၁ ဂရမ် - သံဓာတ်။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း - ဗီတာမင် K။ တစ်နေ့တာလိုအပ်ချက်၏ ၁၀ ရာခိုင်နှုန်း - ဗီတာမင် B6။ တစ်နေ့တာလိုအပ်ချက်၏ ၁.၁ ရာခိုင်နှုန်း - ကယ်လ်ဆီယမ်။ […]

သဘာဝဆေးဖက်ဝင်

ရှေးနှစ်ပေါင်းများစွာကတည်းက ဗိုင်းရပ်စ်ရောဂါပိုးဝင်ခြင်း အပါအဝင် ရောဂါမျိုးစုံအတွက် ကုသရာမှာ ဆေးဖက်ဝင်အပင်များကို အသုံးပြုခဲ့ကြပါတယ်။ အပင်တချို့ဆိုရင် သုတေသနများအရ ဗိုင်းရပ်စ်ဆန့်ကျင်နိုင်တဲ့ အာနိသင်တွေရှိကြောင်း အတည်ပြုနိုင်တဲ့အတွက် ယနေ့ခေတ်ကာလထိ တိုင်းရင်းဆေးပညာနယ်ပယ်များမှာ အသုံးပြုနေဆဲဖြစ်ပါတယ်။ အထူးသဖြင့် ယခုဆက်လက်ဖော်ပြမယ့် ဆေးဖက်ဝင်အပင်များမှာ ဗိုင်းရပ်စ်ဆန့်ကျင်တဲ့ အာနိသင် ရှိနေပါတယ်။ ၁။ ကလျာဏီ ကလျာဏီဟာ ပူစီနံအုပ်စုဝင် အပင်တမျိုး ဖြစ်ပါတယ်။ ရနံ့မွှေးပျံ့ပြီး ဗိုင်းရပ်စ်ကူးစက်ခြင်းကို ကုသရာမှာ အသုံးပြုကြပါတယ်။ အဓိကအားဖြင့် ကလျာဏီမှာပါဝင်တဲ့ safficinolide ဓာတ်ပစ္စည်းဟာ ဗိုင်းရပ်စ်ပိုးတွေကို တိုက်ခိုက်နိုင်တဲ့ အာနိသင်ရှိပါတယ်။ HIV ရောဂါပိုးကိုပါ တိုက်ခိုက်နိုင်ခြင်း ရှိ၊မရှိ သုတေသနတွေ ထပ်မံလုပ်ဆောင်နေကြကြောင်း သိရပါတယ်။ ၂။ ပင်စိမ်း ပင်စိမ်းမှာ အမျိုးအစားပေါင်းစုံတော့ ရှိပါတယ်။ ပင်စိမ်းပင်တွေမှာ ပါဝင်တဲ့ apigenin နဲ့ ursolic အက်ဆစ်ဆိုတဲ့ ဓာတ်ပစ္စည်းများဟာ ရေယုန်ဗိုင်းရပ်စ်ပိုး၊ အသည်းရောင်အသားဝါ […]

သဘာဝဆေးဖက်ဝင်

ရှီးပဒီး ဆိုတာ သက်ရှိတစ်ပိုင်း၊ အပင်တစ်ပိုင်း လို့ သိထားကြသလို တန်ဖိုးကြီးတဲ့ ရှားပါးဆေးဖက်ဝင်ပစ္စည်း လည်း ဖြစ်ပါတယ်။ တကယ်တော့ သူဟာ သက်ရှိသတ္တဝါ မဟုတ်ပါဘူး။ အာရှဒေသတွေရဲ့ မြင့်မားတဲ့တောင်ထိပ်တွေမှာ တွေ့ရှိရတတ်တဲ့ မှိုတစ်မျိုးသာ ဖြစ်ပါတယ်။ အင်းဆက်ပိုးလောင်းတွေရဲ့ ကိုယ်ပေါ်မှာ ရှင်သန်တဲ့ ကပ်ပါးမှိုတစ်မျိုး ဖြစ်ပြီး လက်ခံပိုးလောင်းကို ကပ်တွယ်သိမ်းယူပြီး ပိုးလောင်းခန္ဓာကိုယ်မှာ အပင်အဖြစ် ရှင်သန်လာခဲ့တာပါ။ ဒါ့ကြောင့် သူ့ကို ဆောင်းမှာ ပိုးကောင်၊ နွေမှာ သစ်ပင် လို့ ခေါ်ဆိုကြတာပေါ့။ ရှီးပဒီး ဖြစ်လာတဲ့အခါ ပိုးလောင်းလေးရဲ့ ခန္ဓာကိုယ်ကနေ အညှောင့်လေးထွက်လာပြီး အခုလို ပုံသဏ္ဍာန် ဖြစ်လာပါတယ်။ ဒီအပင်တွေကိုမှ တူးယူပြီး အခြောက်ခံကာ တန်ဖိုးကြီးဆေးဝါးတွေ အဖြစ် ပြန်လည်ရောင်းချကြပါတယ်။ ရောဂါအစုံကို ကုသနိုင်တယ်၊ ခွန်အားတိုးတယ်ဆိုပြီး တရုတ်တိုင်းရင်းဆေးလောကမှာတော့ ရှီးပဒီးက ဆရာတစ်ဆူပါပဲ။ ဆေးဖက်ဝင်တာ […]

သဘာဝဆေးဖက်ဝင်

ကွမ်းရွက်လို့ ပြောလိုက်ရင် ကွမ်းယာစားဖို့အတွက်ပဲ အသုံးဝင်တယ်လို့ ယူဆနေတုန်းလား။ ကွမ်းရွက်က ကွမ်းယာအတွက်ပဲ မဟုတ်ပါဘူး။ အလှအပအတွက်လည်း အသုံးဝင်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ကွမ်းရွက်လေးသုံးပြီး အလှအပ ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေး အကြောင်း ပြောပြပေးပါရစေ။ အလှအပအတွက် ကွမ်းရွက်ရဲ့ အသုံးဝင်ပုံက ကွမ်းရွက်လေးက ဆံပင်ကျွတ်တာ သက်သာစေတယ် ကွမ်းရွက်ကို ဆံသားနဲ့ ဦးရေပြား ပြဿနာ အမျိုးမျိုးအတွက် အသုံးပြုပေးလို့ ရပါတယ်။ ဆံပင်ကျွတ်တတ်သူတွေအနေနဲ့ ကွမ်းရွက် ၅ ရွက် ကနေ ၆ ရွက်ခန့်ကို ကြိတ်ခြေပါ။ ကြိတ်ခြေထားတဲ့ ကွမ်းရွက်ထဲကို နှမ်းဆီ ဒါမှမဟုတ် အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာ ထည့်လို့ သမအောင် မွှေပါ။ ရလာတဲ့ အနှစ်ကို ဦးရေပြားပေါ်မှာ လိမ်းလို့ လက်ချောင်းလေးတွေ သုံးပြီး နှိပ်နယ်ပါ။ မိနစ် ၂၀ လောက်ထားပြီးရင် ခေါင်းကို လျှော်နေကျ ခေါင်းလျှော်ရည် […]

သဘာဝဆေးဖက်ဝင်

ဗာဒံရွက်လို့  ပြောလိုက်ရင် ထုပ်ပိုးစရာ တစ်ခုလို့ပဲ မြင်မယ်ထင်ပါတယ်။ တကယ်က ဗာဒံရွက် ဆိုတာက ငယ်ငယ်က အမြင်ရ များသလို မရမ်းသီး ဆေးသကြားစိမ် ထည့်စားရုံ၊ ကောက်ညှင်းပေါင်း၊ မုန့်ပြားသလက် စတာတွေကို ထည့်စားရုံလောက်ပဲ မဟုတ်ပါဘူး။ လမ်းပေါ်မှာ အမှိုက်လို ပြန့်ကျဲနေတဲ့ ဗာဒံရွက်က ဘယ်လိုများ ဆေးဖက်ဝင်လဲ ဆိုတာကို ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဗာဒံရွက် အပူပိုင်း ဒေသတွေမှာ ပေါက်ရောက်တဲ့ ဗာဒံပင်တွေက မြန်မာနိုင်ငံရဲ့ နေရာ တော်တော်များများမှာ တွေ့မြင်နိုင်ပါတယ်။ အရွက်ဖားဖား အစိမ်းရောင် ရှိပြီး နောက်ကျောမှာ အရိုးတံလေးတွေ အမြှောင်းလိုက် ဖြစ်နေတတ်ပါတယ်။ နုစဉ်မှာ မွှေးညှင်းလေးတွေ ပါတတ်ပေမယ့် ရင့်သွားတဲ့အခါ ပြောင်ချော နေတတ်ပါတယ်။ ဗာဒံရွက်ကို စားလို့ရလား......... ဗာဒံရွက်ကို စားစရာထည့်တာနဲ့ တိရစ္ဆာန် အစာ (အထူးသဖြင့် ဆိတ်စာ) အဖြစ် […]

သဘာဝဆေးဖက်ဝင်

သစ်ကြံပိုးခေါက်ကို သစ်ကြံပိုးပင်ရဲ့ အတွင်းပိုင်း သစ်ခေါက်လွှာကနေ ထုတ်လုပ်ထားပြီး ဟင်းခတ်အမွှေးအကြိုင်အနေနဲ့ အသုံးပြုကြပါတယ်။ သစ်ကြံပိုးခေါက်မှာ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အာနိသင်တွေ ရှိပါတယ်။ အထူးသဖြင့် သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်စေခြင်း၊ နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း စတဲ့အာနိသင်တွေ ပေးပါတယ်။ သစ်ကြံပိုးခေါက်ကို အတန်အသင့်စားသုံးရင် ဘေးကင်းစိတ်ချရပါတယ်။ ဒါပေမယ့် လိုတာထက် ပိုစားမိရင်တော့ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကအားဖြင့် သစ်ကြမ်းပိုးခေါက်မှာ ပါဝင်တဲ့ coumarin ဓာတ်ကြောင့် ဖြစ်ပါတယ်။ သုတေသနတွေအရ coumarin ဓာတ်ကို အလွန်အကျွံ စားသုံးမိရင် အသည်းကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်နိုင်ခြေလည်း မြင့်တက်စေနိုင်ပါတယ်။ တခြားသော ကျန်းမာရေးပြဿနာတွေလည်း ရှိပါသေးတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ သစ်ကြံပိုးခေါက်ကို လွန်ကဲစွာ သုံးစွဲမိတဲ့အခါ ရလာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်ပါတယ်။ ၁။ အသည်းကို ထိခိုက်စေနိုင်ပါတယ် သစ်ကြံပိုးခေါက် တစ်ဇွန်းစာ (၂.၆ ဂရမ်) […]

သဘာဝဆေးဖက်ဝင်

ကျွန်းလို့ ပြောလိုက်ရင် ကျွန်းသစ်၊ အိမ်ထောင်ပရိဘောဂတွေလုပ်မယ် အိမ်ဆောက်မယ် စတာတွေပဲ ပြေးမြင်မိမယ်ထင်ပါတယ်။ အာဟာရတန်ဖိုး မရှိနိုင်သလို ကျန်းမာရေးကို အထောက်အကူ ပြုလိမ့်မယ်လို့လည်း ထင်မထားမိလောက်ပါဘူး။ တကယ်တော့ ကျွန်းသစ်ကို ထုတ်လုပ်နေတဲ့ ကျွန်းပင်တွေရဲ့ အရွက်တွေဖြစ်တဲ့ ကျွန်းရွက်လေး က အခြား ဆေးဖက်ဝင် အပင်တွေ နည်းတူ ကျန်းမာရေး အာနိသင်ရှိနေပါတယ်။ ကျွန်းရွက် ဆိုတာ အရွက်ခပ်ဖားဖား နဲ့ ကြီးကြီးပြန့်ပြန့် သဏ္ဍာန်ရှိပြီးစင်တီမီတာ ၂၀ ကနေ ၃၀ လောက်အထိရှည်လျားပါတယ်။ အရွက်က ခပ်ကြမ်းကြမ်းရှိပြီး အရွက်ရဲ့ အပေါ်ယံ မျက်နှာပြင်မှာ မီးခိုရောင် ဒါမှမဟုတ် အဝါရောင်သန်းသန်း အမွှေးနုလေးတွေ ပါပါတယ်။ နုစဉ်မှာ အနီရောင်သန်းပြီး အစိမ်းရောင် ဖြစ်လာတာက ရင့်လာတာပါ။ ကျွန်းရွက်လေး ကပေးတဲ့ ကျန်းမာရေး အရွက်ဖားဖားနဲ့ လက်မှာပွတ်လိုက်ရင် နီနီလေးဖြစ်သွားစေတဲ့ ကျွန်းရွက်လေး က ပန်းနာရင်ကျပ် […]

သဘာဝဆေးဖက်ဝင်

ဝါးရွက်လေးတွေကို ပြာရည်ထုပ်။ ကောက်ညှင်းထုပ်လေးတွေ ထုပ်ဖို့ပဲ သုံးလို့ရတယ်လို့ ထင်နေတာလား။ ဝါးရွက်က ကျန်းမာရေးကိုလည်း အထောက်အကူပြုပေးသေးတယ်။ ဘယ်လိုများ အထောက်အကူပြုလို့လဲ သိချင်ရင်တော့ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်နော်။ ဝါးရွက်ဆိုတာ အာဟာရပါရဲ့လား........... ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင်အာနိသင် ကြွယ်ဝသလို အမျှင်ဓာတ်လည်း ကြွယ်ဝပါတယ်။ ဒါကြောင့် ပန်ဒါလေးတွေ ဝါးပင်ဝါးရွက်တွေကို စားပြီး အသက်ရှင်နေတာပေါ့။ ဝါးပင်က နုစဉ်မှာ မျှစ်အဖြစ် စားသုံးလို့ရသလို ရင့်လာတဲ့အခါ အိမ်ထောင်ပရိဘောဂတွေအဖြစ် အသုံးပြုလို့ ရပါတယ်။ ဝါးရွက်မှာ ဓာတ်တိုးဆန့်ကျင် အာနိသင်၊ အမျှင်ဓာတ် အပြင် silica လည် ပါဝင်ပါတယ်။ silica က အရိုးတွေကို သန်မာစေတာ၊ လက်သည်းခြေသည်းတွေကို ကျန်းမာစေတာ၊ ဆံသားတွေကို ကျန်းမာစေတာ စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ပေးပါတယ်။ ဝါးရွက်ကပေးတဲ့ ကျန်းမာရေး စိမ်းစိမ်းစိုစို ဝါးရွက်လေးက အရေပြားကို ကျန်းမာစေတယ် ဝါးရွက်က […]

သဘာဝဆေးဖက်ဝင် ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon