အခြားစိတ်ကျန်းမာရေးပြဿနာများ

ဝမ်းနည်းပူဆွေးမှုတွေ၊ ဒေါသကို ကိုင်တွယ်တာတွေ၊ စိတ်စွဲလမ်းတာတွေ စတာတွေက ဘဝခရီးလမ်းတလျှောက်မှာ ကြုံတွေ့ရနိုင်တဲ့ စိတ်ကျန်းမာရေး ပြဿနာတွေပါ။ ဒါတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာကို ဒီမှာလေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားစိတ်ကျန်းမာရေးပြဿနာများ

MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ

ဒီနေ့ခေတ်မှာ MBTIလို့ ‌ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်‌ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင်  အလုပ်အကိုင်ရှာဖွေတာမှာရော […]

အခြားစိတ်ကျန်းမာရေးပြဿနာများ ကို ရှာဖွေမည်။

အခြားစိတ်ကျန်းမာရေးပြဿနာများ

အော်ငေါက်တဲ့အမူအကျင့်ကို ပြုပြင်ပါ

သင့်အနေနဲ့ စိတ်ဖိစီးမှုများပြီး စိတ်ရှုပ်နေချိန်၊ အနားယူဖို့ လိုအပ်နေချိန် သင့်ကလေးတွေဟာ အနားမှာ အော်ဟစ်ဆူညံနေမယ် ဆိုရင် သိပ်ပြီး အဆင်မပြေလှပါဘူး။ သင်ပကလေးတွေကို တိတ်တိတ်နေဖို့ ပြောနေပေမယ့် သူတို့က ဂရုမထားတဲ့အခါ နောက်ဆုံး သည်းခံနိုင်စွမ်းကုန်ပြီး ဒေါသနဲ့ အော်ငေါက်မိနိုင်ပါတယ်။ အော်ငေါက်ခြင်းဟာ တကယ်တမ်းမှာ သိပ်ပြီးအလုပ်မဖြစ်လှပါဘူး။ ဒါ့အပြင် အော်ငေါက် ဆူပူတာများလာရင်လည်း ရိုးသွားနိုင်ပြီး သင့်ကို လစ်လျူရှုလာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးတွေကို လေ့ကျင့်သင်ကြားရာမှာ သိပ်ပြီး အလုပ်မဖြစ်လှတဲ့ အော်ငေါက်ခြင်းကို ပြောင်းလဲဖို့ ကြိုးစားကြပါစို့။ အော်ငေါက်ခြင်းရဲ့ ဆိုးကျိုး အော်ငေါက်ခြင်းကြောင့် သင့်ကလေးတွေအတွက် ဆိုးကျိုးများစွာဟာ မသိမသာ ရရှိသွားနိုင်ပါတယ်။ အော်ငေါက်ခြင်းဆိုတာ ဒေါသထွက်ခြင်းရဲ့ ရလာဒ်ပဲ ဖြစ်ပါတယ်။ ဒေါသထွက်ပြီး စိတ်မထိန်းနိုင်တဲ့အခါ ကလေးများအတွက် နာကျင်စေတဲ့ စကားလုံးများ ထွက်လာနိုင်ပါတယ်။ သင့်ကလေးဟာ ထိရှခံစားလွယ်သူဆိုရင် ပိုပြီး ဒုက္ခပေးပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Antisocial Personality Disorder (လူမှုဆက်ဆံရေးညံ့ဖျင်း၍ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Antisocial Personality Disorder (လူမှုဆက်ဆံရေးညံ့ဖျင်း၍ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်း) ကဘာလဲ။ တခါတရံမှာ လူမှုရောဂါလို့လည်း ခေါ်ကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ အခြေအနေတခုဖြစ်ပြီး မှန်တယ်မှားတယ်ကို ဂရုမစိုက်တတ်တဲ့၊ တခြားသူတွေရဲ့ ရပိုင်ခွင့်နဲ့ ခံစားချက်တွေကို လစ်လျူရှုထားတတ်ပါတယ်။ ဒီပြသနာရှိသူတွေဟာ သူတပါးကို ဆန့်ကျင်ပြီး ကန့်လန့်တိုက်လိုကြပါတယ်။ သူတို့ရဲ့ အပြုအမူအတွက်လည်း နောင်တမရသလို အပြစ်ရှိတယ်လို့လည်း မခံစားတတ်ကြပါဘူး။ သူတို့ဟာ ဥပဒေကိုလည်း ချိုးဖောက်လွယ်ပြီး ရာဇဝတ်သားတွေ ဖြစ်တတ်ပါတယ်။ လိမ်ညာတတ်ပြီး ကြမ်းတမ်းစွာ ပြုမူဆက်ဆံတတ်ကြပါတယ်။ အရက်၊ ဆေး စတာတွေနဲ့ ပတ်သက်တဲ့ ပြသနာတွေ ရှိနေတတ်ပါတယ်။ ဒီအမူအကျင့်တွေကြောင့် သူတို့ဟာ မိသားစု၊ လုပ်ငန်းခွင်၊ ကျောင်း စတာတွေမှာ လုပ်ငန်းတာဝန်ကို မယူနိုင်ကြပါဘူး။ Antisocial Personality Disorder (လူမှုဆက်ဆံရေးညံ့ဖျင်း၍ ကိုယ်ရည်ကိုယ်သွေး ချို့ယွင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ အမျိုးသားတွေမှာ ပိုတွေ့ရပါတယ်။ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Personality Disorders (ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများ ) ကဘာလဲ။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် သင်တွေးပုံ လုပ်ကိုင်ပုံများအား ထိခိုက်သော ရောဂါများကို ဆိုလိုပါသည်။ ကိုယ်ရည်ကိုယ်သွေးဆိုသည်မှ လူတစ်ဦး၏ သိသာထင်ရှားသော စရိုက်၊ အမူအကျင့်ပုံစံနှင့် တစ်ဦးစီ၏ကိုယ်ပိုင်စရိုက်လက္ခဏာများကို ဖန်တီးပေးသော ပုံစံများကို ဆိုလို၏။ ၎င်းသည် ကျွန်တော်တို့၏ လောကအပေါ် လက်ခံလေ့လာပုံ၊ ကျွန်တော်တို့၏ စိတ်ထား၊ အတွေးနှင့် ခံစားမှုများအပေါ် ထိခိုက်စေခြင်းဖြစ်သည်။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများသည် မိသားစု၊ သူငယ်ချင်းများနှင့်တောင်မှ လူမှုဆက်ဆံရေး ခက်ခဲစေနိုင်သည်။ ထိုသူများတွင် ဘယ်လိုအပြုအမူက ပုံမှန်၊ ဘယ်လိုက မူမမှန်ဆိုသည်ကိုလည်း ခွဲခြားရခက်၏။ ကိုယ်ရည်ကိုယ်သွေး ကမောက်ကမရောဂါများကို အုပ်စုခွဲများအဖြစ်ခွဲနိုင်ပြီး အမူအကျင့်တူရာများကို စုထားခြင်းဖြစ်သည်။ အဖွဲ့အေ – စိတ်ကစဉ့်ကလျားနှင့်တူသော၊ သံသယလွန်ကဲသော၊ စိတ်ကစဉ့်ကလျား ကိုယ်ရည်ကိုယ်သွေးကမောက်ကမရောဂါများ အဖွဲ့ဘီ – လူမှုရေးခေါင်းပါးသော၊ မရေမရာသော၊ အတ္တပေမ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်အားထက်သန်အောင်ဘယ်လိုနေထိုင်မလဲ

သင်တစ်ခါတစ်လေ တစ်ခုခုကိုအားကြိုးမာန်တက်လုပ်ပြီးမှ စိတ်ဓါတ်တက်ကြွမှုဆုံးရှုံးပြီး ပြီးအောင်မလုပ်နိုင်တာမျိုးကြုံဖူးလား ? ဟာသတစ်ခုရှိပါတယ်။ ကန့်သတ်ထားတဲ့အချိန်က အကောင်းဆုံး စိတ်ဓါတ်တက်ကြွမှုပါတဲ့။ ဒါကမှန်လား ? မှန်ချင်မှန်ပါလိမ့်မယ်။ ဒါပေမယ့် အခြေအနေတော်တော်များများမှာတော့ လေ့ကျင့်ခန်းလုပ်တာလိုမျိုး ခက်ခဲတဲ့အလုပ်တွေအတွက် စိတ်အားထက်သန်မှုကိုရှာရခက်ပါလိမ့်မယ်။ ကံကောင်းစွာနဲ့ဘဲ ဒါဟာ သင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့က သင့်ကိုလေ့ကျင့်ခန်းတွေလုပ်နိုင်ဖို့ စိတ်အားထက်သန်စေမယ့် အချက်လေးတွေကို ပြောပြပါလိမ့်မယ်။   ပန်းတိုင်တစ်ခုကို သတ်သတ်မှတ်မှတ်ထားပါ လူတော်တော်များများက လေ့ကျင့်ခန်းလုပ်ရတာကိုခက်ခဲတယ်လို့မြင်ကြပါတယ်။ ကိုယ်အလေးချိကခြင်း၊ ကျန်းမာစေခြင်း၊ တင်ပါးကြီးလာခြင်း၊ ရင်သားကြီးလာခြင်းနဲ့ တခြားအရာတွေ စတဲ့ကျန်းမာသန်စွမ်းမှုပန်းတိုင်တွေက လေထဲပျောက်သွားတတ်ပါတယ်။ သင့်ပန်းတိုင်တွေက အရမ်းကိုကြီးမားလွန်းနေတယ်ဆိုရင်တော့ ပင်ပန်းပြီး လက်လျှော့လိုက်လို့ရပါတယ်။ အစပိုင်းမှာ လွယ်ကူပြီး လက်တွေ့ကျတဲ့ပန်းတိုင်တွေအရင်ချသင့်ပါတယ်။ ဥပမာ - သင်လက်တလောမှာ ဘာလေ့ကျင့်ခန်းမှ မလုပ်ထားဘူးဆိုရင် ပထမဆုံးချရမယ့်ပန်းတိုင်က မိနစ် ၃၀ ရေကူးခြင်းဒါမှမဟုတ် ၁၀ မိနစ် လမ်းအမြန်လျှောက်ခြင်းတို့ဖြစ်ပါတယ်။ အချိန်တိုပန်းတိုင်တွေက ချခြင်းက အချိန်ရှည်ပန်းတိုင်တွေထက် ပိုထိရောက်ပါတယ်။ ပြီးမှသာ သင်စိတ်ပါတယ်ဆိုရင် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်နှစ်ခွဖြစ်ခြင်းကို ဘယ်လို အောင်မြင်စွာ ဖြေရှင်းနိုင်မလဲ

Bipolar disorder ကို စိတ်နှစ်ခွဖြစ်ခြင်း (စိတ်ကြွခြင်း၊ စိတ်ကျခြင်း) ရောဂါလို့ခေါ်ပြီး စိတ်ကြွခြင်းကတေ စိတ်ကျခြင်းအထိ စိတ်ပြောင်းလဲမှုဖြစ်တဲ့ရောဂါဖြစ်ပါတယ်။ ဒီရောဂါခံစားရသူအချို့ဟာ တခါတရံမှာ စိတ်လှုပ်ရှားခြင်း၊ စိတ်ကြွခြင်း၊ အားအင်ပြည့်ဝခြင်းတွေ ခံစားရနိုင်ပေမယ့် တခါတရံမှာတော့ စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ မျှော်လင့်ချက် ကင်းမဲ့ခြင်းတွေ ခံစားရနိုင်ပါတယ်။ စိတ်ပြောင်းလဲမှုတွေဟာ ပြင်းထန်နိုင်ပြီး နေ့စဉ်ဘဝကို ထိခိုက်နိုင်ကာ ဆက်ဆံရေးတွေကို မထိန်းသိမ်းနိုင်ခြင်း၊ ကျောင်းမှာ လုပ်ဆောင်ရည်ကျဆင်းခြင်း တွေ ဖြစ်နိုင်ပါတယ်။ ဒါကို ဆေးသောက်ခြင်းနဲ့ ကုထုံးတွေနဲ့ ကုသခြင်းအားဖြင့် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ ဆေး ဆရာဝန်က စိတ်ငြိမ်ဆေး (သို့) အတက်ကျဆေး ပေးနိုင်ပါတယ်။ စိတ်ကျသက်သာဆေးတွေဟာ ရောဂါဖေါက်ခြင်းကို သက်သာစေပါတယ်။ အချို့စိတ်ငြိမ်ဆေးတွေကတော့ lithium carbonate, antipsychotic ဆေးတွေနဲ့ အတက်ကျဆေးတွေ ပါဝင်ပါတယ်။ ဒီဆေးတွေဟာ bipolar disorder အတွက် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အကောင်းမြင်စိတ် စွမ်းအား

အကောင်းမြင်တတ်ဖို့က ခက်ခဲလှပါတယ်။ သင်ကျန်းမာနေစဉ်မှာ စီးပွားရေး၊ လူမှုရေး၊ မိသာစုအရေး ကိစ္စများတွင် စိတ်ဖိစီးမှုများစွာကြုံတွေ့ရမှာ ဖြစ်ပြီး ထိုအကြောင်းများကြောင့်ပဲ အရာအားလုံးကို အကောင်းဖက်က ကြည့်ပေးဖို့ ခက်ခဲနေမှာဖြစ်ပါတယ်။ သင့်မှာ အဆုတ်ကင်ဆာဖြစ်နေချိန်မှာတော့ အကောင်းမြင်ကြည့်ဖို့ဆိုတာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ အဲဒီလို ခက်ခဲနေမယ့် သင့်ရဲ့အမြင်တွေကို ပြောင်းလဲပေးဖို့ နည်းလမ်းအချို့ကို ယခု ဆောင်းပါးတွင် ဖော်ပြပေးလိုက်ပါတယ်။ အကောင်းမြင်စိတ်နှင့် အဆိုးမြင်စိတ် နှစ်ခုလုံးသည် ကူးစက်တတ်ပါတယ်။ အကောင်းမြင်တတ်ခြင်း ရော အဆိုးမြင်တတ်ခြင်းပါ နှစ်ခုစလုံးသည် ကူးစက်တတ်သည်။ ထို့ကြောင့်လည်း ကျွန်ုပ်တို့သည် သဘာဝအားဖြင့် အကောင်းမြင်စိတ်ရှိသူအနားတွင် နေချင်ကြကာ ကျွန်ုပ်တို့ကို ကျွန်ုပ်တို့ အကောင်းမြင်တတ်သူများအနီးရောက်ဖို့ ကြိုးစားမိနေတာကို သတိထားမိမှာပါ။ အကောင်းမြင်တတ်သူနှင့် အဆိုးမြင်တတ်သူကို ဘယ်လိုခွဲခြားသတ်မှတ်လည်းဆိုတာကို မေးကြသော အခါတွင် အားလုံး တစ်ခဲနက် သဘောတူကြတာကတော့ လူတစ်ဦး၏ အပြုအမူ၊ ပြောစကားနဲ့ စိတ်ခံစားမှုအားလုံးသည် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

သင့်စိတ်ခံစားချက်တွေနဲ့ ဘယ်လိုသဟဇာတဖြစ်အောင်နေထိုင်မလဲ

သင့်စိတ်ခံစားမှုတွေကို ဘယ်လို ထိန်းချုပ်မလဲ။ အသည်းကင်ဆာ ကုသမှု ခံယူနေစဉ်အတွင်းနှင့် ခံယူပြီး နောက်တွင် မတူညီသော စိတ်ခံစားမှု များစွာကို ခံစားရနိုင် သည်။ ၎င်းသည် လူများစွာတွင် ဖြစ်ပွားသည်။ အချို့ လူများသည် ပြောင်းလဲမှုများ၏ အမှန်တရားကို ရင်ဆိုင်ရန် လွယ်ကူသည်။ အချို့သည် တစ်စုံတစ်ခု ကို သိရှိသွားပါက ထိတ်လန့်ကြသည်။ ၎င်းသည် အထူးသဖြင့် ကင်ဆာကဲ့သို့ ရှုပ်ထွေးသော ရောဂါ ခံစားနေရသူများတွင် အမှန်ဖြစ်သည်။ သင်သည် မကြာခဏ မရေရာသော ကြောက်လန့်မှုခံစားနေရပြီး ဘာဖြစ်မည်ကို မသိနိုင်ပါ။ နားလည်ခြင်းသည် စိုးရိမ် ပူပန်ခြင်းကို သက်သာစေသည်။ သင်သည် သင်ဖြစ်သော ကင်ဆာ အမျိုးအစား၊ ကုသမှုများအကြောင်း နှင့် သင် ဘာတွေ မျှော်လင့်နိုင်သည် ကို လေ့လာ နိုင်သည်။ အသည်းကင်ဆာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

Huntington’s Disease (ဟန်တင်တန်ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Huntington’s Disease (ဟန်တင်တန်ရောဂါ) ကဘာလဲ။ ဦးနှောက်အတွင်းမှာရှိတဲ့အာရုံကြောတွေကို ပျက်စီးစေတဲ့မွေးရာပါမျိုးရိုးလိုက်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဦးနှောက်ပျက်စီးမှုက အချိန်တွေကြာလာတာနဲ့အမျှ ပိုဆိုးလာပြီး လှုပ်ရှားမှု၊ မှတ်ဉာဏ် ( အာရုံသိနိုင်စွမ်း၊ တွေးခေါ်ဆုံးဖြတ်ခြင်း) နဲ့အပြုအမူတွေကို သက်ရောက်နိုင်ပါတယ်။ အစောပိုင်းလက္ခဏာတွေကတော့ ကိုယ်ရေးကိုယ်သွေးပြောင်းလဲမှုများ၊ ခံစားချက်အပြောင်းအလဲ၊ ဂနာမြငိမ်ခြင်း၊ နေမထိထိုင်မသာဖြစ်ခြင်း၊ နဲ့အမူအကျင့်ဆိုင်ရာပြောင်းလဲမှုတွေ ပါဝင်ပါတယ်။ ဟန်တင်တန်ရောဂါကို ဟန်တင်တန်ကကြောဆွဲခြင်းလို့ အရင်ကခေါ်ကြပါတယ်။ ကကြောဆွဲသလိုမျိုး လှုပ်ရှားမှုတွေကိုမထိန်းနိုင်ခြင်း ဖြစ်ပါတယ်။ ရောဂါလို့သတ်မှတ်ရခြင်းက လှုပ်ရှားမှုမူမမှန်ခြင်းထက် အများကြီးပိုပါဝင်နေသေးတာကြောင့် ဖြစ်ပါတယ်။ Huntington’s Disease (ဟန်တင်တန်ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ မိသားစုလိုက်ဖြစ်သောရောဂါအဖြစ် စံသတ်မှတ်ထားရခြင်းမှာ ဟန်တင်တန်ရောဂါသည်မိဘတိုင်းရဲ့ ကလေးတိုင်းမှာ ရောဂါဖြစ်စေနိုင်တဲ့မျိုးရိုးဗီဇ 50/50သယ်ဆောင်ထားနိုင်တာကြောင့် ဖြစ်ပါတယ်။ ယနေ့မျာ လက္ခဏာပြနေတဲ့ အမေရိကန်လူမျိုး၃၀၀၀၀ခန့်ရှိပြီး မျိုးရိုးလိုက်နိုင်ချေ၂၀၀၀၀၀ထက် ပိုများနေပါတယ်။ သို့ရာတွင် ဖြစ်နိုင်ချေတွေကိုလျှော့ချခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ထပ်သိလိုတာတွေကို သင့်ဆရာဝန်နဲ့ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများHuntington’s Disease (ဟန်တင်တန်ရောဂါ) ရဲ့လက္ခဏာတွေကဘာတွေလဲ မြောက်မြားလှစွာသောလက္ခဏာတွေနဲ့အတူ လှုပ်ရှားမှု၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

စိတ်ဝေဒနာကုဆေးများအကြောင်း

စိတ်ပိုင်းဆိုင်ရာ ခံစားမှုတွေဆိုတာ ချစ်ခြင်း၊ မုန်းခြင်း၊ ဒေါသ၊ ယုံကြည်မှု၊ ပျော်ရွှင်မှု၊ ကြောက်ရွံ့မှု၊ ဝမ်းနည်းမှု စတာတွေပဲ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာခံစားမှုဟာ အချိန်တိုတခုအတွင်းမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်တခု အပေါ် တုံ့ပြန်မှုတခုလည် ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ခံစားမှုဆိုတာ စိတ်အခြေအနေနဲ့ ဆက်စပ်နေပေမယ့် ပုံစံကွဲပါတယ်။ စိတ်အခြေအနေဆိုတာ ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ စိတ်အနှောက်အယှက်ဖြစ်မှု၊ ရောင့်ရဲမှု၊ စိုးရိမ်မှုစတဲ့ ယေဘုယျဆန်ပြီး ကြာရှည်တဲ့ ခံစားမှုကို ဆိုလိုပါတယ်။ မကြာသေးမီက သုတေသနပြုချက်အရ စိတ်ဒဏ်ရာ ရရှိမှုဟာ မော်တော်ကားမတော်တဆမှု၊ အိမ်ထောင်ရေး အချစ်ရေး ကွာရှင်းပြတ်စဲမှု၊ အနိုင်ကျင့်ခံရမှု၊ အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တဲ့ နေထိုင်မကောင်းမှု၊ မသန်မစွမ်းဖြစ်မှု စတာတွေကြောင့် ရရှိနိုင်ကြောင်း ထုတ်ဖော်ခဲ့ပါတယ်။ တချို့ဖြစ်ရပ်တွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ပျက်စီးမှု မရှိရင်တောင် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်သွားစေနိုင်ပါတယ်။ ဦးနှောက်ကို အဓိကအားဖြင့် ၃ပိုင်းနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ထိခိုက်မှုဖြစ်ပြီးနောက် စိတ်ဒဏ်ရာရနေတဲ့ မိသားစုဝင်ကို ဘယ်လိုဖေးမကူညီမလဲ

တကယ်လို့ သင့်မိသားစုဝင်တစ်ယောက်ယောက်ဟာ post trauma stress syndrome (PTSD) ကို ခံစားနေရရင် သူတို့ဟာ စတင်ပြီး ထူးကဲစွာ ဆက်ဆံတာကြောင့် သင်က စိတ်ရှုပ်ရပါလိမ့်မယ်။ ဒီရောဂါရှိသူ မိသားစုတွေမှာ မိသားစုဝင်တွေဟာ ကြောက်ခြင်း၊ မိသားစုကြားဆက်ဆံရေးအတွက် စိတ်ပူခြင်း၊ မိသားစုကို ဘာတွေ ဖြစ်မယ်ဆိုတာ စဉ်းစားမိခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ လူနာတွေက post trauma stress disorder ရဲ့ ပြဿနာတွေကို ကျော်လွှားဖို့အတွက် အခြားသူတွေဆီက ပံ့ပိုးမှုနဲ့ မေတ္တာလိုအပ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ တကယ့် ပြဿနာတွေကို နားလည်ခြင်းနဲ့ သေချာကုသခြင်းတွေဟာ သူတို့ကို ပြန်ကောင်းစေပြီး ဘဝကို ဆက်လျှောက်ဖို့အတွက် ကူညီပေးနိုင်ပါတယ်။ Post trauma stress disorder နဲ့ ဆက်ဆံရေးအပေါ်သက်ရောက်မှုများ Post trauma stress disorder […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)