ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရခက်နေလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇွန် 17, 2020 . 2 mins read
Share now

ကိုယ့်အသားအရေနဲ့ အဆင်ပြေမယ့် Toner ရွေးချယ်ရ ခက်နေလား

ဘယ်လို မိတ်ကပ်လေးပဲ လိမ်းလိမ်း လှနေဖို့ဆိုတာ အသားအရေ ကောင်းကောင်း ထိန်းသိမ်းထားမှ ဖြစ်မှာနော်။ အသားအရေ ထိန်းသိမ်းတဲ့အခါမှာလည်း ကိုယ်နဲ့ တကယ်ကို အဆင်ပြေပြေဖြစ်မယ့် ပစ္စည်းတွေလည်း ရွေးချယ်တတ်ဖို့ လိုပါတယ်။ သဘာဝနည်းလမ်းတွေနဲ့ ထိန်းသိမ်းလို့ ရသလို ကျွမ်းကျင်ပညာရှင်တွေက ထုတ်တဲ့ ကုန်ပစ္စည်းတွေနဲ့ ထိန်းသိမ်းလို့လည်း ရပါတယ်။ ဒီတစ်ခါမှာတော့ အသားအရေအတွက် လိုအပ်တဲ့ Toner လေးအကြောင်းနဲ့ အသားအရေနဲ့ လိုက်ဖက်ညီအောင် ရွေးချယ်တတ်ဖို့လည်း မျှဝေပေးချင်ပါတယ်။

Toner ဆိုတာကတော့ မျက်နှာပေါ်မှာ ရှိတဲ့ အညစ်အကြေးတွေကို သန့်စင်အောင် ပြုလုပ်ပေးတဲ့ Skin care တစ်ခုပါ။ သူက ချွေးပေါက်ကျယ်တာတွေ မဖြစ်စေဘဲ မျက်နှာကို ကြည်ကြည်လေး ဖြစ်စေပါတယ်။ Toner သုံးတာက တခြား အသားအရေထိန်းပစ္စည်းတွေဖြစ်တဲ့ Day and Night Cream ၊ BB Cream အစရှိတာတွေရဲ့ အကျိုးသက်ရောက်မှုတွေ အားလုံး မျက်နှာပေါ်ရောက်အောင် စုပ်ယူပေးနိုင်ပါတယ်။ နောက်ပြီးတော့ အသားအရေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရေဓာတ် ပမာဏကိုလည်း ထိန်းညှိပေးပါတယ်။ သတိပြုရမယ့် အချက်ကတော့ ကိုယ်သုံးတဲ့ Toner မှာ alcohol, spices, sulphates တွေ မပါဝင်ဖို့ပါပဲ။ Toner အကြောင်းလေး သိပြီဆိုတော့ ရွေးချယ်ရမှာတွေကို ပြောပြမယ်နော်။

အသားအရေခြောက်သွေ့နေရင်

အသားအရေခြောက်သွေ့တယ်ဆိုရင်တော့ Toner ရွေးချယ်တဲ့အခါမှာ ရေဓာတ်ပေးနိုင်ပြီး အစိုဓာတ်ထိန်းပေးတဲ့ အမျိုးအစားကို သုံးပါ။ အသားအရေခြောက်တာက မျက်နှာသစ်ပြီးတာတောင် နေရတာ တင်းကျပ်ကျပ်ကြီး ဖြစ်နေပြီး အဖတ်လန်သလိုတွေ ဖြစ်နေမှာပါ။ အယ်လ်ကိုဟော ပါဝင်တဲ့ ပစ္စည်း လုံးဝ ရှောင်ပါ။ Toner မှာ အဆီဓာတ်ပါတယ်လို့ ရေးထားတဲ့ Brand ကို ရွေးချယ်ပါ။ ဒါမှ ကိုယ့်မျက်နှာလေးက ကြည်လင်စိုပြေနေမှာပါ။

T zone တစ်ဝိုက် အဆီပြန်နေရင်

ပျိုမဒီလေးရဲ့ မျက်နှာမှာ အဆီပြန်တာတွေ ရှိနေပြီး မိတ်ကပ်တွေ ကွက်နေတယ်ဆိုရင်တော့ Toner သုံးသင့်ပါပြီ။ အထူးသဖြင့် T zone လို နေရာမျိုးမှာ ပိုပြီး အဆီပြန်တတ်ပါတယ်နော်။ T zone နေရာတွေကနေ နှာခေါင်းနဲ့ နဖူးအောက်ဘက်၊ မေးစေ့နေရာတွေပါ။ အဆီပြန်တတ်တဲ့ အသားအရေဟာ ဝက်ခြံလည်းထွက်လွယ်ပါတယ်။ အဆီပြန်တတ်တဲ့သူတွေအတွက်ကတော့ Moisturizer အများကြီး ပါဝင်တဲ့ Toner ကို ရှောင်ဖို့ပါပဲ။ AHAsနဲ့ Salicylic acid ပါဝင်တဲ့ Toner တွေကိုပါ ဝယ်ယူသုံးစွဲပါ။

တုံ့ပြန်လွယ်တဲ့ အသားအရေဆိုရင်

တုံ့ပြန်ထိခိုက်လွယ်တဲ့ အသားအရေလေး ပိုင်ဆိုင်ထားရတယ်ဆိုရင်တော့ အလှကုန်ပစ္စည်းတွေ ရွေးတဲ့အခါ စိတ်ညစ်ရတာတွေ ရှိမှာပါ။ ဘယ်ပစ္စည်းမဆို အဆင်ပြေပါ့မလား တွေးပူရတာ ပြဿနာပါပဲ။ Toner သုံးမယ်ဆိုရင်တော့ အယ်လ်ကိုဟောကို အခြေခံပြီး ထုတ်ထားတဲ့ Toner ကိုတော့ လုံးဝရှောင်ရမှာပါ။ Lactic acid ဒါမှမဟုတ် Glycolic acid ပါဝင်တဲ့ Toner ကတော့ ထိခိုက်လွယ်တဲ့ အသားအရေတွေအတွက် အကောင်းဆုံးပါ။

တချို့မိန်းကလေးတွေမှာတော့ အဆီပြန်ပြီး ဝက်ခြံထွက်တဲ့အသားအရေလည်းမဟုတ်၊ မျက်နှာက တင်းကျပ်ကျပ်နဲ့ ခြောက်သွေ့တာမျိုးလည်း မရှိဘဲနဲ့ ဓာတ်မတည့်တာတွေလည်း မဖြစ်ဘူးဆိုရင်တော့ Toner ကို ဘယ်လိုအမျိုးအစား သုံးရမလဲဆိုတာ မေးစရာ တစ်ခုပါပဲ။ ကိုယ့်မျက်နှာ အသားအရေက ဘယ်လိုအမျိုးအစားပါလို့ တိတိကျကျ ပြောလို့မရရင်တော့ လက်ဖက်စိမ်းနဲ့ ပြုလုပ်ထားတဲ့ Toner ကို သုံးလို့ ရပါတယ်။ ချွေးပေါက်ကျယ်တာတွေနဲ့ မျက်နှာပေါ်ကို အညစ်အကြေးတွေကို စုပ်ယူပေးပြီး လူတကာ ငေးကြည့်ရတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်နေမှာပါနော်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကွန်ပျူတာကလာတဲ့ Blue Light တွေက အသားအရေကို ပျက်စီးစေနိုင်သလား။

အခုတလော ဝက်ခြံတွေ ပိုထွက်လာတယ်။ သတိထားမိသလောက် Covid-19 ကြောင့် Work from Home စလိုက်ကတည်းကပေါ့။ကွန်ပျူတာရှေ့မှာ မနက်ကစထိုင်လိုက်တာ ညနေစောင်းတဲ့အထိပဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

Gym ယုံတမ်းစကား ကြွက်သား ကိုယ်အလေးချိန် ကျန်းမာရေး အလှအပ ခန္ဓာကိုယ် ဝက်ခြံ ကျားဟော်မုန်း လိင်အင်္ဂါ လိင်မှုကိစ္စ သုက်လွှတ် လေ့ကျင့်ခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဘယ်အရာတွေက သင့်အသားအရေကို ပျက်စီးစေတာလဲ

အသားလေး ဖြူရင် ဘာဝတ်ဝတ်လှတယ်။ သူက ချစ်စရာလေးနော်။ အသားအရေလေး လှတာကိုး ဆိုတဲ့ စကား ငယ်ငယ်ကတည်းက ကြားဖူးမယ် ထင်တယ်နော်။ အသားအရေကျန်းမာစေဖို့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ပန်ကရိယလေး ကျန်းမာစေဖို့ လိုက်နာသင့်တဲ့ အလေ့အထများ

ပန်ကရိယ ကောင်းကောင်း အလုပ်မလုပ်တဲ့အခါ အင်ဆူလင် ဟော်မုန်းကို မထုတ်နိုင်တော့ဘဲ သွေးတွင်းသကြားဓာတ် မြင့်တက်ရာကနေတဆင့် သွေးချိုဆီးချို ဖြစ်လာပါတော့တယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဒိန်ချဉ်သောက်ခြင်းကြောင့် ရရှိမယ့်ကောင်းကျိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

သရက်သီးကပေးတဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေ

ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 26, 2020 . 2 mins read
ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆောင်းတွင်းမှာ Scrubတိုက်လို့ရပါ့မလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 2 mins read
အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

အသက်ရှည်ချင်ရင် ဖုန်းမကြည့်နဲ့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 21, 2020 . 2 mins read