backup og meta

အလုပ်မှာ ပင်ပန်းပြီး ပြန်လာတဲ့ ချစ်ခင်ပွန်း အမောပြေစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အလုပ်မှာ ပင်ပန်းပြီး ပြန်လာတဲ့ ချစ်ခင်ပွန်း အမောပြေစေဖို့

    သာယာတဲ့ အိမ်ထောင်ဘဝလေး ဖြစ်ဖို့ဆိုတာ တစ်ဦးအပေါ် တစ်ဦး နားလည်ဖို့၊ စာနာဖို့၊ လိုအပ်တာလေးတွေ ကူညီဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။ ဒါမှလည်း မေတ္တာတွေက ဘယ်တော့မှ ခမ်းခြောက်မသွားဘဲ အိမ်ထောင်သက် ကြာလာလေ၊ အချစ် ပိုတိုးလာလေ ဖြစ်မှာပေါ့။ ဒီဆောင်းပါးမှာတော့ အိမ်ထောင်ရေး သာယာ အဆင်ပြေစေဖို့ အလုပ်ကနေ ပင်ပင်ပန်းပန်း ပြန်ရောက်လာတဲ့ ကိုယ့်ခင်ပွန်း ရွှေရင် အေးရစေဖို့ ဘာတွေ ဆောင်ရ၊ ရှောင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။

    ၁။ အိမ်ကို သန့်ရှင်းနေအောင် လုပ်ပေးပါ။

    ဘယ်သူမဆို တစ်နေ့လုံး ရုံးမှာ အလုပ်လုပ်ပြီး ပြန်လာရင် ကိုယ့်အိမ်လေးက သန့်ရှင်းသပ်ရပ်နေတာပဲ မြင်ချင်မှာပါ။ အဲ့တော့ တတ်နိုင်သလောက် ကိုယ့် း စိတ်ချမ်းသာစေဖို့ အိမ်သန့်ရှင်းရေးလေးတော့ လုပ်ပေးထားပေါ့နော်။ ကိုယ်တိုင်က အချိန်မရှိလို့ တစ်အိမ်လုံး သန့်ရှင်းရေး မလုပ်နိုင်ရင်တောင် အမှိုက်လေးတွေ ရှင်းထားပေးတာ၊ ကိုယ့်ခင်ပွန်းရဲ့ အလုပ်စားပွဲခုံကို စနစ်တကျ ဖြစ်အောင် သုတ်ပြီး ပစ္စည်းတွေ စီပေးထားတာ၊ ကလေးတွေက အရုပ်တွေ၊ စားစရာတွေ ပွပြီး ဖြန့်ကျဲထားခဲ့ရင် ရှင်းပေးတာမျိုး လုပ်ပေးလို့ ရပါတယ်။

    ၂။ ကိုယ့်ခင်ပွန်း ကြိုက်တဲ့ ဟင်းလေးတွေ ချက်ထားပေးပါ။

    များသောအားဖြင့် ရုံးဆင်းချိန် အိမ်ပြန်ရောက်ပြီဆိုရင် ယောက်ျားတွေက ဗိုက်ဆာနေတတ်ပါတယ်။ အဲ့လို အချိန်မျိုးမှာ ကိုယ် ကြိုက်တတ်တဲ့ ဟင်းတွေကို အရသာရှိရှိ စားချင်စဖွယ် ချက်ပေးထားမယ်ဆိုရင် ဘယ်ယောက်ျားကရော ကိုယ့်အိမ်ထောင်ဖက်ကို မေတ္တာမတိုးဘဲ နေပါ့မလဲဗျာ။ သမီးရီးစား မဟုတ်တော့ဘူးဆိုလို့ အမှတ်ပေးစနစ် မရှိတော့ဘူးလို့ မထင်ပါနဲ့။ ကိုယ်ချစ်တဲ့သူ စိတ်ချမ်းသာအောင် ပါရမီဖြည့်ပေးခြင်းသည်လည်း အိမ်ထောင်ရေး တည်မြဲစေဖို့ အမှတ်တွေ တိုးပေးတာနဲ့ အတူတူပါပဲ။

    ၃။ ပြဿနာအထုပ်တွေနဲ့ တံခါးဝကနေ ဆီးမကြိုပါနဲ့။

    ယောက်ျားဖြစ်သူက အခုမှ ရုံးကနေ မောကြီးပန်းကြီးနဲ့ ပြန်ရောက်လာတယ်၊ ရေမိုးချိုး၊ ထမင်းစား၊ အမောလေးတောင် မဖြေရသေးဘဲ မိန်းမဖြစ်သူက တစ်နေ့လုံး ကြုံခဲ့သမျှ ပြဿနာ အရှုပ်အရှင်းတွေ ဖြည်ချပြီး ပွစိပွစိ ပြောနေရင် ဘယ်သူမှ ကြိုက်မှာ မဟုတ်ဘူးနော်။ ကိုယ်တိုင်လည်း နားပူမခံနိုင်ဘူးဆိုရင် အလုပ်တွေ ပိပြီး မောနေတဲ့ ကိုယ့်ခင်ပွန်းက ပိုတောင် ဆိုးမှာပေါ့။ ပြောချင်တာတွေ ရှိရင်တောင် ခင်ပွန်းဖြစ်သူ ရေလေးချိုး၊ ညစာစား၊ အမောလေး ပြေပြီဆိုမှ လင်ရယ်၊ မယားရယ် တိုးတိုးတိတ်တိတ် ကိုယ့်ရဲ့ တစ်နေ့တာ ပြဿနာတွေ၊ အခက်အခဲတွေကို ဝေမျှတိုင်ပင်တာဆိုရင် ပိုမကောင်းဘူးလားဗျာ။

    ၄။ နှိပ်နယ်ပေးပါ။

    တစ်နေ့လုံး ရုံးအလုပ် လုပ်ရတဲ့ အမျိုးသားတွေက ဇက်ကြောနဲ့ ခါးတွေမှာ ကြာလာရင် ဒဏ်ဖြစ်ပြီး ညောင်းညာကိုက်ခဲတတ်ပါတယ်။ အိမ်ထောင်ဦးစီးကလည်း ဖြစ်နေတော့ တတ်နိုင်ရင် ကိုယ်ခံစားနေရတဲ့ ဝေဒနာကို ဇနီးသည်ကို ဖွင့်မပြောဘဲ မျိုသိပ်ထားတတ်ပါတယ်။ ဒီအခါ ကိုယ်က အလိုက်သိသိနဲ့ ဇက်ကြောလေးတွေ၊ ခါးလေးတွေ နှိပ်ပေးမယ်ဆိုရင် ကိုယ့်ခင်ပွန်းဆီက အချစ်တွေ တိုးတော့မှာပေါ့။ ဘယ်သူမဆို ကိုယ့်အပေါ် အလိုက်သိတဲ့ ချစ်သူကို ပိုချစ်တတ်တာ သဘာဝပဲလေ။

    ၅။ ကြင်ကြင်နာနာ ဆက်ဆံပါ။

    ကြင်နာခြင်းဆိုတာ တစ်ဦးအပေါ် တစ်ဦး ဆက်ဆံနိုင်ရင် အကောင်းဆုံးပါပဲ။ အိမ်ထောင်သက် ကြာလာတာနဲ့အမျှ ခင်ပွန်းသည်တွေကလည်း အလုပ်တွေနဲ့ပိတယ်၊ ဇနီးဖြစ်သူကလည်း အိမ်အလုပ်ရော၊ ကလေးထိန်းရတာရောနဲ့ တာဝန်များပြီး လိင်မှုကိစ္စတွေ နည်းလာတတ်ပါတယ်။ ဒါဟာ အိမ်ထောင်သည်တွေကြားမှာ မဖြစ်သင့်တဲ့ ကိစ္စပါ။ ဒီအတွက်လည်း အရမ်းကြီး လောဖို့ မလိုပါဘူး။ နှစ်ဦးသား ကိုယ့်အခန်းလေးထဲမှာ ချစ်သူဖြစ်ကာစတုန်းကလို စကားစမြည်ပြော၊ လက်ကိုင်တာ၊ ရုပ်ရှင်အတူကြည့်တာ၊ ပွေ့ဖက်နမ်းရှုံ့တာ၊ တစ်ယောက်မှာ ရှိတဲ့ အခက်အခဲတွေ မျှဝေပြီး နားလည်မှုယူတာ အစရှိသဖြင့် ဖြည်းဖြည်းချင်း စတင်ပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    ဒါဆို ပျိုမေတွေလည်း ကိုယ်ချစ်ရတဲ့ ခင်ပွန်းသည်တွေဆီက အမှတ်တိုးစေဖို့ ဘာတွေ လုပ်ပေးသင့်လဲဆိုတာ နားလည်လောက်ပြီလို့ ထင်ပါတယ်။ ချစ်ခြင်းမေတ္တာဆိုတာ အပေးရော၊ အယူရော မျှနိုင်မှ အကောင်းဆုံး ဖြစ်မှာပါ။ တစ်ဦးအပေါ် တစ်ဦး မေတ္တာရှိခဲ့လို့ အိမ်ထောင်ကျပြီးပြီဆိုရင်လည်း ဒီအိမ်ထောင်ရေးကို မြဲနိုင်သမျှ မြဲအောင် ထိန်းထားနိုင်ဖို့ တတ်နိုင်သလောက် ကိုယ်ချစ်ရတဲ့သူတွေကို ဖြည့်ဆည်းပေးဖို့တော့ လိုမယ်နော်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါ ရှာဖွေအတည်ပြုချက်များ နှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement