မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
ပုံမှန်မဟုတ်တဲ့ စိတ်ခံစားချက်ပိုင်းဆိုင်ရာ စိတ်ရောဂါ တစ်မျိုးပါ။ အမြဲတမ်း ဝမ်းနည်းပူဆွေးနေတဲ့ ခံစားချက်မျိုး၊ ကိုယ့်ဘဝနဲ့ ပတ်ဝန်းကျင်အပေါ်မှာ စိတ်ဝင်စားမှု မရှိတော့ပဲ အတွေးထဲမှာပဲ လှောင်ပိတ်ပြီး ကိုယ့်စိတ်ကို ဒုက္ခပေးနေတဲ့ စိတ်ရောဂါမျိုးဖြစ်ပါတယ်။
ဖြတ်သန်းလာတဲ့ ဘဝအတွေ့အကြုံ၊ အခက်အခဲတွေ၊ ကိုယ့်ရဲ့ စိတ်အခြေအနေနဲ့ ပတ်ဝန်းကျင်၊ မိသားစုအပေါ်မှာ မူတည်ပြီး စိတ်ကျရောဂါ ဖြစ်စေနိုင်ပါတယ်။ အဓိကအားဖြင့် ကိုယ့်ရဲ့ အတွေး၊ သိစိတ်၊ မသိစိတ်၊ အပြုအမူပေါ်မှာ မကောင်းတဲ့ဘက်ကနေ သက်ရောက်မှု ဖြစ်စေတယ်။ ဒီလို မကောင်းတဲ့ အတွေးတွေ ဝင်လာရာကနေ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာမှာ ပြဿနာတွေ ပိုရှုပ်ထွေးလာစေနိုင်ပါတယ်။
ကလေးတွေနဲ့ ဆယ်ကျော်သက်အရွယ်မှာ ကြုံတွေ့ရတဲ့ မိသားစုပြဿနာတွေ၊ မိဘနဲ့ ဝေးကွာနေရတာ၊ မေတ္တာငတ်မွတ်ခဲ့တာ၊ ကျောင်းမှာ အနိုင်ကျင့်ခံရတာ၊ အနှိမ်ခံရတာ အစရှိတဲ့ ပြဿနာတွေဟာ စိတ်ဒဏ်ရာကို ဖြစ်စေနိုင်ပါတယ်။ လူကြီးတွေနဲ့ ကွာသွားတာကတော့ ကိုယ့်ကိုယ်ကို စိတ်ကျရောဂါရှိနေမှန်း မသိပဲ အနာကို သဲနဲ့ ဖုံးထားလိုက်သလို ဖြစ်ပြီး ကြီးလာတဲ့အချိန် အကြောင်းရင်း တစ်ခုခုကြောင့် ဒီစိတ်ဒဏ်ရာတွေ ပြန်ပေါ်လာတဲ့အခါမှာ စိတ်ကျန်းမာရေးအခြေအနေ ပိုဆိုးရွားလာတာ ဖြစ်ပါတယ်။
ငယ်ရွယ်စဉ်မှာတော့ မကြာခဏ ဝမ်းနည်းတာ၊ စိတ်ရှုပ်တာ၊ တခြားသူတွေနဲ့ စကားမပြောပဲ သီးခြားနေတာ၊ စိတ်ပူပန်သောကများလွန်းတာ၊ ကျောင်းမသွားချင်တာ၊ အခန်းထဲမှာပဲ အောင်းနေပြီး တစ်ယောက်တည်း နေတတ်တာ၊ မကောင်းမြင်တာ၊ စာကောင်းကောင်းမလိုက်နိုင်တော့တာ၊ ပညာရေးနဲ့ ပတ်သက်ပြီး စိတ်မဝင်စားတော့တာ၊ အရာရာကို အထင်အမြင်လွဲမှားတာ၊ အအိပ်၊ အစား လွန်တာ၊ ကိုယ့်ကိုယ်ကို နာကျင်အောင် ပြုမူတာ အစရှိတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။
စိတ်ကျရောဂါ ရှိနေတဲ့သူတော်တော်များများမှာ ဒီလက္ခဏာအများစုကို တွေ့ရတဲ့အပြင် ကိုယ့်ရဲ့ တစ်နေ့တာ လုပ်ငန်းဆောင်တာကိုပါ ထိခိုက်နိုင်သည်အထိ ပြင်းထန်နိုင်ပါတယ်။ လူမှုရေး၊ မေတ္တာရေး၊ အိမ်တွင်းရေးမှာလည်း အခက်အခဲတွေ ဖြစ်လာနိုင်ပြီး အချိန်ကြာတဲ့အထိ မကုသပဲ ပစ်ထားမယ်ဆိုရင် ကိုယ့်စိတ်နဲ့ ခန္ဓါကို ကောင်းကောင်းကြီး ဒုက္ခပေးနိုင်ပါတယ်။
တခြားသော စိတ်ကျန်းမာရေးပြဿနာတွေလိုပဲ၊ တစ်ခုမကသော အကြောင်းရင်း၊ အဖြစ်အပျက်တွေဟာ စိတ်ကျရောဂါ ဖြစ်စေဖို့ အစပျိုးလိုက်တာ ဖြစ်နိုင်ပါတယ်။
၁။ ကိုယ်တိုင်ဖြစ်စေ၊ ကိုယ့်မိသားစုဝင်မှာ စိတ်ကျရောဂါ ဖြစ်နေတယ်လို့ သံသယရှိနေပြီဆိုရင်
၂။ စိတ်ပိုင်းဆိုင်ရာနဲ့ အပြုအမူပိုင်းဆိုင်ရာမှာ ပုံမှန်မဟုတ်သလို ခံစားနေရရင်
၃။ မိမိကိုယ်ကို သေကြောင်းကြံစည်ဖို့ အတွေးတွေ ဝင်လာရင်၊ ကြံစည်နေပြီဆိုရင် အကောင်းဆုံးကတော့ စိတ်ရောဂါ ကုထုံးပညာရှင်တွေ၊ စိတ်ဆရာဝန်တွေနဲ့ သေချာတိုင်ပင်ပြီး ကိုယ့်ရဲ့ စိတ်ကျန်းမာရေးအခြေအနေကို ကုသဖို့ အချိန်တန်ပါပြီ။
ကိုယ့်စိတ်ထဲမှာ ဖြစ်နေတဲ့ ဝေဒနာတွေ၊ အတွေးတွေကို မြိုသိပ်ထားခြင်းဟာ စိတ်ကျန်းမာရေးကို ပိုဆိုးစေနိုင်တာကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်ခင်ရတဲ့၊ ယုံကြည်အားကိုးရတဲ့ သူတွေနဲ့ အမြဲတိုင်ပင်ပါ။ ပြဿနာကို ရှောင်ပြေးတာထက် ရင်ဆိုင်ပြီး ဖြေရှင်းပါ။
စိတ်ကျရောဂါဟာ အချိန်ခဏလေးအတွင်းမှာ ဖြစ်နိုင်တဲ့ ရောဂါမဟုတ်သလို အချိန်တိုလေးနဲ့ ကုသလို့ ပျောက်နိုင်တဲ့ စိတ်ရောဂါလည်း မဟုတ်ပါဘူး။ ဒါကြောင့် သေချာ အချိန်ပေးပြီး စိတ်ရှည်သည်းခံဖို့၊ ဆရာဝန်နဲ့ ချိန်းဆိုထားတဲ့ ရက်တွေမှာ မပျက်မကွက်သွားပြဖို့၊ ကိုယ့်ရဲ့ အတိတ်အကြောင်းအရာတွေကို မချွင်းမချန်ပြောပြဖို့ လိုအပ်ပါတယ်။
တစ်ခါတရံမှာ စိတ်ကျန်းမာရေးပြဿနာတွေဟာ တစ်မျိုးတည်းမဟုတ်ပဲ အစုံလိုက်အပုံလိုက် ဝင်လာတာမျိုးတွေလည်း ရှိနိုင်တာကြောင့် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ ပညာရှင်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စိတ်ကုထုံးနဲ့ ကုသမှုခံယူရပါမယ်။ စိတ်ကျရောဂါဆိုတာသေချာအချိန်ပေးပြီး မိမိရဲ့ စိတ်နဲ့နေထိုင်မှုပုံစံကိုပြောင်းလဲလိုက်မယ်၊ ကိုယ့်ရဲ့ မိသားစုဝင်တွေရဲ့ အားပေးမှုမေတ္တာကို ရမယ်ဆိုရင်ပျောက်ကင်းကုသနိုင်တဲ့ရောဂါဖြစ်ပါတယ်။
လူသားတိုင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်ဖွယ် ဘဝနေ့ရက်လေးများ ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။