ရှေးဦးသူနာပြုစုခြင်း

အိမ်မှာဖြစ်တတ်တဲ့ မတော်တဆ ထိခိုက်မှုတွေ နဲ့ ထိခိုက်ဒဏ်ရာတွေကို သက်သာစေမယ့် အရေးပေါ် စောင့်ရှောက်နည်းတွေကို လူတိုင်းလိုလို သိထားသင့်ပါတယ်။ ရှေးဦးသူနာပြုစုနည်းတွေကို ဒီနေရာမှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ရှေးဦးသူနာပြုစုခြင်း

မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ

ဓာတ်ဆီအပါအဝင် ဒီဇယ်ဆီ၊ ရေနံဆီ စတာတွေက ဟိုက်ဒရိုကာဗွန်ပါတဲ့ အရည်တွေဖြစ်ပြီး မီးလောင်လွယ်၊ လောင်စားလွယ်ပါတယ်။ ဒီအရည်တွေက ခန္ဓာကိုယ်ထဲကို မတော်တဆ ဝင်လာတဲ့အခါ အဆိပ်သင့်တတ်ပါတယ်။ ဒါကြောင့် မတော်တဆ ဓာတ်ဆီပါးစပ်ထဲ ဝင်တဲ့အခါ ဒါမှမဟုတ် အငွေ့တွေကို ရှူမိတဲ့အခါ ဘယ်လိုရှေးဦးသူနာပြုစုနည်းနဲ့ ကူညီပေးရမလဲဆိုတာကို ပြောပြပေးပါမယ်။ မတော်တဆ ဓာတ်ဆီ အဆိပ်သင့်နိုင်တဲ့ အကြောင်းအရင်းများ ဓာတ်ဆီက ခန္ဓာကိုယ်ထဲကို ဝင်နိုင်တဲ့ နည်း ၃ခုရှိပါတယ်။ ရှူမိတာရယ်၊ သောက်မိတာရယ်၊ အရေပြားနဲ့ ထိတွေ့မိတာရယ်ပါ။ ဓာတ်ဆီဆိုင်မှာ အကြာကြီး တန်းစီနေရင်း ဒါမှမဟုတ် ဓာတ်ဆီဆိုင်မှာ အလုပ်လုပ်ရင်း အချိန်ကြာကြာနဲ့ အများကြီး ရှူမိတာမျိုး ရှိနိုင်သလို အရေပြားပေါ်မှာ အများကြီး ပေကျံသွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကလေးတွေမှာ မတော်တဆ အိမ်မှာ ဓာတ်ဆီပုလင်းကို ယူပြီး သောက်မိတာမျိုး ရှိနိုင်သလို လူကြီးတွေမှာလည်း မတော်တဆ […]

ရှေးဦးသူနာပြုစုခြင်း ကို ရှာဖွေမည်။

ရှေးဦးသူနာပြုစုခြင်း

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ

အနာသွေးတိတ်အောင်ဘယ်လိုလုပ်မလဲ ....... ထိခိုက်ဒဏ်ရာ ရရင် သွေးမထွက်တာမျိုးက သိပ်မရှိပါဘူး။ အနည်းဆုံး သွေးလေးတော့ စို့တတ်ကြပါတယ်။ အနာ ဖြစ်လို့ သွေးထွက်တဲ့အခါ သွေးထွက်လွန်လား။ အနာက ပြင်းထန်နေတာလား ဆိုပြီး စိုးရိမ်စရာတွေ ဖြစ်လာတာက အမြဲလိုလို ဖြစ်တတ်ကြမယ် ထင်ပါတယ်။ ဒီတော့ အနာကို သွေးတိတ်အောင် ဘယ်လို ဂရုစိုက်ရမလဲ ဆိုတာကို သိထားမယ် ဆိုရင်တော့ အဆင်ပြေမှာပါ။ အနာက သွေးထွက်မှလည်း အနာထဲမှာ ဝင်နေတဲ့ အမှုန်နဲ့ ပိုးမွှားတွေကို သန့်စင်ပြီး ဖြစ်မှာပါ။ အနာ ဖြစ်တဲ့ အခါ သွေးထွက်တယ် ဆိုတာက ခန္ဓါကိုယ်မှာ ရှိနေတဲ့ သွေးကြောတွေထဲက သွေးတွေ ဆုံးရှုံးသွားတာပဲ ဖြစ်ပါတယ်။ အနာဖြစ်လို့ သွေးထွက်တဲ့အခါ သွေးလွန်တာမျိုး မဖြစ်စေဖို့အတွက် သွေးတိတ်အောင် မြန်မြန် လုပ်ဆောင်ဖို့ […]


ရှေးဦးသူနာပြုစုခြင်း

ကလေးကို အင်းဆက်ကိုက်ခံရရင် ဘယ်လိုပြုစုကုသမလဲ

ကလေးတွေကို ခြင်၊ ကြမ်းပိုး၊ပျား၊ ပုရွက်ဆိတ်၊စတဲ့ အင်းဆက်တွေကိုက်ခံရတတ်ပါတယ်။ ဘာမှမသိသေးတဲ့အရွယ်ဆိုတော့ အကောင်ကိုက်မှာလည်းမသိဘဲ ပိုးကောင်လိုက်ဖမ်းရင်းဆော့တောင်ဆော့နေတတ်ကြပါသေးတယ်။ ပိုးမွှားကိုက်ခံရရင် နာကျင်ရတယ်ဆိုပေမယ့်လည်း အန္တရာယ်ဖြစ်တာတော့နည်းပါတယ်။ နာကျင်မှုကတဖြည်းဖြည်းလျော့သွားမှာဖြစ်ပြီးနောက်နေ့ကျပျောက်သွားမှာပါ။ ဒါပေမယ့်ကလေးရဲ့ ပါးစပ် သို့မဟုတ် လည်ပင်းကို အကိုက်ခံ၊ အတုပ်ခံရရင် ဒါမှမဟုတ် အကောင်ကိုက်ခံရလို့ ပြင်းထန်တဲ့အရေပြားဓါတ်မတည့်မှုဖြစ်လာခဲ့ရင် ချက်ချင်းဆေးကုသမှုခံယူသင့်ပါတယ်။ အင်းဆက်ကိုက်ခံရခြင်း ပိုးမွှားကိုက်ခံရတာအများစုက အဆိပ်ရှိတာမျိုးမဟုတ်ပေမယ့် ဘာကောင်ပဲကိုက်ကိုက် ဓါတ်မတည့်တုံ့ပြန်မှုကရှိတတ်တာပါပဲ။ ဒီတုံ့ပြန်မှုရဲ့ပြင်းထန်မှုအတိုင်းအတာကလည်းကွာခြားနိုင်ပါတယ်။ နဂိုတည်းက anaphylaxis လို့ခေါ်တဲ့ ပြင်းထန်တဲ့ဓါတ်မတည့်မှုဝေဒနာရှိတဲ့ကလေးတွေဖြစေ်နနိုင်တာကြောင့် ပိုသတိထားရပါတယ်။anaphylaxis ဆိုတာ ချက်ချင်းကုသမှုခံယူမှဖြစ်မယ့်ရောဂါအခြေအနေတစ်ခုဖြစ်လို့ပါ။   ပိုးမွှားကိုက်ခံရတဲ့လက္ခဏာများ အင်းဆက်ပိုးမွှားကိုက်ခံရတဲ့လက္ခဏာတွေကတော့ ဒီအပေါ်ကလေးရဲ့ခန္ဓါကိုယ်ကတုံ့ပြန်မှုဘယ်လိုရှိသလဲဆိုတာကို တော်တော်လေးမူတည်ပါတယ်။တွေ့ရတတ်တဲ့လက္ခဏာတွေကတော့ - အကိုက်ခံရတဲ့နေရာမှာ ယားယံပြီးနာကျင်တဲ့အနာလေးဖြစ်ပြီးအရေပြားမှာသိသာမှုအနည်းငယ်ရှိလာခြင်း၊ တချို့ကလေးတွေမှာ အကောင်ကိုက်ခံရတဲ့ နီရဲရောင်ရမ်းမှုက ပိုသိသာပြီး အနာပိုကြီးတတ်ပါတယ်။ ကလေးငယ်(နှင့်လူကြီး) တချို့မှာanaphylaxisလို့ခေါ်တဲ့ပြင်းထန်တဲ့ဓါတ်မတည့်မှုရောဂါဖြစ်လာတတ်ပါတယ်။anaphylaxis ရဲ့လက္ခဏာတွေကတော့ အဖုအပိန့်ထွက်ခြင်း၊ယားယံခြင်း၊ဗိုက်အောင့်ခြင်း၊ချောင်းဆိုးခြင်း၊အသက်ရှုသံတရွှီရွှီမြည်ခြင်း၊အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မွန်းကြပ်ခြင်း၊ သတိလစ်ခြင်းတို့ပါဝင်ပါတယ်။   အိမ်မှာ ဘယ်လိုပြုစုကုသပေးမလဲ ကလေးကို အင်းဆက်ပိုးမွှားကိုက်ခံရတဲ့အခါ သိပ်မများရင်၊ ဓါတ်မတည့်မှုမပြင်းထန်ရင် အိမ်မှာပဲပြုစုကုသပေးလို့ရနိုင်ပါတယ်။ အရင်ဆုံး […]


ရှေးဦးသူနာပြုစုခြင်း

အပူလောင်နာ ဘယ်လိုကုသရမလဲ

အပူလောင်ခြင်းဟာ အဖြစ်များတဲ့ကိစ္စတစ်ခုဆိုပေမယ့် ခံစားရမသက်သာတဲ့ဝေဒနာလည်းဖြစ်ပါတယ်။တော်တန်ရုံအသေးစားအပူလောင်တာဆိုရင်ဆေးခန်းသွားစရာမလိုဘဲ အိမ်မှာတင်ကုသလို့ရပေမယ့်ပြင်းထန်ပြီဆိုရင် အနာကိုပိုးမဝင်အောင်၊ အနာမရင်းအောင်၊ ဆိုးဆိုးရွားရွားအမာရွတ်မကျန်အောင်သေချာဂရုစိုက်ကုသဖို့လိုအပ်ပါတယ်။ အပူလောင်စေတဲ့အကြောင်းရင်းကအမျိုးမျိုးရှိပါတယ် - ရေနွေးပူ၊ဆီပူလောင်ခြင်း ဓာတုပစ္စည်းကြောင့်လောင်ခြင်း လျှပ်စစ်ကြောင့်လောင်ခြင်း မီးအပူလောင်ခြင်း ( မီးအပူဟပ်ခြင်း၊ ဖယောင်းတိုင်မီးစသည်) နေလောင်ခြင်း အပူလောင်ခြင်း ပြင်းထန်မှုအဆင့်သတ်မှတ်ခြင်း အပူလောင်တာကို အဆင့်(၁)၊ အဆင့်(၂)၊ အဆင့်(၃) ဆိုပြီး အဆင့်သုံးခုခွဲထားပါတယ်။ အဆင့်(၁)ကတော့ အားအလျော့ဆုံးဖြစ်ပြီး အဆင့်(၃)ကတော့ အားအပြင်းဆုံး ဖြစ်ပါတယ်။ အဆင့်တစ်ခုချင်းဆီက ကွဲပြားတဲ့လက္ခဏာနဲ့ ထိခိုက်မှုကို ဖော်ပြပါတယ်။ အဆင့်(၁) အပူလောင်မှု - အရည်ကြည်ဖုမထွက်ဘဲ အရေပြားနီရဲနေတာ၊ နာကျင်မှုအနည်းငယ်၊ ရောင်ရမ်းမှု အနည်းငယ် ရှိမယ်။ အဆင့်(၂) အပူလောင်မှု - ထိခိုက်မိတဲ့နေရာမှာ အရည်ကြည်ဖုနဲ့ ထူအမ်းအမ်းဖြစ်နေမယ်။ အဆင့်(၃) အပူလောင်မှု - ထူအမ်းအမ်းဖြစ်နေတဲ့ နေရာပမာဏ များမယ်၊ အရေပြား ကွာကျပြီး အဖြူရောင် […]


ရှေးဦးသူနာပြုစုခြင်း

အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ

လူတိုင်းက ထိခိုက်ဒဏ်ရာနဲ့ မကင်းကြပါဘူး။ ထိခိုက်ဒဏ်ရာ ရတဲ့အခါ လူ့ခန္ဓာကိုယ်က ပုံမှန် ဇီဝဖြစ်စဉ်က အနာကျက်အောင် အဆင့်ဆင့်လုပ်ဆောင်ပေးပါတယ်။ အနာ တစ်ခု ကောင်းကောင်းမွန်မွန်နဲ့ ကျက်သွားဖို့ ဆိုရင် အနေအထိုင် အစားအသောက်နဲ့ အနာကိုပါထိန်းသိမ်းဖို့လိုပါမယ်။ အခု တစ်ခေါက်တော့ အနာကျက်နှေးစေနိုင်မယ့် အလေ့အထများ ကို ဖော်ပြပေးပါ့မယ်။ အဲဒီ အလေ့အထတွေကို ရှောင်ကျဉ်မယ်ဆိုရင် အနာကို မြန်မြန်ဆန်ဆန် ကျက်စေမှာပါ။ အနာဘယ်လိုကျက်တာလဲ အနာတိုင်းက အဆင့် ၃ ဆင့်နဲ့ အနာကျက်တာပါ။ အနာ တစ်ခု ဖြစ်လာတဲ့အခါ အစောပိုင်း ရက်အနည်းငယ် အတွင်းမှာ အနာက ရောင်ရမ်း လာတာကို တွေ့ရပါမယ်။ ဒါက ပုံမှန် ပါပဲ။ အနာ ကျက်စေဖို့ အတွက် အနာ တဝိုက်က သွေးကြောတွေကို သွေးစီးဆင်းမှုကို ထိန်းချုပ်လိုက်တာကြောင့် […]


ရှေးဦးသူနာပြုစုခြင်း

အနာပိုးဝင်တာနဲ့ပတ်သက်ပြီး ဘာတွေသိထားသင့်လဲ

ထိခိုက်ဒဏ်ရာရတဲ့အခါသေချာဂရုစိုက်ဖို့လိုအပ်ပါမယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင် အနာရင်းတာ၊ အမာရွတ်ထင်ကျန်တာ၊ အနာပိုးဝင်တာနဲ့ အခြားမလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။ အနာပိုးဝင်တာက ဂရုမစိုက်ဘဲထားရင်နောက်ဆက်တွဲဆိုးကျိုးတွေအများကြီးပါ။ ဒီဆောင်းပါးမှာတော့ အနာပိုးမဝင်အောင်ဘယ်လိုထားရမလဲဆိုတာနဲ့ အနာပိုးဝင်ရင်ဘယ်လိုဖြစ်တတ်လဲ ဆိုတာတွေကိုပြောပြပေးမှာဖြစ်ပါတယ်။ အနာပိုးဝင်ခြင်း အနာပိုးဝင်စေနိုင်တဲ့အကြောင်းအရင်းတွေကတော့ အများကြီးပါ။ အရေပြားကခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်အောင်ကာကွယ်ပေးထားတဲ့ ခန္ဓါကိုယ်ရဲ့ အခြေခံအကျဆုံးကာကွယ်ရေးခံတပ်တစ်ခုပါ။ အရေပြားမှာ ထိခိုက်ပွန်းပဲ့တာမျိုးဖြစ်သွားပြီဆိုရင် ကိုယ်တွင်းကိုပြင်ပကရောဂါပိုးတွေဝင်ရောက်လာဖို့ လမ်းပွင့်သွားပါပြီ။မေးခိုင်ပိုးလိုမျိုးရောဂါပိုးတွေကတော့ ဖုန်မှုန့်တွေ၊မြေကြီးတွေနဲ့ သန့်ရှင်းမှုမရှိတဲ့ရေတွေထဲမှာရှိနေတတ်ပါတယ်။ အနာဖြစ်နေတဲ့အခါ အနာက ဘယ်လောက်ပဲသေးသေး အခန့်မသင့်ရင် ပိုးဝင်နိုင်ပါတယ်။ ညအိပ်တဲ့အခါမျိုးမှာ အနာကို ဖွင့်ထားတာမျိုးက သိပ်ကိစ္စမရှိပေမယ့် အပြင်ကိုသွားတဲ့အခါမျိုးမှာတော့ အနာကဘယ်လောက်သေးသေး ပလာစတာလောက်တော့ ကပ်သွားဖို့လိုပါမယ်။ မတော်တဆပိုးဝင်သွားတာမျိုးဖြစ်နိုင်တာကြောင့်ပါ။ ခွဲစိတ်ထားတဲ့ ချုပ်ရိုးတွေကနေတောင် အခန့်မသင့်တဲ့အခါ ပိုးဝင်သွားနိုင်ပါတယ်။ အနာပိုးဝင်တဲ့အခါ ဒီလိုလက္ခဏာတွေဖြစ်နိုင်ပါတယ် အနာပိုးဝင်တဲ့အခါ - အနာပတ်လည်မှာရောင်ရမ်းမယ် နီမြန်းမယ် နာကျင်မယ် ပြည်တည်မယ် အနာမကျက်ဘဲဖြစ်နေမယ် အနာကနွေးနေမယ် အဖျားတက်မယ်   အနာပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ အနာပိုးမဝင်အောင်ကာကွယ်လို့ရပါတယ်။ ဘယ်လိုကာကွယ်ရမလဲဆိုတာကိုဖော်ပြပေးမှာမို့ ဆက်ကြည့်လိုက်ရအောင်နော်။ အနာတစ်ခုခုဖြစ်တဲ့အခါ အလောတကြီးလက်နဲ့ထိကိုင်လိုက်တတ်ပါတယ်။ ဒီလိုမလုပ်သင့်ပါဘူး။ […]


ရှေးဦးသူနာပြုစုခြင်း

နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ဘာကြောင့်ထားသင့်တာလဲ

နေအိမ်တိုင်းမှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်ပါတယ်။ မတော်တဆမှုဆိုတာမျိုးက ကြိုမှန်းထားလို့မှမရတာလေနော်။ ချက်ရင်းပြုတ်ရင်းဓါးရှမလား၊ အပူလောင်မလား၊ သွားရင်းလာရင်း ခလုတ်တိုက်မလား၊ချော်လဲမလား ကြိုမှန်းထားလို့မရတဲ့အနေအထားမျိုးမှာ အရေးပေါ်ထိခိုက်မိရင် သက်သာအောင်လုပ်ဖို့အတွက်ဆေးသေတ္တာရှိထားတာကမမှားတဲ့အရာတစ်ခုလို့ပဲအကြံပေးပါရစေ။ အရေးပေါ်ဆေးသေတ္တာက ကိုယ်တိုင်အတွက်ရော မိသားစုတွေ မိတ်ဆွေတွေကျန်းမာရေးအတွက်ပါ အသုံးဝင်လာပါလိမ့်မယ်။ ကဲ ဘာကြောင့်လဲဆိုတဲ့ အကြောင်းအချက်လေးတွေကိုပါထည့်ပေးထားလို့ ဆက်ကြည့်လိုက်ပါဦးနော်။   နေအိမ်မှာ အရေးပေါ်ဆေးသေတ္တာ ထားသင့်တဲ့အကြောင်းအရင်းများ (၁) ထိခိုက်မိတဲ့အခါ အလွယ်တကူအသုံးပြုလို့ရတယ် ထိခိုက်ဒဏ်ရာရတဲ့အခါ ချက်ချင်းအနာသန့်စင်တာ၊ဆေးလိမ်းတာ၊ ပလာစတာကပ်တာမျိုးကို အလွယ်တကူလုပ်လို့ရပါတယ်။ အနာထဲပိုးဝင်တာမျိုး မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေမဖြစ်အောင်လည်းကာကွယ်ပြီးသားဖြစ်သွားမှာပါ။ ဓါးရှတာ၊အပူလောင်တာနဲ့ အခြားမတော်တဆမှုတွေအတွက်လည်းအသုံးတည့်မှာသေချာပါတယ်။   (၂) အသေးစားဖျားနာမှုတွေအတွက်အသုံးပြုပေးလို့ရပါတယ် ဆေးသေတ္တာထဲမှာ ပါရာစီတမောလိုမျိုး အဖျားပျောက်စေနိုင်တဲ့ဆေးတွေပါထည့်ထားမယ်ဆိုရင်ရေချိုးမှားတဲ့အခါမျိုးပဲဖြစ်ဖြစ် မိုးမိလာတဲ့အခါမျိုးပဲဖြစ်ဖြစ် အအေးမိတဲ့အခါမျိုးမှာသောက်ထားလို့ရပါတယ်။ အနည်းဆုံးတော့ ဖျားနာတာရှည်တာမျိုးမဖြစ်တော့ဘူးပေါ့။   (၃) အပူလောင်ဒဏ်ရာအတွက်သုံးလို့ရတယ် အိမ်အလုပ်လုပ်ရင်း အပူလောင်တဲ့အခါမျိုးမှာ အနာကိုဆေးထည့်ဖို့အတွက် အသုံးပြုပေးလို့ရပါတယ်။ အသေးစားအပူလောင်ဒဏ်ရာလောက်က အိမ်မှာဂရုတစိုက်စောင့်ရှောက်ရုံနဲ့သက်သာနိုင်ပါတယ်။   (၄) မူးမော်တဲ့အခါမျိုးမှာအသုံးပြုလို့ရပါတယ် ခေါင်းမူးတဲ့အခါမျိုးမှာခေါင်းမူးသက်သာစေတဲ့ဆေး အလွယ်ကူသောက်လို့ရနိုင်သလို ရှုဆေးလည်း ရှုလို့ရပါတယ်။သွေးတိုးလို့ ဒါမှမဟုတသွေးပေါင်ကျလို့မဟုတ်ဘဲ သာမန်ခေါင်းမူးခေါင်းကိုက်တာတွေအတွက်အသုံးပြုပေးလို့ရပါတယ်။   (၅) ညောင်းညာကိုက်ခဲတာမျိုးအတွက် သုံးလို့ရပါတယ် အရေးပေါ်ဆေးသေတ္တာထဲမှာ ဒဏ်ကြေလိမ်းဆေး၊ ပရုတ်ဆီ၊ […]


ရှေးဦးသူနာပြုစုခြင်း

ပလာစတာ၊ပတ်တီးတွေနဲ့ပတ်သက်ပြီး သိထားသင့်တာလေးတွေ

လူတိုင်းဟာ ထိခိုက်ဒဏ်ရာနဲ့မကင်းကြဘူးဆိုတာကတော့ပြောနေစရာတောင်မလိုလောက်ပါဘူးနော်။ ဒီလိုထိခိုက်ဒဏ်ရာရလာရင်လည်း အနာကိုဆေးကြောတာ၊ဆေးထည့်တာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ရမယ်ဆိုတာကိုတော့ လူတိုင်းလိုလိုသိကြပါတယ်။ အနာကို ပလာစတာကပ်တယ်ဆိုတဲ့နေရာမှာလည် အနာအမျိုးအစားပေါ်လိုက်ပြီး ကပ်ရတဲ့ ပလာစတာတွေ မတူကြပါဘူး။ ဒီတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆို ဘယ်ပလာစတာကို အသုံးပြုဖို့လိုမလဲဆိုတာနဲ့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးဆိုရင် ပတ်တီးစည်းသင့်လဲဆိုတာလေးတွေကိုပြည့်ပြည့်စုံစုံလေးပြောပြပေးမယ်နော်။ အနာပေါ်မှာ ပလာစတာကပ်တာ၊ ပတ်တီးစည်းတာတွေက အနာထဲကို ပိုးမဝင်အောင်ကာကွယ်ပေးတဲ့အပြင် အနာကြောင့်ဖြစ်တဲ့မလိုလားအပ်တဲ့နောက်ဆက်တွြဲပဿနာတွေကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အနာကျက်အောင်လည်း အထောက်အပံ့ပေးပါသေးတယ်။   ပလာစတာဆိုတာ ပလာစတာ၊ ပတ်တီးဆိုတာက ထိခိုက်ဒဏ်ရာထဲကိုပြင်ပက ဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေမဝင်ရောက်အောင်ကာကွယ်ပေးတဲ့အရာတွေပါ။ ပတ်တီးတွေကတော့ ထိခိုက်မိထားတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းတွေရဲ့ လှုပ်ရှားမှုကို ထိန်းညှိပေးတဲ့အရာမျိုးပါ။ ပလာစတာတွေ၊ ပတ်တီးတွေကို ထိခိုက်ဒဏ်ရာတွေအပေါ်မှာ တိုက်ရိုက်အသုံးပြုပေးလို့ရပါတယ်။ ဆွဲဆန့်နိုင်တဲ့ ပတ်တီးတွေကိုတော့ အဆစ်တွေထိခိုက်မိတဲ့အခါရောင်ရမ်းမှုလျော့ကျစေဖို့သုံးလို့ရပါတယ်။ ပတ်တီးတွေကို အနာသွေးတိတ်အောင် အနာပေါ်ကို ခပ်ဖွဖွလေးဖိထားတဲ့အခါမျိုးမှာလည်း သုံးလို့ရပါသေးတယ်။ ပလာစတာတွေကိုလည်း ထိခိုက်မိတဲ့နေရာကိုလိုက်ပြီး အသုံးပြုရတာချင်းမတူပါဘူး။ ဘယ်လိုတွေများကွာခြားတာလဲဆိုတာကို ဆက်ကြည့်လိုက်ရအောင်ပါ။   ပလာစတာအမျိုးမျိုး အနာကပ် ပလာစတာ - အသေးစားထိခိုက်ဒဏ်ရာရတာမျိုးအတွက်ကတော့ […]


ရှေးဦးသူနာပြုစုခြင်း

ထိခိုက်ဒဏ်ရာရတဲ့အခါ ဘယ်လိုပြုစုစောင့်ရှောက်မလဲ

ထိခိုက်ဒဏ်ရာမရဘူးသူရယ်လို့ မရှိလောက်ပါဘူး။ ထိခိုက်ဒဏ်ရာရရင် ဘယ်လိုမျိုး ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာကိုလည်း တော်တော်များများက သိသင့်သလောက် သိပြီးသားဖြစ်မှာပါ။ ထိခိုက်ဒဏ်ရာရရင် ကိုယ်လုပ်နေကျလုပ်ရပ်တွေက မှန်ကန်ရဲ့လားဆိုတာနဲ့ ဒဏ်ရာထိန်းသိမ်းနည်းကို ဘယ်လောက်ထိသိထားလဲဆိုတာကို နည်းနည်းလောက်စစ်ဆေးကြည့်ရအောင်လား။   (၁) ထိခိုက်ဒဏ်ရာရရင် အရင်ဆုံးလုပ်သင့်တာက (က) ဒဏ်ရာကို အရင်ဆုံး ဆေးကြောမယ် (ခ) ဒဏ်ရာကို ကိုင်မယ့်လက်ကိုဆေးကြောမယ် (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ် အဖြေ - (ဂ) ထိခိုက်မိတဲ့အရာကို စစ်ဆေးမယ်။ အနာတရဖြစ်အောင်ထိခိုက်မိတဲ့ အရာက ညစ်ပေနေသလားဆိုတာကို အရင်ဆုံးစစ်ဆေးရပါမယ်။   (၂) အနာတိုင်းကို အရက်ပြန်နဲ့ဆေးဖို့လိုတယ်။ မှန်/ မှား အဖြေ - မှားပါတယ်။ အနာတိုင်းကို အရက်ပြန်နဲ့ ဆေးကြောဖို့မလိုပါဘူး။ တစ်ရှုးတွေထိခိုက်ပျက်စီးတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ အနာကိုရေသန့်သန့်လေးသုံးပြီးသေချာဆေးကြောပေးရင်ရပါတယ်။   (၃) ထိခိုက်ဒဏ်ရာရတဲ့အခါ အနာကို မသန့်စင်ခင် သွေးတိတ်အောင်အရင်လုပ်သင့်ပါတယ်။ မှန်/ မှား အဖြေ - မှန်ပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ အခါ အနာကိုအဝတ်စသန့်သန့်လေးနဲ့ခပ်ဖွဖွလေး ဖိထားပြီး သွေးတိတ်အောင်အရင်လုပ်ရပါမယ်။   (၄) အနာကိုဆေးကြောတဲ့အခါ ရေနဲ့ဆပ်ပြာသုံးပြီး (က) […]


ရှေးဦးသူနာပြုစုခြင်း

ဘယ်လိုအခြေအနေမျိုးတွေမှာ မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုမလဲ

ဒဏ်ရာတွေရလာတဲ့အခါ ဆေးလိမ်းဆေးသောက်ရုံနဲ့ သက်သာသွားတာမျိုးရှိသလို ဒဏ်ရာက ပြင်းထန်လွန်းတဲ့အခါ၊ ကြီးလွန်းတဲ့အခါမျိုးမှာတော့ အနာကို ပိုးမဝင်အောင် ကာကွယ်ဆေးထိုးရတာမျိုးရှိပါတယ်။ တိရစ္ဆာန်လေးတွေ ကိုက်ခံရတဲ့အခါ၊ လူကိုက်ခံရတဲ့အခါမျိုးမှာလည်း မေးခိုင်ကာကွယ်ဆေးထိုးဖို့ လိုအပ်ပါတယ်။ မေးခိုင်ပိုးကို မဖြစ်ခင်က ကြိုတင်ကာကွယ်တာက အကောင်းဆုံးပါ။ ဘာကြောင့်လဲဆိုတော့ မေးခိုင်ပိုးက ရောဂါအဆင့်ထိဖြစ်သွားပြီဆိုရင် ကုသလို့မရတော့ဘဲ သေဆုံးနိုင်သည်အထိဖြစ်လို့ပါ။ အခုတစ်ခေါက်တော့ ဘယ်လိုထိခိုက်ဒဏ်ရာမျိုးတွေဆိုရင် မေးခိုင်ကာကွယ်ဆေးထိုးဖို့လိုလဲဆိုတာနဲ့ မေးခိုင်ရောဂါပိုးနဲ့ ပတ်သက်လို့သိထားသင့်တဲ့အကြောင်းအရာလေးတွေကိုပြောပြပေးချင်ပါတယ်။ မေးခိုင်ပိုးဆိုတာ မေးခိုင်ရောဂါက Clostridium tetani လို့သိကြတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ဖြစ်တဲ့ ရောဂါတစ်မျိုးပါ။ အဆိုပါ ဘက်တီးရီးယားကထုတ်လွှတ်လိုက်တဲ့အဆိပ်က အာရုံကြောလုပ်ငန်းစဉ်တွေကို ထိခိုက်စေပြီး ဝမ်းဗိုက်၊ လည်ပင်း၊အစာအိမ်တို့ကကြွက်သားတွေကို အကြောဆွဲတာမျိုးတွေဖြစ်စေနိုင်သလိုခြေလက်ကြွက်သားတွေကိုလည်း ရုတ်တရက်အကြောဆွဲတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီရောဂါပိုးက တစ်ခါတလေမှာမျက်နှာနဲ့လည်ပင်းကြွက်သားတွေကို အကြောဆွဲတာမျိုးဖြစ်စေပြီး ပါးစပ်ဖွင့်လို့မရတဲ့အခြေအနေမျိုးတွေ ဖြစ်စေနိုင်တာကြောင့်မေးခိုင်ပိုးလို့ခေါ်တာလည်းဖြစ်ပါတယ်။ မေးခိုင်ရောဂါကပြင်းထန်တဲ့ရောဂါတစ်မျိုးဖြစ်ပြီးသေဆုံးတာမျိုးထိဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေတွေက မေးခိုင်ပိုးဝင်စေနိုင်တာလဲ မြေကြီးတွေ၊ဖုန်မှုန့်တွေ၊ ညစ်ပတ်တဲ့ရေတွေထဲမှာ မေးခိုင်ရောဂါဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေရှိနေတတ်ပါတယ်။ ဒီရောဂါပိုးတွေကသေချာမကာကွယ်ထားတဲ့ အနာတွေ၊ ဒဏ်ရာတွေကနေတဆင့် […]


ရှေးဦးသူနာပြုစုခြင်း

ကလေးမှာ ထိခိုက်ရှနာဒဏ်ရာတွေဖြစ်ခဲ့ရင် ဘယ်လိုစောင့်ရှောက်ပေးမလဲ

အသေးစားပြတ်ရှဒဏ်ရာ၊ ထိခိုက်ဒဏ်ရာတွေနဲ့ ကုတ်ခြစ်မိတဲ့အနာတရဖြစ်မှုတွေကနေ့စဉ်ဘဝတွေရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ။ လူတိုင်းဟာ သွားလာလှုပ်ရှားနေချိန်မှာ အသေးစား ထိခိုက်ဒဏ်ရာတွေကနေစလို့ အကြီးစားထိခိုက်ဒဏ်ရာတွေတောင်ရရှိနိုင်ပါတယ်။ ဒီလိုထိခိုက်ဒဏ်ရာဖြစ်မှုတွေက ကိုယ့်ကိုကိုယ် ကောင်းကောင်းမွန်မွန်ထိန်းသိမ်းနိုင်စွမ်းမရှိသေးတဲ့ ကလေးတွေမှာဆို ပိုပြီး မကြာဏဖြစ်တတ်ပါတယ်။ မီးမီးလေးတွေဆို အိုးပုတ်တွေနဲ့ဟင်းချက်တမ်း ကစားတဲ့အခါမေမေတွေ မမတွေလုပ်သလိုမျိုး ဓါးနဲ့ဟင်းရွက်တွေကို လှီးကြည့်ရင်းက မတော်တဆဓါးရှတာမျိုးတောင်ဖြစ်နိုင်ပြီး သားသားတွေကတော့ ပြေးရင်းလွှားရင်း ဒူးပြဲ တာလိုမျိုး မတော်တဆထိခိုက်မိတာမျိုးလေးတွေရှိတတ်ပါတယ်။ ကလေးနဲ့မတော်တဆထိခိုက်မှုတွေက သူငယ်ချင်းလိုပါပဲ။ အဆော့သန်တဲ့ကလေးတွေဆိုရင် ဒဏ်ရာဒဏ်ချက်နဲ့ကင်းနေတယ်လို့ကိုမရှိတာပါ။   ကလေးတွေမှာဖြစ်တတ်တဲ့ ထိခိုက်ဒဏ်ရာတွေ ထိခိုက်ရှနာ - ဓါးလိုမျိုးချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ထိခိုက်မိတာကနေဖြစ်တဲ့ ဒဏ်ရာပါ။ ကုတ်ခြစ်ဒဏ်ရာ - လက်သည်းနဲ့ အဆူးလိုမျိုး ချွန်ထက်တဲ့ အရာတစ်ခုခုနဲ့ ထိခိုက်မိတာကြောင့်ဖြစ်တဲ့ဒဏ်ရာမျိုးပါ။ ပွန်းပဲ့ဒဏ်ရာ - အပေါ်ယံအရေပြားလွှာပွန်းပဲ့သွားတာမျိုးပါ။ ဥပမာပြောပြရရင် စက်ဘီးစီးရင်း ရုတ်တရက် သံမန်တလင်းပေါ်ပြုတ်ကျပြီး အပေါ်ယံအရေပြားပွန်းသွားတာမျိုးပေါ့။   ကလေးတွေမှာထိခိုက်ရှနာဖြစ်တဲ့အခါ ဘယ်လိုစောင့်ရှောက်မှုပေးမလဲ အသေးစားထိခိုက်မိတာလောက်ကိုတော့နေအိမ်မှာပဲပြုစုစောင့်ရှောက်ပေးလို့ရပါတယ်။ ထိခိုက်ဒဏ်ရာတော်တော်များများက နေအိမ်မှာသေချာစောင့်ရှောက်ရုံနဲ့တင်ပျောက်ကင်းနိုင်ပါတယ်။သေသေချာချာစောင့်ရှောက်ပေးဖို့တော့လိုတာပေါ့။ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း