အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

Stockholm Syndrome (စတော့ဟုမ်းရောဂါစု)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stockholm Syndrome (စတော့ဟုမ်းရောဂါစု) Stockholm syndrome ဆိုတာ ပြန်ပေးဆွဲခံရသူတွေမှာ ကိုယ့်ကိုပြန်ပေးဆွဲတဲ့သူကို အကောင်းမြင်စိတ်တွေပေါ်လာစေတဲ့ စိတ်ရောဂါဖြစ်ပါတယ်။ ရောဂါရဲ့အမည်ကို မှုခင်းပညာရှင် Nils Bejerot က စသုံးခဲ့တာပါ။ သည်ရောဂါက ကိုယ့်ကိုပြန်ပေးဆွဲသူက ကိုယ့်အပေါ် ကြင်ကြင်နာနာဆက်ဆံတယ်လို့ ခံစားရတဲ့အခါ ဖြစ်လာပါတယ်။ ရောဂါအမည်က သိပ်နာမည်မကျော်တဲ့ ဆွီဒင်က စတော့ဟုမ်းမြို့ ဘဏ်ဖောက်မှုကနေ ရလာတာလို့ဆိုပါတယ်။ ကခီဒီဘန်ကန်ဆိုတဲ့ ဆွီဒင်ဘဏ် မှာ ၁၉၇၃ ခုနှစ်က ဖောက်ထွင်းမှုတစ်ခုဖြစ်ခဲ့ပါတယ်။ လက်နက်ကိုင်ထားတဲ့ အော်စ်စွန်နဲ့ အိုလဗ်စွန်တို့က ဘဏ်ဝန်ထမ်းတွေကို ဓါးစာခံအဖြစ် ၆ ရက်ကြာအောင် ဖမ်းထားခဲ့တယ်။ ၆ ရက်မြောက်နေ့မှာ ကယ်ဆယ်ရေးစတင်တော့ ပြန်ပေးဆွဲခံရသူတွေက သူတို့ဖက်ကနေ ရပ်တည်ကြသတဲ့။ လာကယ်သူတွေကိုလည်း ကယ်လို့မရအောင် တားကြတယ်။ ပြန်ပေးဆွဲသူတွေ လက်နက်ချပြီး ထောင်ကျသွားသည့်တိုင် ပြန်ပေးဆွဲခံရသူတွေက သူတို့ကိုကယ်ဖို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Work addiction (အလုပ်စွဲလမ်းခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်အလုပ်စွဲလမ်းခြင်းဆိုတာဘာလဲ။ အလုပ်စွဲလမ်းခြင်းကို အလုပ်ယစ်မူးခြင်းလို့လည်းခေါ်ပါတယ်။ စိတ်ရောဂါတစ်မျိုးပါ။ အခြားစွဲလမ်းခြင်းတွေလိုပဲ အလုပ်စွဲလမ်းခြင်းဆိုတာ အပြုအမူတစ်ခုကို မရပ်တန့်နိုင်ခြင်းပါပဲ။ ဆေးစွဲတဲ့သူတစ်ယောက်လိုပဲ အလုပ်စွဲလမ်းသူတစ်ယောက်က အလုပ်မှာ ပျော်ရွှင်ယစ်မှုးနေတတ်ပါတယ်။ အလုပ်လုပ်ရတာယစ်မှုးခြင်းကြောင့်ပဲ ထပ်ကာထပ်ကာ လုပ်နေမိကြပါတယ်။ ပုဂ္ဂိုလ်ရေးဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အဆိုးသဘောဆောင်သော ထိခိုက်မှုများရှိရင်တောင်မှ မရပ်တန့်နိုင်ကြတော့ပါဘူး။ အလုပ်စွဲလမ်းခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ ယခုလေ့လာမှုတွေအရ အမေရိကားမှာ လူဦးရေ ၅-၁၀ရာခိုင်နှုန်းလောက် ဖြစ်ပွားကြပြီး အခြားသောလေ့လာမှုတွေမှာ ၂၅ရာခိုင်နှုန်းအထိ မြင့်တက်နေပါတယ်။ ဖြစ်ပွားနှုန်းမြင့်မာနေခြင်းနဲ့ လူအများစုက အလုပ်လုပ်နေကြခြင်းတို့ကြောင့် အရေးကြီးပြဿနာတစ်ခုဖြစ်လာပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများအလုပ်စွဲလမ်းခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ အလုပ်စွဲလမ်းတဲ့လူတွေဟာ သူတို့ရဲ့အပြုအမူတွေက ကောင်းတဲ့အရာတွေပါ၊ အောင်မြင်မှုတွေယူဆောင်လာတဲ့အရာတွေပါဆိုပြီး မှန်ကန်ကြောင်းပြောကြပါတယ်။ အလုပ်တွေ၊ အလုပ်ရဲ့ အောင်မြင်မှုတွေအပေါ် ကတိသစ္စာပြုထားတဲ့ ပုံဖြစ်လာပါတယ်။ ဒါပေမယ့်လည်း ရည်မှန်းချက်နဲ့ စွဲလမ်းမှုဆိုတာ ကွဲပြားမှုတွေ ရှိပါတယ်။ အလုပ်စွဲလမ်းတဲ့သူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေကို ရှောင်ရှားဖို့ အလုပ်ထဲမှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား

ရဘူးလား နောင်တ....နောင်တ မရဘူးတဲ့လူ မရှိလောက်ဘူးနော်။ လုပ်သင့်တာကို မလုပ်လိုက်မိလို့၊ မလုပ်သင့်မှန်းသိရက် ဒေါသအလျောက် လုပ်လိုက်မိလို့၊ အနားမှာရှိစဉ်က တန်ဖိုးမထားမိလို့၊ ပြောသင့်တာကို မပြောခဲ့မိလို့၊ အချိန်ရှိတုန်းက မကြိုးစားမိလို့လေ။ နောင်တ ဆိုတာကလည်း နောင်မှ ရတတ်တာမျိုးလေနော်။ သိပ်အလေးအနက်မထားတတ်တဲ့ သူတွေကျတော့လည်း ခပ်မြန်မြန်ပဲ မေ့ပျောက်သွားကြပါတယ်။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား စိတ်ခွန်အားကောင်းတဲ့သူတွေကလည်း နောင်တကို  တစ်ချိန်လုံး ပိုက်မထားတတ်ဘူးလေ။ စိတ်ခွန်အားအဖြစ်တောင် အသုံးချလိုက်သေးတယ်။ တချို့ကတော့နောင်တတရားကို တစ်သက်လုံးပိုက်ထားရင်း ကိုယ့်ကိုယ်ကို ပိတ်လှောင်ထားတတ်ကြပါတယ်။ သင်ကရော ဘယ်လိုလူလဲ။ နောင်တတရားကို ပိုက်ထားတတ်လား၊ မေ့ပျောက်ပစ်တတ်လား၊ ခွန်အားအဖြစ်အသုံးချတတ်လား။ နောင်တတရားတွေနဲ့ နေထိုင်သွားဖို့ စဉ်းစားနေတာလား ! နောင်တ ဆိုတာက နောင်တ ဆိုတာက စိတ်ခံစားမှုတစ်ခုပါ။ ကောင်းတဲ့ စိတ်ခံစားချက်တော့ မဟုတ်ဘူးပေါ့။ အခြေအနေတစ်ခုကြောင့် နောင်တရတာမျိုးဖြစ်နိုင်သလို ကိုယ်ချစ်ခင်ရတဲ့သူတွေကြောင့်လည်း နောင်တရသလို ခံစားချက်မျိုး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။

တစ်ယောက်တည်း ကိုယ့်ဘာသာစကားပြောခြင်း။ လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူကြားထဲ အဲလို ပြောမိလို့ပါ။ လူတွေအများကြီးရှိနေချိန်တော့ မပြောနဲ့လေနော်။ စိတ်လည်းကောင်းတယ် ရူးလည်းမရူးဘူးဆိုတဲ့ သူတွေက တော့ လူကြားထဲ တစ်ယောက်တည်း စကားပြောမနေတတ်ပါဘူး။ အိမ်မှာတစ်ယောက်တည်းရှိတဲ့ အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့ အချိန် ကိုယ့်အခန်းထဲ အိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တချို့ဆို အဲလို တစ်ယော့က်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေ ပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက စိတ်ရောဂါဝေဒနာရှင်လား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ တစ်ယောက်တည်း စကားပြောတတ်တာဟာ စိတ်ရောဂါတစ်ခုလား။ ဆိုတော့ ........လေ့လာချက်တွေအရ တစ်ယောက်တည်း […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ် သက်ရောက်မှု

နေ့စဉ်လှုပ်ရှားသွားလာနေတဲ့ ပတ်ဝန်းကျင်မှာ အဆင်အသွေးတွေနဲ့အရောင်အသွေးစုံလင်လှတဲ့အရောင်တွေကို မဖြစ်မနေမြင်တွေ့ လို့နေရပါတယ်။ ဒီအရောင်တွေက ကျန်းမာရေး အထူးသဖြင့် လူတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုများသက်ရောက်နေလဲလို့တွေးမိပါရဲ့လား။ အချို့အရောင်တွေကိုမြင်တဲ့အခါ စိတ်ထဲမှာ ရှုပ်သွားသလိုခေါင်းထဲကနေလို့မကောင်းသလိုဖြစ်ဖူးကြပါလား။ ဒါက အရောင်တွေရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ကျန်းမာရေးအပေါ်သက်ရောက်မှုပါ။ အရောင်တွေရဲ့ သက်ရောက်မှုက ရှေးခေတ်ထဲက အီဂျစ်တွေနဲ့တရုတ်လူမျိုးတွေက ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကို သက်သာစေဖို့အတွက် အရောင်တွေကို အသုံးပြုကုသမှုတွေလုပ်ဆောင်ခဲ့ကြပါတယ်။ ဘယ်အရောင်တွေက ဘယ်လိုမျိုးသက်ရောက်မှုတွေရှိတာလဲဆိုတာကိုသိချင်ရင်တော့ ဒီဆောင်းပါးလေးကနေတဆင့်လေ့လာကြည့်လိုက်ပါ။ အနီရောင် - အနီရောင်က အင်အားပြည့်ဝမှုရှိတဲ့ အရောင်တစ်မျိုးပါ။ စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်ပေးနိုင်ပြီးadrenalineဟော်မုန်းပမာဏကို တိုးစေနိုင်ပါတယ်။ သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အနီရောင်က စိတ်ဓာတ်ခိုင်မာမှုကိုရရှိစေနိုင်တယ်ဆိုပေမယ့် အရမ်းကြီးများသွားမယ်ဆိုရင်တော့ သွေးပေါင်ချိန်ကိုတက်စေနိုင်သလို အသက်ရှူမြန်တာ၊ နှလုံးခုန်နှုန်းမြန်တာမျိုးတွေကိုဖြစ်စေနိုင်ပါတယ်တဲ့။ အဝါရောင် -အဝါရောင်က စိတ်ပျော်ရွှင်မှုကိုရရှိစေပြီးနွေးထွေးမှုရှိတယ်လို့ ခံစားရစေနိုင်ပါတယ်။ စိတ်ခံစားမှုကိုကောင်းမွန်စေတဲ့ အရောင်တစ်မျိုးပါ။ အာရုံကြောတွေကို လုပ်ဆောင်မှုကောင်းမွန်စေနိုင်ပါတယ်။ ဒါပေမယ့် တောက်လွန်းတဲ့ အဝါရောင်ကတော့ဒေါသအလွယ်တကူဖြစ်စေနိုင်သလို စိတ်ရှုပ်ထွေးစေမှာ အမှန်ပါ။ အပြာရောင် - […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူသားတို့၏ ဆင့်ကဲဖြစ်စဉ်တလျှောက် စာနာရိုင်းပင်းတတ်ခြင်း၏ အခန်းကဏ္ဍ

စာနာရိုင်းပင်းတတ်ခြင်းဆိုတာ အခြားသူတို့ရဲ့နေရာကို အစားဝင်ကြည့်ပြီး ၎င်းတို့ရဲ့ နာကျင်မှု၊ ပျော်ရွှင်မှုများကို မျှဝေခံစား နားလည်မှုပေးခြင်းလို့ အဓိပ္ပါယ်ရပါတယ်။ လူသားတွေဟာ ၎င်းတို့ရဲ့ ဖြစ်တည်မှုကို သိရှိပြီး အခြားသူတွေနဲ့အတူ လူမှုအသိုင်းအဝန်း အဖွဲ့အစည်းတစ်ခု စတင်တည်ထောင်လာတဲ့ အချိန်ကစလို့ သနားကြင်နာမှုဆိုတဲ့ ခံစားချက် စတင်ပေါ်ပေါက်လာခဲ့တယ်လို့ သိရှိရပါတယ်။ ဒါဟာ လူသားတွေကို ၎င်းတို့ရဲ့ လူမှုရေးရာ အဆင့်အတန်းနဲ့ပတ်သက်ပြီး နားလည်သဘောပေါက်လာအောင် အထောက်အပံ့ပေးခဲ့တဲ့ ကျင့်ဝတ်ဆိုင်ရာ ဖွံ့ဖြိုးမှုတစ်ခုဖြစ်ပြီး လူ့သမိုင်းကြောင်း ဆင့်ကဲဖြစ်စဉ်တလျှောက် အရေးပါအရာရောက်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်လာခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ “လူသားတို့၏ ဆင့်ကဲဖြစ်စဉ်တလျှောက် စာနာရိုင်းပင်းတတ်ခြင်း၏ အခန်းကဏ္ဍ” ဆိုတဲ့ စာသားကို ကောင်းစွာနားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ ရံဖန်ရံခါဆိုသလို စာနာရိုင်းပင်းတတ်ခြင်းကို ကိုယ်ချင်းစာတရားနဲ့ အမှတ်မှားလေ့ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ စာနာရိုင်းပင်းတတ်ခြင်းဆိုတာ အခြားသူတစ်ဦးတစ်ယောက်ရဲ့ ခက်ခဲဆင်းရဲတဲ့အခြေအနေကို ခံစားနားလည်ပြီး သူ့အတွက် အကူအညီဖြစ်မယ့် အရာတစ်ခုခု […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကောင်းမှုကုသိုလ်လုပ်ခြင်းက လူတွေကို ဘာကြောင့် ပျော်ရွှင်စေတာလဲ

“ တကယ်လို့ သင်က ငှက်တစ်ကောင်ဆိုရင် တေးသီရပါမယ်။ သစ်ရွက်တစ်ရွက် ဖြစ်မယ်ဆိုရင် စိမ်းစိုရပါမယ်။ ပြန်မပေးချင်ဘဲ ဘာလို့ ချေးငှားချင်တာလဲ။ ဘဝဆိုတာ ပေးဆပ်ဖို့ပါ၊ ရယူဖို့ချည်း မဟုတ်ပါဘူး။ ” To Huu တစ်ယောက်ယောက်ကို ကူညီတဲ့အခါမှာ အတိုင်းအဆမရှိ ပေးဖြစ်တဲ့ ခံစားချက်အကြောင်းကို ပုံပြင်တွေမှာ ကြားဖူးကြပါတယ်။ ဒီခံစားချက်က သင့်ကို ပျော်ရွှင်စေပြီး ဘဝမှာ နေပျော်တယ်လို့ တွေးမိစေပါတယ်။ တစ်စုံတစ်ယောက်ကို ကူညီလို့ ခံစားရတဲ့ ကျေနပ်မှုရဲ့ အကြောင်းပြချက်က ဘာလဲ။ ကြင်နာမှုရဲ့ ကောင်းကျိုး ကြင်နာမှုရဲ့ သိသာတဲ့ ကောင်းကျိုးကတော့ သင့်ကိုယ်သင် သတိထားမိလာတာပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်တဲ့အခါ သင့်ကိုယ်သင် ခွင့်လွှတ်တတ်တဲ့၊ မေတ္တာထားနိုင်တဲ့သူလို့ သတ်မှတ်လာပါမယ်။ ဒီအတွေးက သင့်ကို ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေမယ်၊ အကောင်းမြင်စေမယ်၊ ပြီးတော့ အသုံးဝင်တဲ့လူလို့ ခံစားရစေမှာပါ။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကွန့်မြူးခြင်းက ဦးနှောက်ကို ဘယ်လိုသက်ရောက်လဲ

စိတ်ကွန့်မြူးခြင်းသည် အာရုံကြောဖွံဖြိုးမှုဆိုင်ရာပြသာနာဖြစ်ပြီး ဆက်ဆံခြင်း ပတ်ဝန်းကျင်နှင့်ပတ်သတ်ခြင်းများကိုအနှောက်အယှက်ပေးသည်။ ရောဂါလက္ခဏာများက ခြောက်လတွင်စတင်ပေါ်တတ်ပြီး နှစ်နှစ်သုံးနှစ်တွင် သိသာလာပြီး အရွယ်ရောက်ချိန်တွင်အနည်းငယ်ပြန်သက်သာသွားတတ်သည်။ စိတ်ကွန့်မြူးခြင်းကိုလက္ခဏာတော်တော်များများဖြင့်ရှာဖွေသည်။ စိတ်ကွန့်မြူးခြင်းနှင့် ဦးနှောက်ပုံမမှန်ခြင်းဆက်စက်မှုရှိပါသလား။ လေ့လာသူများက ဦးနှောက်ပုံသဏာန်နှင့်လုပ်ဆောင်ချက်ကြောင့်ဖြစ်သည့်ရောဂါဟု နှစ်မျိုးရှိကြောင်းဆိုသည်။ ဦးနှောက်ပုံသဏာန်မမှန်ခြင်း။ ပုံရိပ်ဖော်ရောဂါအတည်ပြုကိရိယာများဥပမာ ဓါတ်မှန်ရိုက်ခြင်း ဦးနှောက်အာထရာဆောင်းရိုက်ခြင်း အန်အာအိုင် သို့မဟုတ် စီတီတို့အပေါ်မူတည်ပြီး သိပ္ပံပညာရှင်များက အောက်ပါအချက်တို့ကိုပေးသည်။ ကိုယ်ဝန်ဆောင်ချိန်နှင့်ကလေးမွေးချိန်ရှိ ဦးနှောက်အရွယ်အစား နေ့မစေ့ပေါင်မပြည့်သူများ ဦးနှောက်အရွယ်အစားပုံမှန်မဟုတ်သောကလေးများသည် နေ့မစေ့လမပြည့်သော်လည်း ပုံမှန်ဦးနှောက်အရွယ်အစားရှိသူထက် သုံးဆခန့်ဖြစ်တတ်ကြောင်းတွေ့ရသည်။ စိတ်ခံစားချက်နှင့်လူမှုဆက်ဆံရေးပိုင်းကိုလုပ်ဆောင်ပေးသောဦးနှောက်အစိတ်အပိုင်းကိုထိပါကပိုဖြစ်နိုင်သည်။ အချို့စာရေးသူများက ထိုနေရာသည် ဦးနှောက်၏အတွင်းပိုင်း အာရုံကြောအစုနှစ်ခုတွင်ဖြစ်သည်ဟုဆိုသည်(အန်အာအိုင် လုပ်ခြင်းဖြင့်သိနိုင်သည်) ဦးနှောက်လုပ်ဆောင်နိုင်မှုပုံမမှန်ခြင်း။ စာရေးသူတော်တော်များများက အာရုံကြောဆက်စပ်ပေးသောအရာများ အဓိကအားဖြင့် ဆယ်ရိုတိုနင်( ဦးနှောက်အားသတင်းပို့ပေးသောပစ္စည်း) များခြင်းကိုတွေ့ရသည်။ နောက်ဆုံးသတင်းထုတ်ချက်အရ ဦးနှောက်ဆဲလ်များ အားအင်မရှိခြင်း(မိုင်တိုကွန်ဒရီးရန်းမကောင်းခြင်း၏နောက်ဆက်တွဲ-ဦးနှောက်၏အေတီပီ ) ကုန်ဆုံးခြင်းကြောင့်ဖြစ်သည်ဟုဆိုသည်။ ယခုလောလောဆယ် ထိုလေ့လာချက်များအပေါ် တိရစ္ထာန်များအပေါ်ကုသခြင်းကကောင်းသောရလဒ်ကိုတွေ့ရသည်။ ထို အေပီတီ ဆက်စပ်အရာများက စိတ်ကွန်မြူးခြင်းလက္ခဏာများကို ဓါတ်ခွဲခန်းတိရိစ္ဖာန် အားစမ်းသက်ရာတွင် ရောဂါလက္ခဏာပြင်းမှပေးသည်တိုင်ပျောက်ကင်းစေကြောင်းတွေရသည်။်ထိုဆေးက ပုံမမှန်သော ပုံစံ ၁၇မျိုးကိုသက်သာစေသည်။ ဦးနှောက်ပုံမှန်အခြေအနေရောက်စေခြင်း၊ဆဲလ်တွင်းလှုံဆော်ပေးခြင်း၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ကွန့်မြူးခြင်းနှင့် မျိုးရိုးလိုက်ခြင်းဆက်စပ်မှု

စိတ်ကွန့်မြူးခြင်း သို့မဟုတ် အော်တစ်ဆန် သည် ဖွံဖြိုးမှု မကောင်းခြင်းဖြစ်သည် အစောပိုင်းနှစ် အသက်၃ နှစ်မတိုင်မီတွင်ဖြစ်သည်။ စိတ်ကွန့်မြူးသောလူများသည် ဆက်သွယ်ခြင်း အခြားလူများနှင့်လူမှုဆက်ဆံခြင်းများမရှိခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာ ဖွံဖြိုးမှုများနည်းတတ်သည်။ စိတ်ကွန့်မြူးစေသော အကြောင်းများ-လေ့လာချက်များကို စုံစုံလင်လင်မလေ့လာရသေးပါ။ လေ့လာနေဆဲဖြစ်ပြီး အချို့ဖြစ်စေသောအကြောင်းအချို့တော့ရှိနေသည်။ လေ့လာချက်အချို့ကို ဒီဆောင်းပါးတွင်ဖော်ပြပေးမည်။ မျိုးရိုးလိုက်ခြင်း။ လေ့လာသူတော်တော်များများက မျိုးရိုးလိုက်ခြင်းကြောင့်ဖြစ်သည်ဟုဆိုကြသည်။ သို့သော်ရောဂါဖြစ်စေသော ဗီဇ သို့မဟုတ် ဗီဇပေါင်းစပ်မှုများမရှိပေ။ မျိုးရိုးပေါင်းစပ်ခြင်းကြောင့်ဖြစ်နိုင်လိမ့်မည် ဆိုသော်လည်း စိတ်ကွန့်မြူးသောကလေးအများစုက ပုံမှန်မိဘများမှမွေးဖွားလာသည်ဟုတွေ့ရသည်။ အချို့သောကိုယ့်ဆဲလ်ပြန်တိုက်သည့်ရောဂါက စိတ်ကွန့်မြူးခြင်းနှင့်တွဲနိုင်သည်။ဥပမာ ဓါတ်မှန်အမှား။ အမွာများသို့မဟုတ် မျိုးရိုးစဉ်ဆက်ကိုလေ့လာသောအခါ စိတ်ကွန့်မြူးမှုနှစ်တွဲနှုန်း ၃၀ရာခိုင်နှုန်းသည့်ရှိသည်ကိုတွေ့ရသည်။ ဗီဇချို့တဲ့ခြင်းက ဦးနှောက်လုပ်ဆောင်ချက်များများသောအားဖြင့် ခံစားချက် လူမှုဆက်ဆံမှုများကိုထိန်းပေးသည်ဟုဆိုသည်။ အမေရိကတွင်ရှိသောသိပ္ပံပညာရှင်များက စိတ်ကွန့်မြူးသူ ၁၉ နှင့်ကျန်းမာသူ ၁၇ ၏ဆဲလ်ပုံစံကိုလေ့လာရာတွင် သူငယ်ချင်း ပတ်ဝန်းကျင်နှင့်ဆက်ဆံခြင်း စသည်တို့ကိုလုပ်ဆောင်ပေးသောဗီဇ ၂၀၉ခုကအလုပ်မလုပ်နေပဲ ခုခံအား စနစ် လုပ်ပေးသော ၂၃၅ ဗီဇက အလုပ်လုပ်နေကြောင်းတွေ့ရသည်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia)

ကျဉ်းကျပ်သောနေရာများကို ကြောက်သောရောဂါ ( Claustrophobia) အကျဉ်းကြောက်ရောဂါ ( Claustrophobia ) ဆိုတာ နေရာကျဉ်းကျဉ်းလေး ဒါမှမဟုတ် အခန်းကျဉ်းကျဉ်းလေး ထဲ မှာ ပိတ်မိနေမှာကို အကြောက်လွန်တဲ့စိတ်ပါ။ ဓါတ်လှေကားတွေ၊ လူထူထပ်တဲ့နေရာတွေ၊ ပြူတင်းပေါက်မပါတဲ့အခန်းတွေ၊ အများသုံးအိမ်သာတွေ၊ စတိုးဆိုင်တွေက အဝတ်လဲခန်းတွေ၊ ကားသေးသေးတွေနဲ့ အဝတ်အစားကြပ်ကြပ်တွေကို ကြုံ ရ ဝတ်ရတာကစလို့ ဒီအကျဉ်းကြောက်ရောဂါဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ်လွန်ကဲတဲ့ရောဂါတွေထဲက တစ်ခုဖြစ်ပြီး မျိုးရိုးဗီဇ နဲ့လဲ ဆိုင်တယ်လို့ တချို့က ဆိုကြပါတယ်။ လေ့လာမှူတစ်ခုအရတော့ အကျဉ်းကြောက်ရောဂါဟာ… ကမ္ဘာ့လူဦးရေရဲ့ ငါးရာခိုင်နှူန်းကနေ ခုနစ်ရာခိုင်းနှူန်း လောက်အထိ ဖြစ်နိုင်ပြီး ဒီလိုဝေဒနာခံစားရသူတွေထဲက နည်းနည်းကသာ ကုသမှူခံယူကြတယ်လို့ ဆိုပါတယ်။   ရောဂါလက္ခဏာများ အဓိက လက္ခဏာ နှစ်ခုရှိပါတယ်။ ကျဉ်းကျဉ်းကြုတ်ကြုတ်နေရတာကို ကြောက်တာနဲ့ အသက်ရှူကြပ်မှာကြောက်တာပါ။ အခန်းကျဉ်းတွေ၊ သော့ခတ်ထားတဲ့အခန်းတွေ၊ MRI ဒါမှမဟုတ် CT ရိုက်တဲ့အခန်းတွေ၊ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)