အန်ဖက်တမင်း အလွဲသုံးခြင်းဆိုသည်မှာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 2, 2020 . 2 mins read
Share now

လူတွေ အလွဲသုံးမိနေနိုင်တဲ့ အရာတွေက အတော်များများရှိပါတယ်။ ဒီထဲမှာ အန်ဖက်တမင်းကလည်း တစ်ခုအပါအဝင်ပေါ့။ အခုနောက်ပိုင်းမှာ အန်ဖက်တမင်း အလွဲသုံးမှုက အများအပြားတွေ့လာရပါတယ် အထူးသဖြင့်တော့ လူငယ်တွေကြားမှာပေါ့။

ဒီတစ်ခေါက်တော့ အန်ဖက်တမင်း အလွဲသုံးခြင်းအကြောင်းလေး ပြောပြပေးချင်ပါတယ်။

ဘာလဲဟဲ့ အန်ဖက်တမင်း

အန်ဖက်တမင်း (Amphetamine) ဆိုတာက ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးတဲ့ အရာပါ။ ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို မြင့်တက်စေဖို့ အသုံးပြုကြသလို ခန္ဓာကိုယ်မှာ အင်အားပြည့်ဝနေစေဖို့၊ အာရုံစူးစိုက်မှု ကောင်းစေဖို့၊ ကိုယ့်ကိုယ်ကို ယုံ​ကြည်မှု မြင့်မားစေဖို့ ညဘက်မအိပ်ဘဲ နေနိုင်စေဖို့၊ အဆာခံနိုင်စေပြီး ဝိတ်ကျစေဖို့ စတဲ့ အကြောင်းအရင်း အမျိုးမျိုးနဲ့ အသုံးပြုကြပါတယ်။

ဘယ်လို ပုံစံနဲ့ အသုံးပြုကြလဲ……….

အန်ဖတ်တမင်းကို အလွဲသုံးတဲ့ ပုံစံခြင်း မတူနိုင်ပါဘူး။ ဆေးလုံးလိုက် သောက်သူတွေရှိသလို အာနိသင် မြန်မြန် ပြအောင်ဆိုပြီး ဆေးလုံးကိုကြိတ် ရေနဲ့ ဖျော်ပြီး သွေးကြောထဲ ထိုးသွင်း အသုံးပြုတာမျိုးလည်း ရှိပါတယ်။

ဘေးထွက် ဆိုးကျိုး ရှိလား………….

ဆေးဝါးအလွဲသုံးတယ်ဆိုမှတော့ ဘေးထွက်ဆိုးကျိုးက ရှိတာပေါ့။ အန်ဖတ်တမင်းက စိတ်ရောကိုယ်ပါ ထိခိုက်စေပါတယ်။

  • နှလုံးထိခိုက်တာ
  • စိတ်ကျန်းမာရေး ထိခိုက်တာ
  • အတက်ရောဂါ
  • အာဟာရချို့တဲ့တာ
  • ဦးနှောက် ထိခိုက်တာ
  • စိုးရိမ်စိတ် များတာ
  • ညဘက် အိပ်မပျော်တာ
  • လူမှုဆက်ဆံရေး ပြဿနာတွေရှိတာ
  • အဆိုးဆုံးကတော့ သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။

အန်ဖက်တမင်း သုံးစွဲနေလား။ ဘယ်လို သိနိုင်မလဲ………

အန်ဖတ်တမင်း သုံးစွဲသူမှာ အခုလို လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

  • ကိုယ်ပူချိန်တက်ခြင်း
  • စကားပြောမြန်နေခြင်း
  • သူငယ်အိမ် ကျယ်နေခြင်း
  • သွေးပေါင်တက်ခြင်း
  • အသက်ရှူပုံမှန် မဟုတ်ခြင်း
  • စိတ်ခြောက်ခြားတာ
  • ပေါင်းသင်းဆက်ဆံရေးမှာ အရင်ကနဲ့မတူတဲ့ အမူအကျင့်တွေ ရှိလာတာ
  • ညဘက်တွေ မအိပ်တာမျိုး တွေ့ရနိုင်ပါတယ်။
  • ဒီလို လက္ခဏာတွေတွေ့မြင်နေရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှု ခံယူဖို့ လိုပါမယ်။ အကြောင်းကတော့ အန်ဖတ်တမင်း အလွဲသုံးတာက စောစောသိ စောစောကုသမှု ခံယူနိုင်ရင် ထိရောက်မှု အားကောင်းလို့ပါ။

အန်ဖတ်တမင်း အလွဲသုံးမှုကနေ ဘယ်လို ရုန်းထွက်မလဲ……………

အခြားဆေးစွဲမှုတွေကို ဖြတ်လို့ရသလို အန်ဖက်တမင်းစွဲတာကိုလည်း ဖြတ်လို့ ရပါတယ်။ ဆေးဖြတ်တဲ့နေရာမှာ အဓိက အကျဆုံးက ကိုယ်တိုင်ပါ။ ချက်ချင်းအောင်မြင်ဖို့ကတော့ ခက်ခဲပါတယ်။ဒါကြောင့် ဆေးဖြတ်တော့မယ်ဆိုရင်နေအိမ်မှာ မဖြတ်ဘဲ ဆေးရုံမှာ ဖြတ်ပါ။

ဒါမှ ဆေးသုံးစွဲမှုကို မလုပ်မိအောင် ရှောင်ကြဉ်နိုင်မှာပါ။ နှစ်သိမ့်ဆွေးနွေးမှုတွေ ခံယူပါ။ မိသားစုဝင်တွေ မိတ်ဆွေတွေက ဆေးဖြတ်နေသူကို နှစ်သိမ့်ပေးပါ။ ဆေးဖြတ်တဲ့အခါ ပေါ်လာနိုင်တဲ့ လက္ခဏာတွေအတွက် ဆရာဝန်က ညွှန်ကြားတဲ့ ဆေးတွေကို သေချာလေး သောက်သုံးမယ်ဆိုရင် အန်ဖတ်တမင်း အလွဲသုံးမှုကနေ အကောင်းဆုံး ရုန်းထွက်နိုင်မှာပါ။

ညွှန်ကြားချက်တွေကို သေချာ လိုက်နာမယ် စိတ်ကိုလည်း ပြတ်ပြတ်သားသား ထားမယ်ဆိုရင် အန်ဖတ်တမင်း အလွဲသုံးမှုကို အကောင်းဆုံး ကျော်လွှားနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

Psywar တွေ ကြားမှာ စိတ်ကျန်းမာနေစေဖို့

Psywar တွေက ကြောက်ဖို့ ကောင်းတာ မှန်ပေမယ့် လက်ခံတဲ့သူပေါ် မူတည်ပါတယ်။ လက်ခံတဲ့သူက ပါးနပ်ရင် ပါးနပ်သလောက် Psywarတွေကို ကျော်ဖြတ်နိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ယာယီလေဖြတ်ခြင်း အကြောင်း သိထားသင့်သမျှ

မပေါ့ဆသင့်တဲ့ ကျန်းမာရေးပြဿနာတွေထဲမှာ ယာယီလေဖြတ်ခြင်း ဟာလည်း တစ်ခုအပါအဝင်ပါ။ ယာယီလေဖြတ်ခြင်းဟာ လေဖြတ်တော့မယ်ဆိုတဲ့ နိမိတ်လက္ခဏာတစ်ခုဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား

နေပူထဲ တစ်နေကုန်နေရသူ က energy drink သောက်သင့်လား ဓာတ်ဆားရည်သောက်သင့်လား...... အဖြေက ဘာဖြစ်မယ် ထင်လဲ...... ဆေင်းပါးလေးထဲ ဖတ်ကြည့်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

စိတ်ပူပင်စရာ ကြောင့် ဖြစ်လာနိုင်တဲ့ ဝေဒနာများ

စိတ်ပူပင်စရာ ကိုတော့ နေ့စဉ်ဘဝမှာ ကြုံတွေ့ရနိုင်ပါတယ်။ စိုးရိမ်ပူပန်မှု လွန်ကဲတဲ့သူတွေမှာတော့ မကြာခဏပြင်းထန်ပြီး လွန်ကဲတဲ့ စိုးရိမ်မှုကို ခံစားနေရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 3, 2021 . 2 mins read
sleep-benefits-health ပင်ပန်းလာရင် အိပ်

ပင်ပန်းလာရင် အိပ်သင့်ရဲ့လား အိပ်လိုက်လို့ ဘာအကျိုးရှိနိုင်မလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 1, 2021 . 2 mins read
တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

တကယ်မရှိတဲ့ အသံ တွေ ကြားနေရတာ စိတ်စွဲလမ်းမှု တစ်ခုလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read