backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကဘာလဲ။

ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ ဆိုသည်မှာ ပုံမှန်မဟုတ်သော၊ အဟာရမရှိသော ပစ္စည်းတခုခု (ဥပမာ။ ရေခဲတုံး)ကို အလွန်အမင်း နှစ်ချိုက်စွာ စာသုံးတတ်သော ရောဂါ ဖြစ်ပါသည်။ သို့သော် တချို့ဝေဒနာရှင်များတွင်မှု အန္တာရာယ် ဖြစ်စေနိုင်သော အရာများ ( ဥပမာ။ အိမ်သုတ်ဆေးများ ခြောက် သွေ့ပြီးနောက် ကွာကျသော အဖတ်များ၊ သတ္တုအစအနများ ) ကိုလည်း စားတက်ပြီး ယင်းသို့ စားခြင်ကြောင့် နောက်ဆက်တွဲ အနေဖြင့် ခဲဆိပ်သင့်ခြင်းများလည်း ဖြစ်ပွားတတ်ပါသည်။

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

ဤရောဂါသည် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် အတွေရများတတ်ပြီး နာတာရှည်ရောဂါ မဟုတ်ပါ။ အချို့သော ဉာဏ်ရည်ဖွံ ဖြိုးမှု နောက်ကျသော ရောဂါသည်များတွင်လည်း ဖြစ်တတ်ပါသည်။ ယင်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါသည် ဦးနှောက် ဖွံဖြိုးမှု့နောက်ကျသော ကလေးငယ်များတွင် ပိုမိုပြင်းထန်ပြီး အချိန်ကြာ မြင့်စွာ ဖြစ်ပွားတတ်ပါသည်။ ဤရောဂါ နှင့် ပတ်သက်သော အချက်အ လက်များ ထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေး သင့်ပါတယ်။

လက္ခဏာများ

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ

ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရဲ့ အဖြစ်အများဆုံး ရောဂါလက္ခဏာတွေကတော့ ပုံမှန် အစားအစာမဟုတ်သော အရာများကို ပုံမှန်စားသုံးခြင်း ဖြစ်ပါသည်။ ယင်းကဲ့သို့ စားသုံးနေခြင်းမှာ အနည်းဆုံးတစ်လ ကြာပြီဆိုပါက ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါဟု သတ်မှတ်နိုင်ပြီ ဖြစ်ပါသည်။

အကယ်၍ သင်သည် ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရှိနေပြီ ဆိုပါက အောက်ပါအရာများထဲမှ တခုခုကို စားသုံးမည်ဖြစ်ပါသည်။

ရေခဲတုံး၊ ဆပ်ပြာခဲ၊ ကြယ်သီး၊ ရွှံ၊ ဆံပင်၊ အမှိုက်၊ သဲ၊ စီးကရက် ဖင်အစီခံ၊ ဆေးလိပ်ပြာများ၊ အိမ်သုတ်ဆေး အစအနများ၊ ကော်၊ မြေဖြူ၊ မစင် စသည်တို့ ဖြစ်ပါသည်။ ယင်းဥပမာ ပေးထားသော အရာများအပြင် အခြားအရာများလည်း စားသုံးနိုင်ပါသေးသည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသော လက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာ ရောဂါလက္ခဏာ တစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင် သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများ ရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခု ရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲ ဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကိုဘာတွေကဖြစ်စေသလဲ

ဤရောဂါကို ဖြစ်ပွားစေသော အကြောင်းရင်း တစ်ခုထက်ပို၍ ရှိနိုင်ပါသည်။ အချို့ဝေဒနာရှင်များတွင် သံဓါတ်၊ ဇင့်ဓါတ် ကဲ့သို့ အဟာရဓါတ်များ ချို့တဲ့နေသည်ကို တွေ့ရှိရပါသည်။ ဥပမာ။ သံဓါတ်ချို့တဲ့၍ သွေးအားနည်းနေသော ကိုယ်ဝန်သည်များ တွင် လည်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို တွေ့ရှိရပါ သည်။ သင့်တွင် ပုံမှန်မဟုတ်သော အာသီသ ရှိနေပြီဆိုလျင် သင့် ကိုယ်ထဲတွင် အဟာရဓါတ်တခုခုနဲနေပြီကို ဖော်ပြခြင်း ဖြစ်နိုင်ပါသည်။

အချို့ စိတ်ကစင့်ကလျားရောဂါနှင့် စွဲလမ်းမှု့ လွန်ကဲသော စိတ်ကျန်မာ ရေးဆိုင်ရာ ပြဿနာ ရှိနေသောသူများ တွင်လည်း ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို တွေ့ရှိရပါသည်။

အချို့သော သူများသည် အစားအစာမဟုတ်သည့် ပစ္စည်းများ၏ ပုံစံ သို့မဟုတ် အနံကို စွဲလမ်းပြီး စားချင်စိတ်ဖြစ်ပေါ်တတ်ပါသည်။ ထိုနည်းတူ အချို့သော ရိုးရာ ယဉ်ကျေးမှု့များတွင်လည်း မြေကြီးစားသုံးခြင်းကို ပုံမှန်ဟု ယူဆကြပါသည်။ ယင်းအနေအထားတွင်မူ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါရှင်ကို မြေကြီးကြိုက်သူများဟု ခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။

အဟာရချို့တဲ့သူများတွင်သာ ယင်းရောဂါဖြစ်နိုင်သည် မဟုတ်ပါ။ ကိုယ်အလေးချိန် လျော့ချရန်ကြိုးစားနေသူများ သည်လည်း ပုံမှန်မဟုတ်သော အရာများကိုစား၍ ဗိုက်မဆာရန် ကြိုးစားခြင်းလည်း ရှိနိုင်ပါသည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါကို စမ်းသပ် စစ်ဆေး ရန် စက်ကိရိယာများ မရှိသေးပါ။ ရောဂါရာဇဝင်ကို သေချာစွာ မေးမြန်း အတည်ပြုခြင်းဖြင့်သာ သိရှိနိုင်ပါသည်။

သင့်အနေဖြင့် ဆရာဝန်နှင့် တွေ့ဆုံရာတွင် ရှက်ရွံခြင်း မရှိဘဲ သင်စားချင်စိတ် ဖြစ်ပေါ်နေသည်အရာကို အမှန်အတိုင်း ပြောပြရန် လိုအပ်ပါမည်။ သို့မှသာ ဆရာဝန်သည် မှန်ကန်သော ရောဂါ အမည်တပ်ရန် ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။ ထိုနည်းတူ ကလေးများနှင့် ဦးနှောက်ဖွံဖြိုးမှု နောက်ကျနေသူများတွင်လည်း ယင်းရောဂါ အခြေအနေကို အတည်ပြုနိုင်ရန် သင့်အနေဖြင့် ဆရာဝန်ထံခေါ်သွားခြင်း မပြုမီ ကိုယ်တိုင် စောင့်ကြည့်ပေးရန် လိုအပ်ပါမည်။

ဆရာဝန်သည် သံဓါတ်နှင့် ဇင့်ဓါတ်ကဲ့သို့သော အဟာရဓါတ်များ ချို့တဲ့မှု ရှိမရှိ သွေးဖောက်စစ်ဆေးမည် ဖြစ်ပါသည်။ သို့မှသာ အဟာရ ချို့တဲ့ခြင်း ကြောင့် ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါဖြစ်ခြင်း ဟုတ်မဟုတ် အတည်ပြုနိုင်မည် ဖြစ်ပေမည်။

Pica (ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဆရာဝန်သည် ရောဂါဖြစ်စေသော အကြောင်းရင်များကို ရှာဖွေပြီး ယင်းအကြောင်းအရင်းများကို ကုသမှု့ပေးရပါမည်။ (ဥပမာ။ သံဓါတ်ချို့ တဲ့ခြင်း အတွက် သံဓါတ်အားဆေး) ထိုသို့သော လိုအပ်သော အဟာရကို ပြန်လည်ဖြည့်တင်းပေးသော ကုသမှု့များအပြင် စားသောပစ္စည်း များကြောင့် အဆိပ်သင့်နိုင်ခြေကိုလည်း ထည့်သွင်းတွက်ချက်ရပါသည်။ ဥပမာ။ အိမ်သုတ်ဆေး အစအနများ စားတတ်သော လူနာများတွင် ခဲဆိပ်သင့်မှု့ ရှိနိုင်ပြီး ယင်းလူနာအတွက်မူ ဆီးမှတဆင့် ယင်းခဲဆိပ်များကို စွန့်ထုတ်ရန် ethylenediaminetetraacetic acid, or EDTAကဲ့သို့သော ဆေးများကို လိုအပ်သော ပမာဏတွက်ချက်ပြီး တိုက်ကြွေးရပါမည်။

အဟာရချို့တဲ့မှု့ကြောင့် ဖြစ်ပေါ်သော ရောဂါအခြေအနေ ဆိုပါက ရိုးရိုးဗီတာမင်နှင် သတ္တုဓါတ်များပါသော အားဆေးများကို ပုံမှန်သောက်သုံး ပေးခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ပုံမှန်မဟုတ်သော အာသိသဖြစ်ခြင်းကို သက်သာရုံမျှမကဘဲ နောက်ပိုင်းမဖြစ်စေရန်ပါ ကာကွယ်နိုင်ပါမည်။

စိတ်ကျန်းမာရေးချို့ယွင်းမှု့များကြောင့်လည်း ပုံမှန်မဟုတ်သော အာသိသများ ဖြစ်စေနိုင်သောကြောင့် စိတ်ကျန်းမာရေး စစ်ဆေးမှု့ များကိုလည်း လိုအပ်ပါက လိုအပ်သလို ဆောင်ရွက်ရမည်ဖြစ်ပါသည်။ အကယ်၍ စိတ်ကျန်းမာရေး ချို့ယွင်းမှု့များ ရှိနေပါကလည်း ဆေးသောက်ခြင်း၊ စိတ်ကျန်းမာရေး ဆွေးနွေးသည့် ကုထုံးများ ခံယူခြင်း စသည့်ကုသမှု့များ ခံယူနိုင်ပါသည်။

ယခုအထိ တွေ့ရှိရသမျှ သုတေသန တွေ့ရှိမှု့များအရ ပုံမှန်မဟုတ်သော အာသိသဖြစ်သည့် ရောဂါအတွက် ကုသပျောက်ကင်းနိုင်သည့် ဆေးမရှိသေးပါ။ သို့သော် ရိုးရိုး ဗီတာမင်အားဆေးပြားများသည် အချို့သော ရောဂါရှင်များအတွက် ထိရောက်မှု့ရှိသည်ကို တွေ့ရှိရပါသည်။ စိတ်ကျန်းမာရေး ပြသနာကြောင့် ဖြစ်သောရောဂါရှင်များတွင်မူ အပြုအမူပိုင်း ဆိုင်ရာပြသနာများ အတွက်ပေးသောဆေးများသည် ပုံမှန်မဟုတ်သော အာသိသဖြစ်မှု့ကိုပါ သက်သာ ပျောက်ကင်း စေခြင်း၊ အာသီသလျော့နည်းစေခြင်းတို့ကို တွေ့ရှိရပါသည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement