အရက်ဖြတ် တဲ့အခါ ကိုယ်ခန္ဓာမှာ ဘယ်လိုပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
Share now

တကယ်လို့ သင်ဟာ အရက်ဖြတ် ဖို့ ကြိုးစားနေသူတစ်ဦးဆိုပါက အရက်စဖြတ်ချိန်မှာ ရရှိနိုင်တဲ့ ဆိုးကျိူးတွေကြောင့် တွန့်ဆုတ်နေရပြီလား။ အရက်ဖြတ်လိုက်ရင် ကျန်းမာရေးအတွက် များစွာအထောက်အကူပြုတဲ့အတွက်လည်း ကြိုးစားပြီးအရက်ဖြတ်ချင်ကြပါလိမ့်မယ်။
ယခုဆောင်းပါးလေးမှာတော့ အရက်ဖြတ်လိုက်ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်မယ့် ကောင်းကျိုးနဲ့ ဆိုးကျိုးတွေကို ယှဉ်တွဲဖော်ပြပေးလိုက်ပါတယ်။

အရက်စဖြတ်ပြီဆိုတာနှင့် သင့်တစ်ကိုယ်လုံးမှာ အောက်ပါအချက်တွေ ဖြစ်ပေါ်လာပါလိမ့်မယ်။

(၁) အရက်နာကျခြင်း

ထူးဆန်းတာက ဒီလိုအရက်နာကျလက္ခဏာကို ခံစားနေရခြင်းဟာ ပုံမှန်ပဲဖြစ်ပါတယ်။ အရက်ကို အမြဲသောက်သုံးနေရာကနေ ရုတ်တရက်ရပ်တန့်ပစ်မယ်ဆိုပါက ဆေးဝါးတစ်ခုခုအကူအညီကိုတော့ ယူရစမြဲဖြစ်ပါတယ်။

(၂) အသားအရေကောင်းမွန်လာခြင်း

အရက်သောက်ခြင်းဟာ အရေပြားရှိ သွေးကြောများကိုကျယ်စေပြီး မျက်နှာကိုနီမြန်းစေပါတယ်။ ဒါကြောင့် အရက်ဖြတ်ပြီးနောက် ရေများများပြန်လည်သောက်မယ်ဆိုပါက အရေပြားကို သဘာဝအစိုဓာတ်ပြန်လည်ရရှိစေပြီး စိုပြေတောက်ပစေပါလိမ့်မယ်။ အရေးကြောင်းတွေလည်း ပြန်လည်မှေးမှိန်လာမှာဖြစ်ပါတယ်။

(၃) ချဉ်ခြင်းတပ်ခြင်း

အရက်ဟာ ကာလ ကြာမြင့်စွာသောက်သုံးမယ်ဆိုပါက အလွန်စွဲလမ်းစေသော အရာတစ်ခုဖြစ်ပါတယ်။ဒါကြောင့် အရက်ဖြတ်ပြီးချိန်မှာတောင်မှ အရက်သောက်လိုစိတ်ဖြစ်ပေါ်ပါလိမ့်မယ်။အထူးသဖြင့် ဒင်နာနှင့်ပွဲလမ်းသဘင်တွေမှာပေါ့။
ဒီလို အရက်ဘီယာသောက်လိုစိတ်ဟာ အရက်ဖြတ်ပြီးသူအတော်များများမှာ ဖြစ်လေ့ရှိတဲ့ ကိစ္စတစ်ခုပဲဖြစ်ပါတယ်။

(၄) ဘေးပတ်ဝန်းကျင်ဖိအား

ဒါဟာ အဖြစ်အများဆုံး ပြဿနာပဲ ဖြစ်ပါတယ်။
သင့်အနေနှင့် အရက်ဖြတ်ပြီးနောက်ပိုင်း သူငယ်ချင်းများနှင့် hang outလုပ်တဲ့အခါ တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သင့်ကိုအတင်းအကျပ်သောက်ခိုင်းပြီး ဆေးထိုးတာမျိူး ပြုလုပ်နိုင်ပါတယ်။
ဒီလိုအခါမျိုးမှာ သူငယ်ချင်းတွေကို နားလည်အောင် ရှင်းပြဖို့ လိုပါလိမ့်မယ်။

(၅) အိပ်ရေးဝမယ်

၂၀၁၅က လေ့လာချက်အရ အရက်သောက်ပြီး အိပ်စက်တဲ့အခါ ညဘက်မကြာခဏ နိုးနေလေ့ရှိပါတယ်။အရက်သောက်ခြင်းဖြင့် ညဘက်အလွယ်တကူအိပ်ပျော်စေတာမှန်ပေမယ့် သင့်ကိုကောင်းကောင်းအိပ်ပျော်စေမှာတော့ မဟုတ်ပါဘူး။
ဒါကြောင့် သင်အရက်ဖြတ်လိုက်တဲ့အခါ ညဘက်စောစောအိပ်ပျော်တာမျိုး မရှိနိုင်ပေမယ့် အိပ်စက်တဲ့အခါမှာ ကောင်းစွာအိပ်ရေးဝပြီး နောက်နေ့မှာ အားပြည့်တာ တွေ့ရပါလိမ့်မယ်။

(၆) အချိုများတစ်ချိန်လုံးစားလိုခြင်း

အရက်၊ ကော်ဖီနှင့် အချိုရည်များသောက်ခြင်းဟာ ဦးနှောက်ထဲကနေ Dopamineနှင့် Serotonin တွေကို ပိုမိုထုတ်လွှတ်စေတဲ့အတွက် စိတ်ကိုပျော်ရွင်လန်းဆန်းစေဖို့ ကူညီပေးပါတယ်။
ဒါကြောင့် သင့်အနေနှင့် အရက်ကို ဆက်မသောက်ပဲ ရပ်တန့်လိုက်တဲ့အခါမှာ ကိုယ်ခန္ဓာကနေ အခြားတစ်ခုခု..အထူးသဖြင့် အချိုဓာတ်ကို ပိုမိုတောင့်တလာပါတယ်။ဒါကြောင့် ချိုသောအရာများကို အချိန်ပြည့်စားချင်နေတာမျိူး ဖြစ်လာနိုင်ပါတယ်။

(၇) စိတ်ကြည်လင်လန်းဆန်းခြင်း

အရေးကြီးဆုံးဖြတ်ချက်တွေကို ပိုမိုလွယ်ကူစွာ ပြုလုပ်လာနိုင်မယ်။ ပြဿနာတွေကို ဖြေရှင်းရာမှာ ပိုမိုချောမွေ့လာမယ်။ စိတ်ခံစားချက်တွေကိုလည်း ကောင်းစွာကိုင်တွယ်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

(၈) တစ်ခုခုပျောက်ဆုံးနေတယ်လို့ခံစားမိခြင်း

စင်စစ်အားဖြင့် သင့်အနေနှင့် ကြာရှည်လက်တွဲခဲ့တဲ့ အရက်ကို မေ့ပျောက်ဖို့ဟာ အချိန်အတိုင်းအတာတစ်ခုတော့ယူရမှာပါပဲ။ သင့်စိတ်မှာ သတိပြုထားဖို့က သင့်အနေနှင့် အခြားသူတွေ အရက်သောက်ရင်းပျော်ရွင်နေတာကိုပဲ မြင်ရတာပါ။ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ အရက်နာကျခြင်း၊ မူးပြီးခိုက်ရန်ဖြစ်ခြင်း၊ မိသားစုမပျော်ရွင်ရခြင်းတွေကိုလည်း ဆင်ခြင်မိဖို့ လိုအပ်ပါတယ်။

ရေးသားသူ – Dr Rose

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

အစားအသောက် တောင့်တမှု အာသီသ ချဉ်ခြင်းတပ် စားချင်စိတ် အာဟာရ အာဟာရဓာတ် ချို့တဲ့မှု ခန္ဓာကိုယ် လိုအပ်ချက် အကြောင်းရင်း စိတ်ပိုင်းဆိုင်ရာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Yun Sandi Nan Mon

အရေးအကြောင်း တွေ ဖြစ်တာကို လျော့နည်းအောင် ဂရုစိုက်ကြမယ်

အရေးအကြောင်း အိုမင်းရင့်ရော် collagen တင်းရင်းနုပျို အသားအရေ နေရောင်ခြည် sunscreen ရေများများသောက် moisturizer အိပ်ရေးဝ မျက်မှောင်ကျုံ့ ဆေးလိပ်သောက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကလေးရဲ့ အစာခြေစနစ် နဲ့ ကိုယ်ခံအားကို အားဖြည့်ပေးမယ့် အရာတွေက ဘာတွေများလဲ…….

မေမေ မိခင်ဘဝ ကလေး ကိုယ်ခံအား အာဟာရ မှတ်ဉာဏ် ဦးနှောက် အမြင်အာရုံ အစာခြေစနစ် အကျိုးပြုဘက်တီးရီးယား လေနာ ဝမ်းပျက်ဝမ်းလျှော အာဟာရဓာတ်​ DHA

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား

လိင်ဆက်ဆံခြင်းဟာ သင့်ကို ကျန်းမာစေနိုင်တယ် ဆိုရင် ယုံနိုင်မလား။ လိင်ဆက်ဆံခြင်းဟာ သင့်ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

အမျိုးသားတွေရော ချဉ်ခြင်းတပ် ကြသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read
သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

သင် အိပ်ရေးဝတယ် ဆိုတာ သေချာလို့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 8, 2021 . 2 mins read
ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 21, 2020 . 3 mins read
သင့်အိပ်ခန်းထဲက အပင်လေးတွေ

သင့်အိပ်ခန်းထဲက အပင်လေးတွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 20, 2020 . 2 mins read