ငရုတ်ကောင်းနဲ့နနွင်းအတွဲအစပ်ကပေးတဲ့ကျန်းမာရေး

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

ဟင်းချက်တဲ့အခါ ဆီပူလာရင် နနွင်းမှုန့်လေးထည့်ပြီး ဆီသတ်လို့ ဟင်းအိုးချခါနီးရင် မွှေးမွှေးလေးဖြစ်နေစေဖို့ဆိုပြီး ငရုတ်ကောင်းမှုန့်လေး ထည့်ချက်တတ်တဲ့ အိမ်ရှင်မလေးတွေရှိလား။ ဒါဆိုရင်တော့ သင်ကိုယ်တိုင်ရော သင့်မိသားစုကပါ။ အနံ့အရသာပြည့်စုံတဲ့ဟင်းတွေကိုစားရင်း အခုလိုကျန်းမာရေးအကျိုးကျေးဇူးတွေကိုရနေပါတယ်နော်။

ငရုတ်ကောင်းနဲ့နနွင်းအတွဲအစပ်ကပေးတဲ့ ကျန်းမာရေး

ဒီဟင်းခတ်အမွှေးအကြိုင်နှစ်မျိုးက တစ်မျိုးချင်းအလိုက်လည်း ကျန်းမာရေး အာနိသင်တွေပေးသလို နှစ်မျိုးတွဲစပ်လိုက်တဲ့အခါမှာလည်း တစ်ခုနဲ့တစ်ခုဖေးမပေးရင်း ခန္ဓာကိုယ်အတွက် အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ပါသတဲ့။ ဒီအတွဲအစပ်ကပေးတဲ့ ကျန်းမာရေးတွေကဘာများလဲ သိချင်ရင် တူတူဆက်ကြည့်လိုက်ရအောင်နော်။

နာကျင်မှုကိုသက်သာစေနိုင်ပါတယ်

နနွင်းက ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေတဲ့ အာနိသင်ရှိတာကြောင့် ဟိုးအရင်ကတည်းက ခန္ဓာကိုယ်မှာဖြစ်တဲ့ ရောင်ရမ်းနာကျင်မှုတွေကို သက်သာစေဖို့ အသုံးပြုခဲ့ကြပါတယ်။ အနာကျက်စေဖို့ ရောဂါတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့နဲ့ နာကျင်မှုတွေကို သက်သာစေဖို့အတွက်အသုံးပြုခဲ့ကြပါတယ်။ အဆစ်ရောင်ရောဂါရှိသူတွေအတွက်လည်း အိမ်းတွင်းဆေးတစ်လက်ပေါ့။

ဒီလိုအာနိသင်များတဲ့ နနွင်းကို ငရုတ်ကောင်းနဲ့တွဲဖက်လိုက်တဲ့အခါ နာတာရှည်နာကျင်မှုတွေကိုပါ သက်သာအောင်လုပ်ဆောင်ပေးပါတော့တယ်။ ငရုတ်ကောင်းမှာပါတဲ့ Piperine ကနာကျင်မှုကိုသက်သာစေပြီး အာရုံ​ကြောနာကျင်မှုတွေကိုရော ခန္ဓာကိုယ်ကြွက်သားနဲ့အရိုးတွေမှာဖြစ်နေတဲ့ နာကျင်မှုတွေကိုပါ သိသိသာသာသက်သာစေပါတော့တယ်။

အဝလွန်တာကို သက်သာစေနိုင်တယ်

ကိုယ်အလေးချိန်များနေလို့ ဝိတ်ချချင်နေပြီလား။ ဒါဆိုရင်တော့ နနွင်းနဲ့ငရုတ်ကောင်းပါတဲ့ ဟင်းလေးတွေစားပေးပါ။ နနွင်းစစ်စစ်နဲ့ ငရုတ်ကောင်း၊ ချင်း တို့က ခန္ဓာကိုယ်က အဆီပိုတွေကို အကောင်းဆုံးဖျော်ချပေးနိုင်ပါတယ်။ မနက်ခင်းမှာ ဒီပစ္စည်း ၃ မျိုးကို ရေနွေးဆူဆူထဲထည့်ပြီး သောက်ပေးရင်ကို အဆီတွေပျော်ပြီး ကိုယ်အလေးချိန်ကို လျော့ကျအောင် အကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။

ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

ဆီးချိုရောဂါက ကမ္ဘာ့ကျန်းမာရေးကို ခြိမ်းခြောက်နေဲ့ ရောဂါဆိုးကြီးတစ်မျိုးပါ။ ဆီးချိုက သွေးကြောလေးတွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ နနွင်းနဲ့ငရုတ်ကောင်းမှာပါတဲ့ဒြပ်ပေါင်းတွေက ဓာတ်တိုးပစ္စည်းတွေကြောင့် ထိခိုက်မှုတွေမဖြစ်အောင်အကောင်းဆုံးကာကွယ်ပေးပြီး သွေးချိုကိုလည်း ထိန်းညှိပေးနိုင်ပါတယ်။

ရောင်ရမ်းမှုကို သက်သာစေနိုင်တယ်

နနွင်းနဲ့ငရုတ်ကောင်းက အဆစ်ရောင်တာလိုမျိုး အဆစ်အမြစ်တွေရောင်ရမ်းတာကို သက်သာစေနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်မှာ နာကျင်ရောင်ရမ်းမှုတွေဖြစ်နေရင် ဒီနှစ်မျိုးကိုရောပြီး အသုံးပြုပေးလို့ရပါတယ်။ အနှစ်ဖျော်ပြီးလိမ်းပေးလို့ရသလို ရေနွေးနဲ့ရောစပ်ပြီး သောက်ပေးလို့လည်းရပါတယ်။

ကင်ဆာကာကွယ်ပေးတယ်

နနွင်းနဲ့ငရုတ်ကောင်းက ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ နနွင်းမှာပါတဲ့ Curcumin က ကင်ဆာဆဲလ်တွေကို တိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။  သွေးကင်ဆာ၊ အစာရေမြိုကင်ဆာ၊အူမကြီးကင်ဆာ နဲ့ ရင်သားကင်ဆာဆဲလ်တွေကို အထိရောက်ဆုံးတိုက်ဖျက်ပေးနိုင်ပါတယ်။  ဒီအတွဲအစပ်ကို ပုံမှန်စားသုံးပေးတာက ကင်ဆာကာကွယ်ရာလည်းရောက်ပါတယ်။ ဒါကြောင့် ကာကွယ်တဲ့အနေနဲ့ရော ကုသတဲ့အနေနဲ့ပါ စားသုံးပေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Share now :

တည်းဖြတ်သည့်နေ့ ဇန်နဝါရီ 1, 2020 | နောက်ဆုံးတည်းဖြတ်ခြင်း ဇန်နဝါရီ 9, 2020

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။