မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
နိုင်ငံတော်တော်များများမှာ သတ်မှတ်ထားတဲ့ လူတစ်ယောက်ရဲ့ အလုပ်လုပ်ချိန်ဟာ တစ်ပတ်ကို နာရီ ၄၀ ကနေ ၄၅ နာရီ ဖြစ်ပြီး တနင်္လာကနေ သောကြာနေ့အထိ ၅ရက်တိတိ တစ်ရက်ကို ၈-၉ နာရီအထိ အပြည့်အ၀ အလုပ်လုပ်မယ်။ ကျန်တဲ့ အချိန်တွေမှာ အနားယူပြီး ကိုယ့်မိသားစု၊ ပတ်ဝန်းကျင်၊ လူမှုရေးကိစ္စတွေနဲ့ အချိန်ကုန်ဆုံးတတ်ကြပါတယ်။
ဒါ့ထက်ပိုပြီး နေ့မနား၊ ညမနား အလုပ်လုပ်မယ်။ ရုံးမှာလည်း အလုပ်တွေ အချိန်ပြည့်လုပ်မယ်။ အိမ်ကိုပါ အလုပ်တွေ သယ်လာပြီး ညမိုးချုပ်တဲ့အထိ အိပ်ရေးပျက်ခံြပီး အလုပ်လုပ်နေမယ်။ စနေ၊ တနင်္ဂနွေ အားလပ်ရက်တွေမှာ ဘယ်မှမသွား၊ ဘယ်သူနဲ့မှ မတွေ့ပဲ ကိုယ့်ရဲ့ အလုပ်စားပွဲမှာပဲ ထိုင်ပြီး အလုပ်လုပ်နေတာဆိုရင်တော့ ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းတဲ့ စိတ်ရောဂါ (Workaholism) ရှိတာဖြစ်နိုင်သလို တခြားသော လူမှုရေးရာ၊ ပြဿနာတွေကနေ ကိုယ့်စိတ်ကို ရှောင်ပြေးတာလည်း ဖြစ်နိုင်ပါတယ်။
ထူးခြားတာ တစ်ခုကတော့ ဒီစိတ်ရောဂါဟာ အမျိုးသမီးတွေမှာ အဖြစ်များပြီး အမျိုးသားတွေမှာတော့ လူနည်းစုမှာသာ ဖြစ်တတ်တာကို တွေ့ရပါတယ်။ စိတ်ထိခိုက်စရာ ကိစ္စတွေ၊ အချစ်ရေး၊ မိသားစုမှာ အဆင်မပြေတာတွေကို မဖြေရှင်းပဲ အလုပ်ပေါ် စိတ်နှစ်လိုက်တာဟာ စိတ်ကျန်းမာရေးအခြေအနေကို ပိုဆိုးစေနိုင်သလို ရေရှည်မှာလည်း ကိုယ်ခန္ဓါကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။
စိတ်ကျန်းမာရေးအရ ကြီးမားစွာ ထိခိုက်စေနိုင်တဲ့ ရောဂါမျိုးမဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အထီးကျန်လာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ အလုပ်ခွင်ဖိအားကြောင့် စိတ်ဒဏ်ရာရခြင်း၊ မိသားစု၊ ချစ်သူရဲ့ မကောင်းမြင်ခံရခြင်းတွေအပြင် ဆီးချို၊ သွေးတိုးနဲ့ နှလုံးရောဂါတွေပါ ဖြစ်လာနိုင်ပါတယ်။
ဒီလို အမူအကျင့်တွေ ၅ခုထက် မနည်း ကြုံတွေ့လာရပြီဆိုရင် ကိုယ့်မှာ အလုပ်ပေါ် စွဲလမ်းလွန်တဲ့ စိတ်ရောဂါ ဖြစ်နေပြီဆိုတာ သေချာနေပါပြီ။
စိတ်ရောဂါဆိုတာ ပေါ့ဆလို့ ရတဲ့၊ ပစ်ထားလိုက်ရုံနဲ့ ပျောက်သွားမယ့် ကျန်းမာရေးအခြေအနေ မဟုတ်ပါဘူး။ အထူးသဖြင့် အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အလုပ်ခွင်ဖိအားကြောင့် စိတ်နဲ့ ခန္ဓါ ထိခိုက်နိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့်
၁။ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
၂။ အလုပ်လုပ်တဲ့အချိန်ကို ဖြည်းဖြည်းချင်းစီ လျှော့ချပါ။
၃။ ကိုယ့်မှာ တခြား လူမှုရေးပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ၊ ပူပန်စရာတွေ ရှိရင် မိသားစုနဲ့ တိုင်ပင်ပါ။ ပြဿနာကို ဖြေရှင်းပါ။
၄။ တစ်ယောက်တည်း မြိုသိပ်ထားတတ်တဲ့ အကျင့်ကို ဖြည်းဖြည်းချင်း ဖျောက်ဖို့ ကြိုးစားပါ။
၅။ စိတ်ကို အနားရစေမယ့် လေ့ကျင့်ခန်းတွေ ဖြစ်တဲ့ စာဖတ်တာ၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အားကစားလုပ်တာ၊ သီချင်းနားထောင်တာမျိုး လုပ်ပေးပါ။
၆။ ကိုယ့်မိတ်ဆွေ၊ အပေါင်းအသင်းတွေနဲ့ မကြာခဏ တွေ့ပါ။
၇။ အလုပ်နဲ့ ဘဝကို မျှတစွာ နေထိုင်နိုင်အောင် ကြိုးစားပါ။
၈။ စိတ်ကို ပျော်ရွှင်အောင် ထားပါ။ အရာရာကို အကောင်းမြင်ပါ။
ဒီရောဂါဟာ ဆေးသောက်စရာ မလိုပဲ ကိုယ့်ရဲ့ နေထိုင်မှုဘဝပုံစံကို ပြောင်းလဲလိုက်ရုံနဲ့ သက်သာပျောက်ကင်းနိုင်တဲ့ ရောဂါ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကို အချိန်ပေးပါ။ စိတ်ရှည်ပြီး သည်းခံပေးပါ။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။