စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုကြောင့် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေပါ ပြနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ကိုင်တွယ်တာက ကျန်းကျန်းမာမာနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့ အထောက်အကူပြုပါတယ်။ ဒီစာမျက်နှာမှာ စိတ်ဖိစီးမှု ဘယ်လိုကိုင်တွယ်ကြမလဲဆိုတာ ဖတ်ရှုလိုက်ပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ဖိစီးမှုဖြေလျှော့ခြင်း ကို ရှာဖွေမည်။

စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ကာတွန်းကား ကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ

တစ်နေ့တာလှုပ်ရှားမှုအတွင်း လူတိုင်းမှာပင်ပန်းစိတ်ညစ်စရာတွေကတော့ ရှိကြမယ်ထင်ပါတယ်။ ဒီလိုကြုံတွေ့ရတဲ့ စိတ်ညစ်စရာတွေကိုဖြေဖျောက်ကြပုံကတော့ တစ်ယောက်တစ်မျိုးစီ မတူကြလောက်ပါဘူး။ အချို့က စိတ်ညစ်စရာကို တရားနဲ့ဖြေတယ်၊ အချို့ကတော့ စိတ်ညစ်စရာကို စားစရာနဲ့ဖြေတယ်။ တချို့က ကာတွန်းကား ကြည့်ကြတယ်။ တချို့က သောက်စရာနဲ့ဖြေကြသူတွေလည်းရှိရင်ရှိကြမှာပါ။ ဒီတစ်ခေါက် စိတ်ညစ်စရာကြုံတဲ့အခါဖြေဖျောက်လို့ရတဲ့ နည်းလေးတစ်ခုပြောပြပေးပါရစေ။ အကုန်အကျမများသလို ကျန်းမာရေးကိုလည်း ထိခိုက်မှုမရှိစေမယ့် နည်းလေးပါ။ ကာတွန်းကား ကြည့်မယ် လူတိုင်းက ငယ်ရာကကြီးလာတာဆိုတော့ ကာတွန်းကားကို မကြည့်ဖူးတဲ့သူမရှိလောက်ဘူး ထင်ပါတယ်။ ကိုယ်အသည်းစွဲကြိုက်ခဲ့ရတဲ့ ကာတွန်းဇာတ်ကောင်တောင် ရှိရင်ရှိနေကြမှာပါ။ ကာတွန်းကားကြည့်တာက စိတ်ညစ်စရာကို ဘယ်လိုသက်သာစေလဲဆိုတာကို ပြောပြမယ်နော်။ ကာတွန်းကားကြိုက်တာ ဘယ်လိုကောင်းကျိုးတွေရစေနိုင်သလဲ ကာတွန်းကားတော်တော်များများက ပျော်စရာလေးတွေနဲ့ အဆုံးသတ်တာများတော့ စိတ်ထဲကြည်နူးမိစေပါတယ်။ ပျော်စရာ၊ ရယ်စရာလေးတွေပါတဲ့ ကာတွန်းကားလေးတွေဆိုရင် ရယ်မောချင်လာအောင် စွဲဆောင်နိုင်တာကြောင့် စိတ်ပျော်ရွှင်တာမျိုး ဖြစ်သွားစေပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ ကာတွန်းမျိုးဆိုရင်တော့ ကိုယ်တိုင်စီးမျောခံစားရင်း စိတ်ညစ်စရာကို ခဏလောက်တော့ မေ့သွားစေမှာပါ။ ကာတွန်းကားကြည့်ရင် အနည်းဆုံးတော့ပျော်ရွှင်သလို ခံစားရစေတာ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

လူမှုကွန်ရက်ကို အန္တရာယ်ကင်းကင်းနဲ့ အကျိုးရှိအောင် အသုံးပြုကြမယ်

အခုတလော ဆိုရှယ်မီဒီယာကြောင့်ဖြစ်ရတဲ့ပြဿနာတွေအတော်များနေပါတယ်။ ဖရဲသီးသည်လေးကိုယ့်ဘာသာ သတ်သေတယ်။ နာမည်ကြီး ဆယ်လီတွေ ပြဿနာတွေဖြစ်နေတယ်။ ဒါတွေက လူသိများတဲ့ပြဿနာတွေပေါ့။ လူသိပ်သိမများပေမယ့် ဆိုရှယ်မီဒီယာကြောင့် အရှက်တွေကွဲ၊ အလုပ်တွေပျက်၊ ပုံစံမျိုးစုံနဲ့ ပြဿနာတက်နေတာတွေလည်းအများကြီးပါ။ နည်းပညာကတော့ တားဆီးလို့မရနိုင်ဘူး။ မြန်မာနိုင်ငံမှာ ဆိုရှယ်မီဒီယာတွေ တအားကို ခေတ်စားလာတာကလည်း မျက်မြင်ကိုယ်တွေ့ပဲလေ။ ဒီတော့ ဆိုရှယ်မီဒီယာကို ဘယ်လိုအသုံးပြုရင် ဘေးကင်းမလဲ၊ ဘယ်လိုအကျိုးရှိအောင် အသုံးပြုမလဲဆိုတာလေး အကြံပေးပါရစေ။ ဆိုရှယ်မီဒီယာသုံးရတာ အဆိုးချည်းပဲတော့မဟုတ်ပါဘူး။ ကောင်းကျိုးတွေအများကြီးပါ။ ၁။ သိချင်တာတွေကိုမြန်မြန်ဆန်ဆန်နဲ့သိရှိလာနိုင်တယ် သိချင်တဲ့ဘယ်အရာမဆို ချက်ခြင်းသိနိုင်ပါပြီ။ ကမ္ဘာရဲ့အနောက်ဘက်ခြမ်းမှာဖြစ်နေတာကို ထိုင်ရာမထ အရှေ့ဘက်ကလူတွေ သိနေနိုင်ပြီ။ နေရာတစ်ခုခုကိုရှာမလား၊ ဗဟုသုတဖြစ်စရာတစ်ခုခုကိုကြည့်မလား၊ စီးပွားရေးဈေးကွက်အနေအထားနဲ့ ပညာတစ်ခုခုကိုသင်မလား။ ဘာမဆိုရနိုင်နေပြီ။ ၂။ စိတ်ဓါတ်ကျတာတွေကိုကျော်လွှားဖို့ စိတ်ခွန်အားကိုရရှိစေနိုင်ပါတယ် စိတ်ညစ်နေတဲ့အချိန်ဖေ့ဘုတ်ခ်သုံးတဲ့အခါ စိတ်ခွန်အားဖြစ်စေနိုင်တဲ့ စာသားလေးကိုတွေ့မိတာကနေပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းတစ်ယောက်ယောက်က အားပေးနှစ်သိမ့်တာ၊ ချီးကျူးတာကို ခံလိုက်ရတဲ့အခါမှာ စိတ်ဓါတ်ကျနေတာက နည်းနည်းလောက်ဖြစ်ဖြစ် သက်သာရသွားနိုင်ပါတယ်။ တစ်ခါတလေမှာဖေ့ဘုတ်ခ်သုံးတာက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ယောဂက စိတ်ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေသလဲ

ယောဂလို့ဆိုလိုက်ရင်ပဲ လူတွေဟာ ခန္ဓါကိုယ်ရဲ့ ကြွက်သားတွေ တိုးလာတာတို့ ပျော့ပျောင်းလာတာတို့ စတဲ့ မျက်စိနဲ့မြင်ရတဲ့ အကျိုးတွေကိုသာ ပြေးမြင်ကြတာပါ။ ဒါပေမဲ့ ဒါတွေဟာ ယောဂကပေးစွမ်းနိုင်တဲ့ စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးတွေအကြောင်း ဆွေးနွေးဖို့ မလုံလောက်သေးပါဘူး။ ဒီလိုကောင်းကျိုးတွေလည်း အများကြီးရှိနေပါသေးတယ်။ ယောဂက သင့်ရဲ့ စိတ်ကျန်းမာရေးအတွက် ပေးစွမ်းနိုင်တဲ့ ကောင်းကျိုးတွေ၊ ပျော်ရွှင်မှုတွေနဲ့ သင့်ရဲ့ ဆက်ဆံရေး တွေကို တိုးလာစေတဲ့ အချို့သော ကောင်းကျိုးတွေကို ဖော်ပြပေးလိုက်ပါတယ်။   ယောဂဟာ စိုးရိမ်ပူပန်ခြင်း၊ ဒေါသနဲ့ စိတ်ဓါတ်ကျဆင်းခြင်းတွေကို လျော့ပါးစေပါတယ်။ ယောဂဟာ စိုးရိမ်မှုတွေကို လျော့ကျစေပြီး စိတ်အေးချမ်းသာစေပါတယ်။ အသက်ပြင်းပြင်းရှူလိုက်တာနဲ့ပဲ သင့်ရဲ့ အာရုံကြောစနစ်က ချောမွေ့သွားပါတယ်။ ယောဂနဲပပေါင်းလိုက်ရင်တော့ သင်ခံစားနေရတဲ့ ကျန်းမာရေးအတွက်မကောင်းတဲ့ ခံစားချက်တွေကို ဖယ်ထုတ်လိုက်နိုင်မှာပါ။ ဖိအားတွေကို လျှော့ချလိုက်ခြင်းအားဖြင့် ယောဂီတွေရဲ့ အနေအထားနဲ့ အသက်ရှူလေ့ကျင့်ခန်းတွေဟာ ဒီလို အနုတ်လက္ခဏာဆောင်တဲ့ ကိစ္စတွေကို ဖယ်ရှားပစ်နိုင်ပါတယ်။ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အကောင်းမြင်စိတ်စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသားစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာ ဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင် မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။   အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများ အနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နာတာရှည်နာကျင်မှုဝေနာ သောကကို ဘယ်လိုရင်ဆိုင်မလဲ

နာတာရှည်နာကျင်မှု ဝေဒနာသောကကို ဘယ်လိုရင်ဆိုင်မလဲ နာတာရှည်နာကျင်မှုဝေဒနာသည် လူနာကို ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်အောင် အတားအဆီးဖြစ်စေသည်။ ထိုလူနာများသည် သူတို့၏ စွမ်းဆောင်ရည်ကျဆင်းမှုများကြောင့် စိတ်ဓါတ်ကျကာ ကူကယ်ရာမဲ့သကဲ့သို့ မကြာခဏ ခံစားရလေသည်။ ထိုသို့သောလူနာများသည် သူတို့၏နာကျင်မှုဝေဒနာကို ဘယ်လိုသက်သာအောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းအပြင် ထိုဝေဒနာနောက်ဆက်တွဲ စိတ်သောကတွေကိုပါ ရင်ဆိုင်နိုင်မဲ့ နည်းလမ်းကို သိရှိထားဖို့လိုအပ်ပါသည်။ နာတာရှည်နာကျင်မှု နှင့် စိတ်ခံစားချက်အကြား ဆက်နွယ်မှု နာကျင်မှုအကြောင်း စဉ်းစားလိုက်ရုံနှင့်တင် နာကျင်မှုကို ခံစားရစေပါသည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓါကိုယ်နာကျင်မှု မှထွက်လာသော အချက်ပြ လက္ခဏာသည် ဦးနှောက်သို့ရောက်ရှိလေသည်။ ဦးနှောက်ဆိုသည်မှာလည်း စိတ်ခံစားမှုကိုဖြစ်စေသော နေရာဖြစ်သည်။ ဤသည်ပင် နာကျင်မှုနှင့် စိတ်ခံစားမှု အကြား ဆက်နွယ်စေသော သီအိုရီဖြစ်သည်။ နာကျင်မှုသည် စိတ်ဖိစီးမှုနှင့် စိတ်ဓါတ်ကျခြင်းကို ဖြစ်ပေါ်စေပြီး ထိုစိတ်ခံစားချက်များက နာကျင်မှုကို ပိုမိုဆိုးရွားစေသည်။ စိတ်ဖိစီးမှု နာကျင်မှုဝေဒနာကို ခံစားနေရသော အခြေအနေသည် စိတ်ဖိစီးမှုကို ဖြစ်စေသည်။ နာကျင်မှုသည် ခန္ဓါကိုယ်သာမက […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း

အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း ဆိုတာ ဘာလဲ။ စိတ်ဖိစီးမှုက ဘေးရန်ရှိပြီး မျက်မှောက်ခေတ်မှာ အမျိုးသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နေတဲ့ အရာတစ်ခုအဖြစ်ရှိနေပါတယ်။ လေ့လာမှုတွေအရ ဒီလိုစိတ်ပိုင်းဆိုင်ရာ နောက်ဆံတင်းမှုတွေ၊ ဖိစီးမှုတွေက နှလုံးရောဂါ၊ သွေးတိုး၊ ခေါင်းကိုက်၊ ခါးနာ၊ ဆီးချို၊ ကင်ဆာနဲ့ ကိုယ်ခံအားကျခြင်းတို့နဲ့ တိုက်ရိုက်ဆက်စပ်နေတာတွေ့ရပါတယ်။ စိတ်ဖိစီးတာ ဆိုးရွားတဲ့အဆင့်ကိုရောက်နေတဲ့ အမျိုးသားတွေဟာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အပြုအမူ လွန်ကဲခြင်းနဲ့ ဆေးစွဲခြင်းစတဲ့မကောင်းတဲ့ အကျင့်တွေဖြစ်သွားနိုင်ပါတယ်။ အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း အမျိုးသားများအတွက် စိတ်ဖိစီးမှုထိန်းချုပ်ခြင်း နည်းလမ်းတွေကတော့ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ လေ့ကျင့်ခန်းတွေက ကျန်းမာရေး တစ်ခုလုံးကို ကောင်းစေရုံသာမက စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးနိုင်ပါတယ်။ ဒါက စိတ်ဖိစီးမှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ရင် အကောင်းဆုံး စိတ်အချရဆုံးနဲ့ အကုန်အကျ အသက်သာဆုံး နည်းဖြစ်ပါတယ်။ ကဖင်းဓာတ်ကို ကန့်သတ်ချက်ထားပါ ကဖင်းဓာတ် သောက်သုံးမှု များခြင်းက သင့်ရဲ့အက်ဒရီနယ်ဂလင်းကို အကြီးအကျယ် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

နာတာရှည် နာကျင်ခြင်းဝေဒနာကို ခံစားနေရသူတို့အတွက် မိမိ၏ ကိစ္စများကို စီမံခန့်ခွဲရမည့် နည်းလမ်းများ

မိမိကိုယ်ကို စီမံခန့်ခွဲခြင်းဆိုသည်မှာ နာတာရှည်ရောဂါရှိသူများအနေဖြင့် မိမိ၏တနေ့တာဝန်များကို စီမံခန့်ခွဲခြင်းကို ဆိုလိုသည်။ သင်သည် နာတာရှည် နာကျင်မှုဝေဒနာကို ခံစားနေရလျှင် စီမံခန့်ခွဲမှုများပြုလုပ်ရန် မလွယ်ကူလှပါ။ နာကျင်ခြင်းကြောင့် သင့်နေ့စဉ်အလုပ်များနှင့် တာဝန်များ ပျက်ကွက်ရုံသာမက စိတ်ဓါတ်ကျခြင်း နှင့် ယုံကြည်မှုကျဆင်းခြင်းတို့ဖြစ်စေနိုင်ပါသည်။ သို့သော်ငြားလည်း သင်သည် ထိုသို့နာကျင်မှုကိုခံစားနေရသောကြောင့် ပျော်ရွှင်သောဘဝကိုပိုင်ဆိုင်နေနိုင်ကြောင်းသိထားပါ။ ကျွန်ုပ်တို့၏ အကြံပေးချက်နည်းလမ်းများက သင့် ကို ကူညီပေးပါလိမ့်မည်။ ဘာကြောင့် မိမိကိုယ်ကို စီမံခန့်ခွဲဖို့လိုပါသလဲ။ သင်သည် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်လိုပါလျှင် တိကျသော အကူအညီနှင့် သတင်းအချက်အလက်များလိုအပ်ပါသည်။ · သင့်ရောဂါနှင့်ပက်သက်သော အခြေံခံ အချက်အလက်များ ၎င်းတို့ကို အင်တာနက်စာမျက်နှာများ၊ စာအုပ်များနှင့် သင့်ဆရာဝန်ထံမှရယူနိုင်ပါသည်။ · သင့်ရောဂါနှင့်စပ်လျဉ်းပြီး စိမံခန့်ခွဲမှုနည်းလမ်းများ နာတာရှည် နာကျင်ခြင်းကို ထိန်းချုပ်ပြီး နေထိုင်နိုင်ရန် နည်းလမ်းများသိရှိရန် ဝေဒနာသည်များကို အကူအညီပေးသော လူမှုအဖွဲ့အစည်းများ၊ သင်တန်းများမှ အကူအညီကိုရယူသင့်သည်။ · မိသားစု၊ မိတ်ဆွေနှင့် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများမှ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ်ဘယ်လိုသက်ရောက်နေသလဲ

အကောင်းမြင်ခြင်းက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်နေသလဲ ..... သင်ဖြစ်ချင်တဲ့အတိုင်းဖြစ်မလာတဲ့အခါ ဘာကြောင့်များမဖြစ်ရတာလဲလို့တွေးမိတဲ့အခါမျိုးမှာ ဖြစ်ပျက်နေတဲ့ အရာတိုင်းဟာ ကိုယ်စိတ်ထဲကရှိနေတဲ့ အရာတွေအတိုင်းဖြစ်လာတတ်တယ်ဆိုတာကို သတိရပေးပါ။ အဖြစ်အပျက်တွေက ကိုယ့်အတွေးတွေအတိုင်း စိတ်ကလုပ်ဆောင်ဖြစ်ပျက်နေတာပါပဲ။ မိမိရဲ့ အတွေးတွေက မိမိရဲ့ဘဝအပေါ် နည်းလမ်းမျိုးစုံနဲ့တိုက်ရိုက်လွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာ ကျန်းမာတဲ့သူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေ၊ စိုးရိမ်ပူပန်မှုတွေနဲ့ အခြားသောစိတ်ပိုင်း ဆိုင်ရာ အပျက်သဘောဆောင်မှုတွေကနေ ရုန်းထွက်လွတ်မြောက်နိုင်ကြပါတယ်။ အကောင်းမြင်တတ်သူတွေက စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေဖြစ်ပေါ်ခံစားရတာမျိုး နည်းပါးသလို ကိုယ်ခန္ဓာပိုင်းမှာလည်း ရောဂါကြီးကြီးမားမား ခံစားရတာမျိုးမရှိပါဘူး။ အကောင်းမြင်တဲ့စိတ်ထားက စိတ်ရှုပ်ထွေးပြီး စိတ်ထိခိုက်နေသူတွေအတွက် ကုသမှုတစ်ရပ်ပဲဖြစ်ပါတယ်။ အကောင်းမြင်ခြင်းက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာမှာ အထောက်အကူပြုနိုင်ပါတယ်လို့ သိပ္ပံနည်းကျ လေ့လာမှုတွေမှာ အထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ အကောင်းမြင်ခြင်းက ယုံကြည်မှု ပိုမိုရရှိစေပြီး စိတ်ခံစားမှုကိုလည်း တိုးတက်ကောင်းမွန်စေတဲ့အပြင် သွေးတိုးရောဂါ၊ စိတ်ဓာတ်ကျခြင်း နဲ့ အခြားသော စိတ်ဖိစီးမှုနဲ့ပတ်သက်တဲ့ ဝေဒနာတွေဖြစ်ပေါ်ခံစားရနိုင်ခြေကိုလည်း လျှော့ချပေးနိုင်ပါတယ်။ အကောင်းမြင်စိတ်ကြောင့်ရရှိနိုင်တဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

မိသားစုဖိစီးမှုဒဏ်ကို ဘယ်လိုလျှော့ချမလဲ

စိတ်ဖိစီးမှုဟာ သင့်အနားက အရာတွေကြောင့် ဖြစ်တယ်ဆိုရင် ဒါကို လွတ်မြောက်ဖို့ ခဲယဉ်းပါတယ်။ သင်ဟာ သူငယ်ချင်းတွေကို ရွေးချယ်နိုင်သော်လည်း မိသားစုကို ရွေးချယ်နိုင်ခြင်း မရှိပါဘူး။ ကလေးငယ်တွေ၊ အသက်ကြီးသူတွေ၊ လာလည်တဲ့ အမျိုးတွေ အားလုံးဟာ စိတ်ဖိစီးခြင်းရဲ့ အရင်းအမြစ် ဖြစ်လာနိုင်ပါတယ်။     မိဘဖြစ်ခြင်းရဲ့ စိတ်ဖိစီးမှု ကလေးငယ်တွေဟာ သင့်ကိုပျော်ရွှင်စေသလို ခက်ခဲတဲ့အချိန်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။ မိဘတစ်ယောက် ဖြစ်လာခြင်းဟာ နေ့စဉ် အလုပ်လုပ်တဲ့ပုံစံ၊ အိပ်တဲ့ပုံစံမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာခြင်းပဲ ဖြစ်ပါတယ်။ ဒီထက်ခက်ခဲတဲ့ အခက်အခဲတွေ ဘဝမှာ ကြုံတွေ့ရမှာ ဖြစ်ပါတယ်။ ဒီစိတ်ဖိစီးခြင်းဟာ ဒီအတိုင်းပျောက်သွားမှာ မဟုတ်လို့ သက်သာစေတဲ့ နည်းလမ်းတွေကို ရှာဖွေသင့်ပါတယ်။ သင့်ရှေ့က မိဘအတော်များများဟာ ဒီပြဿနာတွေကို ကြုံခဲ့ပြီး ဖြစ်တာမို့ သူတို့နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ အကူအညီပေးခြင်းတွေကို လက်ခံပါ။ တကယ်လို့ သင်ဟာ တတ်နိုင်သူဆိုရင် […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဒေါသထိန်းချုပ်မှုဆိုင်ရာ ပြဿနာများ

ဒေါသဟာ စိတ်ရှုပ်ခြင်း၊ စိတ်ပျက်ခြင်း၊ အနှောင့်အယှက်ဖြစ်ခြင်းတွေကနေ စတင်နိုင်ပြီး ပြင်းထန်တဲ့ ခံစားမှုတစ်ခုဖြစ်ပါတယ်။ အချို့အခြေအနေတွေမှာ ဒေါသထွက်ခြင်းဟာ ခံစားချက်တွေကိုသက်သာစေတာကြောင့် ကျန်းမာရေးအတွက် ကောင်းမွန်ပါယတ်။ ဒါဟာ ပုံမှန်လူသား ခံစားမှုတစ်ခုသာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒေါသကို ဘယ်လိုဖေါ်ပြရမလဲဆိုတာ မသိရင်တော့ ဒါကို anger management problem လို့ ခေါ်ပါတယ်။ စိတ်တိုခြင်းဟာ ကောင်းခြင်း၊ ဆိုးခြင်း မရှိပါဘူး။ ဒါပေမယ့် သင်ဒေါသထွက်ပုံ၊ အခြားသူတွေကို ဆက်ဆံပုံပေါ်မူတည်ပြီး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒေါသကိုမထိန်းနိုင်သူ တစ်ယောက်ဟာ နားလည်မှုလွဲခြင်းကို ဖြစ်စေနိုင်ပြီး ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရတဲ့ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ anger management problem ရှိသူတွေဟာ သူတို့ရဲ့ ခံစားချက်တွေကို သတိမထားမိခြင်း၊ အခြားသူတွေကို ပြဿနာ ဖြစ်စေမှန်းကိုသတိမထားမိခြင်း တွေဖြစ်နိုင်ပါတယ်။ Anger management problem […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်