အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်း ကို ရှာဖွေမည်။

အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

'အိပ်မက် လေးထဲမှာ မင်းနဲ့ကိုယ် အမြဲဆုံချင်တယ်'

ဒါပေါ့ အပြင်မှာမတွေ့ရရင်လည်း အိပ်မက် ထဲမှာ တွေ့နိုင်ပါတယ်။ ကဲ ဒီနေ့တော့ ကျန်းမာရေးအကြောင်းမဟုတ်ဘဲ လူ့ခန္ဓာကိုယ်ရဲ့ ထူးဆန်းတဲ့ အဖြစ်အပျက်တွေအကြောင်း ပြောပြပေးပါ့မယ်။ အိပ်မက်ကတော့ လူတိုင်းမက်ကြတာပဲ။ ပညာရှင်တွေက အိပ်စက်ချိန်မှာ လူ့ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေ (ဥပမာ သွေးပေါင်ချိန်၊ ဇီဝရုပ်ဖြစ်ပျက်မှုတွေ၊ ဦးနှောက်ရဲ့ အလုပ်လုပ်ပုံတွေ)ကို လေ့လာခဲ့ပြီး သိသင့်သလောက်သိကြပေမယ့် ဘာကြောင့် အိပ်မက်မက်လဲဆိုတာကိုတော့ တိတိကျကျ ပြောနိုင်ခြင်း မရှိသေးပါဘူး။ အိပ်မက်နဲ့ ပတ်သတ်ပြီး သိပ္ပံပညာအရ မဟုတ်ဘဲ ဘာမက်ရင် ဘာဖြစ်မယ်ဆိုတဲ့ ယူဆချက်တွေ အများကြီး ရှိနေပါတယ်။ ဥပမာ ကောသလမင်းကြီး အိပ်မက် ၁၆ချက်တို့၊ အသားလှုပ်အိပ်မက်တို့၊ ကိုယ်ဝန်အိပ်မက်တို့၊ မြွေမက်ရင် ငွေဝင်မယ်တို့ စသဖြင့် နိမိတ်ကောက်အိပ်မက်လည်း အမျိုးမျိုးပါပဲ။ ဘာပဲဖြစ်ဖြစ် အိပ်မက်တွေက စိတ်ဝင်စားစရာကောင်းပါတယ်။ ဆက်ကြည့်ရအောင်။ အိပ်မက်ထဲမှာ စာဖတ်လို့မရသလို […]


ညအိပ်မပျော်ခြင်း

ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

မနက်ခင်း မှာ အိပ်ရာထဖို့ အရမ်းခက်နေတယ်။ မထချင် ထချင် ထလိုက်တယ်။ လေ့ကျင့်ခန်းလုပ်၊ ရေချိုး၊ မနက်စာ စားပြီးတဲ့အထိတောင် လူက မလန်းဘူး။ ပင်ပန်းတဲ့ မနက်ခင်း ဖြစ်နေသလို ခံစားနေရတယ် ဆိုတဲ့သူလေးတွေ ရှိလား။ ဒီလို မနက်ခင်းတိုင်းမှာ ပင်ပန်းနေတာက ဘာကြောင့် ဖြစ်မလဲဆိုတာကို သိချင်တယ်ဆိုရင်တော့ ဒီ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ပင်ပန်းတဲ့ မနက်ခင်း ကို ဖြစ်စေတဲ့ အကြောင်းအရင်းများ မနက်ခင်းတိုင်းမှာ သင် ပင်ပန်းနေရတာက ဒီ အချက်တွေကြောင့်ပါ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေစဉ်မှာ ရုတ်တရက် လန့်နိုးတာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုန်းမှာ ရုတ်တရက် လန့်နိုးတာ ဒါမှမဟုတ် အနှိုးခံရတဲ့ အခါမျိုးမှာ ဦးနှောက်က ပြည့်ပြည့်ဝဝ မနိုးသေးတာကြောင့် မနက်ခင်းမှာ ပင်ပန်းတယ်လို့ ခံစားရတာပါ။ https://hellosayarwon.com/healthy-mind/stress-management/morning-listening-music-health-benefits/ ညဘက် အိပ်ချိန် မမှန်တာ ညဘက်မှာ အိပ်ရာဝင်ချိန် မှန်မှလည်း ခန္ဓာကိုယ်က […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့

မနက်ပိုင်းလေး အလုပ်ရှိလို့၊ သွားစရာရှိလို့၊ စာမေးပွဲ ဖြေရမှာကြောင့် ဆိုပြီး နှိုးစက်တွေ နာရီဝက်ခြား တစ်ခါလောက် ပေးထားရတဲ့သူတွေထဲ သင်ကိုယ်တိုင်ရော ပါနေလား။ နှိုးစက်သံ အကျယ်ကြီး ကြားတိုင်း ကောင်းနေတဲ့ အိပ်မက်ကလေးတွေ ဘယ်လွင့်ပြေးလို့ ပြေးမှန်းမသိ ခေါင်းကိုက်ပြီး နိုးလာရလို့ စိတ်ညစ်ခဲ့ဖူးလား။ ဒီလိုမျိုး ခံစားဖူးတဲ့သူတွေအတွက် ဒီဆောင်းပါးလေးက အဆင်ပြေစေမှာပါ။ ကဲ ..... မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ ! မနက်နိုးဖို့ ပေးထားတဲ့ နှိုးစက်နာရီတွေ ပိတ်လိုက်ပါတော့ မနက်ခင်းအစော နှိုးစက်သံ အကျယ်ကြီးနဲ့ နိုးလာရတဲ့သူတွေဟာ ခေါင်းကိုက်ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ နားဆူခြင်းတွေကို ခံစားရတတ်ပါတယ်။ ဒါ့အပြင် အိပ်နေရင်းနဲ့ အသံနဲ့ နှိပ်စက်ပြီး အတင်းနိုးထလာရသလို ဖြစ်တာကြောင့် စိတ်ကလည်း ဘယ်လိုမှ ကြည်နိုင်တော့မှာ မဟုတ်ပါဘူး။ အထူးသဖြင့် နာရီဝက်ခြား […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေစဉ် လေလည်ခြင်း (Sleep Farting)

လူတွေ ဘာကြောင့် လေလည်တာလဲ။ ကျွန်တော်တို့ လူသားတွေ အစာစားလိုက်တဲ့အခါ အစာအိမ်ကနေ စားလိုက်သမျှ အစာတိုင်းကို ပြန်ချေဖျက်ပေးရပါတယ်။ စားတဲ့အထဲမှာ ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်တွေကို အူငယ်လေးက အကုန်အစင် မချေဖျက်ပေးနိုင်တဲ့အတွက် အူမကြီးက ဒါကိုချေဖျက်ပေးရပြီး လေတွေ ထုတ်ပေးပါတယ်။ လေတွေ များလာပြီဆိုတာနဲ့ ခန္ဓာကိုယ်ကို သက်သောင့်သက်သာ ဖြစ်စေဖို့ အပြင်ဘက်ကို ပြန်ထုတ်ပေးဖို့ လိုပါတယ်။ ထွက်လာတဲ့ လေတွေကို အူလမ်းကြောင်းကနေတစ်ဆင့် စအိုအပြင်ဘက်ကို ထုတ်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။ ဒီလို လေလည်ပေးလိုက်ခြင်းဖြင့် ဝမ်းဗိုက်ထဲ လေပွပြီး မအီမသာဖြစ်ခြင်းကို သက်သာစေသလို ရင်ပြည့်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ အောက်ကနေ မဟုတ်ဘဲ လည်ချောင်းကနေ တစ်ဆင့် အပေါ်ကို လေကန်တက်ပြီး လေချဉ်တက်တဲ့ပုံစံမျိုးနဲ့လည်း လေထုတ်ပေးတတ်ပါတယ်။ အိပ်နေတဲ့အချိန်မှာ ဘာလို့ လေလည်တာလဲ။ လူတွေ နှစ်ခြိုက်စွာ အိပ်စက်အနားယူနေတဲ့အချိန်မှာ […]


ညအိပ်မပျော်ခြင်း

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော်

ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော် ..... ဒီခေတ်ကြီးထဲမှာ ညဘက်ကို စောစောအိပ်စက် အနားယူတယ်ဆိုတာ တော်တော်လေးကို ရှားပါးတဲ့ ဖြစ်စဉ်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ စမတ်ဖုန်းတွေ၊ အင်တာနက်တွေကို တွင်ကျယ်စွာ အသုံးပြုလာကြသလို အရက်ဆိုင်၊ ဘား၊ ကလပ်တွေဟာလည်း နေရာတိုင်းလိုလို အပြိုင်အဆိုင် ဖွင့်နေပြီဆိုတော့ လူငယ်တွေအတွက် အိပ်ရေးပျက်တယ်ဆိုတာ သိပ်ပြီး ဂရုစိုက်စရာ မလိုတဲ့ အရာတစ်ခုလိုပါပဲ။ ဒီလိုမျိုး အိပ်ချိန်နည်းပြီး အမြဲ အိပ်ရေးအပျက်ခံတယ်ဆိုတာ လူငယ်ဘဝ ကိုယ်ခံအားကောင်းနေစဉ်မှာတော့ သိပ်ပြီး သိသာမှာ မဟုတ်ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးက သိသိသာသာ ဆုတ်ယုတ်လာတာကို တွေ့ရမှာပါ။ ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော် ညသန်းခေါင်မှအိပ်တဲ့ ဉာဉ့်ငှက်လေးတွေ အသက်မြန်မြန်တိုမယ်နော် လို့ ဘာကြောင့် ပြောရတာလဲဆိုတော့ လောကမှာ အကြွေးတင်လို့ ဘယ်လိုမှ ပြန်ဆပ်လို့ မရတဲ့အထဲမှာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ

အိပ်စက်အနားယူတာနဲ့ ပတ်သက်ပြီး လူအများစု အခုချိန်ထိကို ပေါ့သေးသေး သဘောထားနေကြဆဲပါပဲ။ ရုပ်ရှင်ကြည့်ဖို့၊ ဖုန်းသုံးဖို့အတွက်နဲ့ အိပ်ချိန်ကို စတေးကြတယ်။ အလုပ်တွေ ဖိလုပ်ပြီး အိပ်ချိန်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ပစ်ကြတယ်။ ကလေးတွေကျတော့လည်း စာမရရင် မအိပ်ရဘူးဆိုပြီး လူကြီးတွေက ခြောက်ထားတော့ ကြောက်ပြီး မအိပ်ရဲကြတော့ဘူး အစရှိသဖြင့် အိပ်ချိန် စတေးပစ်လိုက်ရတဲ့ ပုံပြင်ပေါင်း သောင်းခြောက်ထောင်တောင် မကတော့ပါဘူး။ ဒါဆို အိပ်ချိန်က အရေးမကြီးလို့လား။ ငွေချေးသလိုမျိုးပဲ အိပ်ရေးမဝလို့ရော နောက်နေ့မှာ ဆတိုး အကြွေးဆပ်လို့ မရဘူးလား။ အိပ်ချိန်က ဘာလို့ ကျန်းမာရေးအတွက် မဖြစ်မနေ အရေးပါတာလဲဆိုတာနဲ့ ပတ်သက်ပြီး ဒီဆောင်းပါးမှာ ရှင်းပြပေးချင်ပါတယ်။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ ဆိုတာ အတူတူ ကြည့်လိုက်ရအောင်လား။ လူတွေ ဘာကြောင့် အိပ်စက်အနားယူဖို့ လိုအပ်တာလဲ လူတွေ […]


ညအိပ်မပျော်ခြင်း

ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက်

အိပ်ချိန်ဟာ လူတစ်ယောက်ရဲ့ ကျန်းမာရေးအတွက် အလွန်အရေးပါတဲ့ လုပ်ငန်းဆောင်တာ တစ်ခုပါ။ ဒီအတွက် အိပ်ချိန်ကိုတော့ လုံးဝလျှော့လို့ မဖြစ်ပါဘူးနော်။ ခုနောက်ပိုင်း လူငယ်တွေသာမက လူကြီးတွေမှာပါ နေထိုင်မှုပုံစံ မှားယွင်းတာ၊ ဖုန်း၊ အင်တာနက်၊ ကွန်ပျူတာ အသုံးပြုခြင်း လွန်ကဲလာတာ၊ ကျန်းမာရေးပြဿနာတွေကြောင့် ညဘက်မှာ ကောင်းစွာ အိပ်မပျော်တော့တဲ့ ပြဿနာတွေကို ရင်ဆိုင်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ အကြောင်း အမျိုးမျိုးကြောင့် ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကို ပြောပြပေးချင်ပါတယ်။ ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ညအိပ်မပျော်သူတိုင်း ပြင်ဆင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် (၁၀) ချက် ကတော့ ၁။ တတ်နိုင်သလောက် နေ့လယ်နေ့ခင်း တစ်ရေးတမော အိပ်တာကို ရှောင်ပါ။ အိပ်မယ်ဆိုရင်လည်း မိနစ် […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အလုပ်ခွင်မှာ အိပ်ငိုက်တဲ့အခါ

အလုပ်ပိတ်ရက် အိမ်မှာ အိပ်ငိုက်တာက နေ့ခင်းနေ့လယ် တစ်ရေးအိပ်ပြီး အနားယူလိုက်လို့ ကောင်းတယ်ဆိုပေမယ့် အလုပ်ခွင်ထဲမှာ အိပ်ငိုက်နေတာကတော့ တောတော်လေး ဂွကျတဲ့ ကိစ္စပါ။ အလုပ်တွေ လုပ်စရာ ရှိနေတာကို အိပ်ငိုက်နေတာက ကိုယ့်ကိုယ် မကြိုးစားတဲ့သူရယ်လို့ ထင်စရာ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် နေ့ခင်း ထမင်းစားပြီး အလုပ်ခွင်မှာ အိပ်ငိုက်တာမျိုး ဖြစ်လာရင် ဘယ်လို အကောင်းဆုံး ကျော်ဖြတ်ရမလဲ ဆိုတာကို ပြောပြပေးသွားပါမယ်။ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ အလုပ်ခွင်မှာ အိပ်ငိုက်မှု ကင်းစေဖို့ ဆိုရင် အိပ်ငိုက်တယ်လို့ ခံစားလာရတဲ့အခါ ကော်ဖီ နည်းနည်းသောက်လိုက်ပါ အလုပ်လုပ်ရင်း ခြေကုန်လက်ပမ်းကျလာသလိုလို ဒါမှမဟုတ် အလုပ်လုပ်ရတာ စိတ်မပါသလိုလို ဖြစ်လာပြီဆိုရင် အလုပ်ကို ခဏလေး နားပြီး ကော်ဖီ တစ်ခွက်လောက် သောက်လိုက်ပါ။ ဒီလို လုပ်တာက ခန္ဓာကိုယ်ကို လန်းဆန်းသွားစေပြီး […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်ရေးဝဝ အိပ်ပျော်စေဖို့

ညဘက်တွေ အိပ်မပျော်တဲ့ ဝေဒနာဟာ အတော်ခံရခက်ပါတယ်။ လူက အိပ်ချင်ပေမယ့် အိပ်မပျော်တာ၊ အချိန်လွန်မှန်း သိနေပြီး မျက်လုံးတွေ မှိတ်ထားပါလျက်နဲ့ အိပ်ပျော်မသွားတာ၊ အတွေးတွေ လွန်ပြီး အိပ်မရတာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် အိပ်မပျော်ကြတဲ့သူတွေကလည်း အများသား။ ဒီတော့ အိပ်ဆေးမကူရပါဘဲ သဘာဝနည်းလမ်းတွေနဲ့ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဘယ်လိုလုပ်ကြမလဲ။ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ အလွယ်ဆုံးနည်းလမ်းများ အိပ်ရေးဝဝ အိပ်ပျော်စေဖို့ ဆိုရင် ၁။ အိပ်ချိန်မှန်အောင် လုပ်ပါ။ စနေ၊ တနင်္ဂနွေလေးပဲ အိပ်ရတာကို၊ မနက်မထပါဘူး။ ဘာလဲ။ ညနေထိ အိပ်မှာဆိုရင်တော့ အိပ်စက်ခြင်းနဲ့ ဆိုင်တဲ့ ပြဿနာတွေကို ဆက်ပြီး ခံစားလိုက်ပါဦးရှင်။ ဘယ်လို ပိတ်ရက်ပဲ ဖြစ်ဖြစ်၊ ညတိုင်း ပုံမှန် အိပ်မယ်၊ မနက်ပုံမှန်ထမယ် ဆိုရင် ခန္ဓာကိုယ်ထဲက ဇီဝနာရီတွေကိုလည်း မှန်ကန်စေပြီး အိပ်မပျော်တဲ့ ပြဿနာတွေကို […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား

အိမ်မွေးတိရစ္ဆာန်လေးတွေ မွေးထားတဲ့ သူတချို့က ညအိပ်တဲ့အခါ အဲဒီတိရစ္ဆာန်လေးတွေနဲ့ ဖက်အိပ်တာမျိုး၊ အိပ်ရာထဲ ခေါ်သိပ်တာမျိုး လုပ်တတ်ပါတယ်။ ဒီလိုဆို မေးစရာ ရှိတာက ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတာပါ။ တကယ်တမ်း ဒီလို အမူအကျင့်ကို ကျန်းမာရေးရှုထောင့်ကနေ ကြည့်လိုက်တဲ့အခါ ကောင်းတဲ့ အချက်ကလေးတွေရော ဆိုးတာလေးတွေပါ တွေ့ရတတ်ပါတယ်။ ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ကြောင်လေးတွေကို အိပ်ရာထဲ ခေါ်သိပ်သင့်လား ဆိုတော့ ကောင်းတာလေးတွေ ဆိုးတာလေးတွရှိနေပါတယ်။ သိရှိနိုင်ဖို့ ကိုယ်တိုင် လေ့လာလိုက်ပါ။ ကောင်းတဲ့ အချက်တွေက ဘာတွေလဲ။ ၁။ များသောအားဖြင့် ကြောင်တွေဟာ ခွေးတွေလောက်တော့ လူတွေနဲ့ လက်ပွန်းတသီးနေရတာ မကြိုက်ပါဘူး။ ဒါပေမယ့်လည်း လူတွေနဲ့ အနေကြာလာတဲ့ ကြောင်တွေဆိုရင်တော့ သံယောဇဉ်ပိုတွယ်လာနိုင်ပါတယ်။ အထူးသဖြင့် အိပ်တဲ့အချိန်တိုင်း လူတွေနဲ့ ဖက်အိပ်နေရတဲ့ ကြောင်တွေအတွက်တော့ ဒီအိမ်သားတွေအပေါ် ပိုပြီး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း