ယနေ့လူမှုအဖွဲ့အစည်းဟာ အပြိုင်အဆိုင်ပိုများပြီး စိတ်ဖိစီးမှုတွေနဲ့ နေ့စဉ်ကြုံတွေ့နေရပါတယ်။ လုပ်ငန်းခွင်မှာဖြစ်စေ၊ ကျောင်းစာသင်ခန်းမှာဖြစ်စေ၊ မိသားစုတွင်းမှာဖြစ်စေ ဖြေရှင်းစရာ တပုံတပင်နဲ့ စိတ်ရောကိုယ်ပါ ပင်ပန်းစရာတွေ များပါတယ်။ တစ်ခါတရံမှာ မိမိကိုယ်တိုင်အတွက်တောင် အချိန်မပေးနိုင်တာ ဖြစ်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်မှာ ပါဝင်ဆောင်ရွက်စရာ ကိစ္စတွေ မည်သို့ပင် များနေစေကာမူ မိမိရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးအတွက်လည်း အချိန်ပေးသင့်ပါတယ်။