MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ
ဒီနေ့ခေတ်မှာ MBTIလို့ ပြောလိုက်ရင် မသိတဲ့သူ မရှိသလောာက်ပါပဲ။ အထူးသဖြင့် လူငယ်တွေ ကြားမှာပေါ့။ သူများနိုင်ငံတွေမှာ dateလုပ်ရင်တောင် MBTIမေးပြီး ကိုက်မှ ဒိတ်ဆက်လုပ်ကြတာတောင် ရှိပါသတဲ့။ MBTI ဆိုတာ ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို စစ်ဆေးတာ ဖြစ်ပြီး MBTIနဲ့ သူတို့ရဲ့ ကျန်းမာရေး အခြေအနေများ ကလည်း ဆက်စပ်နေပါတယ်။ MBTI ဘယ်ကစ Meyersနဲ့ Briggsဆိုတဲ့ အမျိုးသမီးနှစ်ယောက်က Jungရဲ့ စိတ်ပိုင်းဆိုင်ရာမျိုးကွဲတွေကို သဘောကျတာကြောင့် ဒီဟာကို လက်တွေ့ဘဝမှာ အသုံးပြုလို့ရရင် ကောင်းမှာပဲဆိုပြီး တွေးခဲ့ကြပါတယ်။ ဒီလိုနဲ့ ဒုတိယကမ္ဘာစစ်အတွင်းမှာ လူတွေရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးကို ပိုပြီး နားလည်အောင် အသုံးပြုလို့ရမယ့် စစ်ဆေးချက်ကို စပြီး ဖန်တီးခဲ့ပါတော့တယ်။ သူတို့ နှစ်ယောက်တွေးလိုက်တာက လူတွေက ကိုယ့်ရဲ့ အားသာချက်၊ အားနည်းချက်ကိုသာ သိထားမယ်ဆိုရင် အလုပ်အကိုင်ရှာဖွေတာမှာရော […]