အိပ်စက်ခြင်း

ကျွန်ုပ်တို့ အားလုံးဟာ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ လိုပါမယ်။ ဒါပေမယ့် ယနေ့ခေတ်ရဲ့ မနားမနေ ကြိုးပမ်းနေရတဲ့ ဘဝနေထိုင်မှုပုံစံကြောင့် ကျန်းမာစွာ နေထိုင်မှုပုံစံ နဲ့ ပြည့်ဝတဲ့ အိပ်စက်အနားယူမှုတွေက စိန်ခေါ်မှုတွေ ဖြစ်လာပါတယ်။ ဒီကဏ္ဍမှာ အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ အချက်အလက်တွ နဲ့ ညဘက်တွေမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရရှိစေမယ့် နည်းလမ်းတွေကို ဖတ်ရှု့နိုင်မှာ ဖြစ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အိပ်စက်ခြင်း

နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ

နေ့ခင်းဘက်တွေ၊ ညနေစောင်းတွေ အိပ်ပြီး နိုးလာရင် ငြီးစီစီဖြစ်ပြီး နေလို့ မကောင်းတာမျိုး ကြုံဖူးပါသလား။ လူက ငေါင်တောင်တောင်နဲ့ လန်းလည်း မလန်း၊ ခေါင်းကိုက်သလိုလို၊ နေမကောင်းချင်သလို ဖြစ်နေတာမျိုးပေါ့။ ဒီလိုမျိုး နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တာ ဘာကြောင့်လဲ။ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးပါ့မယ်။ နေ့ခင်းဘက် အိပ်ပြီး ခေါင်းမကြည်တဲ့ ပြဿနာဆိုတာ ဒါကို Sleep inertia လို့ ခေါ်ပါတယ်။ နေ့ခင်းဘက်ဆိုပေမယ့် ညနေစောင်းနဲ့ မနက်အိပ်ရာထချိန်တွေမှာလည်း ဖြစ်တတ်ပါတယ်။ ရောဂါရယ်လို့တော့ မဟုတ်ပေမယ့် အိပ်ရာက နိုးလာတဲ့အခါ လူက လေးလေးကြီးနဲ့ နေလို့ မကောင်းတာမျိုးပါ။ Sleep inertiaက အိပ်ရာကနိုးပြီး နာရီဝက်၊ တစ်နာရီလောက်ထိ ဖြစ်တတ်ပေမယ့် တချို့သူတွေမှာ ၂နာရီလောက်ထိ ကြာတာကို တွေ့ရပါတယ်။ အကြာကြီး အိပ်ထားတာ၊ နေ့ခင်းမှာ မိနစ်၃၀ထက် […]

အိပ်စက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

အိပ်စက်ခြင်း ကို ရှာဖွေမည်။

နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

လေ့ကျင့်ခန်းလုပ် ခြင်းကြောင့် အိပ်စက်ခြင်းကို ထိခိုက်စေနိုင်လား

လေ့ကျင့်ခန်းလုပ် တာနဲ့ ပတ်သက်ပြီး အိပ်ချိန်နဲ့ အရမ်းနီးကပ်အောင် မလုပ်သင့်ဘူးလို့ ပြောတာ ကြားဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ အိပ်ခါနီးအချိန်နဲ့ နီးနေတော့မှ ကိုယ်ကာယ လေ့ကျင့်ခန်းကို အပြင်းအထန် လုပ်တဲ့အခါ ကြွက်သားတွေ နာကျင်တာ၊ ဦးနှောက်က နိုးကြားတက်ကြွတဲ့ ဟော်မုန်းတွေ အဆက်မပြတ် ထုတ်လုပ်နေတာ၊ မောပန်းမှုကြောင့် ဗိုက်ဆာလာတာတွေ ဖြစ်နိုင်လို့ပါပဲ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် အနည်းဆုံး လေ့ကျင့်ခန်းနဲ့ အိပ်ချိန်ကို ၂ နာရီလောက်တော့ ခွာပေးနိုင်ရင် အကောင်းဆုံးပါပဲ။ လေ့ကျင့်ခန်း အမျိုးအစားအရ ပြောမယ်ဆိုရင် ကိုယ်ခန္ဓာ ကြွက်သားနဲ့ အားအင်တွေကို အပြည့်အဝ စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေကို မနက်ပိုင်း သို့မဟုတ် ညနေခင်းလောက်မှာ ကစားပေးပြီး ညနောက်ကျပြီဆိုရင်တော့ တင်းနေတဲ့ ကြွက်သားတွေကို ပြေလျော့စေမယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုး လုပ်ပေးတာ အကောင်းဆုံးပါပဲ။ ညဘက် […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

ညဘက်မှာ အချဉ်စား လို့ရလား

အိပ်ရာဝင်ခါနီး အချဉ်တွေမစားနဲ့လို့ ငယ်ငယ်တုန်းက လူကြီးတွေ ပြောတာ ခံရဖူးကြတဲ့လူတွေ ရှိကြမယ်ထင်တယ်။ အိပ်ခါနီး အချဉ်တွေစားရင် အစာအိမ်ထိခိုက်တတ်တယ်လို့ ဆိုတတ်ကြတယ်။ တကယ်ရော ညဘက်မှာ အချဉ်စား ရင် တကယ်ပဲ အစာအိမ်ကို ထိခိုက်မှာလား? ဒါမှမဟုတ် တခြားပြဿနာတွေ ရင်ဆိုင်ရမှာလား? ဒါမှမဟုတ် ဒါက ယုံတမ်းစကား (Myth) သက်သက်ပဲလား? ညဘက်မှာ အချဉ်စား လို့ရလား ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။ အချဉ်ဓာတ်ပါဝင်တဲ့ အစာပြေစာတွေကို ရှောင်ကြဉ်သင့်ပေမယ့် ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို စားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ အလွန်အကျွံစားတာမျိုးကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။ ဆိုလိုတာက ဗီတာမင် Cပါတဲ့ အသီးတိုင်းက ချဉ်တာ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နံနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွနေချင်တယ်ဆိုရင်

အိပ်ရာကနေထလိုက်ပြီး ရုံး၊ ကျောင်းကိုသွားနေချိန်အထိ လူက အိပ်ချင်မူးတူး၊ အဝတ်အစားက ဖရိုဖရဲနဲ့ ပြေးပြေးလွှားလွှားသွားနေရတာတွေ များနေပြီလား။ ဒီမနက်တော့ စောစောထပြီး ပြင်ဆင်မယ်ကွာဆိုပြီး ကြိမ်းဝါးနေပေမယ့် မနက်တိုင်းမှ မနက်စာကို တစ်ဝက်တစ်ပျက်နဲ့ အလျင်စလိုစားသောက်ပြီး ပြေးလွှားသွားနေရတာချည်းပဲ ကြုံနေရပြီလား။ သူများတွေလို မနက်ခင်းတိုင်းမှာ လန်းဆန်းတက်ကြွစွာနဲ့ ကြွကြွရွရွ လှလှပပလေး လုပ်ငန်းခွင်တွေ၊ စာသင်ခန်းတွေဆီသွားဖို့ ကိုယ်က ဘာလို့ ခက်ခဲနေတာပါလိမ့်။ လန်းဆန်းတဲ့ မနက်ခင်းလေးဖြစ်စေဖို့ တကယ်တမ်း လိုအပ်တာက အလေ့အကျင့်ပါပဲ။ မှန်ကန်တဲ့ အလေ့အကျင့်လေးရှိမယ်ဆိုရင် သင်လည်း မနက်စောစောမှာ လန်းဆန်းတက်ကြွစွာနဲ့ နေ့သစ်ကို စတင်နိုင်မှာပါ။ ဒီလိုမနက်ခင်းလေးတွေကို ပိုင်ဆိုင်စေဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို နေ့စဉ် လိုက်နာပေးဖို့ လိုပါလိမ့်မယ်။ ခြေလှမ်းသေးသေးကနေစ - မနက်တိုင်း အိပ်ရာကနေ အချိန်မှန်မှန်ထနိုင်ဖို့ အရင်ဆုံးလုပ်ရမယ်။ ဒီ ခပ်သေးသေး ခြေလှမ်းလေးဟာ အချိန်ကြာလာတဲ့အခါ ဘယ်လောက်တောင် အကျိုးရှိတယ်ဆိုတာကို […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်ပျော်နေချိန်မှာ စိတ်ပျက်စရာရုပ်ကြီး ဖြစ်မနေစေဖို့

သိတ္တဒ္ဓမင်းသားဟာ ညဉ့်ယံအချိန် တောထွက်ခါနီးမှာ စိတ်လွတ်ကိုယ်လွတ် အိပ်မောကျနေကြတဲ့ မောင်းမမိတ်သံ၊ အခြွေအရံတွေကို မြင်ပြီး သံဝေဂတရားရခဲ့တယ်ဆိုတာ တကယ့်အဖြစ်မှန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေ အိပ်စက်နေရင် စိတ်ပျက်စရာ ကောင်းလောက်အောင် ပုံဆိုးပန်းဆိုးဖြစ်နေတတ်တာ သဘာဝလို့ သိပ္ပံပညာရှင်တွေက ဆိုထားတာကြောင့်ပါ။ လူတွေ အိပ်ပျော်သွားရင် ဘာစွဲဆောင်မှုမှ မရှိတော့ပါဘူးတဲ့။ လူတွေ အိပ်ပျော်နေချိန်မှာ ခန္ဓာကိုယ်အရေပြားက သန့်စင်မှုတွေလုပ်တတ်ပြီးတော့ အနံ့ဆိုးတွေ အညစ်အကြေးတွေလည်း ထွက်နေတတ်ပါတယ်။ ဒီကြားထဲ ဟောက်ပါ ဟောက်တတ်သေးတယ်ဆိုရင်တော့ ကိုယ်နဲ့အတူ အိပ်စက်တဲ့ အဖော်အတွက်တော့ စိတ်ညစ်စရာဖြစ်စေပြီပေါ့။ ညိုမည်းနေတဲ့ ပန်ဒါမျက်လုံးကြီးတွေနဲ့ ဖောင်းတင်းနေတဲ့ နှုတ်ခမ်းဖူးဖူးကြီးတွေရှိနေမယ့် ကိုယ့်မျက်နှာကို တွေးပြီး မြင်ယောင်ကြည့်ပါလား။ ဒီလို ပုံဆိုးပန်းဆိုးကြီးနဲ့ အိပ်ပျော်နေမှာကို စိုးရိမ်သူတွေလည်း ရှိနေမှာသေချာပါတယ်။ လှချင်တဲ့ ကိုကိုတွေ၊ မမတွေကတော့ အိပ်စက်ချိန်မှာတောင် လှတပတလေး ဖြစ်နေချင်ကြမှာ အသေအချာပါပဲ။ ဒီဆောင်းပါးမှာတော့ အိပ်စက်ချိန်တိုင်အောင် လှလှပပလေး […]


အိပ်စက်ခြင်းဆိုင်ရာပြဿနာများ

အိပ်နေစဉ် အကြောဆွဲခြင်း

တစ်ခါတစ်လေ အိပ်နေတုန်း အကောင်းကြီးကနေ ဘာဖြစ်မှန်းမသိ ဆတ်ခနဲ တုန်ပြီး အကြောဆွဲဖူးပါလား။ တချို့ဆို လက်တွေ မြှောက်တာ၊ ခြေထောက်တွေ ကန်မိတာတွေ အထိပါ ဖြစ်တယ်လေ။ အဲ့ဒါကို ဆေးပညာအရ Sleep myoclonus အိပ်နေစဉ် အကြောဆွဲခြင်း လို့ ခေါ်ပါတယ်။ ကလေးတွေမှာ ပိုပြီး အတွေ့ရများပါတယ်။ လူကြီးတွေမှာလည်း ရံဖန်ရံခါ တွေ့ရတတ်ပါတယ်။ ဒါမျိုး ဖြစ်လာရင် တက်လာများလား၊ ထမင်းလုံးတစ္ဆေခြောက်တာလားဆိုပြီး စိုးရိမ်တတ်ကြတယ်ဟုတ်။ သူ့နောက်ကွယ်က အဖြစ်မှန်က ဘာလဲဆိုတာ ဆက်ကြည့်ကြည့်ရအောင်။ အိပ်နေစဉ် အကြောဆွဲခြင်း ဘာကြောင့် ဖြစ်တာလဲ။ အိပ်နေစဉ် အကြောဆွဲခြင်း ဖြစ်ရတဲ့ အကြောင်းရင်းကို သေသေချာချာ မပြောနိုင်သေးပေမယ့် ဦးနှောက်ထဲက neurotransmitter ဒိုပါမင်းကြောင့်လို့ ယူဆကြပါတယ်။ ဒီတစ်ချက်တည်းနဲ့တင် အတက်ရောဂါနဲ့ ခွဲလို့ ရနေပါပြီ။ အတက်ရောဂါကတော့ ဦးနှောက်ထဲက လျှပ်စီးဓာတ်တွေ […]


ညအိပ်မပျော်ခြင်း

အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။

လူတွေဟာ နေ့စဉ်နေ့တိုင်း စိတ်ရောကိုယ်ပါ ကျန်းမာနေဖို့အတွက် အိပ်စက်ပေးဖို့လိုအပ်ပါတယ်။ အရွယ်ရောက်ပြီးသား လူတစ်ယောက်အနေနဲ့ တစ်နေ့ကို အနည်းဆုံး ၈နာရီလောက်အိပ်ပေးမှ တက်ကြွ လန်းဆန်းတဲ့ နေ့ရက်လေးတွေ ရရှိမှာဖြစ်ပါတယ်။ တစ်ခါတစ်လေ အိပ်ရေးပျက်တာက အရမ်းကြီး ပြဿနာမရှိပေမယ့် အိပ်ရေးပျက်တာ များလာတဲ့အခါ ကိုယ်ခန္ဓာ အတွက်ရော၊ စိတ်ခံစားချက်တွေပါ သိသိသာသာ ထိခိုက်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ sleep deprivation လို့ခေါ်တဲ့ အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတာကို မျှဝေပေးသွားချင်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် ခန္ဓာကိုယ် တည်ဆောက်ပုံရော၊ ခံနိုင်ရည်ရှိမှုရော မတူညီတဲ့အတွက် ဖြစ်နိုင်တဲ့ အခြေအနေလေးတွေ အနည်းငယ်ကွဲပြားနိုင်ပါတယ်။ အခုဒီဆောင်းပါးလေးမှာကတော့ သာမာန်၊ ယျေဘုယျအားဖြင့် လူတွေမှာ ဘယ်နှနာရီလောက် မအိပ်ရင် ဘယ်လိုတွေ ဖြစ်လာနိုင်တယ်ဆိုတာလေးတွေ ပြောပြသွားမှာပါ။ အိပ်ရေးပျက်တာတွေ များလာတဲ့အခါ ဘာတွေ ဖြစ်လာနိုင်လဲ။ အိပ်ရေးပျက်တာတွေ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်း ဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း ကို ကြည့်လိုက်ကြရအောင်။ နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း နွေရာသီမှာပန်ကာ ဖွင့်ပြီးအိပ်တာ ကောင်း၊မကောင်း အတူတူ အဖြေထုတ်ကြည့်ကြမယ်နော်။ ၁။      ‘White Noise’ ကို ဖန်တီးပေးနိုင်တယ်။ အနောက်နိုင်ငံတွေမှာ ‘White Noise’ ဆိုတဲ့အရာကို တွင်တွင်ကျယ်ကျယ် သုံးလာကြတာတွေ့ရပါတယ်။ ‘White Noise’ ဆိုတာ ဘာလဲ။ လူအချို့ဟာ တိတ်ဆိတ်ငြိမ်သက်နေချိန်မှာ  အိပ်မပျော်တတ်ကြ ပါဘူး။ ဆူညံသံတချို့ကို ကြားနေရမှသာ အိပ်စက်တတ်ကြပါတယ်။ အသံအတုကို ဖန်တီး ပေးနိုင်တဲ့ ‘White Noise machine’ […]


ညအိပ်မပျော်ခြင်း

သင် ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ တဲ့ အကြောင်းအရင်း ၇ ချက်

တကယ်ဆိုရင် တိတ်ဆိတ်တဲ့ ညမိုက်ကာလမှာ သင်ဟာ အိပ်စက်အနားယူနေရမှာဖြစ်ပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ညည အိပ်မပျော်ဘဲ ပြန်ပြန်နိုးနေရ ပါတယ်။ အမှန်တကယ် အနားယူအိပ်စက်ရမယ့် ညဦးပိုင်းကာလတွေမှာ အိပ်မပျော်ဖြစ်နေတာ၊ တစ်ရေးနိုးပြီး ပြန်အိပ်မရဖြစ်နေတာတွေဟာ နောက်တစ်နေ့ တစ်နေ့တာအတွက် လန်းဆန်းတက်ကြွမှုနဲ့ ခွန်အားပြည့်ဝမှုကို အကြီးအကျယ်အနှောင့်အယှက်ပြုမှာဖြစ်ပြီး သင့်ရဲ့ လုပ်နိုင်ကိုင်နိုင်စွမ်းကို လျှော့ချပစ်ပါလိမ့်မယ်။ နှစ်ခြိုက်စွာ အိပ်စက်အနားယူခြင်းဟာ လူတစ်ယောက်ရဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်းနဲ့ အလှအပရေးရာဆိုင်ရာ ကျန်းမာရေး အခြေအနေတွေအားလုံးနဲ့ တိုက်ရိုက်ဆက်နွယ်နေတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကာလရှည်ပြဿနာတစ်ခုဖြစ်လာရင် ဆိုးရွားတဲ့ ကျန်းမားရေးပြဿနာတွေ၊ ကိုယ်ခံအားစနစ်ကျဆင်းမှုတွေနဲ့ လူနေမှုပုံစံပြောင်းလဲမှုတွေကိုပါ ဖြစ်စေမှာဖြစ်ပါတယ်။ ဒီစိတ်ပျက်စရာ အခြေအနေကြီးဟာ လူအတော်များများ ခံစားနေရတဲ့ ဝေဒနာတစ်ခုဖြစ်ပြီးတော့ အမေရိကန်နိုင်ငံမှာဆိုရင် လူဦးရေ ၃၅% လောက်က တစ်ပတ်မှာ ၃ ရက်လောက် ညည အိပ်မပျော်ကြပါဘူးတဲ့။ ဒီအိပ်မရတဲ့ ပြဿနာကြီးက ဘာကြောင့်ဖြစ်လာတာပါလဲ။ လေ့လာချက်တွေအရတော့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

သင့်ကျန်းမာရေးအတွက် မှန်ကန်တဲ့ အိပ်စက်မှုပုံစံနဲ့ အိပ်စက်ပါ

ညဘက် အိပ်စက်တဲ့အခါ ကိုယ့်ကျန်းမာရေးနဲ့ ကိုက်ညီတဲ့ အိပ်စက်မှုပုံစံကို ရွေးချယ်အိပ်စက်နိုင်ဖို့ လိုအပ်ပါတယ်။ ကိုယ်က ဟောက်တတ်တဲ့သူလား၊ နောက်ကျောနာကျင်တတ်တဲ့သူလား၊ ခါးနာတတ်တဲ့လူလား စသဖြင့် ကိုယ့်မှာရှိနေတဲ့ ဝေဒနာကို ကိုက်ညီသက်သာစေမယ့် ပုံစံမျိုးနဲ့ အိပ်စက်မယ်ဆိုရင် ပိုမိုပြီး သက်သောင့်သက်သာဖြစ်မှာဖြစ်ပါတယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် အိပ်စက်နေချိန်မှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကြီးဟာ သက်သောင့်သက်သာရှိလှမှာမဟုတ်သလို အပြည့်အဝ အနားယူမှုလည်းဖြစ်မှာမဟုတ်တာကြောင့် ရေရှည်မှာ အိပ်စက်ခြင်းနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေ စွဲကပ်လာနိုင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်စွာ အိပ်စက်နိုင်စေဖို့ဆိုရင် နူးညံ့တဲ့ ခေါင်းအုံးနဲ့ မွေ့ရာတို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီပစ္စည်းတွေဟာ ပုံမှန်အိပ်စက်မှုတွေမှာ အထောက်အကူဖြစ်စေပါတယ်။ အလွန်ဟောက်တတ်တဲ့သူနဲ့ အိပ်ရလို့ အိပ်မပျော်ဖြစ်နေတာ၊ စောစောစီးစီးတွေ နိုးနေတာ၊ မီးအလင်းရောင် မြင်နေရရင် အိပ်မပျော်တာမျိုးတွေ ကြုံနေရပြီဆိုရင် ပြန်လည်အိပ်ပျော်ဖို့ ကိုယ့်ရဲ့ လက်ရှိအိပ်စက်နေတဲ့ ပုံစံကို ပြောင်းလဲပေးဖို့ လိုအပ်ပါတယ်။ ဆန်ဒီယေဂို တက္ကသိုလ်ရဲ့ […]


နှစ်ခြိုက်စွာအိပ်ပျော်ခြင်းနည်းလမ်းများ

မီးဖွင့် ပြီး အိပ်တာ ကျန်းမာရေးအတွက် ကောင်းလား။

လူတိုင်းအတွက် အိပ်စက်ခြင်းဟာ ခဏတာ အတွက်ရော၊ ရေရှည် အတွက်ပါ အရေးပါတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ကောင်းမွန်တဲ့ အိပ်စက်ခြင်းရမှသာ စိတ်ရော၊ လူပါ အမြဲ ကျန်းမာရွှင်လန်းနေနိုင်မှာ ဖြစ်ပါတယ်။ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့အတွက် တချို့ကတော့ မီးပိတ်ပြီးမှ အိပ်တတ်တယ်၊ တချို့ကတော့ မီးဖွင့်ထားမှ အိပ်ပျော်တယ် စသည်ဖြင့် အိပ်တာနဲ့ ပတ်သတ်ပြီး အမျိုးမျိုး ကွဲပြားနေကြပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မီးဖွင့်ပြီး အိပ်ခြင်းနဲ့ ကျန်းမာတဲ့အိပ်စက်ခြင်း ဘယ်လို ဆက်နွယ်နေတယ်ဆိုတာလေးကို မျှဝေပေးသွားချင်ပါတယ်။ (၁) ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ လူတိုင်းအတွက် ဘာ့ကြောင့် အရေးပါသလဲ။ ကျန်းမာတဲ့ အိပ်စက်ခြင်းဟာ ၁။ ခန္ဓာကိုယ်နဲ့ ဦးနှောက်ကို ထိန်းသိမ်းပြုပြင်ပေးနိုင်ခြင်း။ ၂။ ဖျားနာခြင်းတွေနဲ့ နာတာရှည်ရောဂါတွေကို တိုက်ထုတ်ပေးနိုင်ခြင်း။ ၃။ စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း။ ၄။ ကြွက်သားတွေ ပင်ပန်းနွမ်းနယ်မှုကို ပြန်လည် သန်စွမ်းလာအောင် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း