backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အိပ်ရေးဝဝအိပ်ချင်သူတွေ သောက်သုံးပေးသင့်တဲ့ အဖျော်ယမကာ ၁၀ မျိုး

လူတိုင်း ကောင်းကောင်းအိပ်ပျော်ချင်ကြတာ သဘာဝပါပဲ။ ဒါပေမယ့် လူတိုင်းတော့ ဆန္ဒမပြည့်ဝကြပါဘူး။ တချို့က အိပ်ရေးဝဝအိပ်ချင်သူတွေ အနေနဲ့ အိပ်မပျော်ကြတာမို့ အခက်တွေ့နေကြပါတယ်။ ဒီအခြေအနေကို ကုစာပေးနိုင်မယ့် နည်းလမ်းကတော့ အိပ်ရာဝင်ခါနီးမှာ သင့်လျော်တဲ့ အဖျော်ယမကာ တချို့ကို မှီဝဲ သောက်သုံးပေးတာပါပဲ။

တချို့သော သဘာဝအစားအစာတွေဟာ အိပ်ပျော်အောင် ကူညီပေးနိုင်ကြပါတယ်။ ဒါပေမယ့် ညပိုင်းတွေမှာ အစားအစာမှီဝဲတာက အိပ်စက်ခြင်းကို အနှောင့်အယှက်ပေးနိုင်တာမို့ အိပ်ချိန်နဲ့ ဝေးဝေး ဖျော်ရည်တွေကို မှီဝဲပေးတာက ပိုကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။

အိပ်ရာဝင်ခါနီး ၁နာရီနဲ့ ၁ နာရီခွဲဝန်းကျင်မှာ အောက်ပါ ဖျော်ရည်တွေကို သင့်တင့်တဲ့ ပမာဏ မှီဝဲပေးမယ်ဆိုရင် ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ အကူအညီပေးနိုင်လိမ့်မယ်လို့ လေ့လာချက်တွေကဆိုထားပါတယ်။

အိပ်ရေးဝဝအိပ်ချင်သူတွေ အတွက် ကောင်းကောင်းအိပ်ပျော်စေမယ့် အဖျော်ယမကာများ

အိပ်စက်ခြင်းအတွက် အကောင်းဆုံး လက်နက်ပါပဲ။ နို့မှာပါဝင်တဲ့ Amino Acid က အိပ်ပျော်စေဖို့ အထောက်အကူပေးပါတယ်။ ဒါကြောင့် အိပ်ရာဝင်ခါနီးအချိန်တွေမှာ နို့တစ်ခွက် သောက်ပေးသင့်တာပါ။ နို့က အားရှိစေရုံတင်မက အိပ်ပျော်စေဖို့လည်း ကူညီပေးပါတယ်။

  • ဗာဒံစေ့နို့

အိပ်ပျော်စေဖို့ အကူအညီပေးနိုင်တဲ့ ဗာဒံစေ့နဲ့ နို့ကို တွဲဖက်ဖန်တီးထားတဲ့ Almond milk တွေဟာ အိပ်ပျော်စေဖို့ အကောင်ဆုံးကူညီပေးနိုင်တဲ့ ဖျော်ရည်အမျိုးအစားဖြစ်ပါတယ်။ အိပ်စက်ခြင်းကို အထောက်အကူဖြစ်စေတဲ Tryptophan ၊ Melatonin နဲ့ Magnesium တို့ ၃ မျိုးလုံးပါဝင်တာမို့ အစွမ်းအထက်ဆုံး နည်းလမ်းလို့တောင်ဆိုလို့ရပါတယ်။

  • Chamomile tea
  • ကာမိုမိုင်းလ်လက်ဖက်ခြောက်က နို့လိုစွမ်းဆောင်ရည်မျိုးကို ပေးနိုင်ပါတယ်။ ကောင်းကောင်း အိပ်ပျော်စေနိုင်တယ်လို့ လူသိများပါတယ်။ သိပ္ပံနည်းကျလေ့လာချက်တွေအရလည်း ဒီလက်ဖက်ခြောက်ဟာ အိပ်မပျော်ဝေဒနာကို ကုစားနိုင်သလို စိတ်တည်ငြိမ်အေးချမ်းစေတဲ့ အကျိုးကျေးဇူးကိုလည်း ပေးပါတယ်တဲ့။ သူ့ထဲမှာပါဝင်တဲ့ Apigenin ဆိုတဲ့ဓာတ်က ဦးနှောက်ကို ကူညီပေးတာဖြစ်ပါတယ်။

    ဗလာရီယန်အမြစ်နဲ့ အပင်ကို အိပ်ဆေးတွေမှာ အသုံးချကြသလို ဗလာရီယန်အပွင့်ကို အခြောက်ခံကာ ရေနွေးထဲခတ်ပြီး မှီဝဲတာကလည်း အိပ်ပျော်စေဖို့ အကူအညီပေးပါတယ်။ တချို့တိုင်းပြည်တွေမှာတော့ အပွင့်ကို အခြောက်ခံ၊ အမှုန့်လုပ်ပြီး ဆေးပြားအဖြစ်လည်း ထုတ်လုပ်ရောင်းချကြပါတယ်။

    ရေနွေးထဲကို သံပုရာရည်လေး ညှစ်ထည့်ပြီး သောက်တာကလည်း ကောင်းကောင်းအိပ်ပျော်စေနိုင်တာမို့ အိပ်ရာမဝင်ခင်မှာ မှီဝဲပေးသင့်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒီလိုမှီဝဲတာက အိပ်ပျော်စေရုံတင်မက အဆီလည်းကျစေဖို့ ကူညီပေးနိုင်တယ်လို့ အဆိုရှိပါတယ်။

    • Lavender tea

    လာဗန်ဒါလက်ဖက်ခြောက်ကလည်း ကောင်းကောင်းအိပ်ပျော်အောင် ကူညီပေးနိုင်ပါတယ်။ အိပ်ရာဝင်ခါနီးမှာ မှီဝဲသင့်တဲ့ အရည်တစ်မျိုးပါ။

    • Passionflower tea

    ပက်ရှင်ဖလားဝါးလက်ဖက်ရည်ကလည်း သဘာဝနည်းလမ်းကောင်းတစ်ခုပါ။ ညဘက်မှာ အိပ်ပျော်စေဖို့နဲ့ စိတ်ငြိမ်းချမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

    • တတိုင်းမွှေးပွင့် လက်ဖက်ရည်ကြမ်း

    တတိုင်းမွှေးပွင့်ကို အခြောက်ခံပြီး လက်ဖက်ခြောက်အဖြစ် ခပ်သောက်တာကလည်း ကောင်းကောင်းအိပ်ပျော်စေပါတယ်။ ဒါ့အပြင် ဒီလက်ဖက်ခြောက်ကို အမျိုးသမီးတွေ ရာသီသွေးဆုံးချိန်မှာလည်း မှီဝဲပေးနိုင်ပါတယ်။

    ကဖိန်းဓာတ်ဖယ်ရှားထားတဲ့ လက်ဖက်စိမ်း လက်ဖက်ခြောက်တွေကို အသုံးပြုထားတဲ့ ရေနွေးကြမ်းတွေကလည်း ညအိပ်ရာဝင်ခါနီးအချိန်တွေမှာ မှီဝဲပေးသင့်တဲ့ အရည်တစ်မျိုးဖြစ်ပြီး အိပ်ပျော်အောင် ကူနိုင်ပါတယ်။ ဒါ့အပြင် ဦးနှောက်လုပ်ဆောင်ချက်ကိုလည်း ကောင်းမွန်စေပါတယ်။

    ချယ်ရီးသီးစားတာ ချယ်ရီသီးဖျော်ရည်သောက်တာတွေကလည်း ကောင်းကောင်းအိပ်စက်အနားယူနိုင်စေပါတယ်။ ချယ်ရီသီးဟာ အိပ်မပျော်ခြင်းဝေဒနာကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းထက် သဘာဝအစားအစာတစ်မျိုးပါ။

    အိပ်ရာဝင်ခါနီးမှာ ရှောင်ကျဉ်ရမယ့် အဖျော်ယမကာများ

    အိပ်ရာဝင်ခါနီးမှာ မှီဝဲရမယ့် ဖျော်ရည်အမျိုးအစားတွေကို ဖော်ပြပေးပြီးတဲ့နောက်မှာ ရှောင်ကြဉ်ရမယ့် အဖျော်ယမကာတွေကိုလည်း ဗဟုသုတအဖြစ် ဖော်ပြပေးချင်ပါတယ်။

    အိပ်ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ အိပ်ရာဝင်ခါနီးမှာ အောက်ပါ အဖျော်ယမကာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

    • ကော်ဖီ
    • ကဖိန်းဓာတ် မဖယ်ရှားထားတဲ့ လက်ဖက်ခြောက်များ၊
    • သကြားဓာတ် ပါဝင်သည့် အချိုရည်များ၊
    • အရက်သေစာများ စတာတွေပဲဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 15/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ad iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    ad iconadvertisement
    ad iconadvertisement