backup og meta

အသည်းကျန်းမာဖို့ ဆေးလိပ်ကိုဘယ်လိုဖြတ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Kaung Thar မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသည်းကျန်းမာဖို့ ဆေးလိပ်ကိုဘယ်လိုဖြတ်မလဲ။

    အကယ်၍သင်သည်ဆေးလိပ်သောက်သူတစ်ယောက်ဖြစ်လျှင်ဆေးလိပ်ဖြတ်ခြင်းကြောင့်ရရှိမည့်အကျိုးကျေးဇူးများကိုသိထားသင့်သည်။ ထို့အပြင် သင့်မှာအသည်းရောဂါရှိသည်ဟုသိခဲ့လျှင်အသည်း၏လုပ်ငန်းများကိုကာကွယ်ရန် ဆေးလိပ်ကိုချက်ချင်းရပ်ရမည်။ သို့သော်အချိန်တိုလေးအတွင်း ဆေးလိပ်ဖြတ်ရန်အလွန်ခဲယဉ်းသည်။ အောက်ပါအချက်များကသင့်အတွက်အသုံးဝင်မည်ဟုမျှော်လင့်ပါသည်။

    ဆေးလိပ်ဖြတ်ရန်အစီအစဉ်ပြုလုပ်ခြင်း

    အချို့လူတို့သည်ဆေးလိပ်ချက်ချင်းဖြတ်ခြင်းကိုပို၍နှစ်သက်သည်။ သို့သော်လေ့လာချက်များအရ သင်သည်ပုံမှန်ထက်ဆေးလိပ်သောက်ခြင်းကိုလျှော့ချလိုက်လျှင် ဆေးလိပ်ကိုပို၍သောက်ချင်ကာနီကိုတင်းအတိုင်းအတာသည်ပုံမှန်အတိုင်းရှိနေလိမ့်မည်။ ထို့ကြောင့်သင်သည်ဆေးလိပ်ဖြတ်ချင်တာလုံးဝသေချာသည့်တစ်နေ့ရွေးကာထိုနေ့မှလုံးဝဖြတ်ရမည်။ သင်၏စီးကရက်များနှင့်ပြာခွက်များကို အိမ်၊အလုပ်နှင့်သင့်အနီးနားမှဖယ်ရှားပစ်ပါ။ ဆေးလိပ်ဖြတ်ခြင်းနှင့်တစ်ပြိုင်ထဲမှာပင်အစီအစဉ်များကိုပြုလုပ်သင့်သည်။ ထိုအစီအစဉ်က သင်၏ဆေးလိပ်ဖြတ်ခြင်းကိုပို၍လွယ်ကူအောင်ပြုလုပ်ပေးသည်။

    အခြားလူများဆီမှအကူအညီယူပါ။

    လေ့လာချက်များအရ အခြားသူများဆီမှအကြံဉာဏ်နှင့်အကူအညီများသည် ဆေးလိပ်ဖြတ်ရာတွင်အထောက်အကူပြုသည်။ ဆရာဝန်ဆီမှအကြံအနည်းငယ်ကပင် ဆေးလိပ်ဖြတ်ရာတွင်အထောက်အကူဖြစ်သည်။ ထို့ကြောင့်သင့်၏မိသားစုနှင့်မိတ်ဆွေများကို သင်ဆေးလိပ်ဖြတ်နေကြောင်း ရဲရင့်စွာပြောပါ။ မလွဲမသေကူညီပါလိမ့်မည်။ မိသားစုဝင်(သို့)သူငယ်ချင်းများတွင် ဆေးလိပ်သောက်သူရှိပါက သင်နှင့်အတူတူဆေးလိပ်ဖြတ်ခြင်းသည် ပို၍ကောင်းသည်။ တစ်ယောက်ထဲထက်အဖွဲ့နှင့်လုပ်ဆောင်ခြင်းသည်းပို၍လွယ်ကူသည်။ အကြောင်းမှာသင့်နားတွင်ဆေးလိပ်သောက်သူရှိလျှင် ဆေးလိပ်ဖြတ်ရန်ပို၍ခက်ခြင်းကြောင့်ဖြစ်သည်။

    စီးကရက်ထဲရှိနီကိုတင်းကိုအစားထိုးပါ။

    စီးကရက်ထဲရှိနီကိုတင်းကို သွားဖုံး၊ရှူဆေး၊စပရေး၊ငုံဆေးများဖြင့်အစားထိုးနိုင်သည်။ အကြောင်းမှာဆေးလိပ်ဖြတ်လိုက်လျှင်နီကိုတင်းဖြတ်လိုက်ခြင်းကြောင့်ခေါင်းကိုက်ခြင်း၊စိတ်မငြိမ်ဖြစ်ခြင်း၊အားအင်ကုန်ခန်းခြင်းတို့ဖြစ်ကာ ဆေးလိပ်သောက်ရန်တောင်းတတတ်ပါသည်။ ထို့ကြောင့်နီကိုတင်းအစားထိုးခြင်းဖြင့်ဆေးလိပ်ပိုဖြတ်နိုင်သည်။ သင်သည်၁၈နှစ်အောက်ဖြစ်ပါက ဤနသည်းအသုံးပြုရန်ဆရာဝန်ဆီမှခွင့်ပြုချက်ယူရပါမည်။ ဤအစီအစဉ်သည်သင်၏နေထိုင်မှုပုံစံနှင့်မိဘသူငယ်ချင်းများမှအားပေးမှုများရှိပါကအကောင်းဆုံးဖြစ်သည်။

    ဆေးလိပ်မသောက်သူနှင့် ဝါသနာအသစ်တစ်ခုကြိုးစားကြည့်ပါ။

    သင်၏လက်များသွက်လက်ကာစိတ်ဖိစီးမှုလျော့နည်းစေမသည့်တစ်ခုခုကိုပြုလုပ်ပါ(ဥပမာ-လေ့ကျင့်ခန်း)။ ဤကဲ့သို့ပြုလုပ်ခြင်းကပို၍အောင်မြင်နိုင်သည်။ အစဉ်အမြဲသွက်လက်နေခြင်းက နီကိုတင်းတောင်းတမှုကို ဟန့်တားနိုင်ကာဆေးလိပ်ဖြတ်ခြင်းကြောင့်ရမည့်လက္ခဏာများကိုသက်သာစေပါသည်။ သင်ဆေးလိပ်သောက်ချင်သည့်အခါ စကိတ်စီးခြင်း(သို့)အနှေးပြေးခြင်းဖြင့်အစားထိုးလိုက်ပါ။ ခွေးနှင့်လမ်းလျှောက်ခြင်း(သို့)ဥယျာဉ်ထဲတွင်အပင်စိုက်ခြင်းကဲ့သို့လေ့ကျင့်ခန်းသေးစားလေးကပင်ကူညီနိုင်သည်။ ဆေးလိပ်ဖြတ်သည်နှင့်လောင်ကျွမ်းသွားသောကယ်လိုရီများကဝခြင်းကိုလျှော့ချပေးသည်။

    ဆေးလိပ်သောက်ခြင်းကိုရှောင်ရှားပါ။

    ဆေးလိပ်သောက်ချင်သည့်အခြေအနေများကိုသတိထားပါ။ အထူးသဖြင့်အရက်သောက်ခြင်းသည်ဆေးလိပ်ဖြတ်ရာတွင်အဟန့်အတားဖြစ်သည်။ ဆေးလိပ်ဖြတ်ပြီးပထမရက်ပိုင်းအတွင်း အရက်မသောက်မိအောင်ဆင်ခြင်ရမည်။ ထိုရက်များအတွင်းနေ့စဉ်လှုပ်ရှားမှုကိုပြောင်းလဲပး။ ထို့ပြင်လ္ဘက်ရည်နှင့် ကော်ဖီအစားသစ်သီးဖျော်ရည်နှင့် ရေများများသောက်ပေးခြင်းက ပို၍သင့်တော်ပါသည်။

    နောက်ဆုံးအနေဖြင့်ရေးအကြီးဆုံးမှာ အနှောက်အယှက်များကသင်၏ရည်ရွယ်ချက်များကိုမကျရှုံးစေရန်ဖြစ်သည်။ စက်ဘီးစီးသင်သည်နှင့်တူပါသည်။ သင်လဲကျသည့်အခါပြန်ထပြီးထပ်ကြိုးစားသင့်သည်။ ခက်ခဲသောနေ့များရှိသလိုကောင်းမွန်သောနေ့များလည်းရှိနိုင်သည်။ ဆေးလိပ်ကိုအောင်မြင်စွာဖြတ်သောသူများသည်ပထမဆုံးအခေါက်တွင်လဲကျလျှင်ပင် ပြန်ထသည်ကိုသိထားရန်လိုအပ်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Kaung Thar မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement