စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

သွေးမြင်တာနဲ့ အကြောက်လွန်ပြီး လန့်သွားဖူးလား

သွေးမြင်တာနဲ့ ကြောက်လန့်စိတ် ဖြစ်လာခြင်း (Hemophobia) ဆိုတာ ကြောက်စိတ်လွန်ကဲခြင်း (Phobia) တွေထဲက လူတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာ တစ်မျိုးဖြစ်ပါတယ်။ သွေးကို မြင်လိုက်ရတာနဲ့ စိတ်ထဲက တုန်လှုပ်ခြောက်ခြားပြီး အသိစိတ်တွေ လွတ်သွားတာ၊ ပုံမှန်ထက် ပိုပြီး ကြောက်လန့်တဲ့ စိတ်ခံစားချက်မှုမျိုး၊ ရုပ်ရှင်ထဲမှာ သွေးပါတဲ့ ဇာတ်ဝင်ခန်းကို မြင်လိုက်တာနဲ့ အော့အန်ချင်သလို၊ မူးမေ့သွားချင်သလို ဖြစ်တာတွေဟာ သွေးမြင်တာနဲ့ လန့်တတ်တဲ့ စိတ်ဝေဒနာရဲ့ လက္ခဏာဖြစ်ပါတယ်။ သွေးမြင်ရင် ဖြစ်လာတဲ့ ကြောက်လန့်စိတ်ဟာ အချိန်နဲ့အမျှ လူကို စိတ်ဒုက္ခပေးနိုင်ပြီး ကိုယ့်ရဲ့ အနာဂတ်မှာ အခက်အခဲ ပြဿနာတွေ ဖြစ်လာနိုင်သည်အထိ ဘဝကို အနှောင့်အယှက်ပေးနိုင်ပါတယ်။ စိတ်ကျန်းမာရေးပြဿနာ အများစုဟာ သေချာကုသမှု မခံယူဘဲ သူ့အလိုလို ပျောက်ကင်းသွားနိုင်တာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်မှာ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အတွေးထဲမှာ စိတ်ချောင်ပိတ်မိခြင်း (သို့) စိတ်အကျဉ်းကျ ဝေဒနာ

စိတ်အကျဉ်းကျတယ်ဆိုတာ ဘာလဲ အပြုအမူပိုင်းဆိုင်ရာ ပုံမှန်မဟုတ်တဲ့ အခြေအနေဖြစ်ပြီး ကိုယ့်ရဲ့ အတွေးအာရုံထဲမှာ အကြောင်းအရာ တစ်မျိုးတည်း သို့မဟုတ် ဆက်စပ်သမျှ အကြောင်းအရာတွေကို ထိုင်တွေးနေရင်း အချိန်ကုန်သွားမှန်းမသိ ကုန်သွားတာ၊ အသိစိတ်တွေ လွတ်ပြီး ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်တွေ၊ ဖြစ်ပျက်နေသမျှ အရာတွေကို သတိမထားမိတော့တဲ့ အခြေအနေမျိုးကို စိတ်အကျဉ်းကျခြင်း (Rumination) လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့် စိတ်ချောင်ပိတ်မိတဲ့ အကျင့် ဖြစ်လာရတာလဲ။ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်တုန်လှုပ်မှုကြီး […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဘဝကို စိတ်အေးချမ်းစွာနဲ့ ကျော်ဖြတ်သွားချင်လား

စိတ်ကျန်းမာရေးကို လူတော်တော်များများက မေ့လျော့ထားတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မြင်ရတဲ့အရာထက် မမြင်ရတဲ့ စိတ်ကို လူတွေက သိပ်ပြီး ဂရုစိုက်လေ့ မရှိတာကြောင့်ပါပဲ။ “စိတ်ချမ်းသာမှ ကိုယ်ကျန်းမာ” ဆိုသလို စိတ်ကို အေးချမ်းစွာ နေထိုင်တတ်မှ ဘဝကို ကျန်းမာပျော်ရွှင်စွာနဲ့ ဖြတ်ကျော်သွားနိုင်မှာပါ။ စိတ်ချမ်းသာဖို့ဆိုတာ ပြောလို့လွယ်ပေမဲ့ တကယ်တမ်းတော့ တော်တော်လေး ခက်ခဲနိုင်တယ်လို့ ထင်ရပါတယ်။ နေ့စဉ်ဘဝမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေ၊ အလုပ်ခွင်မှာ တွေ့ကြုံရတဲ့ အခက်အခဲတွေ၊ ဖိအားတွေ၊ မိသားစု၊ လူမှုရေးရာ အဆင်မပြေမှုတွေကြားမှာ ဘယ်လောက်ပဲ ကြံ့ခိုင်တဲ့ စိတ်ဖြစ်နေပါစေ အနည်းငယ်တော့ ဒဏ်ပိနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မကြာခဏ စိတ်ညစ်တတ်တဲ့ သူတွေ၊ ဘဝကို စိတ်အေးလက်အေး ကျော်ဖြတ်ချင်တဲ့ သူတွေအတွက် ပြောင်းလဲသင့်တဲ့ နေပုံထိုင်ပုံ၊ ပြင်ဆင်သင့်တဲ့ စိတ်နေသဘောထားအကြောင်း ပြောပြပေးချင်ပါတယ်။ ၁။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ အသက်ရှူတယ်ဆိုတာ သမားရိုးကျ […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါ (Depression) နှင့်ပတ်သက်ပြီး သိထားသင့်သမျှ

စိတ်ဓါတ်ကျတယ်ဆိုတာ ဘာလဲ။ ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေတဲ့ စိတ်ရောဂါမျိုးဖြစ်ပါတယ်။ ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်၊ မိသားစုအပေါ်မှာ မူတည်ပြီး စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ရဲ့ အတွေး၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ဝင်လာရာကနေ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။ စိတ်ကျရောဂါ လက္ခဏာတွေ ဝမ်းနည်းပူဆွေးြခင်း စိတ်ထဲမှာ ဗလာနတ္ထိ ဘာမှမရှိတော့သလို ခံစားရခြင်း မျှော်လင့်ချက် ကုန်ဆုံးသွားသလို ခံစားရခြင်း အသေးအမွှားကိစ္စတွေအပေါ် ဝမ်းနည်း၊ စိတ်ဆိုး၊ […]


စွဲလမ်းမှုပြဿနာများ

သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား

နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ရုံးက ကိစ္စတွေကို အိမ်ကို သယ်လာတာ၊ ပိတ်ရက်မှာတောင် ရုံးကအလုပ်တွေကို တွေးနေမိတာတွေ ရှိတတ်ပါတယ်။ ဒါဆိုရင် သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား ။ သင့်မှာ အလုပ်အပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါရှိနေပြီလား အပေါ်မှာ ပြောခဲ့တာထက် နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ

ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ အကြောင်း သိပြီးပြီလား! အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။ ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ အရာဝတ္ထုတစ်ခုခုအပေါ် ပုံမှန်ထက် ပိုပြီး အကြောက်အလန့်လွန်ကဲခြင်း စိတ်ဝေဒနာ  (Phobia) ပဲ ဖြစ်ပါတယ်။ Phobia ဆိုတာ ဘာလဲ။ တခြားသူတွေအမြင်မှာ အပိုလုပ်ပြီး ဟန်ဆောင်ကြောက်ပြတယ်လို့ ထင်ရပေမယ့် ကိုယ့်ရဲ့ အတွေးထဲမှာ တစ်ခုခုအပေါ် ပြင်းပြင်းထန်ထန် ထိတ်လန့်တဲ့ စိတ်၊ ကြောက်ရွံ့တဲ့ စိတ် ကြီးမိုးနေတဲ့ ပြဿနာကို Phobia လို့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုတွေများလာရင် ဘာတွေစားကြမလဲ

၂၁ ရာစုရဲ့ နေထိုင်စားသောက်မှုပုံစံတွေ ပြောင်းလဲ လာတဲ့ အတွက်ကြောင့် ကျန်းမာရေး၊ လူမှုရေးစီးပွားရေး စတဲ့ အဖက်ဖက် ကနေ စိတ်ဖိစီးမှုတွေ က များလာပါတယ်။ စိတ်ဖိစီးမှုများလာရင် ဖြစ်လာမယ့် နောက်ဆက်တွဲ ပြဿနာတွေ ကတော့နှလုံးရောဂါ၊ သွေးချို ဆီးချို ရောဂါ၊ အဝလွန်ရောဂါ၊ စိတ်ဓါတ်ကျရောဂါ၊ ပန်းနာရင်ကြပ် ရောဂါ နှင့် အခြား အစာအိမ်နဲ့ အူလမ်းကြောင်း ရောဂါတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီစိတ်ဖိစီးမှုကြောင့်ဖြစ်တဲ့ ပြဿနာ တွေ ကို တစ်ဖက်တစ်လမ်း က နေ အစားအသောက်တွေ နဲ့ ကာကွယ် လို့ရပါတယ်။ (၁) အစိမ်းရောင် ရှိသော အသီးအရွက်များ (ဥပမာ ပါင်းနုနွယ် အရွက်မှာ ဆိုရင် Folate ဓါတ် ကြွယ်ဝတဲ့ အတွက် ကျွန်တော်တို့ ခန္ဓါကိုယ် […]


စွဲလမ်းမှုပြဿနာများ

မိုဘိုင်းလ်ဖုန်း စွဲလမ်းလွန်တဲ့ စိတ်ရောဂါ သင့်မှာ ရှိနေပြီလား

ဒီဘက်ခေတ်ကြီးထဲမှာ မိုဘိုင်းလ်ဖုန်းကို လူတိုင်းနီးပါး အသုံးပြုနေကြပါပြီ။ ဆက်သွယ်ဖို့၊ စကားပြောဆိုဖို့၊ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေအတွက် အဖြေရှာဖို့၊ မိတ်ဆွေအသစ်တွေ ရှာဖွေဖို့ အရင်ကလို အချိန်ကုန်၊ လူပင်ပန်းခံစရာ မလိုပဲ အင်တာနက်ဖွင့်လိုက်ရုံနဲ့ အလွယ်တကူ လုပ်လို့ရနေပါပြီ။ ဒါဟာ မကောင်းတဲ့ ကိစ္စတော့ မဟုတ်ပေမယ့် တချို့လူတွေအတွက်တော့ လိုတာထက် ပိုပြီး စွဲလမ်းသွားတဲ့အခါ စိတ်ရောဂါအခြေအနေအပြင် ကျန်းမာရေးနဲ့ နေ့စဉ်ဘဝကိုပါ ထိခိုက်လာနိုင်ပါတယ်။ ကျား၊ မ မရွေး၊ လူငယ်တွေမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်မျိုး ဖြစ်ပြီး ကိုယ့်ကိုယ်ကို မထိန်းချုပ်နိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါ ထိခိုက်စေပါတယ်။ ပြင်းထန်တဲ့ စိတ်ရောဂါအခြေအနေမျိုး တစ်ခုမဟုတ်တာကြောင့် ဒီလို မိုဘိုင်းလ်ဖုန်း စွဲလမ်းတဲ့ စိတ်ရောဂါကို ကိုယ်တိုင်ဖြစ်စေ၊ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဖြစ်စေ တိုင်ပင်ဆွေးနွေးပြီး ကုသပျောက်ကင်းနိုင်ပါတယ်။ မိုဘိုင်းလ်ဖုန်း […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အထက်လူကြီးဆိုးနဲ့ ကြုံတွေ့ရတဲ့အခါ

အလုပ်သမားတစ်ယောက်အလုပ်ထွက်တာမှာ အလုပ်ကြောင့်ထက် အထက်လူကြီးကြောင့်ပိုများတယ်ဆိုတဲ့ လေ့လာချက်ရှိပါတယ်။ အထက်လူကြီးကောင်းခြင်းဆိုးခြင်းက အလုပ်တစ်ခုအပေါ်မှာ ဘယ်လောက်နေပျော်တယ်မပျော်ဘူးဆိုတာကို အဆုံးအဖြတ်ပေးတယ်။ တစ်နေ့ ၈နာရီထက်မနည်း နေနေရတဲ့လုပ်ငန်းခွင်တစ်ခုမှာ မဖြစ်မနေ တွေ့နေရတဲ့ကိုယ့်အထက်လူကြီးက လူကြီးမဆန်ဘူး၊ ခေါင်းဆောင်မပီသဘူးဆိုရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲဖို့ ကောင်းပါတယ်။ ဒီတော့ ဘယ်လိုဆက်လုပ်ကြမလဲ။ ၁။ ပိုတော်လာအောင်လုပ်ပါ။ စိတ်ညစ်စိတ်တိုစရာ ဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရဖို့ကတော့ သေချာသလောက်ရှိတယ်။ အကောင်းဆုံးထွက်ပေါက်ကတော့ ပိုတော်လာအောင်ကိုယ့်ကိုကိုယ်ဂရုစိုက်ပါ။ အလုပ်နဲ့သက်ဆိုင်ရာမှာ၊ အတွေးအခေါ်မှာ၊ ကိုယ်ရည်ကိုယ်သွေးမှာ ပိုတော်သထက်တော်လာအောင်လုပ်ပါ။ ဆိုးတဲ့အထက်လူကြီးတွေဟာ သူတို့နိုင်လို့ရတဲ့သူတွေကို ပိုအနိုင်ကျင့်လေ့ရှိတယ်။ ဘယ်လိုလူတွေကို အနိုင်ကျင့်နိုင်လဲဆိုတော့ သူတို့မရှိလည်းဖြစ်တယ်၊ အစားထိုးရလွယ်တယ်၊ အလုပ်နဲ့ပတ်သက်လို့ ကိုယ်ရည်ကိုယ်သွေးနဲ့ပတ်သက်လို့ လေးစားလောက်စရာအနေအထားမရှိတဲ့သူတွေကို ပိုအနိုင်ကျင့်တယ်။ ဒီတော့ ကိုယ်ဟာ မရှိမဖြစ်အနေအထားကိုရောက်လာအောင် ပိုတော်လာအောင်ဖန်တီးယူမယ်ဆိုရင် ကိုယ့်အပေါ်မှာအရင်ကလောက် မဆိုးရွားနိုင်တော့ဘူး။ ယုတ်စွအဆုံး အလုပ်သစ်ရှာရရင်တောင် လွယ်ကူတယ်။ အထက်လူကြီးဆိုးလို့ ကိုယ့်တိုးတက်မှုလုံးဝမရှိဘူးဆိုရင် အရှုံးကြီးပဲမလား။ ၂။ ကိုယ်ချင်းစာကြည့်လိုက်ပါ။ ပြဿနာတစ်ခုဖြစ်တဲ့အခါတိုင်းမှာ ဘက်က […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား

သင် စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား ဆိုတာ တွေးဖူးရဲ့လား။ ရာသီဥတု အေးအေးလေးက ဆွေးစရာလေးနော်။ ဆောင်းရာသီဆိုတာ အနုပညာသမားတွေအတွက်  ခံစားလို့ ကောင်းတဲ့ ရာသီဥတုပါနော်။ ဒါပေမယ့် အေးတဲ့ ရာသီဥတုက လွမ်းမောလွန်းရင်တော့ စိတ်ဓာတ်ကျတဲ့အထိ ဖြစ်သွားနိုင်ပါတယ်တဲ့။ အခုတလော စိတ်ဓာတ်ကျနေတာက သင့်မှာ စိတ်ဖိစီး နေတာထက် အေးမြတဲ့ ရာသီဥတုကြောင့်လည်း ဖြစ်နေနိုင်ပါတယ်နော်။  စိတ်ဓာတ်ကျနေတာက ဆောင်းရာသီကြောင့်များလား ရာသီဥတု အခြေအနေပေါ်မှာ မူတည်ပြီး စိတ်အခြေအနေ ပြောင်းလဲနိုင်ပါတယ်။ ဒီအခြေအနေကို ရာသီဥတု အခြေအနေကြောင့် ဖြစ်တဲ့ စိတ်အခြေအနေ ပြောင်းလဲမှုလို့ ခေါ်ပါတယ်။ ဒါကို ရာသီဥတု ပြောင်းလဲမှု ဖြစ်တဲ့ အချိန်တိုင်းမှာ ခံစားရနိုင် ပါတယ်။ ဆောင်းတွင်းဝင်စမှာ ခံစားရနိုင်သလို ဆောင်းကုန်ခါနီး မှာလည်း ခံစားရနိုင် ပါတယ်။ ဒါက ဘာကြောင့် ဖြစ်ရတာလဲ ဆိုတော့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း