စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေ

စိတ်ကျရောဂါ (Depression) ဆိုတာ ယနေ့ခေတ် လူငယ်တွေကြားမှာ တော်တော်လေး ရေပန်းစား အပြောများတဲ့ ပြဿနာပါ။ တစ်ခုသိထားဖို့ လိုတာကတော့ စိတ်မပျော်ရွှင်မှုကို စိတ်ကျရောဂါလို့ လုံးလုံး ခေါင်းစဉ်တပ်လို့ မရဘူးဆိုတာပါပဲ။ စိတ်ကျရောဂါ ဖြစ်နေပြီဆိုတာ ပြနေတဲ့ လက္ခဏာတွေက သီးသန့်ရှိပါတယ်။ မိဘတွေနဲ့ အဆင်မပြေဖြစ်တာ၊ သူငယ်ချင်းတွေ၊ ချစ်သူနဲ့ ရန်ဖြစ်လို့ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်လာတဲ့ စိတ်မပျော်ရွှင်မှု၊ ဝမ်းနည်းမှုတွေဟာ စိတ်ကျရောဂါ မဟုတ်ပါဘူး။ အခြေအနေပေါ်မှာ မူတည်ပြီး ဖြစ်လာတဲ့ စိတ်ခံစားချက် အပြောင်းအလဲတစ်ခုသာဖြစ်ပါတယ်။ စိတ်ကျရောဂါဆိုတာ အကြောင်းရင်း တစ်ခု သို့မဟုတ် အများကြီးပေါ်မှာ အခြေခံပြီး အချိန်အကြာကြီး ကိုယ့်ရဲ့ စိတ်နဲ့ ဘဝတစ်ခုလုံးကို ဖြည်းဖြည်းချင်း ဝါးမြိုသွားတဲ့ ကြောက်စရာစိတ်ရောဂါဖြစ်ပါတယ်။ လူတွေတော်တော်များများ သေကြောင်းကြံစည်ဖို့ ကြိုးစားကြတာ၊ ကိုယ့်အသက်ကိုယ် စတေးခံလိုက်တာတွေရဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဖိစီးမှုတွေပြေချင်ရင် အိုးတိုက်ပန်းကန်ဆေးပါ

စိတ်ညစ်တယ်တို့၊ စိတ်ဓါတ်ကျတယ်တို့ဖြစ်လာရင် ဘီယာဆိုင်သွားရတာနဲ့၊ မိန်းကလေးတွေဆိုရှော့ပင်ထွက်ရတာနဲ့၊ လျှောက်လည်ကြတာနဲ့ ဖြေဖျောက်ကြတယ်။ တချို့ကျ တစ်ချောင်ချောင်မှာ မှိုင်ပြီး ဘာကို ဘူမှန်းမသိဘူနေတာမျိုး။ အလုပ်ကြောင့်၊ မိသားစုကြောင့်၊ အချစ်ကြောင့်၊ သူငယ်ချင်းကြောင့်စိတ်ဖိစီးနေတာတွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေဖျောက်ကြတယ်မလား။ ခရီးထွက်လိုက်တာ၊ကော်ဖီဆိုင်ထိုင်တာ၊ စာအုပ်ဖတ်တာ၊ တရားထိုင်တာ စတဲ့တခြားနည်းတွေရှိသေးတယ်။ ဒီတစ်ခါ သုတေသနတွေကတွေ့ရှိလာတဲ့ နည်းတစ်ခုကတော့ အဆန်း။ အိမ်ကအမေတွေပျော်မယ့်နည်းလမ်းပေါ့လေ။ အိုးခွက်ပန်းကန်တွေဆေးကြောတာက စိတ်ဖိစီးမှုကိုပြေလျော့စေနိုင်တယ်တဲ့။ အိမ်အလုပ်ဝိုင်းမကူတဲ့ သားသမီးတွေကို ဒီသတင်းနဲ့ဆွဲဆောင်လို့ရပြီလေ။ စိတ်ညစ်လာရင် ဂျင်မ်သွား ကစားမယ့်အစား၊ အိမ်မှာ အိုက်တိုးပဂေးဆန်လိုက်ပါ။ အိမ်မှာလည်း ကူညီရာရောက် ကိုယ်လည်းအကျိုးရှိပါတယ်။ ဖလော်ရီဒါပြည်နယ်တက္ကသိုလ် သုတေသီတွေက ဒီဆက်နွှယ်မှုကိုလေ့လာတွေ့ရှိခဲ့တာပါ။ ပူလောင်စေတဲ့ ဖိစီးမှုအတွေးတွေကို လွှင့်ပစ်ပြီး ကိုယ်လုပ်သင့်တာတွေကိုရှင်းရှင်းလင်းလင်းမြင်လာစေတဲ့အထိ ကြည်လင်သွားစေတာက ပန်းကန်ဆေးတဲ့လုပ်ငန်းစဉ်နဲ့ သဘောတရားတူပါတယ်။ပေကျံမှုတွေကိုဆေးကြောသန့်စင်နေရင်း ကိုယ့်စိတ်ထဲက ပူပန်မှုတွေ၊ ဖိစီးနေတာတွေ ပါပေါ့သွားတာ သတိတောင်ထားမိမှာမဟုတ်ပါဘူး။ ဒါက အာရုံပြောင်းနည်းတစ်မျိုးလည်းဖြစ်ပါတယ်။ လေ့လာမှုမှာ တက္ကသိုလ်ကျောင်းသား ၅၁ ဦးကို နှစ်ဖွဲ့ခွဲပြီး တစ်ဖွဲ့ကို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ဝိတ်လည်းတက်တယ်၊မကြာခဏကိုက်ခဲတတ်တယ်ဆိုတာ စိတ်ဖိစီးနေတဲ့လက္ခဏာ

ခုနောက်ပိုင်း ဒူးကမျက်ခနဲ၊ ခါးက မျက်ခနဲ၊ ပခုံးက အကြောတင်ပြန်ပြီ၊ ကြွက်သားတွေနာနေပြန်ပြီ။ ဟိုနားကကိုက် ဒီနားကနာ နဲ့နာကျင်ကိုက်ခဲနေတာပဲ။ ဟယ် ကြည့်စမ်း..ဝိတ်တွေလည်းတက်နေတာပဲ။ ဝလို့ဖြစ်တာနေမယ်။ ဒီလိုပဲတွေးလိုက်တာမလား။ လူကဝလာလို့ ဒီဝေဒနာတွေဖြစ်လာတယ်လို့ ယူဆတတ်ကြပေမယ့်နောက်ထပ်အကြောင်းရင်းတစ်ခုလည်းရှိနေသေးတယ်ဆိုတာရော သိထားပြီးပြီလား။ ကိုယ်အလေးချိန်တက်ခြင်းနဲ့ နာကျင်ကိုက်ခဲမှုတွေဟာ စိတ်ဖိစီးမှုခံစားနေရတဲ့ လက္ခဏာတွေထဲပါဝင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာ စိတ်ကျန်းမာရေးပြဿနာတစ်ခုတင်မကပါဘူး။ ခန္ဓါကိုယ်မှာ ထင်ထားတာထက် ဆုတ်ယုတ်မှုပိုရှိစေနိုင်ပြီး ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါထိခိုက်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာအခြေအနေအမျိုးမျိုးမှာဖြစ်လာနိုင်တယ်။ အလုပ်နဲ့ပတ်သက်လို့လား၊ မိသားစုပြဿနာလား၊ လူမှုဆက်ဆံရေးမှာလား၊ အချစ်ရေးမှာလား စသည်ဖြင့်ပေါ့။ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်နဲ့ နေထိုင်မှုပုံစံတွေကြောင့်လည်း စိတ်ဖိစီးမှုနဲ့တွေ့ရတာများလာတော့ ခွဲခွာမရတော့ပါဘူး။ အလုပ်အတွက် မကြာခဏ အီးမေးလ်ဝင်ဝင်စစ်နေရတယ်မလား၊ စီးပွားရေးမှာက သူများလက်ထဲမပါအောင် မြန်မြန်ဆန်ဆန်လှုပ်ရှားရတယ်မလား၊ နည်းပညာမှာလည်း အပြိုင်အဆိုင်ခေတ်ရှေ့ပြေးဖို့ ကြိုပြေးနေရတယ်မလား။ စိတ်ဖိစီးမှုကိုရှောင်ဖို့မပြောနဲ့၊ စိတ်ကျရောဂါမဝင်အောင် မနည်းရုန်းကန်တွန်းလှန်နေရတယ်မလား။ ဒီလိုနဲ့ ဘာကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးလာတဲ့အခါကော်တီဆောဟော်မုန်းတွေထွက်လာတယ်။ ဘာတွေဆက်ဖြစ်လဲ ကော်တီဆောထုတ်လုပ်မှုများလာရင် ခန္ဓါကိုယ်အနှံ့မှာ သက်ရောက်မှုလည်းအတော်များပါတယ်။ ဇက်ကြော၊ ဦးခေါင်းနဲ့ပခုံးတို့လို […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

စိတ်ဓါတ်ကျတဲ့အခါဖတ်ဖို့

စိတ်ဓါတ်တွေအရမ်းကျတဲ့အချိန်ရှိဖူးလား။ ဒါမှမဟုတ် အခုရှိနေလား။ အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့အချိန်ပေါ့။ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်တည်းများ ကံဆိုးမှုတွေအကုန်ကျရောက်နေသလား ထင်ရလောက်တဲ့အချိန်တွေပေါ့။ တစ်ယောက်တည်းလို့ ခံစားရတဲ့ခံစားချက်နဲ့ မငိုဖြစ်ဖို့ အားတင်းထားရတဲ့အချိန်တွေ။ အခန်းလေးထဲမှာ ကိုယ်တစ်ယောက်တည်းနေချင်တဲ့အချိန်တွေပေါ့။ တစ်ယောက်ယောက်ကိုပြောပြလိုက်ချင်ပေမယ့် အရေးတယူလုပ်ခံရမှာမဟုတ်မှန်းသေချာတဲ့အခါ ဘယ်သူ့ကိုမှ မပြောဖြစ်တော့ဘူး။ ဒါမှမဟုတ် ကိုယ်တကယ်ပြောပြဖို့ ယုံကြည်ရလောက်တဲ့သူမရှိတာလည်းပါတယ်။ ဘယ်နေရာရယ်မသေချာပေမယ့် ဒီနေရာကနေ အဝေးဆုံးကိုထွက်သွားချင်တယ်။ ကိုယ်ဆိုတဲ့တည်ရှိမှု မရှိတော့ရင်ကောင်းမယ်။ မနက်ဖြန်ဆိုတာ မရှိတော့ရင်ကောင်းမယ်လို့ တွေးဖူးတဲ့အချိန်တွေပေါ့။ အဲဒီအချိန် အပြန်ပြန်အလှန်လှန်မေးမိတဲ့မေးခွန်းက “ဘာ့ကြောင့်များလဲ” ဆိုတာပဲ။ ကိုယ်တစ်ယောက်တည်းမဟုတ်ပါဘူး။ ဘာကြောင့်ဖြစ်ရတယ်ဆိုတာကို တိတိပပ မပြောနိုင်ပေမယ့် ဒီလိုတွေခံစားနေရတာ၊ ခံစားခဲ့ဖူးတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။ စိတ်ဓါတ်ကျတာက ချမ်းသာတာ၊ ဆင်းရဲတာ၊ ပညာတတ်တာ၊ မတတ်တာတွေနဲ့ လုံးဝမသက်ဆိုင်ဘူး။ ကျရှုံးလို့ စိတ်ဓါတ်ကျနေတဲ့သူတွေရှိသလို အောင်မြင်နေတဲ့သူတွေမှာလည်း စိတ်ဓါတ်ကျတာပါပဲ။ တကယ်တမ်းပြောရရင် ချမ်းသာတဲ့သူ၊ ပညာတတ်တဲ့သူတွေနဲ့ အောင်မြင်နေတယ်လို့ ထင်ရသူတွေက စိတ်ဓါတ်ကျမှုကို […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား

ကြောက်ရွံ့မှုတွေကို ထိပ်တိုက်ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်ပြီလား ....... ကြောက်ရွံ့မှုဆိုတဲ့ အရာက လူတိုင်းမှာ ရှိတတ်ကြစမြဲပါ။ သက်ရှိအရာဝတ္ထု တစ်ခုခုကိုဖြစ်စေ၊ စိတ်ခံစားချက်ကို ဖြစ်စေ၊ မမြင်ရတဲ့ တစ္ဆေသရဲတွေ၊ မဖြစ်လာသေးတဲ့ အနာဂတ်တွေ၊ အတိတ်ကအရိပ်မည်းတွေ အစရှိသဖြင့်ပေါ့။ ကြောက်ရွံ့မှုဆိုတာ ထူးဆန်းတဲ့အရာတစ်ခုတော့ မဟုတ်ပေမဲ့ လူတော်တော်များများက ဒီကြောက်ရွံ့မှုတွေကို ရင်မဆိုင်ဘဲ ထွက်ပြေးဖို့ ကြိုးစားတတ်ကြတာပါ။ ကိုယ်ကြောက်တဲ့ အရာတစ်ခုကို ရှောင်ပြေးလိုက်တဲ့အခါ ကြောက်ရွံ့မှုဟာ ပျောက်သွားတာမဟုတ်ဘဲနဲ့ ကိုယ့်ရဲ့ စိတ်ကိုပါ ပိုပြီးကြောက်လာစေဖို့၊ ရှောင်ပြေးဖို့ကို ပိုပြီးလှုံ့ဆော်ပေးနိုင်ပါတယ်။ ကြောက်ရွံ့မှုတွေ ပြင်းထန်လာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲ။ သာမန်အခြေအနေကနေ အကြောက်လွန်တဲ့ အဆင့် (Phobia) ကို ရောက်လာတဲ့အခါမှာ နှလုံးခုန်နှုန်း မြန်လာတာ၊ အသက်ရှူရခက်လာတာ၊ ခေါင်းမူးတာ၊ ချွေးစေပြန်ပြီး မောဟိုက်တာ၊ စိုးရိမ်စိတ်၊ ထိတ်လန့်စိတ်တွေ ကြီးစိုးသွားပြီး အသိစိတ် လွတ်သွားတာ၊ ထွက်ပြေးဖို့ […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ်

လူ့ဘဝရယ်လို့ ဖြစ်လာပြီဆိုရင် စိုးရိမ်ပူပန်စရာတွေ၊ စိတ်ညစ်စရာတွေ ကြုံလာရမှာ သဘာဝပါပဲ။ ဒီလိုစိတ်တွေကို သေချာမထိန်းချုပ်ဘဲ ပစ်ထားလိုက်လို့ ငြိမ်းချမ်းသွားမယ်တော့ မထင်ပါနဲ့။ အနာကို သဲနဲ့ ဖုံးလိုက်သလိုသာ ဖြစ်သွားပြီး နောက်ထပ် ပူပန်စရာကိစ္စတွေ ပေါ်လာတာနဲ့ မြိုသိပ်ထားတာတွေ ပြန်ပြီး ပေါ်လာကြတာပါပဲ။ ဒီတော့ စိုးရိမ်ပူပန်မှု ဝေဒနာကို ခံစားနေရပြီဆိုရင် ဒီနည်းလမ်း ၁၀ချက်နဲ့ ကိုယ့်ရဲ့ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို အေးချမ်းအောင် ပြန်လည်တည်ဆောက်ဖို့ အကြံပေးလိုက်ပါတယ်။ စိုးရိမ်ပူပန်လွန်းတဲ့ စိတ် ကို ဒီနည်းလမ်းတွေနဲ့ ဖြေဖျောက်ကြမယ် ၁။ တက်တက်ကြွကြွနေပါ။ ပုံမှန်လေ့ကျင့်ခန်း၊ အားကစားလုပ်တာက ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာကိုပါ ကျန်းမာလန်းဆန်းစေနိုင်ပါတယ်။ အထူးသဖြင့် စိုးရိမ်ပူပန်နေရတဲ့ ပူလောင်ခြင်းဝေဒနာကို အေးချမ်းသွားစေပြီး ဒီပူလောင်နေရတဲ့ အကြောင်းအရာကို ခေါင်းထဲမှာ တွေးမနေမိအောင် အာရုံလွှဲလိုက်နိုင်ပါတယ်။ ၂။ အရက်မသောက်ပါနဲ့။ အရက်ေသာက်လို့ ကိုယ့်ရင်ထဲက ပူလောင်နေတဲ့ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို ဒီနည်းလမ်းတွေနဲ့ ပြန်ထိန်းပါ။

လူတိုင်းဒေါသထွက်တတ်ကြပါတယ်။ ဒေါသအတိမ်အနက်နဲ့ ၊ ဒေါသ မထိန်းနိုင်တဲ့ အပေါ်မှာ မူတည်ပြီး ဒေါသကြီးတဲ့သူ၊ ဒေါသမကြီးတဲ့သူဆိုပြီး ကွဲပြားသွားတာပါ။ ဒေါသထွက် နေတဲ့အချိန် စကားတစ်ခွန်းမပြန်နဲ့ဆိုတဲ့အတိုင်း ဒေါသဆိုတာက အချင်းချင်းရဲ့ ပေါင်းသင်းဆက်ဆံရေးကို ပျက်စီးစေနိုင်သလို ကိုယ့်ရဲ့ ကျန်းမာရေးကိုလည်း ထိခိုက်စေတတ်တာကြောင့် ထွက်နေတဲ့ ကိုယ့်ရဲ့ ဒေါသတွေကို လျှော့ဖို့လိုပါတယ်။ ဒါဆို ဘယ်လိုနည်းလမ်းနဲ့ ကိုယ့်ဒေါသတွေကို ချိုးနှိမ်ရမလဲ ။ ။ ဒီ နည်းလမ်းတွေနဲ့ ဒေါသကို ထိန်းပါ ။ ။ ၁ - ဒေါသထွက်နေစဉ် စကားတစ်ခွန်း မပြန်ပါနဲ့ ။ ။ ဒေါသစိတ်မွှန်နေတဲ့အချိန် ကိုယ်ပြောလိုက်တဲ့ စကားတိုင်းကမှန်တယ်လို့ လူတိုင်းထင်တတ်ကြပါတယ်။ ဒေါသပြေသွားတဲ့အခါကျမှ ကိုယ်ပြောလိုက်တာ လွန်သွားမှန်း သိသွားပြီး စိတ်မကောင်းပြန်ဖြစ်ရတာလည်း ကိုယ်ကိုယ်တိုင်ပဲ မဟုတ်လား။ စကားဆိုကလည်း ကျွံပြီးရင် ပြန်နှုတ်လို့ မရတာကြောင့် […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ

လူသားတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ ဝေးကွာရမှာကို လိုလားမယ်မထင်ပါဘူး။ ဘယ်လိုအကြောင်းကြောင့်ပဲ ဖြစ်ပါစေ၊ ဘယ်လောက်ပဲ အသည်းမာတဲ့ သူတစ်ယောက်ဖြစ်နေပါစေ အသည်းကွဲနေတဲ့အချိန်မှာ အနည်းနဲ့ အများတော့ နာကျင်မှု၊ ဝမ်းနည်းမှု၊ ပူဆွေးမှု ဝေဒနာတွေကို ခံစားရမှာပါ။ ဒီလိုခံစားနေရတာကို ဘယ်လိုမှ မဖြေရှင်းဘဲ လွှတ်ထားလိုက်ရင် ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ လူမှုရေးမှာ ပြဿနာတွေ ကြုံလာနိုင်တဲ့အပြင် ရေရှည် စိတ်ကျန်းမာရေးကိုလည်း ထိခိုက်လာနိုင်ပါတယ်။ျ ဒီဆောင်းပါးလေးမှာ အသည်းကွဲလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့ အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ အသည်းကွဲဝေဒနာကို ဘယ်လိုကုစားမလဲ ၁။ တတ်နိုင်သလောက် ဝေးဝေးမှာ နေပါ။ ကိုယ်နဲ့ ကိုယ့်ချစ်သူက လမ်းခွဲပြတ်ဆဲပြီးတဲ့တိုင်အောင် သူငယ်ချင်းလိုပဲ နေဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တောင် လတ်တလောအချိန်မှာ သူနဲ့ အဆက်အသွယ် ခဏဖြတ်ထားဖို့ လိုပါတယ်။ တစ်သက်လုံးတော့ မတွေ့ဘဲ နေစရာတော့မလိုပါဘူး။ ကိုယ့်စိတ်ကလေး […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia)

ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ထံမှ မျက်ရည်၊ ငိုသံ ကြားတဲ့အခါ လိင်စိတ်ထကြွပြီး လိင်ဆက်ဆံလိုစိတ် ပြင်းထန်လာခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် တခြားသူတွေ ငိုနေတဲ့အခါမှာ လိင်စိတ်ဖြစ်ပေါ်တတ်ပြီး တချို့သူတွေမှာလည်း ကိုယ်တိုင်ငိုနေတဲ့အချိန်မှာ ရုတ်တရက် လိင်စိတ်ထကြွမှု အခြေအနေမျိုး ဖြစ်လာတတ်ပါတယ်။ ငိုကြွေးသံကိုသာယာတဲ့ လွဲမှားသောလိင်စိတ် (Dacryphilia) ဆိုတာနဲ့ ပတ်သက်လို့ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု (Fetish) အမျိုးအစားတွေထဲမှာ ပါဝင်ပြီး တခြားသော Fetish တွေလို ခန္ဓာကိုယ် အစိတ်အပိုင်း၊ ရုပ်ဝတ္ထုပစ္စည်းတွေကို မဟုတ်ဘဲ လိင်နဲ့ မသက်ဆိုင်တဲ့ စိတ်ခံစားမှုအပေါ် လိင်စိတ်ဖြစ်ပေါ်လာတဲ့ စွဲလမ်းမှုလက္ခဏာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဘယ်လိုလူတွေမှာ ပိုဖြစ်တတ်လဲ။ ရက်စက်မှုကို သာယာခြင်း (Sadism) စွဲလမ်းမှုစိတ်ရှိတဲ့သူတွေမှာ အများဆုံးတွေ့ရပါတယ်။ မိမိကိုယ်ကိုယ် သခင်အဖြစ်ခံယူပြီး ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်ကို ညှင်းပန်းနှိပ်စက်ရတာကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်အတက်အကျမြန်ရောဂါရှင်တွေ နဲ့ လိင်ကျန်းမာရေး

လိင်မှုဘ၀ သာယာခြင်းဆိုတာ စိတ်၊ ခန္ဓာကျန်းမာရေးနဲ့ ဆက်စပ်မှု အများကြီးရှိတယ်ဆိုတာ သိပြီးသားဖြစ်မယ်ထင်ပါတယ်။ လူက စိတ်ရော ကိုယ်ပါ ကျန်းမာပျော်ရွှင်နေမှ သာယာပျော်ရွှင်ဖွယ် လိင်မှုဘဝကို ပိုင်ဆိုင်ရမှာပေါ့။ ဒီနေ့ဆောင်းပါးလေးကတော့ စိတ်အတက်အကျမြန်ရောဂါရှင်တွေ မှာ တွေ့ရတတ်တဲ့ လက္ခဏာတွေနဲ့ လိင်မှုဘဝအပေါ် ဘယ်လိုသက်ရောက်မှု ရှိစေနိုင်လဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) ကမ္ဘာတစ်ဝှမ်းမှာ အဖြစ်များတဲ့ စိတ်ကျန်းမာရေးပြဿနာတွေထဲမှာ တစ်ခုအပါအဝင်ပါပဲ။ များသောအားဖြင့် အသက် ၂၅ နှစ်အရွယ်မှာ ရောဂါအစပျိုးလာတတ်ကြပါတယ်။ သူ့ရဲ့ နာမည်လိုပါပဲ၊ စိတ်ဓာတ်ဟာ အမြင့်ဆုံးထိရောက်အောင် ထိုးတက်သွားလိုက်၊ အောက်ဆုံးအခြေအနေအထိ ကျဆင်းသွားလိုက်နဲ့ စိတ်အပြောင်းအလဲ အဖြစ်မြန်တဲ့ စိတ်ရောဂါမျိုး ဖြစ်ပါတယ်။ စိတ်အတက်အကျမြန်ရောဂါမှာ Mania နဲ့ Hypomania ဆိုပြီး စိတ်ဓာတ်တက်ကြွတဲ့ အဆင့် ၂မျိုးနဲ့ Depression လို့ခေါ်တဲ့ စိတ်ဓာတ်ကျတဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း