backup og meta

သင့်အမျိုးသားကို ယောဂသင်တန်းတက်ချင်လာအောင် ဘယ်လိုမြူဆွယ်မလဲ

ယောဂသည် ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးလုံးကို ဆက်သွယ်ပေးသည့် အံ့သြစရာလေ့ကျင့်ခန်း ဖြစ်ပါသည်။ ယောဂသည် ကိုယ်ရော စိတ်ပါ ကျန်းမာစေမည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ ကိုယ့်ပါတနာနှင့် အတူတွဲလုပ်ရလျှင်တော့ ဆိုဖွယ်ရာမရှိအောင် ကောင်းပါလိမ့်မည်။

သို့သော် အမျိုးသားတစ်ဦးကို ယောဂသင်တန်းတက်ဖို့ ပြောရသည်မှာ ရိုးရှင်းသည့်အလုပ်တစ်ခုမဟုတ်ပါ။ အမျိုးသားအများစုသည် ယောဂကို ပျင်းစရာကောင်းပြီး ဘာစိန်ခေါ်မှုမှမရှိဟုဆိုကာ သင်တန်းမတက်လိုကြပါ။ သို့သော် သူ့ကို မြူဆွယ်ရာတွင် အောက်ပါအကြောင်းပြချက်များပေးပါက အထောက်အကူပြုနိုင်ပါလိမ့်မည်။

ယောဂလုပ်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမည်

သုတေသနများ၌ ယောဂလုပ်ခြင်းသည် ညအိပ်မပျော်ခြင်းနှင့် မူမမှန်သည့် အိပ်စက်ခြင်းများကို ကုသပေးနိုင်ကြောင်း တွေ့ရှိရ၏။ ယောဂသည် ကောင်းကောင်းအိပ်ပျော်စေခြင်း၊ အိပ်ရေးဝခြင်း၊ စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို လျော့ပါးစေခြင်းဖြင့် အိပ်စက်ခြင်း အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။

ထို့အပြင် မအိပ်ပဲနေခြင်းသည် သွေးတိုး၊ ဆီးချို၊ စိတ်ကျရောဂါနှင့် အဝလွန်ခြင်းတို့လို ကျန်းမာရေးပြဿနာများ ဖြစ်စေနိုင်သောကြောင့် အိပ်မပျော်ခြင်းကို အလျင်အမြန်ကုသရန်အတွက် အရေးကြီးပါသည်။ သင့်အမျိုးသားသည် ကောင်းကောင်းအိပ်မပျော်တတ်သူဆိုပါက ဤအကြောင်းပြချက်ကိုပေးပြီး သင်နှင့်အတူ သင်တန်းတက်ဖို့ ပြောနိုင်ပါလိမ့်မည်။

ယောဂသည်စိတ်ဖိစီးမှုကို ထိထိရောက်ရောက်လျော့ချပေးနိုင်မည်

အမျိုးသမီးများသည် စိတ်ဖိစီးမှုကို ထုတ်ဖော်ပြီး ဖြေလျော့တတ်သော်လည်း အမျိုးသားမှာ ဖိစီးမှုများကို မျိုသိပ်ထားတတ်သည်။ သူ၏ပြဿနာများကို လွယ်လွယ်နှင့် ထုတ်မပြတတ်သလို သင်ကဲ့သို့လည်း ပွင့်ပွင့်လင်းလင်း ရှိမည်မဟုတ်ပါ။ နေ့စဉ်ကြုံတွေ့နေရသည့် ဖိအားပေါင်းများစွာကို ကောင်းကောင်းဖြေရှင်းနိုင်လိမ့်မည်ဟု ကိုယ့်ကိုယ်ကို ထင်နေတတ်ပါသည်။

သို့သော်လည်း ဖိစီးမှုများသည်နှင့် မောပန်းသလို၊ တက်ကြွမှုမရှိ၊ အာရုံမစိုက်နိုင်ပဲ ပြင်းထန်သည့် ရောဂါများ ဝင်လာနိုင်ပါသည်။ ယောဂသင်တန်း တက်လိုက်ခြင်းသည် ဖိစီးမှုများကို တိုက်ထုတ်နိုင်ကြောင်း၊ စွမ်းအားပြန်ပြည့်စေကြောင်း အာရုံကောင်းကောင်းစိုက်နိုင်ပြီး အလုပ်လုပ်ရာတွင် ဆုံးဖြတ်ချက်များကို ယုံကြည်မှုအပြည့်ဖြင့် ချမှတ်နိုင်ကြောင်း သင့်အမျိုးသားကိုပြောပြကာ စည်းရုံးနိုင်ပါသည်။

ယောဂသည် လိင်ပိုင်းဆိုင်ရာ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည်

လိင်ဆိုသည်မှာ အမျိုးသားတစ်ယောက်၏ဘဝတွင် အရေးကြီးသော အပိုင်းဏဏ္ဍဖြစ်သည်။ ယောဂသည် လိင်ပိုင်းဆိုင်ရာ ဏဏ္ဍအမျိုးမျိုးဖြစ်သော စိတ်ဆန္ဒြုဖစ်ခြင်း၊ စိတ်ကြွခြင်း၊ အထွဋ်အထိပ်ရောက်ခြင်းနှင့် အလုံးစုံ စိတ်ကျေနပ်မှု ရရှိစေခြင်းတို့ကို အထောက်အကူပြုကြောင်း သူ့ကိုပြောပြလိုက်ပါ။

ထို့အပြင် ယောဂသည် ခွန်အားကိုတိုးစေပြီး၊ ကိုယ်ဟန် မျှတစေကာ ပျော့ပြောင်းလွယ်သောကြောင့် မိမိ၏စွမ်းဆောင်မှုစွမ်းရည်ကို ပိုမိုကောင်းမွန်စေနိုင်ပါသည်။ ထိုအားတက်စရာအချက်များသည် သင့်အမျိုးသားကို ယောဂသင်တန်းဆီသို့ ချက်ချင်းပြေးသွားချင်စိတ် ပေါက်စေနိုင်ပါသည်။

ယောဂသည် ခန္ဓါကိုယ်ကို ပိုကြည့်ကောင်းစေနိုင်သည်

အမျိုးသားအများစုသည် ကိုယ်၊ စိတ်၊ ဝိဉာည် သုံးခုလုံး မျှတစေရန်အတွက် အရေးစိုက်မှုသိပ်မရှိကြပါ။ ယောဂဆိုသည်မှာ တကိုယ်လုံးလှုပ်ရှားရသည့် လေ့ကျင့်ခန်းဖြစ်ကြောင့် သင့်အမျိုးသားကိုပြောပြပါ။

ယောဂပုံစံတစ်ခုကို လေ့ကျင့်သည့်အခါ ခန္ဓါကိုယ်မှကြွက်သားအမျိုးမျိုးက အလုပ်လုပ်ရကြောင်း၊ ကြွက်သားတစ်ချို့ဆိုလျှင် လေ့ကျင့်ပေးသင့်သည်ကိုတောင် အရင်ကမသိရကြောင်းများကို ပြောပြပေးပါ။

ယောဂသည် သူ့ကိုပိုမို သန်စွမ်းစေကာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရစေနိုင်သည့် အသွင်အပြင်ကို ရရှိစေနိုင်ပါသည်။

ယောဂသည် အိမ်ထောင်ရေးတွင် ပိုမိုပျော်ရွှင်စေနိုင်ပါမည်

အတူတကွ ယောဂကျင့်ခြင်းသည် ဈေးမကြီးသည့် နှစ်ဦးဒိတ်ခြင်းပင်ဖြစ်သည်။ သင်တို့နှစ်ယောက်စလုံး တစ်ဦးနှင့်တစ်ဦး ပိုမို ယုံကြည်မှုရှိလာစေပြီး တာဝန်သိစိတ်များ ပိုလာစေနိုင်သည်။ ထိုနှစ်ခုသည် အိမ်ထောင်တစ်ခုအတွက် အရေးကြီးဆုံးဖြစ်သည်။

ယောဂသည် သင်တို့နှစ်ဦးစလုံးအား နီးကပ်စေပြီး ခဏတာအချိန်လေးတွင် တစ်ဦးပြဿနာ တစ်ဦး ဆွေးနွေးပေးနိုင်ခြင်း၊ အဆင်မပြေသည်များကို မေးမြန်းခြင်း ပြုလုပ်နိုင်ပါမည်။ ထို့ကြောင့် နှစ်ဦးသားဆက်ဆံရေးကို ပိုမိုနွေးထွေးစေနိုင်ပါသည်။

သင့်အမျိုးသားသည် ယောဂကို အရင်ကစိတ်ဝင်စားချင်မှ စိတ်ဝင်စားမည်။ သို့သော် အထက်ပါအကြောင်းပြချက်များက သူ့ကိုပြန်စဉ်းစားစေပါလိမ့်မည်။ အတူတကွယောဂကျင့်ကြသော စုံတွဲများသည် သူတို့နှစ်ဦးကြား ဆက်ဆံရေးကို ကောင်းမွန်စေနိုင်ရုံသာမက ကျန်းမာရေးကိုပါ အံ့သြစရာကောင်းအောင် ကောင်းမွန်စေနိုင်ပါသည်။

သင့်အမျိုးသားကို ပထမအဆင့်ထိ မြူဆွယ်လာနိုင်ခဲ့ပြီဆိုပါက ယောဂသည် သူ့အတွက်ဘယ်လောက်ကောင်းကြောင်းကို စတင်သဘောပေါက်လာမည်ဖြစ်ပြီး ရပ်ချင်မှာတောင်မဟုတ်ပဲ သင့်ကို ကျေးဇူးတွေသာ လွတ်တင်နေပါလိမ့်မည်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

  1. 7 Benefits of Yoga for Men. http://health.usnews.com/health-news/blogs/eat-run/2014/05/28/7-benefits-of-yoga-for-men. Accessed August 20, 2016.
  2. How to Convince Your Man to Join You on the Mat – Benefits of Yoga for Men. http://kimberlysnyder.com/blog/2014/02/27/convince-man-join-mat-benefits-yoga-men/. Accessed August 20, 2016.

8 YOGA BENEFITS FOR Men. http://www.canadianliving.com/health/fitness/article/8-yoga-benefits-for-men. Accessed August 20, 2016.

ယခုပုံစံ

12/05/2020

Dr. Hlaing Min Ko Ko မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကယ်လိုရီ ၅၀၀ လောင်ကျွမ်းစေနိုင်တဲ့ လေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Hlaing Min Ko Ko မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 12/05/2020 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement