အကြောက်တရားနဲ့ ကင်းတဲ့ သူတော့ လောကမှာ ရှိမယ်မထင်ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်က လူတချို့ကို သေချာကြည့်ကြည့်ပါ။ ဗလကြီးတွေနဲ့ ကြမ်းကြမ်းတမ်းတမ်း အားကိုးချင်စရာ တချို့အမျိုးသားတွေ ကြွက်တို့၊ ပိုးဟပ်တို့၊ ပိုးမွှားလေးတွေ မြင်ရင် ငယ်သံပါအောင် အော်ပြီး လန့်ပြေးတတ်ကြတာကို မြင်ဖူးကြမှာပါ။