backup og meta

တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရာမှ ဖြစ်နိုင်သောရောဂါများ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ရှူမိရာမှ ဖြစ်နိုင်သောရောဂါများ

    တစ်ဆင့်ခံဆေးလိပ်ငွေ့ဆိုတာက မီးညှိထားတဲ့စီးကရက်ကနေ ထွက်လာတဲ့ မီးခိုးငွေ့နဲ့ ဆေးလိပ်သောက်သုံးသူက မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့တွေ ပေါင်းစပ်မှုကြောင့်ဖြစ်ပါတယ်။ တစ်ဆင့်ခံဆေးလိပ်ငွေ့မှာလည်း ဆေးလိပ်သောက်သုံးသူ ရှူရှိုက်လိုက်သော အန္တရာယ်များတဲ ဓါတုပစ္စည်းတွေ ပါဝင်တာချင်းအတူတူပဲဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့မှာ ဓါတုပစ္စည်း ၇,၀၀၀ ကျော်ပါဝင်ပါတယ်။ ဓါတုပစ္စည်း ရာပေါင်းများစွာက အဆိပ်ဖြစ်စေပြီး ၇၀ ကတော့ ကင်ဆာဖြစ်စေနိုင်ပါတယ်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့က နှလုံးသွေးကြောဆိုင်ရာ ရောဂါဖြစ်စေနိုင်ပါတယ်။

    ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူလိုပဲ တစ်ဆင့်ခံဆေးလိပ်ငွေ့ရှုရှိုက်မိတာကလည်း နှလုံးရောဂါအမျိုးမျိုးကိုဖြစ်ပေါ် စေနိုင်ပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ် မသောက်သုံးသူတွေမှာတောင် နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားရနိုင်ခြေများစေပါတယ်။ နေအိမ်မှာတစ်ဆင့်ခံဆေးလိပ်ငွေ့ကို ကာလရှည်ကြာ ရှူရှိုက်နေမိသူတွေမှာ ဆေးလိပ်ငွေ့ နဲ့လုံးဝမထိတွေ့မိသူတွေနဲ့ နှိုင်းစာရင် နှလုံးရောဂါဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်း အထိပိုများနေတာကို တွေ့ရှိရပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ကို ရှူရှိုက်နေရသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ချေ အန ္တရာယ်ဟာ ကိုယ်တိုင်ဆေးလိပ်သောက်သုံးသူတွေ မှာရှိတဲ့အန ္တရာယ်ရဲ့သုံးပုံတစ်ပုံ ရှိပါတယ်။

    အဆုတ်ရောဂါလည်းခံစားရနိုင်ပါတယ်။

    ဆးလိပ်သောက်သုံးခြင်းက လေပြွန်နဲ့အဆုတ်ထဲမှာရှိတဲ့ လေအိတ်ငယ်လေးတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့ ရောဂါတွေဖြစ်စေပါတယ်။ တဆင့်ခံဆေးလိပ်ငွေ့ကြောင့် emphysema (အဆုတ်လေအိတ်ငယ်လေးများ ပျက်စီးခြင်း) နဲ့ နာတာရှည်လေပြွန်ရောင်ရမ်းခြင်း တို့ပါဝင်တဲ့COPD လိုမျိုး အဆုတ်ရောဂါတွေ ဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ တကယ်လို့ ပန်းနာရင်ကျပ်ရောဂါအခံရှိပါက ဆေးရွက်ကြီးကနေထွက်ပေါ်လာတဲ့ ဆေးလိပ်ငွေ့ကြောင့် ရင်ကျပ်ရောဂါထနိုင်စေသလို အခြေအနေကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဆေးလိပ်သောက်သုံးသူတွေနဲ့ ထိတွေ့နေရသူတွေဟာ ဆေးလိပ်မသောက်သုံးသူတွေ ထက် COPD ကြောင့်သေဆုံးနိုင်ခြေ ၁၂ ဆကနေ ၁၃ ဆအထိပိုများပါတယ်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ကြောင့် ကင်ဆာရောဂါ ဖြစ်ပေါ်ခံစားရနိုင်တယ်။

    တဆင့်ခံဆေးလိပ်ငွေ့က လူသားတွေမှာ ကင်ဆာဖြစ်စေနိုင်တယ်ဆိုတ ဲ့အချက်တစ်ချက်ကို အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့က ဆေးလိပ်မသောက်သူတွေမှာတောင် အဆုတ်ကင်ဆာ ဖြစ်စေနိုင်ပါတယ်။ ဆေးရွက်ကြီးကနေ ထွက်လာတဲ့ဆေးလိပ်ငွေ့နဲ့ ကာလရှည်ကြာ ထိတွေ့မိတဲ့ ဆေးလိပ် မသောက်သူတွေဟာ ဆေးလိပ်ငွေ့နဲ့ လုံး၀ ထိတွေ့မှုမရှိတဲ့ သူတွေထက် အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းပိုများပါတယ်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့နဲ့ကလေးငယ်များကျန်းမာရေး

    ကလေးငယ်တွေရဲ့ခန္ဓါကိုယ်ဟာဆက်လက် ကြီးထွားဖွံ့ဖြိုးနေဆဲဖြစ်သလို ကလေးငယ်တွေရဲ့ အသက်ရှုနှုန်းဟာ အရွယ်ရောက်ပြီးသူတွေထက် ပိုမြန်တာကြောင့် တဆင့်ခံဆေးလိပ်ငွေ့ရဲ့ဆိုးကျိုးကို ခံစားရနိုင်ခြေပိုများပါတယ်။ ငယ်ရွယ်တဲ့ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ရဲ့ ဆိုးကျိုးကို ပိုမိုခံစားရပါတယ်။ ကလေးငယ်တွေဟာ တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ရှောင်ရှားနိုင်စွမ်းနည်းပါတယ်။ ကလေးငယ်တွေမှာ တစ်ဆင့်ခံဆေးလိပ်ငွေ့ထိတွေ့မှု အနေအထား အများစုက နေအိမ်မှာ အရွယ်ရောက်ပြီးသူတွေ ဆေးလိပ်သောက်သုံးမှုကြောင့်ဖြစ်ပါတယ်။

    လေ့လာမှုတွေအရ

    ဆေးလိပ်သောက်သုံးသူမိဘတွေကနေ မွေးဖွားတဲ့ ကလေးငယ်တွေဟာ

    • မကြာခဏဖျားနာခြင်း

    • အဆုတ်နဲ့ပတ်သက်တဲ့ ကူးစက်ရောဂါတွေ ပိုခံစားရခြင်း(လေပြွန်ရောင်ရမ်းတာ နဲ့ အဆုတ်ရောင်ရောဂါ လိုမျိုး)

    • ချောင်းဆိုး၊ အသက်ရှူမဝ၊ မောခြင်း နဲ့ အသက်ရှူလျှင် လေသံ တရွှီရွှီ မြည်ခြင်းတို့ကို ပိုခံစားရနိုင်ခြင်း

    • နားကူးစက်ရောဂါ ပိုခံစားရခြင်း

    တစ်ဆင့်ခံဆေးလိပ်ငွေ့က ပန်းနာရင်ကျပ်ရောဂါ ထစေနိုင်သလို၊ ရောဂါအခြေအနေကိုလည်း ပိုဆိုးစေပါတယ်။ အရင်က ရောဂါမရှိတဲ့ ကလေးတွေမှာတောင် ပန်းနာရင်ကျပ်ရောဂါဖြစ်စေနိုင်ပါတယ်။

    တစ်ဆင့်ခံဆေးလိပ်ငွေ့ကို ဘယ်လိုရှောင်ရှားမလဲ။

    အဖြေကတော့ ရိုးစင်းပါတယ်။ ဆေးလိပ်သောက်သုံးသူများ အနီးမှာ မနေပါနဲ့။ ကိုယ့်အနီးဝန်းကျင်ကဆေးလိပ်သောက်သုံးသူတွေကို ဆေးလိပ်ဖြတ်ဖို့ တိုက်တွန်းပါ။ ဆေးလိပ်သောက်သုံးသူတွေ အနေနဲ့လည်း အခြားသူများနဲ့ဝေးဝေး ဖြစ်နိုင်ရင် လူမရှိတဲ့ နေရာပြင်ပကို ထွက်ပြီး ဆေးလိပ်သောက်သင့်ပါတယ်။ တကယ်လို့များ နေအိမ်မှာ ကလေးငယ်တွေ ရှိနေမယ်ဆိုရင် နေအိမ်ကို ဆေးလိပ်ကင်းစင်နေရာ အဖြစ်သတ်မှတ် ထားရှိဖို့က အရေးအကြီးဆုံး အချက်ဖြစ်ပါတယ်။ ကလေးငယ်တွေကို ဆေးလိပ်ငွေ့နဲ့ ဝေးဝေးနေစေတာက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ၊ ပြင်းထန်တဲ့ ပန်းနာရင်ကျပ်ရောဂါ၊ ကင်ဆာနဲ့အခြား ပြင်းထန်တဲ့ရောဂါလက္ခဏာများ ခံစားရနိုင်ခြေကို ကျဆင်းအောင်အထောက်အကူ ပေးနိုင်ပါတယ်။

    မိဘတွေအနေနဲ့ ကလေးငယ်တွေကို တစ်ဆင့်ခံဆေးလိပ်ငွေ့ကနေ အကာအကွယ် ပေးနိုင်ဖို့အတွက် အောက်ပါအချက်တွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

    • နေအိမ်ထဲမှာ (သို့) နေအိမ်အနီးဝန်းကျင်မှာ တစ်ဦးတစ်ယောက်ကိုမှ ဆေးလိပ် သောက်သုံးခွင့်မပေးပါနဲ့။

    • ကားပြတင်းတံခါးတွေကို မှန်ချထားတယ် ဆိုရင်တောင်မှ တစ်ဦးတစ်ယောက်ကိုမှ ကားထဲမှာဆေးလိပ်သောက်သုံးခွင့် မပေးပါနဲ့။

    • ကလေးငယ်ကိုသွားရောက်အပ်နှံမယ့် နေ့ကလေးထိန်းစင်တာတွေနဲ့ စာသင်ကျောင်းတွေမှာ ဆေးရွက်ကြီး ကင်းစင်တာ သေချာအောင်ဆောင်ရွက်ပါ။

    • တကယ်လို့မိမိနေထိုင်တဲ့ နိုင်ငံက အများပြည်သူပိုင် နေရာတွေမှာ ဆေးလိပ်သောက်သုံးခွင့် ပေးထားပါက အပြင်ကိုသွားတဲ့အခါ ဆေးလိပ် သောက်သုံးခွင့်မပြုတဲ့ စားသောက်ဆိုင်တွေနဲ့ နေရာတွေကို ရှာဖွေပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement