• ဒါကြောင့်မို့ ဆေးလိပ်ဖြတ်ပြီးနောက် အစာစားချင်စိတ်နဲ့ စားသောက်မှုပုံစံ ပြောင်းလဲလာနိုင်တာတွေအတွက် ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ်အလေးချိန်တက်တာကို လျော့နည်းစေပါလိမ့်မယ်။
ကိုယ်အလေးချိန်ကို ဘယ်လိုထိန်းရင် ရမလဲ
• သင်စားမယ့်အစာတွေ၊ သွားရည်စာတွေကို ကြိုတင်ပြင်ဆင်ပါ။ အသီးအနှံ၊ အရွက်နဲ့ အခွံမာသီးတွေကို ရေခဲသေတ္တာထဲ အလွယ်တကူ စားလို့ရအောင် ထည့်ထားပါ။ ဘီစကွပ်၊ သကြားလုံးနဲ့ အချိုရည်တွေကို ရှောင်ပါ။ တတ်နိုင်သမျှ သွားရည်စာတွေကို ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။
• လေ့ကျင့်ခန်းများများလုပ်ပါ။ကိုယ်အလေးချိန်ကျဖို့အတွက်တင်မကဘဲ ပြန်မသောက်မိအောင် အာရုံလွှဲဖို့အတွက်လည်း လုပ်သင့်ပါတယ်။ ပုံမှန်ထက် လမ်းနည်းနည်းမြန်မြန်လျှောက်ရင်ကို ကိုယ်အလေးချိန် ကျနိုင်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ သိပ်စိတ်ပူနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး အကြံဉာဏ်တွေ ရယူနိုင်ပါတယ်။ သင်နဲ့ကိုက်ညီတဲ့ စားသောက်မှုပုံစံနဲ့ လေ့ကျင့်ခန်းတို့ကို အကြံပေးပါလိမ့်မယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။