စိတ်ကျန်းမာရေး

လူတစ်ယောက် ကျန်းမာဖို့ဆိုတဲ့နေရာမှာ စိတ်ကျန်းမာရေးဟာလည်း ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးလိုပဲ အရေးပါပါတယ်။ စိတ်ကျန်းမာရေးပြဿနာတွေက တစ်ခါတလေမှာ သတိမထားမိတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျန်းမာရေးကို ဘယ်လို ထိန်သိမ်းစောင့်ရှောက်ရမလဲဆိုတာကို သိထားတာ၊ စိတ်ကျန်းမာရေး အခြေအနေ ချို့ယွင်းမှုရှိနေတယ်ဆိုတာနဲ့ပတ်သက်လို့ သိရှိနိုင်မယ့် အခြေအနေတွေကို သိရှိထားတာ၊ စိတ်ကျန်းမာရေးပြဿနာတွေကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သိရှိထားတာက ကိုယ်တိုင်အတွက်ရော ချစ်ခင်ရသူတွေကိုပါ အများကြီး အထောက်အကူ ပြုပေးနိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

စိတ်ကျန်းမာရေး

အနားယူခြင်း (၇) မျိုး ရှိတယ်ဆိုတာ သိပါသလား

အနားယူတယ်လို့ ပြောလိုက်ရင် တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာ မဟုတ်ပါဘူး။ တချို့က အိပ်ရေးဝဝအိပ်လိုက်တယ်။ တချို့က ခရီးသွားလိုက်တယ်။ တချို့က ရုပ်ရှင်ကြည့်လိုက်တယ် စသဖြင့် အမျိုးမျိုးရှိပါတယ်။ ဘယ်လိုပဲ အနားယူယူ ပြန်ပြီး ချုံ့လိုက်ရင် ခုပြောမယ့် အနားယူခြင်း (၇) မျိုး ထဲမှာ ပြန်ပြီး အကျုံးဝင်သွားပါတယ်။ အနားယူခြင်း (၇) မျိုး ဆိုတာ (၁) ရုပ်ပိုင်းဆိုင်ရာ အနားယူခြင်း (Physical rest) နေ့စဉ်သွားလာလှုပ်ရှားနေရတာတွေက ခန္ဓာကိုယ်ကို ရုပ်ပိုင်းဆိုင်ရာအရ ပင်ပန်းစေပါတယ်။ ကြွက်သားတွေနာတာ၊ ခေါင်းကိုက်တာ၊ ဇက်ကြောတက်တာတွေက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနေတဲ့ အဓိပ္ပာယ်ပါ။ ဒါကို ပြေပျောက်အောင်  အနားယူတဲ့နေရာမှာ ၂နည်း ရှိပါတယ်။ ပထမတစ်ခုက Passive rest ဘာမှမလုပ်ဘဲ နားလိုက်တာပါ။ အမြင်သာဆုံးပြောရရင် အိပ်လိုက်တာ၊ တစ်ရေးလောက် မှေးလိုက်တာမျိုးပေါ့။ Active […]

စိတ်ကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

စိတ်ကျန်းမာရေး ကို ရှာဖွေမည်။

မိမိကိုယ်ကိုအဆုံးစီရင်ခြင်းမှကာကွယ်ခြင်း

သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း

လူတိုင်းကတော့ မွေးလာပြီးတာနဲ့ အို၊ နာ၊ သေ သံသရာစက်ဝန်းအောက်မှာ ကျင်လည်နေကြတာပါ။ လောကဒဏ်ဆိုတာလည်း ဘယ်လောက်ပဲ စိတ်ဓာတ်ကြံ့ခိုင်ပါတယ်ဆိုတဲ့ လူတစ်ယောက်ကိုတောင်မှ ပြိုလဲသွားနိုင်အောင် တိုက်စားနိုင်တာကိုး။ ဒီလိုဒဏ်တွေကို မခံနိုင်တော့တဲ့အဆုံး လူ့ဘဝထဲက ထွက်ခွာသွားဖို့ ဆုံးဖြတ်ချက်ချလိုက်တဲ့ လူတွေဆိုတာလည်း တဖြည်းဖြည်းနဲ့ များလာနေပါတယ်။ လူတွေကိုသတ်မသေဖို့ ပြောနေပေမယ့် သေမင်းတံခါးဝမှ ကျောခိုင်းလှည့်ထွက်သွားဖို့ ကြိုးစားခြင်း က ထင်သလောက် မလွယ်ပါဘူး။ လူတွေ ဘာကြောင့် သေကြောင်းကြံစည်ဖို့ ဆုံးဖြတ်ချက်ချတာလဲ။ ဘာသာတရားနဲ့ သက်ဆိုင်မှုမရှိဘဲ ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် စိတ်ကျန်းမာရေး ပြဿနာမျိုးစုံ ကြုံတွေ့နေရတဲ့သူတွေ၊ အဘက်ဘက်ကနေ တိုက်ခိုက်မှု၊ ဖိနှိပ်မှုကို ခံနေကြရတာ၊ ပတ်ဝန်းကျင်၊ တချို့သောမိဘဆွေမျိုး အသိုင်းအဝိုင်းမှာ ကြုံလာခဲ့ရသမျှ စိတ်ဒုက္ခတွေ။ ဒါတွေအားလုံးက အတွေးထဲမှာ ပိတ်မိသွားတဲ့အခါ လူတွေက ထွက်ပြေးဖို့ကို ကြံစည်လာကြပါတယ်။ ဒါပေမယ့်လည်း ဒီအရာတွေဆိုတာ ထွက်ပြေးလို့ […]


ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေး

ပျော်ရွှင်စရာမိသားစုအသိုက်အမြုံလေး ရှိသင့်တဲ့အကြောင်းအရင်း

အိမ်ဆိုတာက ရာသီဥတုဒဏ်တွေကနေ ကာကွယ်ပေးတယ်ဆိုတာထက်ပိုတဲ့ မိသားစုအသိုက်အမြုံလေးပါ။ တစ်နေ့တာ ပင်ပန်းလာသမျှ အိမ်ရောက်မှပဲ အမောပြေသွားတယ်လို့ရေရွတ်မိဖူးလား။ ဒါဆိုရင်တော့ သင်ကအိမ်ချစ်တတ်သူတစ်ဦးပါ။ အပြင်ကပြန်လာရင် ချစ်ရတဲ့မိသားစုတွေမျက်နှာကိုမြင်ရတာ စိတ်ချမ်းသာစရာနော်။ ဒီကြားထဲ အသည်းကျော်လေးတွေကများ အမြီးလေးနှံ့လို့ ဆီးကြိုရင် ပင်ပန်းတာက ကြက်ပျောက် ငှက်ပျောက်ပါပဲ။ ဒီလိုချစ်စရာကောင်းတဲ့ မိသားစုအသိုက်အမြုံလေးကို ပိုင်ဆိုင်ထားသူတွေက အခြားသူတွေထက် ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ပိုကျန်းမာကြပါတယ်နော်။ အလုပ်ခွင်ထဲမှာဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးနယ်ပယ်မှာဖြစ်ဖြစ်အောင်မြင်နေကြသူတွေကပျော်ရွှင်စရာကောင်းတဲ့ မိသားစု အသိုက်အမြုံလေးတွေကို ပိုင်ဆိုင်ထားကြသူတွေပါနော်။ ပျော်ရွှင်စရာအသိုက်အမြုံကို ပိုင်ဆိုင်ထားသူတွေသာ ရရှိမယ့်အကျိုးကျေးဇူးတွေ ပျော်ရွှင်စရာအသိုက်အမြုံလေးပိုင်ဆိုင်ထားသူတွေက ကံကောင်းသူတွေလို့ဆိုရမှာပါ။ မိသားစုရှိနေတော့ တီးတိုးတိုင်ပင်ဖော်ရသလို ရင်ဖွင့်ခွင့်လည်း အပြည့်အဝရနိုင်ပါတယ်။ကောင်းတာ ဆိုးတာတွေကို မျှဝေခံစားပေးသူတွေရှိနေတဲ့အတွက် စိတ်ညစ်စရာတွေကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ခွင့်ရကြသူတွေပေါ့။ အလုပ်ခွင်မှာ စွမ်းဆောင်နိုင်စွမ်းကောင်းကြတယ် အလုပ်ခွင်မှာလန်းဆန်းတက်ကြွပြီးပျော်ပျော်ရွှင်ရွှင်နဲ့ လုပ်ငန်းဆောင်တာတိုင်းကိုအောင်မြင်နေအောင်လုပ်ဆောင်နိုင်စေဖို့ အကြည်ဓါတ်လေးတွေပေးနေတာက ချစ်ရတဲ့ မိသားစုဝင်တွေပါ။ ပေါင်းသင်းဆက်ဆံရေး ကောင်းကြတယ် ပေါင်းသင်းဆက်ဆံရေး ကောင်းသူတွေကို ဆန်းစစ်ကြည့်လိုက်ရင် သူတို့မှာ အရမ်းချစ်ရတဲ့ မိသားစုဝင်တွေရှိသလို သူတို့ကို […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

လူတစ်ယောက် အနားမှာမရှိရင် မနေတတ်တဲ့ စိတ်ရောဂါ

Autophobia ဆိုတာ အထီးကျန်ရမှာ၊ တစ်ယောက်တည်း နေရမှာကြောက်တဲ့ စိတ်ရောဂါကို ခေါ်တာပါ။ ကိုယ့်အိမ်လို နွေးထွေးပြီး သက်တောင့်သက်သာ ဖြစ်တဲ့နေရာမှာ တစ်ယောက်တည်း နေနေရင်တောင် စိတ်ထဲမှာ စိုးရိမ်ပူပန်စိတ်တွေ၊ ဝမ်းနည်းစိတ်တွေ၊ ထိတ်လန့်တဲ့ စိတ်တွေ အမြဲဖြစ်နေတတ်ပါတယ်။ ဒီစိတ်ရောဂါရှိသူတွေမှာ သူတို့စိတ်ကလေး လုံခြုံဖို့အတွက် ကိုယ်ချစ်ရတဲ့သူ သို့မဟုတ် လူတစ်ယောက်ယောက်က အနားနားမှာ အမြဲရှိကို ရှိမှဖြစ်မယ် ဆိုတဲ့ ခံစားချက်တွေ ရှိနေတတ်ပါတယ်။ လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်မှာ ရောက်နေရင်တောင် ကိုယ့်စိတ်ထဲမှာ သူခိုး၊ ဓါးပြရန် ကြောက်ရတာ၊ အချစ်မခံရမှာ၊ တစ်စုံတစ်ယောက်က ကိုယ့်ကို မလိုချင်တော့တာ၊ ရုတ်တရက် ဖျားနာ၊ နေမကောင်းဖြစ်မှာ၊ ရောဂါဖြစ်မှာ ကြောက်တာ၊ ရှင်းမပြတတ်တဲ့ အသံတွေကြားရမှာကို ကြောက်နေတတ်ပါတယ်။ လူငယ်တွေနဲ့ ကလေးတွေမှာ အလွန်အဖြစ်များပြီး လူကြီးပိုင်းအရွယ် ရောဂါဝေဒနာ ခံစားနေရသူတွေမှာလည်း […]


အစိုးရိမ်လွန်ခြင်းနှင့် ကြောက်ရွံ့ခြင်းများ

အမှောင်ထဲမှာ နေရင်း စိုးရိမ်ထိတ်လန့်စိတ်တွေ ဖြစ်ဖူးလား

လူတိုင်းမှာ အကြောက်တရားရှိသလို တစ်ယောက်နဲ့ တစ်ယောက် ကြောက်တဲ့ အရာချင်းလည်း မတူညီကြပါဘူး။ ဒီလို ပုံမှန်ထက် ပိုပြီး ေကြာက်ရွံ့တဲ့စိတ် ဖြစ်လာတာ၊ ဒီစိတ်ကြောင့်ပဲ ကိုယ့်မှာ ဘာမှမလုပ်ရဲ၊ မကိုင်ရဲ၊ နေ့စဉ်ဘဝကို တစ်နည်းနည်းနဲ့ ထိခိုက်လာနိုင်တာ၊ ပြင်းပြင်းထန်ထန် ထိတ်လန့်မှုကြောင့် သတိမေ့သည်အထိ ဖြစ်လာတဲ့အခြေအနေကိုတော့ Phobia - စိုးရိမ်အကြောက်လွန် စိတ်ဝေဒနာ (ဖိုးဘီးယား) လို့ သတ်မှတ်လို့ ရပါတယ်။ ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲ။ အထက်မှာ ပြောခဲ့သလိုပါပဲ။ လူတစ်ဦးနဲ့ တစ်ဦး ကြောက်ရွံ့ထိတ်လန့်ပုံခြင်း မတူကြသလို ကြောက်တဲ့ အရာဝတ္ထုချင်းလည်း ထပ်တူကျချင်မှ ကျမှာပါ။ ဒါကြောင့် ဖိုးဘီးယား ဘယ်နှစ်မျိုးရှိလဲဆိုတာကို အတိအကျပြောဖို့တော့ ခက်ပါတယ်။ ခုပြောပြပေးမယ့် အမှောင်ကို ကြောက်ရွံ့တဲ့ စိတ်ဝေဒနာကတော့ ကလေးတော်တော်များများမှာ အဖြစ်များတဲ့ စိတ်ဝေဒနာဖြစ်ပြီး ကြီးလာတဲ့အထိ မပျောက်ဘဲ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အချစ်ဟောင်းကို ထိုင်ဆွေးနေရင် ဝိတ်ကျလာနိုင်

အသည်းကွဲတယ်၊ အမြဲဖီးလ်နေရတယ်၊ မမေ့နိုင်သေးဘူး ဆိုတာတွေက စိတ်ဖိစီးမှုပဲဖြစ်ပြီး ကျန်းမာရေးကိုထိခိုက်စေတယ်လို့ လက်ခံထားကြပါတယ်။ စိတ်ဖိစီးရင် အစားပိုစားမိတယ်၊ ပိုဝလာတယ်ဆိုပြီးတော့လည်း သိထားကြပါတယ်။ ဒါပေမယ့် ဒီတစ်ခါတွေ့ရှိချက်မှာတော့ အသည်းကွဲတာ၊ အချစ်ဟောင်းကို တမ်းတပြီးဆွေးနေတာက အဆိုးထဲကအကောင်းတစ်ခုဖြစ်လာနိုင်တာ သင်သိပါသလား။ အချစ်ဟောင်းကို မမေ့နိုင်ဘဲ မျက်ရည်ကျနေဆဲ ဆိုရင်တော့ ဝိတ်ချချင်တဲ့သူတွေအတွက် အဆင်ပြေနိုင်တယ်လို့ သုတေသနအသစ်ကဖော်ပြထားပါတယ်။ စိတ်ခံစားချက်ကြောင့် ငိုကြွေးခြင်းက ကိုယ်အလေးချိန်ျေလျာ့ကျစေနိုင်တယ်လို့ စိတ်ဖိစီးမှုဆိုင်ရာသုတေသီDr Pete Sulack ကပြောပါတယ်။ အသည်းကွဲဝေဒနာကြောင့်ဖြစ်လာတဲ့ မျက်ရည်တွေမှာprolactin၊adrenocorticotropicဟော်မုန်းနဲ့leucineenkephalin တို့လိုဟော်မုန်းတွေပါဝင်ပြီး ဒါတွေအားလုံးဟာ ကြီးမားတဲ့စိတ်ဖိစီးမှုကိုခံစားနေရတဲ့အချိန်မှာ လူခန္ဓါကိုယ်ကနေထွက်လာတတ်တဲ့ဟော်မုန်းတွေဖြစ်ပါတယ်။ စိတ်ဖိစီးမှုအတိုင်းအတာနဲ့သက်ဆိုင်တဲ့Cortisolဟော်မုန်းကလည်း ခန္ဓါကိုယ်မှာ အဆီတက်မတက်ကို ထိန်းညှိရာမှာဆက်နွှယ်နေပါတယ်။ "adrenocorticotropicဟော်မုန်းတွေနည်းသွားရင် ခန္ဓါကိုယ်ရဲ့cortisol ပမာဏကိုလျော့နည်းစေနိုင်တယ်"လို့Sulack ကပြောပါတယ်။ ဒါ့ကြောင့် အားရပါးရ ငိုချလိုက်တာက ငိုပြီးတဲ့အခါ စိတ်ကိုတည်ငြိမ်စေပြီး စိတ်သက်သာစေတဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပါတယ်။ ငိုကြွေးခြင်းက ချွေးထွက်ခြင်းနဲ့ ဆီးသွားခြင်းတို့လို အရည်စွန့်ထုတ်မှုဖြစ်စဉ်တွေလိုပဲ ခန္ဓါကိုယ်ထဲက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုဟော်မုန်းတွေကို ဖယ်ရှားစွန့်ထုတ်ပေးနိုင်တယ်လို့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ

အထီးကျန် သိမ်ငယ်မှုများစွာရယ်...မင်းမရှိတဲ့ရက်တွေထဲ ငါတစ်ယောက်တည်းအားတွေငယ်... လူကြိုက်များတဲ့ သီချင်းကို ခံစားချက်အပြည့်နဲ့ လိုက်ဆိုမိသူတွေအများကြီးရှိမှာပါ။ မှန်ပါတယ်။ အထီးကျန်စိတ်ဝင်နေပြီဆိုတာနဲ့ အားငယ်လာတာ၊ ဝမ်းနည်းလာတာ၊ မျှော်လင့်ချက်မဲ့လာတာ၊ ပျော်စရာကင်းမဲ့လာတာမျိုး ခံစားမိတတ်ကြပါတယ်။ ဒါပေမယ့် အသည်းကွဲတဲ့သူပဲဖြစ်ဖြစ် အခုထိ မစွံသေးတဲ့ FAတွေဖြစ်ဖြစ် အဖီးလ်တစ်လိုင်းဘဝမှာ ပျော်မွေ့မနေဘဲ အထီးကျန်စိတ်ကို တတ်နိုင်သလောက် ဖြေဖျောက်သင့်ပါတယ်။ ဘာလို့လဲသိလား။ အထီးကျန်ခြင်းက စိတ်ထိခိုက်ရုံတင်မကဘဲ ခန္ဓာကိုယ်ကျန်းမာရေးအတွက်ပါ ဆိုးကျိုးတွေပေးနိုင်လို့ပါပဲ။ အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ ကို ကြည့်ရအောင်။ အထီးကျန်ခြင်းကပေးတဲ့ ကျန်းမာရေးဝေဒနာ ကိုယ်ခံအားစနစ်ကို ထိခိုက်ခြင်း  အထီးကျန်ဝေဒနာက အချိန်ကြာလာရင် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကို အားနည်းစေနိုင်ပါတယ်။ ရောဂါတွေကို တိုက်ထုတ်ဖို့ ခက်ခဲစေနိုင်တာပေါ့။ အထီးကျန်ဝေဒနာကြောင့် စိတ်ဖိစီးတဲ့အခါ ခန္ဓာကိုယ်က ဟော်မုန်းတွေ ထုတ်ပေးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကြောင့်ပဲ ဘုန်းဘုန်းလဲတာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ သွေးတိုးဖြစ်နိုင်ခြေ များခြင်း  အထီးကျန်စိတ်ကြောင့် ဖိစီးနေတဲ့အခါ၊ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

၂၁ရာစု လူငယ်များနှင့် စိတ်ကျန်းမာရေးပြဿနာတွေ

တိုးတက်ပြောင်းလဲလာတဲ့ ယနေ့ခေတ်ကြီးထဲမှာ လူငယ်တွေ တော်တော်များများ စိတ်ကျန်းမာရေးပြဿနာတွေနဲ့ ပိုပြီး ကြုံတွေ့လာရပါတယ်။ မိသားစုကိစ္စ၊ ကျောင်းကိစ္စ၊ အလုပ်ခွင်၊ လူမှုရေးရာ၊ အဖက်ဖက်က ဖိအားပေးခံရတာ၊ ပတ်ဝန်းကျင်ရဲ့ အမြင်တွေ၊ အချစ်ရေးအဆင်မပြေတာအပြင် တွင်ကျယ်စွာ အသုံးပြုလာကြတဲ့ လူမှုကွန်ယက် (social media) တွေဟာ အဓိကတရားခံတွေလို့ ဆိုနိုင်ပါတယ်။ ဒီလိုဆိုတော့ အရင်ခေတ်က လူတွေတုန်းကရော စိတ်ကျရောဂါအပြင် တခြားသော စိတ်ကျန်းမာရေးပြဿနာတွေ မရှိခဲ့ဘူးလားလို့ မေးစရာရှိလာပါတယ်။ တကယ်တော့ မရှိဘူးဆိုတာထက် ရှိမှန်းမသိခဲ့တာဆိုရင် ပိုမှန်မှာပါ။ အခုခေတ်လူငယ်တွေမှာ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိလာတာရော၊ ပြောင်းလဲလာတဲ့ လူနေမှုပုံစံအောက်မှာ နေသားကျလာတဲ့အခါ ကိုယ့်မှာ ဖြစ်နေတဲ့ အခက်အခဲ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ပိုပြီး ထင်သာမြင်သာရှိလာကြပါတယ်။ ဒီလိုမျိုး ထင်သာမြင်သာ ရှိနေသည့်တိုင်အောင် စိတ်ကျရောဂါ အစပျိုးလာတဲ့ လူဦးရေဟာ တဖြည်းဖြည်းနဲ့ […]


အခြားစိတ်ကျန်းမာရေးပြဿနာများ

ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက်

ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း တွေက လေ့လာထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမဆို  ဒေါသထွက်တဲ့အခါ အသက်ရှူသံတွေ ပြင်းလာပြီး နှလုံးခုန်နှုန်း မြန်လာမယ်။ ကိုယ့်ဒေါသကို ထိန်းချုပ်လို့ မရတော့တဲ့အခါ အကုန်ပေါက်ကွဲထွက်ပြီး ကိုယ့်ကိုယ်ကိုယ်ဖြစ်စေ၊ ဘေးပတ်ဝန်းကျင်က ကိုယ်ချစ်ရတဲ့သူတွေကိုပါ အပူမီးပွားတွေ စင်ကုန်နိုင်လို့ပါ။ ဒီဒေါသထွက်နေတဲ့ စိတ်ကလေးကြောင့် ကိုယ့်စိတ်ကို အညစ်ခံမနေပါနဲ့။ ထွက်နေတဲ့ ဒေါသစိတ်ကို အလွယ်တကူဖြေဖျောက်ပေးနိုင်ပြီး ကိုယ့်စိတ်ကို ငြိမ်းချမ်းသွားစေမယ့် နည်းလမ်းကောင်းလေးတွေ ရှိတယ်နော်။ မကြာခဏ စိတ်ဆိုး၊ ဒေါသဖြစ်လွယ်တဲ့သူတွေလည်း ဒီဆောင်းပါးလေးမှာ ပါတဲ့ နည်းလမ်းတွေကို သေချာဖတ်ကြည့်ရင်း ကိုယ့်ရဲ့ရင်ထဲမှာ ဖြစ်နေတဲ့ အပူမီးကို ထိန်းချုပ်ကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက် ဒေါသကို ပြန်လည်ထိန်းချုပ်ဖို့ နည်းလမ်းကောင်း (၇) ချက် ကတော့ ၁။ စိတ်ဆိုးစပြုနေတဲ့အချိန်မှာ နံပါတ်စဉ်ကို ၁ […]


စိတ်ဖိစီးမှုဖြေလျှော့ခြင်း

အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်တက်စေဖို့ မွေးမြူသင့်တဲ့အလေ့အထအချို့

တာဝန်တွေကို အကောင်းဆုံးလုပ်ဆောင်လို့ လုပ်ငန်းခွင်မှာစွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်ချင်လား။ ဒါဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကို လိုက်လုပ်ကြည့်လိုက်ပါနော်။ ဒါတွေက သင့်ကို လုပ်ငန်းခွင်မှာ စွမ်းဆောင်ရည်အကောင်းဆုံးသူဖြစ်စေမှာပါ အသေအချာပါပဲ။ အလုပ်ခွင်မှာ စွမ်းဆောင်ရည်မြင့်မားသူတစ်ယောက်ဖြစ်စေဖို့ ဒီအလေ့အကျင့်လေးတွေကို ကိုယ်ရဲ့နေ့စဉ်လုပ်နေကျ အလေ့အထေလးတွေဖြစ်သွားအောင်မွေးမြူပေးလိုက်ပါ။ ဒါဆိုရင်တော့ အရာရာကို အကောင်းဆုံး စွမ်းဆောင်နိုင်သူတစ်ယောက်ဖြစ်လာဖို့အတွက်ပါ အဆင်သင့်ဖြစ်နေမှာပါနော်။ ရုံးကိုစောစောသွားပါ ရုံးကို တတ်နိုင်သမျှစောစောလေးသွားပါ။ ဒါမှကားကျပ်တဲ့ပြဿနာကင်းဝေးမှာဖြစ်သလို ရုံးမှာ ကြိုတင်ပြင်ဆင်စရာရှိတာတွေကိုလည်းပြင်ဆင်နိုင်မှာပါ။ မပြီးပြတ်သေးတာတွေ၊ မပြည့်စုံသေးတာတွေကိုပြီးပြည့်စုံအောင်လုပ်ဖို့လည်း အချိန်ရရှိစေမှာပါ။ ရုံးချိန်ထက် အနည်းဆုံး ၁၅ မိနစ်လောက်စောရောက်တတ်တဲ့ အကျင့်ကိုမွေးမြူပါ။ ကြိုတင်ပြင်ဆင်ပါ နောက်တစ်နေ့လုပ်စရာကိစ္စတွေကို ညဘက်အိပ်ရာမဝင်ခင်ကတည်းကပြင်ဆင်စဉ်းစားထားပါ။ ဒါမှ နောက်တစ်နေ့မှာ အဆင်သင့်ဖြစ်လို့ စိတ်လက်ချမ်းသာနဲ့ အလုပ်တွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။ နေ့လယ်စာကို အပြင်ထွက်စားပါ နေ့လယ်စာစားတဲ့အခါ အပြင်ထွက်စားတာက စိတ်ဖိစီးမှုြေပလျော့စေပြီး အလုပ်တွေကို ပိုပြီးကောင်းကောင်းလုပ်စေနိုင်ပါတယ်။ ဖန်တီးနိုင်စွမ်းနဲ့ အာရုံစူးစိုက်မငကို ပိုကောင်းစေနိုင်ပါတယ်နော်။ မလိုအပ်တာတွေကိုမေ့လိုက်ပါ တစ်ခါတလေမှာ လူအများစုက အရေးလည်းမကြီး မဖြစ်မနေလုပ်ဖို့လည်း မလိုတဲ့ အရာတွေအပေါ်မှာ အာရုံစိုက်လွန်းတတ်ကြပါတယ်။ ဒီအလေ့အကျင့်ကပဲ ပိုပင်ပန်းစေပြီး အလုပ်လုပ်ဆောင်နိုင်မှုစွမ်းရည်ကို […]


စိတ်ခံစားမှုပိုင်းဆိုင်ရာ ပြဿနာများ

စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတာ ဘာကြောင့်လဲ

စိတ်ခံစားချက် အပြောင်းအလဲ မြန်လွန်းတဲ့ပြဿနာကို ဆယ်ကျော်သက်အရွယ်ကနေ လူလတ်ပိုင်းအရွယ် ကျား၊ မ မရွေး ကြုံနေကြရပါတယ်။ လူတိုင်းကတော့ နေ့စဉ်ဘဝမှာ စိတ်ညစ်စရာ၊ ပျော်စရာတွေ အမြဲဖြစ်နေမှာပါ။ တချို့ရက်တွေမှာ အရမ်းပျော်နေမယ်၊ တချို့ရက်တွေမှာတော့ စိတ်အရမ်းညစ်နေမယ်၊ ဒါတွေက လူတိုင်း မဖြစ်မနေ ကြုံတွေ့ရမယ့် လူ့သဘာဝပါပဲ။ ဒီ စိတ်ခံစားချက် အပြောင်းအလဲ မြန်တဲ့ ပြဿနာဟာ စိုးရိမ်စရာ စိတ်ကျန်းမာရေးအခြေအနေလို့ သတ်မှတ်လို့ မရပေမဲ့ ကိုယ့်ရဲ့ နေ့စဉ်ဘဝနဲ့ ဘေးပတ်ဝန်းကျင်က လူတွေကို စိတ်ဒုက္ခပေးနေပြီဆိုရင်တော့ သေချာပြသကြည့်ဖို့ လိုပါတယ်။ လူတွေ ထင်ထားတတ်ကြတဲ့ စိတ်ကျန်းမာရေးအလွဲလေး စိတ်ခံစားချက် အပြောင်းအလဲ မြန်ခြင်း (Rapid Mood Swing) ကို လူတော်တော်များများက စိတ်အတက်အကျမြန်ရောဂါ (Bipolar Disorder) အဖြစ် အမှတ်မှားတတ်ကြပြီး ကိုယ့်မှာ စိတ်ရောဂါရှိနေတယ်လို့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း