နာတာရှည်စိတ်ကျရောဂါရှိနေခြင်းဟာ ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း ကျဆင်းစေနိုင်ပါသေးတယ်။ ဒါဟာ သက်ကြီးရွယ်အိုတွေမှာ ပိုမှန်ကန်နိုင်ပါတယ်။ စိတ်ကျရောဂါရှိသူ သက်ကြီးရွယ်အိုတွေရဲ့ ဦးနှောက်ကို scanဖတ်တဲ့အခါမှာ စိတ်ကျရောဂါမရှိတဲ့ အခြားသက်တူရွယ်တူတွေရဲ့ ဦးနှောက်ထက်စာရင် အချို့သောနေရာတွေမှာ ကျုံ့နေတာကို တွေ့ရပါတယ်။ စိတ်ကျရောဂါကို ငယ်စဉ်မှာ မကုသခဲ့ဖူးဆိုရင်တော့ အသက်ကြီးလာတဲ့အခါ အယ်ဇိုင်းမားရောဂါဖြစ်ဖို့လည်း အလားအလာများစေပါတယ်။
(၅) စိတ်ကျခြင်းနဲ့ ကင်ဆာ
ကင်ဆာခံစားနေရသူများရဲ့ ၂၅ရာနှုန်းလောက်မှာ စိတ်ကျရောဂါရှိနေတတ်ပါတယ်။ လေ့လာချက်များစွာအရ စိတ်ကျခြင်းဟာ ကိုယ်ခံအားကိုကျစေတတ်ပြီး ကင်ဆာရောဂါကို ပိုဆိုးစေနိုင်ပါတယ်။
လေ့လာချက်တစ်ခုအရ ရင်သားကင်ဆာရှိသော အမျိူးသမီးများအနေနဲ့ စိတ်ကျရောဂါရှိနေပါက စောစီးစွာသေဆုံးနိုင်သလို ကင်ဆာပျောက်ပြီးရင်တောင်မှာ တစ်ကျော့ပြန်ဖြစ်နိုင်ချေ မြင့်တက်စေပါတယ်။
(၆) စိတ်ကျခြင်းနဲ့ မိမိကိုယ်ကိုသတ်သေခြင်း
စိတ်ကျရောဂါကို ကောင်းစွာမကုသပါက မိမိကိုယ်ကိုသတ်သေခြင်းကို အကြီးမားဆုံးအန္တရာယ်အနေနှင့် ရင်ဆိုင်ရပါလိမ့်မယ်။ ဒါဟာ ဆေးလိပ်နဲ့ အရက်စွဲနေသူတွေမှာ ပိုမိုအဖြစ်များပါတယ်။ မိမိကိုယ်ကိုသတ်သေခြင်းဖြစ်စဉ်တွေရဲ့ သုံးပုံနှစ်ပုံဟာ စိတ်ကျရောဂါကြောင့်ပဲဖြစ်ပြီး သင့်အနေနှင့် ကိုယ့်ကိုယ်ကိုသတ်သေလိုစိတ်များ ပြင်းပြနေပါက စိတ်ရောဂါအထူးကုနှင့်ပြသတိုင်ပင်တာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။
မိမိကိုယ်ကို သတ်သေချင်သူတွေမှာရှိတဲ့ ရှေ့ပြေးလက္ခဏာတွေကတော့ ယခင်နှစ်ခြိုက်သောအရာများကို မကြိုက်တော့ခြင်း၊ ရုတ်တရက် ရွင်မြူးနေခြင်းနဲ့ သေခြင်းက အရာရာကိုလွတ်မြောက်စေကြောင်းပြောဆိုနေခြင်းတို့ဖြစ်ပါတယ်။
သင့်အနေနှင့် စိတ်ကျခြင်းလက္ခဏာတွေကို ၂ပတ်ထက်ပိုခံစားနေရပြီဆိုရင်တော့ ရင်းနှီးသူများကို ရင်ဖွင့်ခြင်း၊ စိတ်ရောဂါအထူးကုနဲ့ တိုင်ပင်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။
ရေးသားသူ – Dr Rose
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။