အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အမျိုးသမီးများတွင် ရာသီမလာခင် ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြဿနာများ(PMDD)

အဓိပ္ပါယ်ဖွင့်ဆိုချက်။အမျို ူးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာတွေ(PMDD)ွ ဆိုတာဘာတွေလဲ။   အမျိ ုးသမီးများတွင် ရာသီမလာခင်ဖြစ်လေ့ရှိသောစိတ်ခံစားမှုပြသ နာ (PMDD-Premenstrual dysphoric disorder)တွေဆိုတာက ပြင်းထန်ဆိုးရွားတတ်ပြီး တစ်ခါတစ်ရံမှာ ရိုးရိုး ရာသီမလာခင်စိတ်ခံစားမှုတွေလိုမျိ ုးကို အချိန်ကြာကြာဖြစ်နေတာ မျိ ုးဖြစ်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရာသီမလာခင် စိတ်ခံစားမှုပြသနာ တွေရယ် မှာက စိတ်ခံစားမှုဆိုင်ရာလက္ခဏာများ၊ ကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေ နှစ်မျ ိုးလုံးရှိတတ်ပါတယ်။ ဒါပေမယ့် ဒီ PMDDဆို တာက စိတ်ပြောင်းလဲမှု အလွန်မင်း ဖြစ်တတ်သောကြောင့် သင့်ရဲ့ အလုပ်ရယ်နောက်ပြီးသင့်ရဲ့ လူမှုရေးတွေမှာ ပျက်ပြားတဲ့အထိ ဖြစ် နိုင်ထိခိုက်နိုင်ပါတယ်။   အမျိုးသမီးများတွင်ရာသီမလာခင်ဖြစ်လေ့ရှိသော စိတ်ခံစားမှု ပြသနာများ(PMDD)ကို အတွေ့ရများသလား။   ၈၅%လောက်ရှိတဲ့ လူနာတွေမှာ ရိုးရိုးဖြစ်လေ့ရှိတဲ့ ရာသီမလာခင် မအီမသာဖြစ်မှုကို တွေ့ရသော်လည်း စာရင်းဇယားများအရ ဒီPMDDကတော့ တွေ့ရတာပိုနည်းပါတယ်။PMDDကို ၃-၈%လောက်သော အမေရိကန်အမျိ ုးသမီးတွေမှာ တွေ့ရပါတယ်။ အခြားအချက်အလက်များကိုသိရဖို့သင့်ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ ရောဂါလက္ခဏာများ။PMDD ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။   PMDD ရဲ့အတွေ့ရများတဲ့လက္ခဏာတွေကတော့ -အလွန်အမင်းပင်ပန်းနွမ်းနယ်ခြင်း။ -စိတ်အပြောင်းအလဲများခြင်း၊စိတ်ဓါတ်ကျလွယ်ခြင်း၊စိုးရိမ်ပူပန်မှု များခြင်း၊စိတ်မရှည်ခြင်း။ -အာရုံစူးစိုက်ဖို့ခက်ခဲခြင်း။ -နှလုံးတုန်ခြင်း။ -တစ်စုံတစ်ယောက်က ကိုယ့်ကိုထိခိုက်အောင်လုပ်မယ်လို့ထင်ခြင်း၊ -ပုံမှန်မဟုတ်ခြင်း -သတိမေ့တတ်ခြင်း -ဗိုက်ဖောင်းနေခြင်း၊အစားစားလို့ကောင်းခြင်း၊ဗိုက်ထဲတွင်နေ လို့မကောင်းခြင်း။ -ခေါင်းကိုက်ခြင်း၊ -ကြွက်တက်ခြင်း၊ခြေဖျားလက်ဖျားများ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ

အမြင့်ကြောက်ရောဂါဆိုတာ ဘာလဲ သင်ဟာ တကယ်လို့ တော်တော်မြင့်တဲ့ အမြင့်တစ်နေရာကိုရောက်နေတယ်….အဲဒီအချိန်မှာ အောက်ကို ငုံ့ကြည့် လိုက်မိလို့ စိတ်ထဲမှာနည်းနည်း ကြောက်မိသွားတယ်…. အသည်းအေးသွားတယ်ဆိုပါစို့။ ဒါက ပုံမှန်ဖြစ်ရပ်ပါပဲ။ သင်မှ မဟုတ်ဘူး…လူတိုင်းနီးပါး ဒီလိုပဲဖြစ်တတ်ကြပါတယ်။ အဲလိုမဟုတ်ဘဲ သင့်အနေနဲ့ ချွေးစေးတွေပါ ပြန်လာပြီး တစ်ကိုယ်လုံး တုန်တုန်ရီရီဖြစ်လာမယ်…. ခြေဖျားလက်ဖျားတွေပါ အရမ်းကိုအေးစက်ပြီး ပျို့ချင်သလိုလို အန်ချင်သလိုလို ဖြစ်လာတတ် တယ်ဆိုရင်တော့ ယျေဘုယျအားဖြင့် သင့်မှာအမြင့် ကြောက်ရောဂါ ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ လူတချို့အတွက်တော့ အမြင့်ကြောက်ရောဂါဟာ… အသက်ကြီးမှ စဖြစ်တာမျိုး…. ဒါမှမဟုတ် အသက်ကြီးမှ ပိုဆိုးတာမျိုးလဲ ဖြစ်တတ်ပါသတဲ့။ အဖြစ်များတဲ့ အရွယ်ကတော့…. အသက်ဆယ့်ငါးနှစ်ကနေ နှစ်ဆယ့်ငါးနှစ်အတွင်းလို့ ဆိုပါတယ်။ “အသက်ကြီးမှ အမြင့်ကြောက်ရောဂါဖြစ်သူတွေမှာတော့…. ဘာကြောင့်ဖြစ်ရသလဲ လေ့လာကြည့်တဲ့အခါ ….. အသက်ကြီးလာတာနဲ့အမျှ ခန္ဒါကိုယ်ရဲ့ ဟန်ချက်ညီမျှမှူကို ထိန်းပေးတဲ့ အစိတ်အပိုင်းတွေ … အရင်ကလောက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကဘာလဲ။ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ ဆိုသည်မှာ ပုံမှန်မဟုတ်သော၊ အဟာရမရှိသော ပစ္စည်းတခုခု (ဥပမာ။ ရေခဲတုံး)ကို အလွန်အမင်း နှစ်ချိုက်စွာ စာသုံးတတ်သော ရောဂါ ဖြစ်ပါသည်။ သို့သော် တချို့ဝေဒနာရှင်များတွင်မှု အန္တာရာယ် ဖြစ်စေနိုင်သော အရာများ ( ဥပမာ။ အိမ်သုတ်ဆေးများ ခြောက် သွေ့ပြီးနောက် ကွာကျသော အဖတ်များ၊ သတ္တုအစအနများ ) ကိုလည်း စားတက်ပြီး ယင်းသို့ စားခြင်ကြောင့် နောက်ဆက်တွဲ အနေဖြင့် ခဲဆိပ်သင့်ခြင်းများလည်း ဖြစ်ပွားတတ်ပါသည်။ Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ ဤရောဂါသည် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အတွေရများတတ်ပြီး နာတာရှည်ရောဂါ မဟုတ်ပါ။ အချို့သော ဉာဏ်ရည်ဖွံ ဖြိုးမှု နောက်ကျသော ရောဂါသည်များတွင်လည်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ

လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ ဆိုတော့ လူရယ်လို့ ဖြစ်လာပြီဆိုရင် ကျား၊မ သဘာဝဆိုတာ မွေးကတည်းက ပါလာပြီးသား၊သတ်မှတ်ပြီးသားပါ။ (လိင်နှစ်မျိုးပါလာတာတို့ ဘာတို့ စသဖြင့် ချွင်းချက်လေးတွေတော့ ရှိသပေါ့လေ)။ ဒါပေမယ့် ကျွန်တော်တို့ ဆေးပညာအရ အထီး၊အမ သဘာဝ သတ်မှတ်တယ်၊ခွဲခြားတယ်ဆိုတာကလည်း အပြင်ပန်းမြင်ရတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ကြည့်ပြီး သတ်မှတ်ရတာမျိုး မဟုတ်လား။ ယေဘုယျအားဖြင့် အပြင်ပန်းအင်္ဂါအစိတ်အပိုင်းတွေ နဲ့ အတွင်းပိုင်းစိတ်သဏ္ဍာန်ကဖြစ်ပေါ်လာတဲ့ လိင်စိတ်သဘာဝတို့ဟာ (အနောက်တိုင်း ဆေးပညာ အလိုအရတော့ ကျား၊မလိင်ဟော်မုန်းတွေက လွှမ်းမိုးချုပ်ကိုင်နေတဲ့ လိင်စိတ်တွေပေါ့) သဟဇာတဖြစ်ပါတယ်။ ပုံစံတူညီပါတယ်။ ဆိုလိုတာက အပြင်ပန်းမှာ ကျားသဘာဝပုံစံရှိတယ်ဆိုရင် အတွင်းလိင်စိတ်ကလည်း ကျားသဘာဝပဲဖြစ်တာမို့ ဆန့်ကျင်ဖက်လိင်ဖြစ်တဲ့ မ သတ္တဝါကို လိုချင်တပ်မက်ပါတယ်။ ဒါဟာ လူအများစုမှာ ဖြစ်နေတဲ့ သဘာဝအရှိတရားဖြစ်တဲ့အတွက် 'ပုံမှန်'လို့ လူ့အဖွဲ့အစည်းက သတ်မှတ်ထားလေ့ရှိပါတယ်။ ဒါကိုပဲ လိင်စိတ်တိမ်းညွှတ်မှုလို့လည်း သမုတ်နိုင်မှာပါ။ လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ လိင်စိတ်တိမ်းညွှတ်ခြင်းဆိုတာဘာလဲ ဆိုတော့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ပေဒိုဖီးလီးယား (Pedophilia) ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်း

ဒီဖက်ပိုင်းမှာ ခပ်စိပ်စိပ်ကြားလာရ၊စိတ်မချမ်းမြေ့စွာ မြင်လာရတဲ့ နောက်ဆုံးပေါ် မှုခင်းတစ်မျိုးက သက်ငယ်မုဒိမ်းမှုပါ။ သူ့ကို ကိုယ်မယုံ၊ကိုယ့်ကို သူမယုံနဲ့ဖြစ်လာကြပြီး အရင်းအချာချင်းတွေတောင် ဆင်ဆင်ခြင်ခြင်နေထိုင်နေကြရပါတယ်။ ဒါနဲ့ တစ်ဆက်တည်း ပညာပေးမှုတွေ၊ဆောင်ရန်ရှောင်ရန် နည်းလမ်းတွေကို မီဒီယာတွေ၊လူမှုကွန်ယက်တွေကနေ ကျယ်ကျယ်ပြန့်ပြန့် မျှဝေပေးနေတာမို့ ဒီဆောင်းပါးလေးမှာတော့ တခြားဆက်စပ်အကြောင်းအရာတစ်ခုကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲ့ဒါကတော့ ခေါင်းစဉ်မှာတင်ထားတဲ့အတိုင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်မှုဖြစ်ခြင်း (Pedophilia) ဆိုတဲ့ အကြောင်းပါ။ ပေဒိုဖီးလီးယား (Pedophilia) ဆိုတာ ဘာလဲ။ Paedo ဆိုတာ ကလေးသူငယ်လို့ အဓိပ္ပာယ်ရပြီး ဂရိစာလုံး pais ကနေ ဆင်းသက်ပါတယ်။ philia ဆိုတာကတော့ စွဲလမ်းတွယ်တာခြင်း လို့အဓိပ္ပါယ်ရတဲ့ ရှေးဟောင်းဂရိစာလုံးဖြစ်ပါတယ်။ ဒီတော့ စာလုံးနှစ်လုံးကို ပေါင်းစပ်ထားတဲ့ ပေဒိုဖီးလီးယားဆိုတာဟာ ကလေးသူငယ်တွေအပေါ်မှာ လိင်စိတ်တိမ်းညွှတ်ခြင်းလို့ ယေဘုယျအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုနိုင်ပါတယ်။ ကလေးသူငယ်ဆိုတဲ့နေရာမှာ အသက် ၁၃နှစ်နှင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Wernicke-Korsakoff syndrome (ဝါးနစ်ခ်ကောစာကော့ဖ်ခေါ် အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ) ကဘာလဲ။   အရက်ကြောင့် စိတ်ဖောက်ပြန်သောရောဂါ ဟာ ဗီတာမင် ဘီ 1 ချို့တဲ့သည့် အတွက် အာရုံကြော ပျက်စီးခြင်း ဖြစ်ပါတယ်။ များသောအားဖြင့် အရက် အလွန်အကျွံ ကြာမြင့်စွာသောက်သုံးခြင်းနဲ့ ဆက်နွယ်နေပါတယ်။ ပြင်းထန်သောအူလမ်းကြောင်းရောဂါများ ၊ ကင်ဆာရောဂါ နှင့် အစာအဟာရ မပြည့်ဝခြင်းတို့ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကျွမ်းကျင်သူတွေ ကတော့ Wernicke-Korsakoff syndrome (WKS) ဟာ ဆက်နွယ်မှုရှိတဲ့ သီးခြားရောဂါ နှစ်ခု သို့မဟုတ် ရောဂါတစ်ခုတည်း ရဲ့ လက္ခဏာတွေလို့ ငြင်းခုံဆွေးနွေး နေကြပါတယ်။ Wernicke’s ဟာရောဂါရဲ့ အစပိုင်း အခြေအနေ ဖြစ်ပြီး Korsakoff syndrome ကတော့ နာတာရှည် အခြေအနေ လို့ အချို့ ကယုံကြည်ထားကြတယ်။ ကုသမှုခံယူပြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Kleptomania (မခိုးရမနေနိုင်သောရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Kleptomania (မခိုးရမနေနိုင်သောရောဂါ) ကဘာလဲ။ မခိုးရမနေနိုင်သောရောဂါဆိုတာယေဘုယျအားဖြင့် ကိုယ့်မှာလိုအပ်တဲ့အရာမဟုတ်တဲ့ပစ္စည်းနဲ့ တန်ဖိုးနည်းပစ္စည်းလေးတွေကိုခိုးချင်တဲ့စိတ်ကိုထိန်းလို့မရတာထိန်းပေမယ့်ခဏခဏပြန်လုပ်ချင်တဲ့စိတ်မျိုးရှိတာကိုခေါ်တာပါ။ ဒီရောဂါကတော်တော့်ကိုအခြေအနေဆိုးတဲ့ စိတ်ရောဂါတစ်မျိုးပါပဲမကုသပဲထားခဲ့ပါကသင်ကိုယ်တိုင်လည်းစိတ်ဒဏ်ရာရနိုင်ပြီးကိုယ်တစ်ကယ်ချစ်ရတဲ့သူတွေကိုပါထိခိုက်စေပါတယ်။ လက္ခဏာများKleptomania (မခိုးရမနေနိုင်သောရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မခိုးရမနေနိုင်သောရောဂါရဲ့ရောဂါလက္ခဏာတွေကဘာတွေလဲ ပါရှိတဲ့လက္ခဏာတွေကတော့ -သင်မလိုအပ်တဲ့ပစစည်းများကိုခိုးယူချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တာမျိုး။ -စိတ်ဖိစီးမှုများလာတာစိတ်အနှောင့်အယှက်ဖြစ်ရတာတွေ စိတ်ပါလာတဲ့ခံစားချက်တွေကြောင့် ခိုးယူခြင်းကိုဖြစ်သွားစေတာမျိုး။ -ခိုးယူစဉ်အချိန်မှာစိတ်ကျေနပ်သွားတာစိတ်သက်သာသွားတာစိတ်ပျော်သွားတာမျိုးခံစားရရင်။ -ခိုးပြီးတဲ့အချိန်မှာ ဆိုးဆိုးရွားရွားအပြစ်ရှိသလိုခံစားရတာ၊နောင်တရတာ၊ကိုယ့်ကိုယ်ကိုမုန်းတီးတာ၊ရှက်တာ၊အဖမ်းခံရတာမျိုးကြောက်တာမျိုး။ -ခိုးချင်တဲ့စိတ်တွေတစ်ဖန်ပြန်ဖြစ်လာပြီး ပြန်ခိုးချင်လာပြီးမခိုးရမနေနိုင်တဲ့စိတ်တစ်ပတ်ပြန်ပေါ်လာတာမျိုး။ မခိုးရမနေနိုင်ရောဂါရှိတဲ့လူတွေမှာပဲတွေ့ရတတ်တဲ့လကခဏာတွေဆိုပြီးရှိလား ဟုတ်ကဲ့။ ရှိပါတယ်။ အောက်မှာပြောပြမယ့်အချက်တွေ လက္ခဏာတွေကမခိုးရမနေနိုင်ရောဂါရှိသူတွေမှာရှိတတ်ပါတယ်။ -တစ်ခြားခါးပိုက်နှိုက်သူခိုးတွေနဲ့မတူပဲမခိုးရမနေနိုင်ရောဂါရှိသူများဟာကိုယ်ကျိုးရဖို့အတွက်ခိုးတာစမ်းချင်လို့ခိုးတာ ပုန်ကန်လိုစိတ်နဲ့ခိုးတာမဟုတ်ပါ။ သူတို့ကသူတို့ရဲ့ခိုးချင်တဲ့စိတ်ကိုမတွန်းလှန်နိုင်တဲ့အတွက် ရိုးရိုးခိုးရခြင်းဖြစ်ပါတယ်။ -မခိုးရမနေနိုင်သောရောဂါဟာအစီအစဉ်ချထားခြင်းမရှိပဲအကူအညီမပါပဲတစ်ခြားလူရဲ့အကူညီမပါပဲမိမိဘာသာအလိုအလျောက်ခိုးယူလိုစိတ်ပေါ်ခြင်းကြောင့်ဖြစ်နေရပါတယ်။ -အဲ့လိုရောဂါသည်တော်တော်များများဟာစတိုးဆိုင်တွေ စူပါမားကတ်တွေ အများသူငှာတွေရှိတဲ့နေရာတွေကနေခိုးတတ်ကြပါတယ်။ တစ်ချို့တွေကတော့ သူတို့ရဲ့သူငယ်ချင်းတွေဆီကနေလုပ်ဖော်ကိုင်ဖက်တွေဆီကနေပါတီလိုနေရာမျိုးတွေကနေခိုးကြပါတယ်။ -ခိုးလိုက်တဲ့ပစစည်းတွေဟာမခိုးရမနေနိုင်သောရောဂါရှိတဲ့လူတွေအတွက် ဘာတန်ဖိုးမှမရှိတဲ့ပစစည်းတွေဖြစ်ပြီး သူတို့ဝယ်နိုင်နေတဲ့ပစစည်းတွေပဲဖြစ်တတ်ကြပါတယ်။ -အခိုးခံရတဲ့ပစစည်းတွေကိုများသောအားဖြင့်ပစ်ထားတတ်ကြတယ် ဘယ်တော့မှလည်းမသုံးဖြစ်ကြပါဘူး။ တစ်ချို့ကလှုလိုက်တာမျိုး၊သူငယ်ချင်းတို့ မိသားစုဝင်တို့ကိုပေးလိုက်တာမျိုး တစ်ချို့ဆိုရင်သူတို့ခိုးတဲ့နေရာဆီကိုတိတ်တိတ်လေးပြန်သွားထားတတ်ကြပါတယ်။ -ခိုးချင်တဲ့စိတ်ဟာပေါ်လာလိုက်ပျောက်သွားလိုက်ဖြစ်တတ်ပြီးအချိန်ကြာလာတာနဲ့အမျှ တစ်ချို့ကခိုးချင်စိတ်လျော့ပါးလာတတ်ပြီးတစ်ချို့ကပိုခိုးချင်လာတတ်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အပေါ်မှာပြောခဲ့တဲ့အချက်တွေ လက္ခဏာတွေရှိခဲ့မယ်ဆိုရင် ဆေးပညာဆိုင်ရာအကြံပေးဆွေးနွေးမှုကိုသင်ရယူသင့်ပါပြီ။ ကုသမှုခံယူမှသာ သင့်ရဲ့မခိုးရမနေနိုင်သောစိတ်ကိုထိန်းချုပ်လို့ရလာမှာပါ။ မခိုးရမနေနိုင်သောရောဂါရှိတဲ့လူအများစုက ကုသမှုကိုမခံယူချင်ကြပါဘူးဘာလို့လဲဆိုတော့ သူတို့ကိုဖမ်းလိုက်မလားထောင်ချလိုက်မလားဆိုပြီးကြောက်ကြလို့ပါ။ သို့သော်လည်း သင့်စိတ်ကျန်းမာရေးကိုကူညီစောင့်ရှောက်ပေးတဲ့လူတွေကသင့်ရဲ့ခိုးမှုကို အာဏာရှိသူတွေဆီကိုတိုင်ကြားလေ့မရှိပါဘူး။ (သင်နဲ့ဘယ်အခြေအနေကအဆင်ပြေဆုံးဖြစ်မလဲဆိုတာကိုသင့်ဆရာဝန်နဲ့ဆွေးနွေးတာအကောင်းဆုံးပါပဲ။) အကြောင်းရင်းများKleptomania (မခိုးရမနေနိုင်သောရောဂါ) ကိုဘာတွေကဖြစ်စေသလဲ မခိုးရမနေနိုင်သောရောဂါကိုဘာကဖြစ်စေလဲသေချာမသိကြပါဘူး။ သီအိုရီတွေကတော့ ဦးနှောက်မှာပြောင်းလဲမှုဆိုင်ရာတွေဖြစ်တာကြောင့် မခိုးရမနေနိုင်သောရောဂါရဲ့အရင်းအမြစ်ဖြစ်ရတယ်လို့ဆိုကြပါတယ်။ ဖြစ်နိုင်ခြေများငါ့ဆီမှာ Kleptomania (မခိုးရမနေနိုင်သောရောဂါ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ မခိုးရမနေနိုင်သောရောဂါကိုသိပ်ပြီးမတွေ့ရတတ်ပါဘူး။ ဘာလို့လဲဆိုတော့သူတို့က ရောဂါကုသမှုကိုမခံယူတတ်ကြပါဘူးတစ်ချို့ကလည်းခဏခဏ ခိုးတဲ့အတွက်ကြောင့်တစ်ခါတည်းအချုပ်ထဲရောက်သွားကြလို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ

သင့်အတွေးက သင့်စိတ်ကျန်းမာရေးကို သက်ရောက်စေပြေီး သင့်ရုပ်ပိုင်းဆိုင်ရာကိုတောင် သက်ရောက်စေနိုင်ပါတယ်။ အကောင်းမြင်အတွေးတွေက သင့်ကိုကျန်းမာစေပြီး အချို့သော စိတ်ကျန်းမာရေးပြဿနာတွေကို ပြေလည်စေနိုင်ပါတယ်။ အခြားတစ်ဖက်မှာလည်း အဆိုးမြင်အတွေးတွေက သင့်ကျန်းမာရေးကိုဆိုးဆိုးရွားစွာသက်ရောက်ပြီး သင့်စိတ်ကျန်းမာရေးပြဿနာကို ပိုဆိုးသွားစေနိုင်ပါတယ်။ ဒါကြောင့် ဘာတွေက မကောင်းမြင်အတွေးတွေကို ဝင်စေသလဲ ဆိုတာကို သိဖို့လိုပါတယ်။ အဆိုးမြင်အတွေးဆိုတာ ဘာလဲ။ သင်လေယာဉ်စီးနေချိန်မှာ လေယာဉ်မယ်က သင့်ကို မယဉ်မကျေးဆက်ဆံတယ်။ ဒီလိုအခြေအနေမျိုးမှာ သင်ဘယ်လိုတုံ့ပြန်မလဲ။ ဒီဝန်ထမ်းနဲ့ပတ်သက်ပြီး ဒေါသထွက်မှာလား သင့်ကိုယ်သင်အတွက် ဝမ်းနည်းနေမှာလား။ မေ့လိုက်မှာလား။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုတုံ့ပြန်လဲဆိုတာက သင်ဘယ်လိုတွေးတယ်ဆိုတာကို ပြပါတယ်။ မေ့ပျောက်လိုက်နိုင်ပြီး ပြီးခဲ့တာတွေပြီးတဲ့အတိုင်းထားနိုင်မယ်ဆိုရင် သင်က အကောင်းမြင်တတ်တဲ့လူတစ်ယောက် ဖြစ်နိုင်ပါတယ်။ ကိစ္စတိုင်းကို စိတ်မကောင်းဘူး၊ ဒေါသထွက်မယ်၊ ဝမ်းနည်းမယ် ဒါမှမဟုတ် အခြားအဆိုးမြင်အတွေးတွေ ခံစားချက်တွေ ရှိနေရင်တော့ အဆိုးမြင်တတ်သူဖြစ်ပါလိမ့်မယ်။ ပြဿနာသေးသေးလေးကို ချဲ့ပြီး ရက်တွေ၊ သီတင်းပတ်တွေနဲ့ လပေါင်းများစွာထိတောင် ခံစားနေမယ်ဆိုရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိမိကိုယ်ကို ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ အင်တာနက်ပေါ်မှာ ခေတ်စားလာခြင်းဟာ စိုးရိမ်စရာကောင်းလှတယ်

လူငယ်လေးတွေ သူတို့ခန္ဓါကိုယ်ကို သူတို့ ဆိုးဆိုးရွားရွား ထိခိုက်အောင် လုပ်ပြတဲ့ ဗွီဒီယိုတွေ YouTube ပေါ်မှာ ခေတ်စားလာတာဟာ အင်မတန်စိုးရိမ်စရာကောင်းတဲ့ အခြေအနေတခု ဖြစ်လာပါတယ်။   မိမိကိုယ်ကို သတ်သေခြင်းမမြောက်တဲ့ ထိခိုက်ဒါဏ်ရာ ရရှိအောင် ပြုလုပ်ခြင်း ဆိုတာဘာလဲ။ မိမိခန္ဓါကိုယ်ကို မိမိကိုယ်တိုင် ဓါးနဲ့လှီးခြင်း၊ထိုးခြင်း ဒါမှမဟုတ် မီးရှို့ခြင်း စတာတွေ ကိုပြုလုပ်ပြီး ထိခိုက်အောင် လုပ်ခြင်းကို ဆိုလိုပါတယ်။ ဒီအပြုအမူတွေထဲမှာ တက်တူးထိုးတာ ဒါမှမဟုတ် နားပေါက်ဖောက်တာတွေကို ထည့်သွင်းစဉ်းစားခြင်းမပြုဘဲ ခန္ဓါကိုယ်ရဲ့ တစ်ရှုးတွေ၊အင်္ဂါတွေကို ပျက်စီးသွားအောင် ရုတ်တရက် စိတ်လိုလက်ရ ပြုလုပ်ခြင်းကို ရည်ညွှန်းတာပါ။ ဒါ့အပြင် အဆိုပါ အပြုအမူတွေဟာ အသက်အန္တရာယ်ကိုလည်း ထိခိုက်စေခြင်း မရှိရပါဘူး။ မိမိကိုယ်ကို အနာတရဖြစ်အောင် ပြုလုပ်ခြင်းဟာ စိုးရိမ်စရာကောင်းပြီး ပုံမှန်ပြုလုပ်လေ့ရှိတဲ့ အလေ့အထ တခုဖြစ်ကာ ဝမ်းနည်းခြင်း၊အထီးကျန်ခြင်း၊ဆောက်တည်ရာမရဖြစ်ခြင်း၊အလွန်အမင်းစိတ်ဆင်းရဲခြင်း၊မိမိကိုယ်ကို တန်ဖိုးမထားခြင်း၊မေတ္တာငတ်မွတ်ခြင်း အစရှိတဲ့ စိတ်ပိုင်းဆိုင်ရာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲ

မိန်းကလေးများကြားတွင် အချင်းချင်းအနိုင်ကျင့်ခြင်းများသည် နေ့တိုင်းကြားနေရပါသည်။ သို့သော် ယခုခေတ်တွင် ပိုဆိုးလာပါသည်။ ထိုသို့ဖြစ်ရသော အကြောင်းရင်းများစွာရှိပါသည်။ သို့သော် သင်သည် သင့်ကလေးကို သူသည် အနိုင်ကျင့်ခံရသလား၊ အခြားကလေးများကို အမြဲအနိုင်ကျင့်နေသလား သေချာစွာမေးဖူးပါသလား။ ယခုဆောင်းပါးတွင် မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ၊ သူတို့ကို ဘယ်လို ထိန်းချုပ်မလဲအကြောင်းများကို ဖော်ပြသွားမည်ဖြစ်ပါသည်။ မိန်းကလေးများသည် ဘာကြောင့် အချင်းချင်းအနိုင်ကျင့်ကြသလဲ။ အချင်းချင်းအနိုင်ကျင့်သော မိန်းကလေးများသည် မနာလိုစိတ်များခြင်း၊ စိတ်ကို မထိန်းချုပ်နိုင်ခြင်း၊ စာနာစိတ်မရှိခြင်း နှင့် အသာစီးရလိုခြင်း စသည့် အကျင့်စရိုက်များရှိတတ်ကြပါသည်။ မကြာသေးမီက လေ့လာချက်များအရ မိန်းကလေးများသည် သူတို့၏ဖြစ်တည်မှု၊ ပိုင်ဆိုင်မှု၊ ထိန်းချုပ်မှုများနှင့် အဓိပ္ပာယ်ရှိသည်ဟုထင်ထားသော အရာများနှင့် သွေဖည်သွားသောအခါ သူတို့သည် အခြားသူများကို အနိုင်ကျင့်ကြသည်ဟု ဆိုပါသည်။ ဥပမာ- အနိုင်ကျင့်သော မိန်းကလေးများသည် သူတို့ငယ်ဘဝတွင် အမြဲအနိုင်ရခြင်း သို့မဟုတ် […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)