အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာပျော်ရွှင်ခြင်းအတွက် သိပ်ကိုအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမယ့် ဘာကြောင့် အိပ်ရေးဝဖို့ က အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ။ ဘယ်လို အိပ်စက်သင့်လဲဆိုတာကိုရော သိကြပါရဲ့လား။
အိပ်စက်ခြင်းဟာ လူတစ်ယောက်ရဲ့ ကျန်းမာပျော်ရွှင်ခြင်းအတွက် သိပ်ကိုအရေးပါတဲ့ လုပ်ငန်းစဉ်တစ်ခုပါ။ ဒါပေမယ့် ဘာကြောင့် အိပ်ရေးဝဖို့ က အလွန်အရေးကြီးတယ်လို့ ဆိုနေရတာလဲ။ ဘယ်လို အိပ်စက်သင့်လဲဆိုတာကိုရော သိကြပါရဲ့လား။
ကောင်းကောင်းအိပ်စက်တာက လေ့ကျင့်ခန်းလုပ်တာနဲ့ အာဟာရပြည့်ဝအောင်စားသောက်တာလိုပဲ လူခန္ဓာကိုယ်ကြီးအတွက် အရေးပါလှပါတယ်။ ဒါပေမယ့် လူတိုင်းကတော့ အိပ်ရေးဝဝမအိပ်စက်ဖြစ်ကြပါဘူး။ ခုခေတ်မှာဆို ပိုဆိုးပါတယ်။ လူတိုင်းက အရင်တုန်းကထက် အိပ်စက်ချိန်ပိုနည်းပါးလာကြတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။
လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက်အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာပါ။
တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိဘူးဆိုပေမယ့် အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေပါ သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဝအိပ်စက်ဖို့ တိုက်တွန်းနေရတာပါ။ အိပ်ရေးဝဝအိပ်စက်ဖို့ ဘာကြောင့်လိုအပ်တယ်ဆိုတာကို အောက်ပါအချက် ၈ ချက်က ပြောပြနေပါတယ်။
အိပ်စက်ခြင်းနဲ့ ကိုယ်အလေးချိန်က တိုက်ရိုက်ဆက်စပ်နေပါတယ်။ အိပ်ချိန်မမှန်ရင်၊ အိပ်ရေးဝဝမအိပ်စက်ရင် ကိုယ်အလေးချိန် သိသိသာသာကို တိုးတက်လာမှာပါ။ အိပ်ရေးမဝရင် အဝလွန်နိုင်ခြေက ၅၅%-၈၉% အထိရှိပါတယ်။
အိပ်ရေးဝဝအိပ်စက်ဖြစ်ရင် အစားအစာကို မျှမျှတတစားဖြစ်ပါတယ်။ ဒီတော့ စနစ်တကျပိုစားဖြစ်လေ့ရှိပါတယ်။ အိပ်ရေးမဝသူတွေဟာ အစာစားရာမှာ ပိုပြီး ပရမ်းပတာနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါ ခန္ဓာကိုယ်ကလည်း Ghrelin ဆိုတဲ့ အစာစားချင်စိတ်ကို တိုးပွားစေတဲ့ ဟိုမုန်းတွေကို ပိုထုတ်မိတာကြောင့် ပိုလည်းစားဖြစ်ပါတယ်။ ဒီတော့ ကယ်လိုရီများတာတွေကို စားမိနိုင်ခြေပိုများတယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။
အိပ်ယာကို အချိန်မှန်ဝင်ပြီး အိပ်ရေးဝဝအိပ်သူတွေဟာ ဦးနှောက်လုပ်ဆောင်ချက်တွေလည်း မှန်ကန်တာကြောင့် စိတ်ကြည်လင်နေတတ်ပြီး အာရုံစူးစိုက်မှုပိုမိုအားကောင်းတတ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကိုင်ရာမှာ ထိရောက်စွာ လုပ်ကိုင်နိုင်ပါတယ်။
အိပ်ရေးဝဝအိပ်စက်ထားတဲ့အခါ အားကစားပြုလုပ်ချိန်မှာ အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရစေပါတယ်။ အိပ်ရေးမဝသူတွေဟာ အားကစားပြုလုပ်ဖို့ စိတ်မပါတတ်ကြပါဘူး။ ဒါကြောင့် အိပ်ရေးဝတဲ့သူတွေက ပိုကျန်းမာတာပါ။
ကောင်းမွန်စွာ မအိပ်စက်ဖြစ်တာကြာမြင့်လာတဲ့အခါ နှလုံးရောဂါ စွဲကပ်လာတတ်ပါတယ်။ များသောအားဖြင့် နာတာရှည်အခြေအနေမျိုး ပိုဖြစ်နိုင်ပါတယ်။ တစ်နေ့မှာ ၇-၈ နာရီလောက် ပုံမှန်မအိပ်စက်သူတွေဟာ သေချာပေါက် နှလုံးရောဂါရနိုင်တယ်လို့ သက်သေပြထားတဲ့ လေ့လာချက် ၁၅ ခုထက်မနည်းရှိထားပါတယ်။
အိပ်စက်ခြင်းဟာ သွေးတွင်းသကြားဓာတ်ပမာဏအပေါ် တိုက်ရိုက်သက်ရောက်ပါတယ်။ ဒီတော့ အိပ်ရေးဝဝမအိပ်ရင် အမျိုးအစား-၂ ဆီးချိုဖြစ်နိုင်ခြေ မြင့်တက်လာတတ်ပါတယ်။ အိပ်ချိန်နည်းလေလေ Insulin Sensitivity နည်းလေလေပါပဲ။ တနေ့ကို ၄ နာရီထက်နည်းတဲ့ပမာဏနဲ့ ၆ ရက်လောက် ဆက်တိုက်အိပ်စက်ရုံနဲ့ ဆီးချိုအကြိုအဆင့် ချက်ခြင်းလက္ခဏာတွေပြသလာပါလိမ့်မယ်။
Depression ဟာ အိပ်စက်ခြင်းနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ နောက်ထပ်ပြဿနာတစ်ရပ်ဖြစ်ပါတယ်။ အိပ်ချိန်နည်းလေလေ၊ အိပ်စက်မှုအရည်အသွေး မပြည့်ဝလေလေ စိတ်ဓာတ်ကျနိုင်ခြေများလေလေပါပဲ။ စိတ်ကျဝေဒနာခံစားနေရသူ ၉၀% လောက်က အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ရခက်တာတွေဖြစ်နေကြသူတွေပါ။
ရောဂါဘယတွေကို တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားစနစ်က အရေးကြီးလှပါတယ်။ ကိုယ်ခံအားစနစ် မကောင်းမွန်ဘူးဆိုရင် ကူးစက်ရောဂါတွေနဲ့ တခြားသော ကျန်းမာရေးပြဿနာတွေကို ဖိတ်ခေါ်သလိုဖြစ်နေမှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်နေဖို့ဆိုရင် အိပ်ရေးဝဝအိပ်စက်ဖို့ လိုအပ်ပါတယ်။ ၂ ပတ်လောက် အိပ်ရေးပျက်လိုက်တာနဲ့ အအေးမိဖျားနာ အလိုလိုဖြစ်လာပါလိမ့်မယ်။
ဒီအချက်တွေတင် မကပါဘူး။ အိပ်ရေးပျက်တာများလာတဲ့အခါမှာ လူမှာ အောက်ပါ အချက်တွေဖြစ်လာနိုင်ပါသေးတယ်။
မအိပ်တာ ၄၈ နာရီ ကျော်တဲ့အခါ Hallucination၊ Delusion နဲ့ Illusion လို့ခေါ်တဲ့ အမြင်မှားခြင်း လက္ခဏာတွေအထိပါ ဖြစ်လာနိုင်တယ်။များသောအားဖြင့်တော့ အိပ်ရေးပျက်တာကြောင့် ဖြစ်တဲ့ လက္ခဏာတွေဟာ အိပ်ရေး၀၀ပြန်အိပ်လိုက်မယ်ဆိုရင် သက်သာသွားနိုင်ပါတယ်။
ဒါပေမယ့် ဒီလို အိပ်ရေးပျက်တဲ့အတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးတွေ၊ အမှားလုပ်မိတာတွေ၊ မတော်တဆ ဖြစ်နိုင်ချေတွေ အရမ်းများတာကြောင့် လူတိုင်းလူတိုင်း ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အိပ်စက်ခြင်းကိုတော့ မဖြစ်မနေ အချိန်ပေးကြဖို့ သတိပေးချင်ပါတယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။