ကျောက်ကပ် ရောဂါတွေ ကင်းစေဖို့ နည်းလမ်း (၉) ခု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

ကျောက်ကပ် ကျန်းမာရေးက အရေးကြီးတယ် မကြီးဘူးဆိုတာ လက်ရှိ ကျောက်ကပ်ရောဂါ ခံစားနေရသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ ကျောက်ကပ်ခွဲစိတ်ရသူတွေ အသိဆုံးပါ။ ဒါပေမယ့် ဘာရောဂါမှ မဖြစ်သေးတဲ့ သာမန်လူတွေအနေနဲ့ ကြိုတင်ကာကွယ်ထားနိုင်တာ အကောင်းဆုံးပဲ မဟုတ်ဘူးလား။

ဒါဆို ကြိုတင်ကာကွယ်ပြီး ကျောက်ကပ်ကို စောင့်ရှောက်ဖို့ အဆင်သင့်ပဲလား။ ကျောက်ကပ် ကျန်းမာအောင် ဘာတွေလုပ်ရမလဲ၊ ဘယ်လိုနေထိုင်ရမလဲ ဆိုတာ ဆက်ပြီး ကြည့်ရအောင်နော်။

(၁) ရေဓာတ် ဖြည့်ပါ။

ကျောက်ကပ် ကျန်းမာအောင် ရေများများသောက်ပါ၊ ရေသောက်မနည်းပါစေနဲ့ လို့ တဖွဖွ မှာကြ၊ သတိပေးကြပါတယ်။ မှန်ပါတယ်။ ရေသောက်နည်းရင် ရေဓာတ်မလုံလောက်ရင် ကျောက်ကပ်လုပ်ဆောင်ချက်တွေကို ပျက်ယွင်းစေနိုင်တယ်။ ရေကို လုံလောက်အောင် မသောက်ဘူး၊ ရေသောက်နည်းမယ်ဆိုရင် သွေးထဲမှာ အဆိပ်တွေစုလာပြီး ကျောက်ကပ်က စွန့်ထုတ်စစ်ထုတ်နိုင်မှု ကျဆင်းသွားမှာပါ။

(၂) ကျန်းမာစေမယ့် အစားအသောက်တွေ ရွေးချယ်ပါ။

ကျောက်ကပ် ပြဿနာ အများစုက သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါ တို့လို ရောဂါအခံတွေ ကနေ နောက်ဆက်တွဲ ဖြစ်လာတတ်တာပါ။ ဒါ့ကြောင့် ဒီရောဂါတွေကို ကာကွယ်ဖို့ ကျန်းမာရေးနဲ့ ညီအောင် စားသောက် နေထိုင်တာ အသက်ရှည်ဆေးတစ်မျိုးပါပဲ။ အဆီ၊ အငန် တွေလျှော့စားပါ၊ အတုအယောင် မှန်သမျှ ရှောင်ပါ၊ အဆိပ်အတောက်  ဖြစ်စေမယ့် ဓာတုပစ္စည်း ပါဝင်နိုင်တဲ့ အစားအသောက် တွေ ရှောင်ပါ။

(၃) ကိုယ်လက်လှုပ်ရှားမှု ပုံမှန် လုပ်ပါ။

လေ့ကျင့်ခန်းတွေ သေချာလုပ်မှ၊ GYM သွားမှ ၊လမ်းထွက်လျှောက်ဖြစ်မှ ကိုယ်လက်လှုပ်ရှားမှု ဖြစ်တာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ နေ့စဉ် လုပ်နေကျ အလုပ်တွေကလည်း ကိုယ်လက်လှုပ်ရှားမှု ဖြစ်စေနိုင်ပါတယ်။ ဥပမာ ရုံးမှာ ကိုယ့်စားပွဲ သန့်ရှင်းရေးလုပ်တာ၊ ကော်ဖီထဖျော်တာ၊ နားနေချိန်မှာ စားပွဲတင် တင်းနစ်ကစားတာ၊ အိမ်မှာ အိမ်မှုကိစ္စ လုပ်တာ၊ ချက်ပြုတ်၊ အိမ်သန့်ရှင်းရေး လုပ်တာ စတဲ့ အလုပ်တွေက လေ့ကျင့်ခန်း သီးသန့်လုပ်နေစရာ မလိုအောင် အကျိုးရှိစေနိုင်ပါတယ်။

(၄) ကိုယ်ထင်ရာ အားဆေးတွေ စွတ်မသောက်ပါနဲ့

ခုခေတ်မှာ သဘာဝဓာတ်စာ ဆိုတဲ့ ဖြည့်စွက်ဆေးဝါးတွေ၊ ဟိုဟိုဒီဒီ ရောဂါကာကွယ်နိုင်တယ် အပျောက်ကုနိုင်တယ် ဆိုတဲ့ ဆေးဝါးတွေ အများကြီး ပေါ်ထွက်လာပါတယ်။ ဒီမှာ အရေးကြီးတာက ကိုယ်လိုချင်တဲ့ ကောင်းကျိုးအာနိသင်ထက် အသည်းနဲ့ ကျောက်ကပ်ကို တန်းပြီး ထိခိုက်စေနိုင်တဲ့ အချက်ပါ။

တချို့ဆေးတွေက ဆရာဝန်ညွှန်ကြားချက် မလိုဘူးဆိုပေမယ့် ပါဝင်တဲ့ဓာတ်တွေရဲ့ ပမာဏနဲ့ သောက်သုံးသင့်တဲ့ အတိုင်းအတာကို သေချာစနစ်တကျသိဖို့ လိုပါတယ်။ ဆေးရဲ့အရည်အသွေး၊ ဘေးထွက်ဆိုးကျိုး နဲ့ သက်ဆိုင်ရာကျန်းမာရေးထောက်ခံချက်တွေ ပါရှိဖို့လည်း ဂရုစိုက်သင့်ပါတယ်။ ဟိုဆေး၊ ဒီဆေး လိုက်သောက်ရင်း အားဆေးတွေထပ်ပြီး ပါဝင်ဓာတ်ပစ္စည်းတွေကို သောက်သုံးမှု လွန်ကဲသွားရင် ဘေးဖြစ်စေနိုင်တာကို ကြောက်သင့်ပါတယ်။

(၅) ဆေးလိပ် မသောက်ပါနဲ့။

ဆေးလိပ် သောက်တာက ကြာလေ သွေးကြောတွေကို တောင့်တင်း ကျဉ်းမြောင်းလာစေပြီး ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီ သွေးစီးဆင်းရောက်ရှိမှုကို နည်းသွားစေပါတယ်။ ဒီလိုမျိုး သွေးပို့လွှတ်ရောက်ရှိမှု နည်းသွားတဲ့ အစိတ်အပိုင်းထဲမှာ ကျောက်ကပ်လည်း ပါပါတယ်။ သွေးစီးဆင်းရောက်ရှိမှု နည်းသွားတဲ့အခါ ကျောက်ကပ်က အလုပ်ကောင်းကောင်း မလုပ်နိုင်တော့ပါဘူး။

(၆) အကိုက်အခဲပျောက်ဆေးကို ကြည့်ကျက်သောက်ပါ။

အကိုက်အခဲပျောက်ဆေး တွေကို မကြာခဏ သောက်လွန်းတာ၊ ပုံမှန် ဆက်တိုက် သောက်နေတာတွေက ကျောက်ကပ် ပျက်စီးစေမယ့် လမ်းပါ။ အစာအိမ်သွေးကြောပေါက်တာ၊ အသည်းထိခိုက်တာအပြင် ကျောက်ကပ်အတွက်လည်း အန္တရာယ်ရှိပါတယ်။ ဒါကြောင့် အကိုက်အခဲပျောက်ဆေးတွေကို တကယ်လိုအပ်မှ သောက်ပါ။ နာတာရှည် နာကျင်မှုတွေအတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

(၇) သွေးပေါင်ချိန်ကို အမြဲထိန်းပါ။

သွေးတိုးရောဂါ ရှိသူ ထက်ဝက်လောက်က ကိုယ့်မှာ သွေးတိုးဖြစ်နေမှန်း မသိတတ်ကြပါဘူး။ မသိတော့ မထိန်း၊ မထိန်းဘဲ၊ မဆင်ခြင်ဘဲ သွေးတိုးပိုတက်၊ ပိုတက်ရာက ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးကြရတာတွေ ရှိပါတယ်။

ကျောက်ကပ် ပျက်စီးရတဲ့ အကြောင်းရင်းတွေထဲမှာ သွေးတိုးက ရှေ့ဆုံးက ပါဝင်နေတာကြောင့် သွေးပေါင်ချိန်ကို ပုံမှန် စစ်ဆေးသင့်ပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့ ဆေးကို မှန်အောင်သောက်ပါ၊ အစားအသောက် အနေအထိုင် ဆင်ခြင်ထိန်းသိမ်းပါ။

(၈) အရက် မသောက်ပါနဲ့။

ခုနောက်ပိုင်းမှာတော့ နေထိုင်မှုပုံစံ အပြောင်းအလဲတွေအရ အယ်လ်ကိုဟော ကင်းတဲ့သူ နည်းတယ်လို့ ဆိုရမှာပါ။ ဒီတော့ မသောက်နဲ့ ဆိုတာထက် လျှော့သောက်ပါလို့ ပြောရမလို ဖြစ်နေပါတယ်။ အရက်ကြောင့် ခန္ဓာကိုယ်ထဲ ဖြစ်လာစေမယ့် အဆိပ်အတောက်တွေရဲ့ ဒဏ်ကို အသည်းနဲ့ ကျောက်ကပ် က ခါးစည်းပြီးခံရမှာပါ။

(၉) ကျန်းမာရေး ပုံမှန် စစ်ဆေးပါ။

ကျန်းမာရေး စစ်ဆေးမှုကိုတော့ ခြောက်လ တစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ်လောက် ခံယူသင့်တယ် ဆိုပေမယ့် အဆင်မပြေကြသူတွေအတွက် အပေါ်က နည်းလမ်းတွေနဲ့ပဲ ကြိုတင်ကာကွယ်လည်း ရပါတယ်။ ကိုယ်တိုင်က ကျန်းမာရေး ဂရုစိုက်သူဆိုရင် ရောဂါဖြစ်လာနိုင်ခြေက သူများထက် ပိုနည်းနိုင်ပါတယ်။

တကယ်လို့ ကိုယ့်မှာ –

  • ဆီးချိုသွေးချိုရောဂါ၊
  • သွေးတိုးရောဂါ၊
  • အဝလွန်ခြင်း၊
  • ကျောက်ကပ်ရောဂါ မိသားစုမျိုးရိုးရှိခြင်း ဆိုတဲ့ အချက်တွေ ရှိနေမယ်ဆိုရင် ပိုပြီး စစ်ဆေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

FDA ခွင့်ပြုချက်ရသွားပြီဖြစ်တဲ့ ကိုဗစ်အတွက်ဆေး ‘Remdesivir’

Remdesivir ဆိုတာ ကိုဗစ်ရောဂါကို ကုသတဲ့နေရာမှာ အသုံးပြုရန်အတွက် စမ်းသပ်နေဆဲဆေးဖြစ်ပါတယ်။ပြီးခဲ့တဲ့အပတ်က FDAက တရားဝင်ခွင့်ပြုချက်ပေးလိုက်ပြီလို့ သိရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 29, 2020 . 2 mins read

ကိုဗစ်ဆေးရုံ တွေကို ဆေးလိပ်တွေ၊ အရက်တွေ ခိုးသယ်လာကြတဲ့အခါ

ကိုဗစ်ဆေးရုံကြီးများသို့ ဆေးလိပ်နဲ့ အရက်ယူဆောင်လာခွင့်မပြုပါ။ ခိုးဝှက်ပြီးလည်း မယူလာရပါ။ အောက်ဆီဂျင်ပိုက်လိုင်းများရှိသည့်အတွက် အလွယ်တကူမီးလောင်နိုင်ပါသည်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 21, 2020 . 3 mins read

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်။ ဒါပေမယ့် စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

Stay Home မှာ ထွက်လာတဲ့ဗိုက်ကလေးကို ဒီနည်းလမ်းတွေနဲ့ ပြန်ချပါ

Stay Home မှာ ဗိုက်အဆီ တက်လာတဲ့ ကိစ္စ ဘယ်လို ဖြေရှင်းကြမလဲ ဆိုတာ Hello ပရိသတ်တွေအတွက် အကြံပြုချက်လေး တချို့ကို ဖော်ပြပေးထားပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Yun Sandi Nan Mon
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read
အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

အချဉ်တွေ အများကြီးစားရင် အရိုးပါးတာ တကယ်လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 16, 2020 . 1 min read
မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

မြန်မာနိုင်ငံမှာ မြင့်တက်လာနေတဲ့ ဆီးချိုခံစားရသူ အရေအတွက်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 11, 2020 . 2 mins read